ZawGyiျဖင့္ဖတ္ရန္

 

“ကြၽန္မ ရွင့္ကိုႀကိဳက္တယ္”

“ငါမွာမိန္းမရွိတယ္ေလ”

ေယာက်ာ္းက လက္မွာဝတ္ထားတဲ့လက္စြပ္ကို ပြတ္သပ္ရင္ျပန္ေျပာလိုက္တယ္။

“ကြၽန္မ ဒါေတြဂ႐ုမစိုက္ဘူး။ ရွင့္စိတ္ကိုပဲကြၽန္မသိခ်င္တယ္။ ရွင္ ကြၽန္မကိုႀကိဳက္လား”

ဒီအေျဖကို ႀကိဳေတြးမိၾကမွာပါ။ ေယာက်ာ္း က ေခါင္းေမာ့ၿပီးေကာင္မေလးကိုေသ ခ်ာၾကည့္လိုက္တယ္။ မိန္းကေလးက အသက္ (၂၄)ႏွစ္။ ငယ္႐ြယ္ႏုပ်ိဳတယ္။ အ႐ြယ္ေကာင္းတဲ့အသက္အ႐ြယ္ပါ။ အသားအေရျဖဴစြတ္တယ္။ ဖ်တ္လတ္သန္စြမ္းတယ္။ အေရာင္ေတာက္ၿပီးစြဲေဆာင္မႈရွိတဲ့မ်က္ဝန္းတစုံ ပိုင္ဆိုင္ထားတဲ့ မိန္းကေလးတေယာက္ပါပဲ။ ဒါေပမဲ့

“တကယ္လို႔ ရွင္လည္းကြၽန္မက သေဘာက်တယ္ဆိုရင္ ကြၽန္မရွင္နဲ႔ခ်စ္သူျဖစ္ခ်င္တယ္”

စိတ္မရွည္တဲ့အဆုံးမွာ ေကာင္မေလး က ဒီစကားကို ထပ္ေျပာလိုက္တယ္။

“ငါ့မိန္းမကိုငါခ်စ္တယ္” ေယာက်ာ္းက ျပတ္ျပတ္သားသားေျဖလိုက္တယ္။

“ရွင္ သူ႔ကိုခ်စ္တယ္? သူ႔ကိုဘယ္လိုခ်စ္တာလဲ? အခုလက္ရွိ သူ႔ အသက္အ႐ြယ္ က အိုေနၿပီ အရင္လိုၾကည့္မေကာင္းေတာ့ဘူးမလား? အဲဒါေၾကာင့္ကုမၸဏီက ပါတီပြဲကို ရွင္တခါမွ မေခၚလာရဲတာမလား ••••”

ေကာင္မေလးက ဆက္ေျပာသြားခ်င္တယ္။ ဒါေပမဲ့ ေယာက်ာ္းရဲ႕ေအးစက္စက္အၾကည့္ေတြေၾကာင့္ စကားကိုရပ္တန္႔လိုက္တယ္။ ႏွစ္ေယာက္စလုံး အနည္းငယ္ ႏႈတ္ဆိတ္သြားၾကတယ္။

“မင္း ငါ့ကို ဘာေတြသေဘာက်တာလဲ” ေယာက်ာ္းကေမးလိုက္တယ္။

“ရင့္က်က္တယ္။ တည္ၿငိမ္တယ္။ အျပဳအမူေတြက ေယာက်ာ္းပီသတယ္။ ဂ႐ုစိုက္တတ္တယ္။ အမ်ားႀကီးရွိေသးတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္မေတြ႕ခဲ့ဖူးတဲ့ ေယာက်ာ္းေတြ႕နဲ႔ မတူဘူး။ ရွင္ကထူးျခားတယ္ ”

ေယာက်္ားက ေဆးလိပ္ မီးညႇိရင္းေမးလိုက္တယ္။

“လြန္ခဲ့တဲ့ (၃)ႏွစ္တုန္းက ငါဘယ္လိုပုံစံလဲဆိုတာ မင္းသိလား? ”

“ကြၽန္မ မသိပါဘူး။ ဒါေပမဲ့ ကြၽန္မဂ႐ုမစိုက္ဘူး။ ရွင္ ေထာင္က်ဖူးလည္း အေရးမႀကီးဘူး။”

“လြန္ခဲ့တဲ့ (၃)ႏွစ္က ငါလည္း မင္းေတြ႕ခဲ့ဖူးတဲ့ေယာက်္ားေတြလိုပါပဲ”

