Zawgyi ဖြင့်ဖတ်ရန်

 






Credit : momolay

Unicode ဖြင့်ဖတ်ရန်

Avengers သရုပ်ဆောင်တွေနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံရလို့ပျော်မဆုံးဖြစ်နေတဲ့ ဝတ်မှုံရွှေရည်

 

ပရိသတ်တွေက သဲသဲလှုပ်ချစ်ကြလွန်းလို့ရွှေကစ်လို့ချစ်စနိုးခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ လက်ရှိမှာ Hugo BOSS ရဲ့ဖိတ်ကြားမှုအရ Hugo BOSS International Fashion Show အတွက် စင်ကာပူကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ Hugo Boss ရဲ့International Fashion Show ကိုတက်ရောက်ဖို့ရွှေကစ်နဲ့အတူ ဖိတ်ကြားခံခဲ့ရတာကတော့ ခီမောင်နှံရယ်လို့ပရိသတ်တွေက တင်စားခေါ်ဝေါ်ကြတဲ့ ဇဏ်ခီနဲ့ခရစ္စတီးနားခီတို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ ထူးခြားမှုတစ်ခုကတော့ Avengers ရုပ်ရှင်ထဲက ကမ္ဘာ့ထိတ်ထိတ်ကြဲမင်းသားကြီးတွေဖြစ်တဲ့ Thor မင်းသား Chris Hemsworth နဲ့Winter Soldier အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Sebastian Stan တို့လည်း Hugo BOSS ရဲ့ဖိတ်ကြားမှုအရ အဆိုပါပွဲကို တက်ရောက်လာကြတာပဲဖြစ်ပါတယ်။

Winter Soldier မင်းသား Sebastian Stan (ညာအစွန်) နဲ့အတူတွေ့ရစဉ်

ရွှေကစ်လေးကတော့ ကမ္ဘာကျော်မင်းသားကြီးတွေနဲ့ရင်းရင်းနှီးနှီးတွေ့ရလို့ပျော်မဆုံးဖြစ်နေတယ်ထင်ပါရဲ့။ Fashion Show ကြည့်နေရင်း Thor မင်းသားကြီး Chris Hemsworth ကိုအနီးကပ်မြင်နေရလို့အပျော်လွန်ပြီး ရိုက်ထားတဲ့ Video File လေးကိုလည်း သူမရဲ့အင်စတာဂရမ် Story မှာ တင်ထားတာကို တွေ့ရပါတယ်။

Thor ကိုမြင်လို့ပျော်မဆုံးဖြစ်နေတဲ့အကြောင်း Video Clip လေးနဲ့တင်ထားတဲ့ ရွှေကစ်Winter Soldier မင်းသားကြီး Sebastian Stan က ဖော်ရွေလွန်းလို့ကြွေတောင်ကြွေချင်နေပြီလို့ချစ်စနိုးလေးရေးသားထားတဲ့ Video Clip

 

ရွှေကစ်လေးကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ပြောစရာမလိုအောင်ထူးချွန်ပြီး နေရာဒေသအလိုက် ဝတ်တတ်စားတတ်လွန်းသူလေးလည်းဖြစ်တာကြောင့် သူမရဲ့ပရိသတ်တွေက ငုံထားမတတ်ကို ချစ်နေကြရတာပါ။ အခုလည်း သူမရဲ့အောင်မြင်ကျော်ကြားမှုကြောင့် ကမ္ဘာ့ထိပ်တန်း Fashion Company တစ်ခုဖြစ်တဲ့ Hugo BOSS က ကျင်းပတဲ့ Internation Fashion Show ကို ပြည်တွင်းက ကျော်ကြားအောင်မြင်နေသူတွေနဲ့အတူ တက်ရောက်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာကျော်မင်းသားကြီးတွေနဲ့ရင်းရင်းနှီးနှီးဆုံတွေ့ခဲ့ရလို့ပျော်မဆုံးဖြစ်နေတဲ့ ရွှေကစ်လေးရဲ့အပျော်တွေကို မျှဝေခံစားလိုက်ကြရအောင်လား ပရိသတ်ကြီးရေ …

Credit : momolay