ZawGyiျဖင့္ဖတ္ရန္

 

ေမလ ၁၉ရက္ေန႔က ၿဗိတိန္ ရဲ႕ေတာ္ဝင္မင္းသားငယ္ Harry နဲ႔ Meghan Markle တို႔ရဲ႕မဂၤလာပြဲက်င္းပခဲ့ၾကတာ တစ္ကမာၻလုံးအသိပါပဲ။သူတို႔ရဲ႕မဂၤလာေဆာင္ကို ရင္းႏွီးတဲ့မိတ္ေဆြ၊အထူးဧည့္သည္ေတြ၊အႏုပညာရွင္ေတြ မ်ားစြာတက္ေရာက္ ဂုဏ္ျပဳခဲ့ၾကပါတယ္။

မဂၤလာအခမ္းအနားပြဲက်င္းပေနစဥ္မွာ လာေရာက္ဂုဏ္ျပဳၾကတဲ့ ပရိသတ္ ေတြစိတ္ဝင္စားမႈအမ်ားဆုံးရွိခဲ့တာကေတာ့ လြတ္ေနတဲ့ထိုင္ခုံတစ္ခုံပါပဲ။ေတာ္ဝင္မင္းသားရဲ႕မဂၤလာ အခမ္းအနားပြဲက်င္းပရာေနရာမွာ ဖိတ္ၾကားထားတဲ့ဧည့္သည္ေတာ္ေတြအားလုံးေရာက္ၿပီျဖစ္ေပမဲ့ ေနရာတစ္ေနရာ၊ ထိုင္ခုံတစ္ခုံစာလြတ္ေနခဲ့ပါတယ္။ေတာ္ဝင္မင္းသား William ရဲ႕ေဘးကထိုင္ခုံမွာ လြတ္ေနတာပဲျဖစ္ပါတယ္။ ဒါကိုမ်က္စိစူးရွတဲ့ပရိသတ္ေတြျမင္တဲ့အခါမွာေတာ့ ဒီလြတ္ေနတဲ့ခုံဟာ မင္းသား Harry က သူ႔ရဲ႕အေမ Diana ကို သတိရတမ္းတစြာနဲ႔ ေလးစားသမႈျပဳကာထိုင္ခုံတစ္ေနရာစာခ်န္ထားခဲ့တာပဲျဖစ္တယ္လို႔အားလုံးက သေဘာေပါက္ခဲ့ၾကပါတယ္။


မင္းသမီး Diana ၊ မင္းသား Harry ရဲ႕အေမဟာ Harry အသက္ ၁၂ႏွစ္အ႐ြယ္မွာ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။ေသဆုံးသြားခဲ့ေပမဲ့လူတိုင္းရဲ႕ႏွလုံးသားထဲမွာ Princess Diana ဆိုတာ ႂကြင္းက်န္ေနဆဲပါ။ သားျဖစ္သူကလည္း သူ႔ရဲ႕အမွတ္တရေန႔၊အခမ္းအနားေန႔မွာ သူ႔ရဲ႕အေမကိုသတိရတမ္းတေနခဲ့ပါလိ့မ္မယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕အေမအတြက္ ေနရာတစ္ေနရာစာခ်န္ထားတာျဖစ္ႏိုင္သလို တစ္ခ်ိဳ႕ကလည္းဘုရင္မႀကီး Elizabeth ရဲ႕ျမင္ကြင္းကို အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ ဘုရင္မႀကီးေရွ႕မွာ ဘယ္သူမွထိုင္ခြင့္မရွိတာလို႔လည္းယူဆခဲ့ၾကပါတယ္။

 

ဒါေပမဲ့ မင္းသား Harry ဟာ သူ႔ရဲ႕မဂၤလာပြဲေန႔မွာ အေမျဖစ္သူကို သတိရေနတဲ့အေၾကာင္းကို ထိုင္ခုံတစ္ေနရာစာ ခ်န္ထားတာတစ္ခုတည္းနဲ႔သက္ေသျပခဲ့တာမဟုတ္ပါဘူး။မင္းသမီး Diana ဟာ ေသဆုံးခ်ိန္မွစလို႔ ၂၁ႏွစ္ေက်ာ္ၾကာတဲ့အခ်ိန္ထိ၊အခုအခ်ိန္ထိတိုင္ေအာင္ ေတာ္ဝင္မိသားစုမွာေနရာယူေနဆဲပါပဲ။သူမရဲ႕သားငယ္ေလး Harry နဲ႔Meghan ဟာ Diana ခ်စ္ျမတ္ႏိုးလွတဲ့ forget-me-nots ပန္းေလးေတြနဲ႔ လက္ကိုင္ပန္းခက္ လုပ္ဖို႔စီစဥ္ခဲ့ပါတယ္။

သတို႔သမီးအရံေတြကိုလည္းထိုပန္းေလးေတြနဲ႔ပဲ အလွဆင္ေပးခဲ့ပါတယ္။ထိုပန္းေလးေတြက Diana ဂ႐ုတစိုက္ျပဳစုေစာင့္ေရွာက္ခဲ့တဲ့ နန္းေတာ္ဥယ်ာဥ္ထဲက ခူးဆြတ္ခဲ့တာပဲျဖစ္ပါတယ္။အျဖဴေရာင္ႏွင္းဆီ ပန္းေတြအမ်ားႀကီးစိုက္ပ်ိဳးထားသလို forget-me-nots ပန္းေလးေတြလည္းအမ်ားႀကီးရွိပါတယ္။မင္းသား Harry ဟာ သူ႔ရဲ႕အေမခ်စ္ျမတ္ႏိုးလွတဲ့ပန္းေလးေတြကို သူ႔ရဲ႕မဂၤလာေဆာင္မွာ ဂုဏ္ယူစြာဆင္ယင္ခဲ့သလို သူ႔အေမအႏွစ္သက္ဆုံး သီခ်င္းကို သူ႔ရဲ႕မဂၤလာေဆာင္မွာ တီးခတ္ေစခဲ့ၿပီး အဲ့ဒီအခ်ိန္တုန္းကမ်က္ရည္ဝဲလ်က္ရွိခဲ့တယ္လို႔လည္းသိရပါတယ္။