ေကာင္မေလးကို ဂ႐ုမစိုက္ပဲ ေယာက်ာ္းကဆက္ေျပာတယ္။

“သာမန္ တကၠသိုလ္ဘြဲ႕ရ။ အလုပ္လုပ္တာ အဆင္မေျပဘူး။ တေနကုန္ အရက္ေတြေသာက္ ေဒါသေတြခဏခဏထြက္။ ကိုယ့္ခ်စ္သူကိုလည္း ဂ႐ုစိုက္ခ်င္မွစိုက္တယ္ ”

“ဒါဆို ဘယ္လိုေျပာင္းလဲသြားတာလဲ” ေကာင္မေလးစိတ္ဝင္စားသြားတယ္။

ဘယ္အရာက ဒီေယာက်ာ္းကိုေျပာင္းလဲသြားေစတာလဲဆိုတာ သူသိခ်င္လာတယ္။

“သူေၾကာင့္လား?”

“အင္း”

“သူက အၿမဲတမ္းကိစၥတိုင္းကို အတြင္းက်က် သိထားတဲ့အတိုင္းပဲ။ ငါ့ကိုအမ်ားႀကီး သင္ျပေပးခဲ့တယ္။ အရႈံးအျမတ္ကို သိပ္အေလးမထားဖို႔။ မ်က္စိေရွ႕က ျပသာနာကို အရမ္းအေလးမထားဖို႔။ လူေတြကိုေကာင္းေကာင္းဆက္ဆံတတ္ဖို႔ ငါကိုသင္ေပးတယ္။ အဲဒီအခ်ိန္တုန္းက ငါကသူေရွ႕မွာဆို ဘာမွ နားမလည္ မသိတတ္ေသးတဲ့ကေလးတေယာက္လိုပဲ။ေျပာရရင္ အဲဒီအခ်ိန္တုန္းကမင္းငါကိုျမင္သလ ိုမ်ိဳးနဲ႔သိပ္မကြာဘူးလို႔ေျပာရမယ္။ အဲတုန္းကေတာ္ေတာ္ ထူးဆန္းတာက စိတ္ဆတ္ ေခါင္းမာတတ္တဲ့ငါက သူေျပာတာပဲနားေထာင္တယ္။ သူေျပာတဲ့အတိုင္း အျဖစ္မွန္ကိုလက္ခံႏိုင္ခဲ့တယ္။ ကိုယ့္ကိုကိုယ္ အသုံးမက်တာသိေတာ့ အလုပ္ကိုႀကိဳးႀကိဳးစားစားလုပ္ခဲ့တယ္။ အဲဒီ့ႏွစ္ ႏွစ္ကုန္မွာ အလုပ္က နည္းနည္း အဆင္ေျပလာခဲ့တယ္။ ငါတို႔လည္း လက္ထပ္လိုက္ၾကတယ္”

ေဆးလိပ္ျပာေခြၽရင္း ေယာက်ာ္းကဆက္ေျပာတယ္။

“အဲဒီအခ်ိန္တုန္းက ေတာ္ေတာ္ ဒုကၡေရာက္ခဲ့တာ။ ႏွစ္ေယာက္ကို ကုတင္တစ္လုံးတည္းနဲ႔ အိပ္ခဲ့ရတယ္။ အိမ္ကပစၥည္းဆိုတာ နည္းလိုက္တာမွ သနားဖို႔ေတာင္ေကာင္းတယ္။ ၿပီးေတာ့မဂၤလာေဆာင္ၿပီး တစ္ႏွစ္ၾကာမွငါ သူ႔ကို ပထမဆုံးစိန္လက္စြပ္ (၁)ကြင္းဝယ္ေပးႏိုင္တာ။ ႏွစ္ဝက္ေက်ာ္ေလာက္ ပိုက္ဆံစုလိုက္ရတယ္။ ဒါေတာင္ သူမသိေအာင္ခိုးစုရတာ။ သူသိရင္ ေပးဝယ္မွာ မဟုတ္ဘူး။ အဲ့တုန္းကလည္း ေဆးလိပ္ အရက္ေၾကာင့္ က်န္းမာေရးက ဆိုးလာေသးတယ္။ ေဆာင္းတြင္းဖက္ႀကီးမွာလည္း ညမအိပ္ပဲ ငါ့အတြက္ သူစြပ္ျပဳတ္ လုပ္ေပးတယ္။ အဲဒီ့အရသာမ်ိဳးကို သူပဲလုပ္တတ္မယ္ ထင္တယ္”

