Zawgyi ဖြင့်ဖတ်ရန်
(ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ ဓမ္မစင်တာတစ်ခုသို့ သွားနေပုံ)
Credit – roadofcele
Unicode ဖြင့်ဖတ်ရန်
မြန်မာလူမျိုးတွေနဲ့ ကမ္ဘာကအားပေး ချစ်ခင်မှုတွေရရှိထားတဲ့ တရုတ်အက်ရှင်မင်းသား ဂျက်လီက သူဟာ ကျန်းကျန်းမာမာရှိနေပါတယ် ဆိုတဲ့အကြောင်းကို ကိုယ်တိုင်ထွက်ပြ ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။
ဂျက်လီနဲ့ပက်ပြီး အင်တာနက်လူမှုကွန်ယက်ပေးမှာ သူဟာ ရှားပါးရောဂါတစ်မျိုးကြောင်း ချွတ်ချုံကျ ကျန်းမာရေးပျက်စီးပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီလို့ စိတ်မကောင်းဖွယ်ရာ ဓာတ်ပုံအချို့နဲ့အတူ ပြန့်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ကျန်းမာရေးကောင်းကြောင်း ပြီးခဲ့တဲ့ မေလ ၂၃ ရက်က သူ့ရဲ့တရားဝင်ဖေ့ဘုတ်ကနေ ဓာတ်ပုံအချို့နဲ့အတူ ဖြေရှင်းလိုက်ပါတယ်။ “စိတ်ပူပေးတဲ့ ဖန်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကြီးကြီးမားမား စီမံကိန်းတစ်ခု လုပ်နေပါတယ်။ မကြာခင်မှာ ချပြမှာပါ။ ခုတော့ အားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုပြီး ရေးထားပါတယ်။
နောက်ပြီး ဓာတ်ပုံလေးတွေလည်း တင်ထားပါတယ်။ ဓာတ်ပုံလေးတွေမှာတော့ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်အတွင်းက ဒိတ်တွေတပ်ထားတာဖြစ်ပြီး သူဟာ ဟိုအရင်တုန်းကလို သန်တုန်းမြန်တုန်း၊ လှပတုန်းပဲရှိနေတာကို တွေ့ရပါတယ်။ref:李连杰 Jet Li : ©PannPwint
Credit – roadofcele