Zawgyi ျဖင့္ဖတ္ရန္ 

 

မိန္းကေလး တို႔ တတ္ေျမာက္ထားရမယ့္ ပညာရပ္ေတြထဲမွာ ကိုယ့္ခ်စ္သူနဲ႔ အတူေနခ်ိန္ အိပ္ယာထဲမွာ ဆြဲေဆာင္မႈ ရွိတဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္ေအာင္ေနတတ္ဖို႔ လိုပါတယ္။ အထူးသျဖင့္ အိမ္ေထာင္ျပဳမယ့္ မိန္းကေလးေတြေပါ့။ ကိုယ့္ခင္ပြန္းသည္ရဲ႕ အသည္းႏွလုံးတစ္ခုလုံးကို ႁခြင္းခ်က္မရွိ ဖမ္းစားႏိုင္ၿပီး အိမ္ေထာင္ေရး သုခ ျပည့္ဝတဲ့ အိမ္ေထာင္ တစ္ခု ဖန္တီးႏိုင္ဖို႔အတြက္ အမ်ိဳးသမီးတို႔ သိထားသင့္တဲ့ လိုအပ္ခ်က္ေလးေတြအေၾကာင္း ေျပာျပေပးမယ္ေနာ္။

လွပတဲ့ အတြင္းခံ ေလးေတြ

ကိုယ္လုံးအလွကို ပိုၿပီး လွပေအာင္ ေထာက္ပံ့ေပးမယ့္ အတြင္းခံေလးေတြ လိုအပ္ပါတယ္

အတြင္းခံလွလွေလးေတြ၊ ဆြဲေဆာင္မႈရွိတဲ့ အေရာင္ေလးေတြ၊ ကိုယ္လုံးအလွကို ပိုၿပီး လွပေအာင္ ေထာက္ပံ့ေပးမယ့္ အတြင္းခံေလးေတြ လိုအပ္ပါတယ္။ လွပဖို႔ အျပင္ သန႔္ရွင္းမႈ ရွိဖို႔လည္း လိုအပ္ပါတယ္။ လွပတဲ့ အတြင္းခံေလးေတြလို႔ ေျပာလိုက္လို႔ ကာတြန္း႐ုပ္လွလွေလးေတြေတာ့ မရွာပါနဲ႔ေနာ္။ ကေလးဆန္ပါတယ္။ ပိုးသားေျပာင္ေတြကို ညႇိဳ႕ငင္ႏိုင္စြမ္းျမင့္တဲ့ ဒီဇိုင္းေတြ ေ႐ြးခ်ယ္ရမွာပါ။

တစ္ကိုယ္ရည္ သန႔္ရွင္းမႈ

တစ္ကိုယ္ရည္ သန႔္ရွင္းမႈ

အိပ္ယာထဲမွာ အတူေနတဲ့ ခ်စ္သူ မေျပာပါနဲ႔ တြဲသြားတြဲလာ သူငယ္ခ်င္းေတြေတာင္ သင့္မွာ တစ္ကိုယ္ရည္သန႔္ရွင္းမႈ မရွိရင္ ၿငိဳျငင္ၾကမွာပါ။ အထူးသျဖင့္ အနံ႔အသက္ရွိတဲ့ ခ်ိဳင္းၾကား၊ ေပါင္ၾကားေနရာေတြကိုလည္း အထူးဂ႐ုစိုက္ ေပးရပါမယ္။ အေကာင္းဆုံးကေတာ့ အိပ္ယာ ထဲ မသြားၾကခင္ ေရခ်ိဳးၾကတာက အေကာင္းဆုံးပါပဲ။