ေယာက်ာ္းက အရင္ကအေၾကာင္းေတြကို ေျပာရင္းအခ်ိန္ကိုသတိမထားမိလိုက္ဘူး။ အတိတ္ကအေၾကာင္းေတြကို မနားတမ္းေျပာေနမိတယ္။

မိန္းကေလးကလည္း စကားျဖတ္ခ်င္ပုံမရဘူး။ ေျပာသမွ်ကို ၿငိမ္နားေထာင္ေနတယ္။ ေယာက်္ားက နာရီကို သတိထားမိတဲ့အခ်ိန္မွာ ည(၁၀)နာရီထိုးေနၿပီ။

“ဟား•• ေတာင္းပန္ပါတယ္ဗ်ာ။ ဒီေလာက္မိုးခ်ဳပ္သြားတာ သတိမထားမိလိုက္ဘူး”

ေယာက်ာ္းက အားနာနာနဲ႔ၿပဳံးလိုက္တယ္။

“အခုမင္းနားလည္ႏိုင္ၿပီလား?။ သူ႔အေပၚသစၥာေဖာက္တဲ့ လုပ္ရပ္မ်ိဳး ငါလုပ္ဖို႔မျဖစ္ႏိုင္ဘူး။ လုပ္မွာလည္းမဟုတ္ပါဘူး”

“သိပါၿပီ။ ဒီလိုလူတေယာက္ကို အရႈံးေပးလိုက္ရတာ ကြၽန္မေက်နပ္ပါတယ္”

မိန္းကေလးက လက္ေလွ်ာ့လိုက္တဲ့ပုံစံနဲ႔ေခါင္းခါရင္း ေျပာလိုက္တယ္။

“ကြၽန္မလည္း သူလို အ႐ြယ္ေရာက္ရင္ သူ႔ထက္ပိုသာမွာပါ”

“အင္းေပါ့ အဲဒါဆို ဒီထက္ေကာင္းတဲ့ ေယာက်ာ္းမ်ိဳးရွာေတြ႕မွာေပါ့။ မဟုတ္ဘူးလား? အရမ္းမိုးခ်ဳပ္ေနၿပီ။ ငါလိုက္ပို႔ေပးမယ္။”

မိန္းကေလးကိုလိုက္ပို႔ေပးဖို႔သူထလိုက္တယ္။

“ရပါတယ္ ကြၽန္မဖာသာျပန္လိုက္ပါမယ္” ေကာင္မေလးက လက္ဟန္ျပၿပီးေတာ့

” ျပန္သြားေတာ့ေလ သူစိတ္ပူေနလိမ့္မယ္” လို႔ဆက္ေျပာလိုက္တယ္။ ေယာက်ာ္းက တခ်က္ၿပဳံးၿပီး လွည့္ထြက္လာခဲ့တယ္။

“သူကလွလား?”

“အင္းအရမ္းလွတယ္”

ညအေမွာင္ထဲမွာ ေယာက်ာ္းရဲ႕အရိပ္အေယာင္ေတြ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားခဲ့တယ္။ မိန္းကေလးတေယာက္တည္း စားပြဲဝိုင္းမွာ က်န္ရစ္ခဲ့တယ္။ ေယာက်ာ္းအိမ္ျပန္ေရာက္ေတာ့ တံခါးဖြင့္ၿပီး အိပ္ခန္းဆီကို တန္းသြားလိုက္တယ္။ မီးဖြင့္လိုက္တယ္။ ကုတင္နားကို ေလွ်ာက္သြားၿပီး ထိုင္လိုက္တယ္။

“မိန္းမေရ ဒါ (၄)ေယာက္ေျမာက္ရွိၿပီ။ ဘာျဖစ္လို႔ငါကို ဒီေလာက္ ေကာင္းေအာင္လုပ္ ေပးခဲ့တာလဲ? အခု ငါ့ကို ႀကိဳက္ေနတဲ့သူေတြ အမ်ားႀကီးရွိေနၿပီ။ ေတာ္ၾကာ ငါစိတ္ေျပာင္း သြားႏိုင္တယ္ေနာ္။ ဘာျဖစ္လို႔ငါကို ဒီေလာက္ေကာင္းေအာင္ လုပ္ေပးၿပီးေတာ့ တစ္ေယာက္တည္း အရင္ထြက္သြားရတာလဲ? ငါ တစ္ေယာက္တည္း က်န္ေနခဲ့တာ အရမ္း အထီးက်န္ေနၿပီကြာ”

