ZawGyiဖြင့်ဖတ်ရန်

 



2.ပေါကြောင်နေတတ်တာ…

3.အပြုံးလေး…

4.ရိုးသားမှု

5.အနီရောင်…

6.Big Eyes

7. ရှည်လျားတဲ့ဆံနွယ်…

8.မပြင်မဆင်အလှ

Credit:mmfeed.com

UniCodeဖြင့်ဖတ်ရန်

ယောကျ်ားလေးတိုင်း မျှော်လင့်ထားတဲ့ အိပ်မက်မဟေသီ ဆိုတာ

နောက်ဆုံးစစ်တမ်းကောက်ဖော်ထုတ်ချက်များအရ ယောင်္ကျားလေးတွေကို ရူးမတတ်ဆွဲဆောင်နိုင်တဲ့ အရာတွေက ဘာတွေဖြစ်မလဲ?မိန်းကလေးတွေဆီက ယောင်္ကျားလေးတွေအစွဲမက်ဆုံးအရာတွေက ဘာတွေဖြစ်မလဲ? ဟုတ်ကဲ့ စိတ်ဝင်စားစရာကောင်းပါတယ် အခုပဲဖတ်ကြည့်ရအောင်…

1.ရှည်လျားတဲ့ လက်မောင်း
တချိန်တုန်းကတော့ ရှည်လျားတဲ့ပေါင်တံဟာ အသက်ပဲပေါ့။အခု နောက်ဆုံးသုတေသနစစ်တမ်းတွေအရတော့ သူတို့ကိုစွဲမက်စရာကောင်းစေတာက ရှည်လျားတဲ့လက်မောင်းလို့ ဝိုင်းထောက်ခံထားကြပါတယ်။

2.ပေါကြောင်နေတတ်တာ…
ယောင်္ကျားလေးတွေဟာ ခေတ်မီထက်မြက်တည်ငြိမ်တဲ့ မိန်းကလေးတွေကို ပိုသဘောကျလေ့ရှိတယ်လို့ အများကထင်ကြပါတယ်။ဒါပေမယ့် လေ့လာချက်များအရ အနည်းငယ်ပေါတောတောနေတတ်တဲ့သူတွေကို ပိုသဘောကျကြပါတယ်။

3.အပြုံးလေး…
ဘယ်လိုအခြေအနေမျိုးမှာမဆို အမြဲတမ်းပြုံးနေတဲ့မိန်းကလေးတွေထက် ယောင်္ကျားလေးကိုဆွဲဆောင်နိုင်တဲ့အရာ မရှိပါဘူး။ပြုံးနေတယ့်မိန်းကလေးဟာ ဆွဲဆောင်မှုအရှိဆုံးလို့ သူတို့ခံယူထားပါတယ်

4.ရိုးသားမှု
ဒီအချက်ကတော့ ယောင်္ကျားလေးတွေ အမြဲထည့်သွင်းစဉ်းစားလေ့ရှိတဲ့ အချက်ဖြစ်ပါတယ်။ဘာဟန်ဆောင်ပန်ဆောင်ဖုံးကွယ်ထားတာမရှိပဲ ပွင့်လင်းရိုးသားနေတတ်တာမျိုးကို သဘောကျကြပါတယ်။

5.အနီရောင်…
ယောင်္ကျားလေးတွေဟာ အနီရောင်ကို စွဲလမ်းလွယ်ပါတယ်။အနီရောင်ဝတ်စုံဆင်မြန်းထားတဲ့မိန်းကလေးသာဆို အကြည့်တစ်ချက်နဲ့တင် သူတို့ကိုဖမ်းစားနိုင်ဖို့ သေချာသလောက်ရှိပါတယ်။

6.Big Eyes
မျက်လုံးခပ်ကျယ်ကျယ်ပြူးပြူးလေးနဲ့အပြစ်ကင်းစင်တဲ့မျက်ဝန်းတွေကို ပိုင်ဆိုင်ထားတဲ့မိန်းကလေးတွေကတော့ ယောင်္ကျားလေးတွေရဲ့အမြင်မှာ ဆွဲဆောင်မှုအရှိဆုံးဖြစ်နေတတ်ပါတယ်။ယောင်္ကျားလေးအများစု နှစ်သက်သဘောကျတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။သဘာဝBig Eyeကို ဆိုလိုတာနော်။

7. ရှည်လျားတဲ့ဆံနွယ်…
ရှည်လျားတဲ့ဆံနွယ်ပိုင်ရှင်မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေရဲ့ အာရုံစိုက်မှုကို စက္ကန့်ပိုင်းအတွင်း ရကြပါတယ်။ဆံနွယ်လေးတွေ လေအဝှေ့မှာ လွင့်ခါနေတာမျိုးကို သူတို့သဘောကျကြပါတယ်။

8.မပြင်မဆင်အလှ
ယောင်္ကျားလေးတွေဟာ အတုအယောင်တွေကို မနှစ်သက်တတ်ကြပါဘူး။အရှိကိုအရှိအတိုင်း လက်ခံတတ်ကြသလို အမြဲလိုလို ပြင်ဆင်ခြယ်သနေတာထက် ပါးပါးလေးသာပုတ်ထားတဲ့မျက်နှာမျိုးကို ပိုသဘောကျကြပါတယ်။

Credit:mmfeed.com