ကိုယ္သင္းရနံ႔ ေမႊးေမႊး

ဆြဲေဆာင္မႈ ရွိတဲ့ ေမႊးရနံ႔သင္းသင္းေလးေတြလည္း လိုအပ္ပါတယ္

တစ္ကိုယ္ရည္ သန႔္ရွင္းမႈအျပင္ ဆြဲေဆာင္မႈ ရွိတဲ့ ေမႊးရနံ႔သင္းသင္းေလးေတြလည္း လိုအပ္ပါတယ္။ လည္ပင္းေသြးေၾကာေလးေတြ၊ လက္ေကာက္ဝတ္ ေသြးေၾကာေလးေတြမွာ ေရေမႊးေလး နည္းနည္းေလာက္ ဆြတ္ေပးပါ။ ေမႊးရနံ႔ေတြ အလြန္အကြၽံ ျဖစ္မေနေအာင္ေတာ့ ဂ႐ုစိုက္ပါေနာ္။

ေပ်ာ့ေပ်ာင္းေနဖို႔ လိုပါတယ္

ခႏၶာကိုယ္ အခ်ိဳးအဆစ္ေပ်ာ့ေပ်ာင္းျခင္းဟာ အိမ္ေထာင္ဖက္ကို စိတ္ေက်နပ္ေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ တစ္ခုပါ

အိပ္ယာေပၚေရာက္ရင္ ပ်ိဳေမတို႔ရဲ႕ ခႏၶာကိုယ္က ေပ်ာ့ေပ်ာင္းေနဖို႔ လိုအပ္ပါတယ္။ ခႏၶာကိုယ္ အခ်ိဳးအဆစ္ေပ်ာ့ေပ်ာင္းျခင္းဟာ အိမ္ေထာင္ဖက္ကို စိတ္ေက်နပ္ေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ တစ္ခုပါ။ ေယာဂက်င့္ျခင္းက ခႏၶာကိုယ္ အ႐ိုးအဆစ္ေတြကို ေပ်ာ့ေပ်ာင္းေစႏိုင္တာမို႔ အမ်ိဳးသမီးေလးတို႔ အေနနဲ႔ ေယာဂ ပုံမွန္က်င့္သင့္ပါတယ္ေနာ္။

Credit : marry

 

Unicode ဖြင့်ဖတ်ရန်

အိပ်ယာထဲမှာ ဆွဲဆောင်မှု ရှိတဲ့ မိန်းမ ဖြစ်ဖို့

ခင်ပွန်းသည်ရဲ့ အသည်းနှလုံးကို ခြွင်းချက်မရှိ ဖမ်းစားနိုင်ပြီး အိမ်ထောင်ရေးသုခ ပြည့်ဝအောင် ဖန်တီးနိုင်ဖို့အတွက် အမျိုးသမီးတို့ သိထားသင့်တဲ့ လိုအပ်ချက်လေးတွေ

 

အိမ်ထောင်ရေးသုခ ပြည့်ဝတဲ့ အိမ်ထောင်တစ်ခု ဖန်တီးနိုင်ဖို့အတွက် အမျိုးသမီးတို့ သိထားသင့်တဲ့ လိုအပ်ချက်လေးတွေ

မိန်းကလေးတို့ တတ်မြောက်ထားရမယ့် ပညာရပ်တွေထဲမှာ ကိုယ့်ချစ်သူနဲ့ အတူနေချိန် အိပ်ယာထဲမှာ ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်အောင်နေတတ်ဖို့ လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်ပြုမယ့် မိန်းကလေးတွေပေါ့။ ကိုယ့်ခင်ပွန်းသည်ရဲ့ အသည်းနှလုံးတစ်ခုလုံးကို ခြွင်းချက်မရှိ ဖမ်းစားနိုင်ပြီး အိမ်ထောင်ရေးသုခ ပြည့်ဝတဲ့ အိမ်ထောင်တစ်ခု ဖန်တီးနိုင်ဖို့အတွက် အမျိုးသမီးတို့ သိထားသင့်တဲ့ လိုအပ်ချက်လေးတွေအကြောင်း ပြောပြပေးမယ်နော်။