သူ မ်က္ရည္ေတြကို မ်ိဳသိပ္ရင္း ေျပာေနတယ္။ ဒါေပမဲ့ ေနာက္ဆုံးေတာ့ မ်က္ရည္ေတြ မထိန္းႏိုင္ပဲ စီးက်လာတယ္။ တစက္ၿပီး တစက္ ပါးျပင္ေပၚက စီးက်လာၿပီး လက္ထဲမွာကိုင္ထားတဲ့ ဓာတ္ပုံေဘာင္ေပၚ က်သြားခဲ့တယ္။ အလင္းေရာင္မျပည့္ဝတဲ့ မီးေရာင္ေအာက္မွာ ဓာတ္ပုံထဲမွာ ဆုံးသြားတဲ့ အမ်ိဳးသမီးရဲ႕ ၾကင္နာမႈေတြ ျပန႔္ႏွံ႔ေနခဲ့တယ္။

credit-Myanmar Post

 

UniCodeဖြင့်ဖတ်ရန်

“ကျွန်မ ရှင့်ကိုကြိုက်တယ်” “ငါမှာမိန်းမရှိတယ်လေ”

“ကျွန်မ ရှင့်ကိုကြိုက်တယ်”

“ငါမှာမိန်းမရှိတယ်လေ”

ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်။

“ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင်တယ်။ ရှင် ကျွန်မကိုကြိုက်လား”

ဒီအဖြေကို ကြိုတွေးမိကြမှာပါ။ ယောကျာ်းက ခေါင်းမော့ပြီးကောင်မလေးကိုသေ ချာကြည့်လိုက်တယ်။ မိန်းကလေးက အသက် (၂၄)နှစ်။ ငယ်ရွယ်နုပျိုတယ်။ အရွယ်ကောင်းတဲ့အသက်အရွယ်ပါ။ အသားအရေဖြူစွတ်တယ်။ ဖျတ်လတ်သန်စွမ်းတယ်။ အရောင်တောက်ပြီးစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစုံ ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတယောက်ပါပဲ။ ဒါပေမဲ့

“တကယ်လို့ ရှင်လည်းကျွန်မက သဘောကျတယ်ဆိုရင် ကျွန်မရှင်နဲ့ချစ်သူဖြစ်ချင်တယ်”

စိတ်မရှည်တဲ့အဆုံးမှာကောင်မလေးက ဒီစကားကို ထပ်ပြောလိုက်တယ်။

“ငါ့မိန်းမကိုငါချစ်တယ်” ယောကျာ်းက ပြတ်ပြတ်သားသားဖြေလိုက်တယ်။

“ရှင် သူ့ကိုချစ်တယ်? သူ့ကိုဘယ်လိုချစ်တာလဲ? အခုလက်ရှိ သူ့အသက်အရွယ်က အိုနေပြီ အရင်လိုကြည့်မကောင်းတော့ဘူးမလား? အဲဒါကြောင့်ကုမ္ပဏီက ပါတီပွဲကို ရှင်တခါမှ မခေါ်လာရဲတာမလား ••••”

ကောင်မလေးက ဆက်ပြောသွားချင်တယ်။ ဒါပေမဲ့ ယောကျာ်းရဲ့အေးစက်စက်အကြည့်တွေကြောင့် စကားကိုရပ်တန့်လိုက်တယ်။ နှစ်ယောက်စလုံး အနည်းငယ် နှုတ်ဆိတ်သွားကြတယ်။

“မင်း ငါ့ကို ဘာတွေသဘောကျတာလဲ” ယောကျာ်းကမေးလိုက်တယ်။

“ရင့်ကျက်တယ်။ တည်ငြိမ်တယ်။ အပြုအမူတွေက ယောကျာ်းပီသတယ်။ ဂရုစိုက်တတ်တယ်။ အများကြီးရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတွေ့ခဲ့ဖူးတဲ့ ယောကျာ်းတွေ့နဲ့ မတူဘူး။ ရှင်ကထူးခြားတယ် ”

ယောကျ်ားက ဆေးလိပ်မီးညှိရင်းမေးလိုက်တယ်။

“လွန်ခဲ့တဲ့ (၃)နှစ်တုန်းက ငါဘယ်လိုပုံစံလဲဆိုတာ မင်းသိလား? ”

“ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ကျွန်မဂရုမစိုက်ဘူး။ ရှင် ထောင်ကျဖူးလည်း အရေးမကြီးဘူး။”

