Zawgyi ျဖင့္ဖတ္ရန္

ညဘက္ အိပ္ရာ မဝင္ခင္မွာ လိမ္းထားတဲ့ မိတ္ကပ္ ေတြကို ေသခ်ာေျပာင္ေအာင္ဖ်က္ေပးဖို႔က ဘယ္ေလာက္ထိအေရးႀကီးတယ္ဆိုတာကို အားလုံးပဲသိထားၿပီးသားျဖစ္မွာပါ။ မိတ္ကပ္ေတြကိုေသခ်ာေျပာင္ေအာင္မဖ်က္ေပးတာေတြက သင့္အသားအေရမွာ ဘက္တီးရီးယား ေတြကို ကပ္တြယ္ႏိုင္ၿပီး ဝက္ၿခံ ေတြကိုလည္းျဖစ္လာေစႏိုင္ပါတယ္။ အသားအေရ နဲ႔သင့္ေတာ္တဲ့ မိတ္ကပ္ ဖ်က္ေဆး ကိုသုံးဖို႔က ပိုအေရးႀကီးတာေပါ့။ အသားအေရ အတြက္လည္း သင့္ေတာ္ေစမယ့္ မိတ္ကပ္ ဖ်က္ေဆး ကို ကိုယ္တိုင္လုပ္ဖို႔အတြက္နည္းလမ္းေလးေတြ ေျပာျပေပးလိုက္မယ္ေနာ္။

ႏြားႏို႔နဲ႔ သံလြင္ဆီ

ႏြားႏို႔နဲ႔ သံလြင္ဆီ ကို အခ်ိဳးက်က်ေရာစပ္ၿပီး မိတ္ကပ္ ဖ်က္ေဆးေနရာမွာ အစားထိုးလို႔ရပါတယ္ေနာ္။ မ်က္ႏွာမွာရွိေနတဲ့ မိတ္ကပ္ အႂကြင္းက်န္ဆိုတာမ်ိဳး မက်န္ေနေအာင္ကို ဖယ္ရွားေပးႏိုင္တဲ့ေမွာ္လိုအစြမ္းမ်ိဳးေတြရွိေနပါတယ္။ မိတ္ကပ္ဖ်က္တဲ့ဂြမ္းစေလးနဲ႔ပဲ ပြတ္ၿပီးဖ်က္ေပးလိုက္႐ုံပါပဲ။ မ်က္ႏွာမွာရွိတဲ့မိတ္ကပ္ေတြကို သန႔္စင္သြား႐ုံသာမကပဲ မ်က္ႏွာအသားအေရကိုလည္း ႏူးညံ့ၿပီးၾကည္လင္လာေစပါတယ္။

 

Baby Oil

Baby Oil ကိုကေလးေတြပဲအသုံးျပဳရတာမ်ိဳးမဟုတ္ပါဘူး။ ပ်ိဳေမတို႔ရဲ႕မ်က္ႏွာအသားအေရအတြက္ ေကာင္းမြန္ၿပီး မိတ္ကပ္ေတြကိုလည္းေသခ်ာေျပာင္စင္ေစပါတယ္ေနာ္။ မ်က္ႏွာအသားအေရမွာရွိေနတဲ့ အဆီေတြကိုဖယ္ရွားေပးႏိုင္ၿပီး ေကာင္းမြန္တဲ့မ်က္ႏွာအသားအေရကို ပိုင္ဆိုင္လာရမွာ အမွန္ပါပဲေနာ္။

ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ကမိတ္ကပ္ဖ်က္တဲ့ေနရာမွာ အသုံးျပဳႏိုင္တဲ့ အေကာင္းဆုံးအရာဆိုတာကို သင္တို႔သတိထားမိရဲ႕လား။ ဒိန္ခ်ဥ္ကိုသင့္မ်က္ႏွာနဲ႔ လည္ပင္းေတြမွာႏွံ႔စပ္ေအာင္လိမ္းေပးၿပီး မိနစ္အနည္းငယ္ေလာက္ ခဏထားထားေပးလိုက္ပါ။ ၿပီးရင္ေတာ့ ေရနဲ႔ေသခ်ာသစ္ေပးၿပီး မ်က္ႏွာသစ္ေဆးေလးသုံးေပးမယ္ဆိုရင္ မ်က္ႏွာကိုလုံးဝသန႔္စင္သြားေစမွာပဲျဖစ္ပါတယ္။

ဒါေတြကေတာ့ မိတ္ကပ္ဖ်က္ေဆးမသုံးခ်င္ပဲ မိတ္ကပ္ေတြကိုေပ်ာင္ေအာင္ဖ်က္ခ်င္တဲ့သူေတြအတြက္ သင့္ေတာ္တဲ့နည္းလမ္းေလးေတြပဲျဖစ္ပါတယ္။ မ်က္ႏွာအသားအေရကိုလည္း ပိုေကာင္းမြန္လာေစႏိုင္ၿပီး ကိုယ္တိုင္လုပ္တဲ့မိတ္ကပ္ဖ်က္နည္းေတြနဲ႔ဆိုေတာ့ အသားအေရပ်က္စီးမွာေတြကိုလည္း စိတ္ပူေနစရာမလိုေတာ့ဘူးေပါ့။