လှပတဲ့ အတွင်းခံလေးတွေ

ကိုယ်လုံးအလှကို ပိုပြီး လှပအောင် ထောက်ပံ့ပေးမယ့် အတွင်းခံလေးတွေ လိုအပ်ပါတယ်

အတွင်းခံလှလှလေးတွေ၊ ဆွဲဆောင်မှုရှိတဲ့ အရောင်လေးတွေ၊ ကိုယ်လုံးအလှကို ပိုပြီး လှပအောင် ထောက်ပံ့ပေးမယ့် အတွင်းခံလေးတွေ လိုအပ်ပါတယ်။ လှပဖို့ အပြင် သန့်ရှင်းမှု ရှိဖို့လည်း လိုအပ်ပါတယ်။ လှပတဲ့ အတွင်းခံလေးတွေလို့ ပြောလိုက်လို့ ကာတွန်းရုပ်လှလှလေးတွေတော့ မရှာပါနဲ့နော်။ ကလေးဆန်ပါတယ်။ ပိုးသားပြောင်တွေကို ညှို့ငင်နိုင်စွမ်းမြင့်တဲ့ ဒီဇိုင်းတွေ ရွေးချယ်ရမှာပါ။

တစ်ကိုယ်ရည် သန့်ရှင်းမှု

တစ်ကိုယ်ရည် သန့်ရှင်းမှု

အိပ်ယာထဲမှာ အတူနေတဲ့ ချစ်သူ မပြောပါနဲ့ တွဲသွားတွဲလာ သူငယ်ချင်းတွေတောင် သင့်မှာ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိရင် ငြိုငြင်ကြမှာပါ။ အထူးသဖြင့် အနံ့အသက်ရှိတဲ့ ချိုင်းကြား၊ ပေါင်ကြားနေရာတွေကိုလည်း အထူးဂရုစိုက် ပေးရပါမယ်။ အကောင်းဆုံးကတော့ အိပ်ယာထဲ မသွားကြခင် ရေချိုးကြတာက အကောင်းဆုံးပါပဲ။

ကိုယ်သင်းရနံ့ မွှေးမွှေး

ဆွဲဆောင်မှု ရှိတဲ့ မွှေးရနံ့သင်းသင်းလေးတွေလည်း လိုအပ်ပါတယ်

တစ်ကိုယ်ရည် သန့်ရှင်းမှုအပြင် ဆွဲဆောင်မှု ရှိတဲ့ မွှေးရနံ့သင်းသင်းလေးတွေလည်း လိုအပ်ပါတယ်။ လည်ပင်းသွေးကြောလေးတွေ၊ လက်ကောက်ဝတ် သွေးကြောလေးတွေမှာ ရေမွှေးလေး နည်းနည်းလောက် ဆွတ်ပေးပါ။ မွှေးရနံ့တွေ အလွန်အကျွံ ဖြစ်မနေအောင်တော့ ဂရုစိုက်ပါနော်။

ပျော့ပျောင်းနေဖို့ လိုပါတယ်

ခန္ဓာကိုယ် အချိုးအဆစ်ပျော့ပျောင်းခြင်းဟာ အိမ်ထောင်ဖက်ကို စိတ်ကျေနပ်စေမယ့် လျှို့ဝှက်ချက် တစ်ခုပါ

အိပ်ယာပေါ်ရောက်ရင် ပျိုမေတို့ရဲ့ ခန္ဓာကိုယ်က ပျော့ပျောင်းနေဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ် အချိုးအဆစ်ပျော့ပျောင်းခြင်းဟာ အိမ်ထောင်ဖက်ကို စိတ်ကျေနပ်စေမယ့် လျှို့ဝှက်ချက် တစ်ခုပါ။ ယောဂကျင့်ခြင်းက ခန္ဓာကိုယ် အရိုးအဆစ်တွေကို ပျော့ပျောင်းစေနိုင်တာမို့ အမျိုးသမီးလေးတို့ အနေနဲ့ ယောဂ ပုံမှန်ကျင့်သင့်ပါတယ်နော်။

Credit : marry