“လွန်ခဲ့တဲ့ (၃)နှစ်က ငါလည်း မင်းတွေ့ခဲ့ဖူးတဲ့ယောကျ်ားတွေလိုပါပဲ”

ကောင်မလေးကို ဂရုမစိုက်ပဲ ယောကျာ်းကဆက်ပြောတယ်။

“သာမန် တက္ကသိုလ်ဘွဲ့ရ။ အလုပ်လုပ်တာ အဆင်မပြေဘူး။ တနေကုန် အရက်တွေသောက် ဒေါသတွေခဏခဏထွက်။ ကိုယ့်ချစ်သူကိုလည်း ဂရုစိုက်ချင်မှစိုက်တယ် ”

“ဒါဆို ဘယ်လိုပြောင်းလဲသွားတာလဲ” ကောင်မလေးစိတ်ဝင်စားသွားတယ်။

ဘယ်အရာက ဒီယောကျာ်းကိုပြောင်းလဲသွားစေတာလဲဆိုတာ သူသိချင်လာတယ်။

“သူကြောင့်လား?”

“အင်း”

“သူက အမြဲတမ်းကိစ္စတိုင်းကို အတွင်းကျကျ သိထားတဲ့အတိုင်းပဲ။ ငါ့ကိုအများကြီး သင်ပြပေးခဲ့တယ်။ အရှုံးအမြတ်ကို သိပ်အလေးမထားဖို့။ မျက်စိရှေ့က ပြသာနာကို အရမ်းအလေးမထားဖို့။ လူတွေကိုကောင်းကောင်းဆက်ဆံတတ်ဖို့ ငါကိုသင်ပေးတယ်။ အဲဒီအချိန်တုန်းက ငါကသူရှေ့မှာဆို ဘာမှ နားမလည် မသိတတ်သေးတဲ့ကလေးတယောက်လိုပဲ။ပြောရရင် အဲဒီအချိန်တုန်းကမင်းငါကိုမြင်သလ ိုမျိုးနဲ့သိပ်မကွာဘူးလို့ပြောရမယ်။ အဲတုန်းကတော်တော် ထူးဆန်းတာက စိတ်ဆတ် ခေါင်းမာတတ်တဲ့ငါက သူပြောတာပဲနားထောင်တယ်။ သူပြောတဲ့အတိုင်း အဖြစ်မှန်ကိုလက်ခံနိုင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် အသုံးမကျတာသိတော့ အလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့တယ်။ အဲဒီ့နှစ် နှစ်ကုန်မှာ အလုပ်က နည်းနည်း အဆင်ပြေလာခဲ့တယ်။ ငါတို့လည်း လက်ထပ်လိုက်ကြတယ်”

ဆေးလိပ်ပြာချွေရင်း ယောကျာ်းကဆက်ပြောတယ်။

“အဲဒီအချိန်တုန်းက တော်တော် ဒုက္ခရောက်ခဲ့တာ။ နှစ်ယောက်ကို ကုတင်တစ်လုံးတည်းနဲ့ အိပ်ခဲ့ရတယ်။ အိမ်ကပစ္စည်းဆိုတာ နည်းလိုက်တာမှ သနားဖို့တောင်ကောင်းတယ်။ ပြီးတော့မင်္ဂလာဆောင်ပြီး တစ်နှစ်ကြာမှငါ သူ့ကို ပထမဆုံးစိန်လက်စွပ် (၁)ကွင်းဝယ်ပေးနိုင်တာ။ နှစ်ဝက်ကျော်လောက် ပိုက်ဆံစုလိုက်ရတယ်။ ဒါတောင် သူမသိအောင်ခိုးစုရတာ။ သူသိရင် ပေးဝယ်မှာ မဟုတ်ဘူး။ အဲ့တုန်းကလည်း ဆေးလိပ် အရက်ကြောင့် ကျန်းမာရေးက ဆိုးလာသေးတယ်။ ဆောင်းတွင်းဖက်ကြီးမှာလည်း ညမအိပ်ပဲ ငါ့အတွက် သူစွပ်ပြုတ် လုပ်ပေးတယ်။ အဲဒီ့အရသာမျိုးကို သူပဲလုပ်တတ်မယ် ထင်တယ်”

ယောကျာ်းက အရင်ကအကြောင်းတွေကို ပြောရင်းအချိန်ကိုသတိမထားမိလိုက်ဘူး။ အတိတ်ကအကြောင်းတွေကို မနားတမ်းပြောနေမိတယ်။