Credit : we

Unicode ဖြင့်ဖတ်ရန်


အသားအရေအတွက်ပိုပြီးကောင်းမွန်စေမယ့် မိတ်ကပ်ဖျက်ဆေးကို ကိုယ်တိုင်ပြုလုပ်ကြမယ်

ညဘက်အိပ်ရာမဝင်ခင်မှာ လိမ်းထားတဲ့မိတ်ကပ်တွေကို သေချာပြောင်အောင်ဖျက်ပေးဖို့က ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကို အားလုံးပဲသိထားပြီးသားဖြစ်မှာပါ။ မိတ်ကပ်တွေကိုသေချာပြောင်အောင်မဖျက်ပေးတာတွေက သင့်အသားအရေမှာဘက်တီးရီးယားတွေကို ကပ်တွယ်နိုင်ပြီး ဝက်ခြံတွေကိုလည်းဖြစ်လာစေနိုင်ပါတယ်။ အသားအရေနဲ့သင့်တော်တဲ့ မိတ်ကပ်ဖျက်ဆေးကိုသုံးဖို့က ပိုအရေးကြီးတာပေါ့။ အသားအရေအတွက်လည်း သင့်တော်စေမယ့် မိတ်ကပ်ဖျက်ဆေးကို ကိုယ်တိုင်လုပ်ဖို့အတွက်နည်းလမ်းလေးတွေ ပြောပြပေးလိုက်မယ်နော်။

နွားနို့နဲ့ သံလွင်ဆီ

 

နွားနို့နဲ့ သံလွင်ဆီကို အချိုးကျကျရောစပ်ပြီး မိတ်ကပ်ဖျက်ဆေးနေရာမှာ အစားထိုးလို့ရပါတယ်နော်။ မျက်နှာမှာရှိနေတဲ့ မိတ်ကပ်အကြွင်းကျန်ဆိုတာမျိုး မကျန်နေအောင်ကို ဖယ်ရှားပေးနိုင်တဲ့မှော်လိုအစွမ်းမျိုးတွေရှိနေပါတယ်။ မိတ်ကပ်ဖျက်တဲ့ဂွမ်းစလေးနဲ့ပဲ ပွတ်ပြီးဖျက်ပေးလိုက်ရုံပါပဲ။ မျက်နှာမှာရှိတဲ့မိတ်ကပ်တွေကို သန့်စင်သွားရုံသာမကပဲ မျက်နှာအသားအရေကိုလည်း နူးညံ့ပြီးကြည်လင်လာစေပါတယ်။

 

Baby Oil

 

Baby Oil ကိုကလေးတွေပဲအသုံးပြုရတာမျိုးမဟုတ်ပါဘူး။ ပျိုမေတို့ရဲ့မျက်နှာအသားအရေအတွက် ကောင်းမွန်ပြီး မိတ်ကပ်တွေကိုလည်းသေချာပြောင်စင်စေပါတယ်နော်။ မျက်နှာအသားအရေမှာရှိနေတဲ့ အဆီတွေကိုဖယ်ရှားပေးနိုင်ပြီး ကောင်းမွန်တဲ့မျက်နှာအသားအရေကို ပိုင်ဆိုင်လာရမှာ အမှန်ပါပဲနော်။

ဒိန်ချဉ်

 

ဒိန်ချဉ်ကမိတ်ကပ်ဖျက်တဲ့နေရာမှာ အသုံးပြုနိုင်တဲ့ အကောင်းဆုံးအရာဆိုတာကို သင်တို့သတိထားမိရဲ့လား။ ဒိန်ချဉ်ကိုသင့်မျက်နှာနဲ့ လည်ပင်းတွေမှာနှံ့စပ်အောင်လိမ်းပေးပြီး မိနစ်အနည်းငယ်လောက် ခဏထားထားပေးလိုက်ပါ။ ပြီးရင်တော့ ရေနဲ့သေချာသစ်ပေးပြီး မျက်နှာသစ်ဆေးလေးသုံးပေးမယ်ဆိုရင် မျက်နှာကိုလုံးဝသန့်စင်သွားစေမှာပဲဖြစ်ပါတယ်။

ဒါတွေကတော့ မိတ်ကပ်ဖျက်ဆေးမသုံးချင်ပဲ မိတ်ကပ်တွေကိုပျောင်အောင်ဖျက်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ မျက်နှာအသားအရေကိုလည်း ပိုကောင်းမွန်လာစေနိုင်ပြီး ကိုယ်တိုင်လုပ်တဲ့မိတ်ကပ်ဖျက်နည်းတွေနဲ့ဆိုတော့ အသားအရေပျက်စီးမှာတွေကိုလည်း စိတ်ပူနေစရာမလိုတော့ဘူးပေါ့။

Credit : we