မိန်းကလေးကလည်း စကားဖြတ်ချင်ပုံမရဘူး။ ပြောသမျှကို ငြိမ်နားထောင်နေတယ်။ ယောကျ်ားက နာရီကို သတိထားမိတဲ့အချိန်မှာ ည(၁၀)နာရီထိုးနေပြီ။

“ဟား•• တောင်းပန်ပါတယ်ဗျာ။ ဒီလောက်မိုးချုပ်သွားတာ သတိမထားမိလိုက်ဘူး”

ယောကျာ်းက အားနာနာနဲ့ပြုံးလိုက်တယ်။

“အခုမင်းနားလည်နိုင်ပြီလား?။ သူ့အပေါ်သစ္စာဖောက်တဲ့ လုပ်ရပ်မျိုး ငါလုပ်ဖို့မဖြစ်နိုင်ဘူး။ လုပ်မှာလည်းမဟုတ်ပါဘူး”

“သိပါပြီ။ ဒီလိုလူတယောက်ကို အရှုံးပေးလိုက်ရတာ ကျွန်မကျေနပ်ပါတယ်”

မိန်းကလေးက လက်လျှော့လိုက်တဲ့ပုံစံနဲ့ခေါင်းခါရင်း ပြောလိုက်တယ်။

“ကျွန်မလည်း သူလို အရွယ်ရောက်ရင် သူ့ထက်ပိုသာမှာပါ”

“အင်းပေါ့ အဲဒါဆို ဒီထက်ကောင်းတဲ့ ယောကျာ်းမျိုးရှာတွေ့မှာပေါ့။ မဟုတ်ဘူးလား? အရမ်းမိုးချုပ်နေပြီ။ ငါလိုက်ပို့ပေးမယ်။”

မိန်းကလေးကိုလိုက်ပို့ပေးဖို့သူထလိုက်တယ်။

“ရပါတယ် ကျွန်မဖာသာပြန်လိုက်ပါမယ်” ကောင်မလေးက လက်ဟန်ပြပြီးတော့

” ပြန်သွားတော့လေ သူစိတ်ပူနေလိမ့်မယ်” လို့ဆက်ပြောလိုက်တယ်။ ယောကျာ်းက တချက်ပြုံးပြီး လှည့်ထွက်လာခဲ့တယ်။

“သူကလှလား?”

“အင်းအရမ်းလှတယ်”

ညအမှောင်ထဲမှာ ယောကျာ်းရဲ့အရိပ်အယောင်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။ မိန်းကလေးတယောက်တည်း စားပွဲဝိုင်းမှာ ကျန်ရစ်ခဲ့တယ်။ ယောကျာ်းအိမ်ပြန်ရောက်တော့ တံခါးဖွင့်ပြီး အိပ်ခန်းဆီကို တန်းသွားလိုက်တယ်။ မီးဖွင့်လိုက်တယ်။ ကုတင်နားကို လျှောက်သွားပြီး ထိုင်လိုက်တယ်။

“မိန်းမရေ ဒါ (၄)ယောက်မြောက်ရှိပြီ။ ဘာဖြစ်လို့ငါကို ဒီလောက် ကောင်းအောင်လုပ် ပေးခဲ့တာလဲ? အခု ငါ့ကို ကြိုက်နေတဲ့သူတွေ အများကြီးရှိနေပြီ။ တော်ကြာ ငါစိတ်ပြောင်း သွားနိုင်တယ်နော်။ ဘာဖြစ်လို့ငါကို ဒီလောက်ကောင်းအောင် လုပ်ပေးပြီးတော့ တစ်ယောက်တည်း အရင်ထွက်သွားရတာလဲ? ငါ တစ်ယောက်တည်း ကျန်နေခဲ့တာ အရမ်း အထီးကျန်နေပြီကွာ”

သူ မျက်ရည်တွေကို မျိုသိပ်ရင်း ပြောနေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မျက်ရည်တွေ မထိန်းနိုင်ပဲ စီးကျလာတယ်။ တစက်ပြီး တစက် ပါးပြင်ပေါ်က စီးကျလာပြီး လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ပုံဘောင်ပေါ် ကျသွားခဲ့တယ်။ အလင်းရောင်မပြည့်ဝတဲ့ မီးရောင်အောက်မှာ ဓာတ်ပုံထဲမှာ ဆုံးသွားတဲ့ အမျိုးသမီးရဲ့ ကြင်နာမှုတွေ ပြန့်နှံ့နေခဲ့တယ်။

✌ မင်္ဂလာပါ 😀

credit-Myanmar Post