မဂၤလာပြဲဓာတ္ပုံ႐ိုက္ကူးတဲ့အခ်ိန္မွာလည္း Harry ဟာ ဆိုဖာအစိမ္းေရာင္ေပၚမွာထိုင္ၿပီး ႐ိုက္ခဲ့တာ ကိုျမင္ေတြ႕ရပါလိမ့္မယ္။အဲ့ဒီထိုင္ခုံက အထူးသီးသန႔္အမွတ္တရေတြရွိခဲ့တဲ့ဆိုဖာျဖစ္ပါတယ္။လြန္ခဲ့တဲ့ ၁၉၈၄ ခုႏွစ္တုန္းက Diana ဟာ အဲ့ဒီဆိုဖာေပၚမွာ Harry ေလးကိုခ်ီၿပီးအမွတ္တရဓာတ္ပုံ႐ိုက္ကူးခဲ့တာပဲျဖစ္ပါတယ္။မင္းသား Harry ရဲ႕မဂၤလာပြဲကိုတက္ေရာက္ခ်ီးျမႇင့္ၾကသူေတြကလည္း အေမကိုသတိရတမ္းတေနသလို ခ်စ္တဲ့သူနဲ႔မဂၤလာ လက္ထပ္ပြဲဆင္ႏႊဲရလို႔ေပ်ာ္႐ႊင္ေနတဲ့ Harry အတြက္ ဝမ္းသာဝမ္းနည္းျဖစ္ခဲ့ၾက ပါတယ္။စိတ္ခံစားခ်က္ လြယ္သူတစ္ခ်ိဳ႕ကေတာ့ သူတို႔ရဲ႕မဂၤလာပြဲကိုဂုဏ္ျပဳခ်ီးျမႇင့္ရင္း မ်က္ရည္ေတာင္က်ခဲ့ၾကပါတယ္တဲ့။မင္းသား Harry နဲ႔ Meghan တို႔ရဲ႕မဂၤလာပြဲပုံရိပ္ေလးေတြျပန္ၿပီးေဖာ္ျပေပးလိုုက္ပါတယ္။

Credit: buzzy.com.mm

 

UniCodeဖြင့်ဖတ်ရန်

အမေကို အရမ်းချစ်တဲ့သားတစ်ယောက်ရဲ. မင်္ဂလာအခမ်းအနား

မေလ ၁၉ရက်နေ့က ဗြိတိန်ရဲ့တော်ဝင်မင်းသားငယ် Harry နဲ့ Meghan Markle တို့ရဲ့မင်္ဂလာပွဲကျင်းပခဲ့ကြတာ တစ်ကမ္ဘာလုံးအသိပါပဲ။သူတို့ရဲ့မင်္ဂလာဆောင်ကို ရင်းနှီးတဲ့မိတ်ဆွေ၊အထူးဧည့်သည်တွေ၊အနုပညာရှင်တွေ များစွာတက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။

မင်္ဂလာအခမ်းအနားပွဲကျင်းပနေစဉ်မှာ လာရောက်ဂုဏ်ပြုကြတဲ့ ပရိသတ်တွေစိတ်ဝင်စားမှုအများဆုံးရှိခဲ့တာကတော့ လွတ်နေတဲ့ထိုင်ခုံတစ်ခုံပါပဲ။တော်ဝင်မင်းသားရဲ့မင်္ဂလာ အခမ်းအနားပွဲကျင်းပရာနေရာမှာ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေအားလုံးရောက်ပြီဖြစ်ပေမဲ့ နေရာတစ်နေရာ၊ ထိုင်ခုံတစ်ခုံစာလွတ်နေခဲ့ပါတယ်။တော်ဝင်မင်းသား William ရဲ့ဘေးကထိုင်ခုံမှာ လွတ်နေတာပဲဖြစ်ပါတယ်။ ဒါကိုမျက်စိစူးရှတဲ့ပရိသတ်တွေမြင်တဲ့အခါမှာတော့ ဒီလွတ်နေတဲ့ခုံဟာ မင်းသား Harry က သူ့ရဲ့အမေ Diana ကို သတိရတမ်းတစွာနဲ့ လေးစားသမှုပြုကာထိုင်ခုံတစ်နေရာစာချန်ထားခဲ့တာပဲဖြစ်တယ်လို့အားလုံးက သဘောပေါက်ခဲ့ကြပါတယ်။
မင်းသမီး Diana ၊ မင်းသား Harry ရဲ့အမေဟာ Harry အသက် ၁၂နှစ်အရွယ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။သေဆုံးသွားခဲ့ပေမဲ့လူတိုင်းရဲ့နှလုံးသားထဲမှာ Princess Diana ဆိုတာ ကြွင်းကျန်နေဆဲပါ။ သားဖြစ်သူကလည်း သူ့ရဲ့အမှတ်တရနေ့၊အခမ်းအနားနေ့မှာ သူ့ရဲ့အမေကိုသတိရတမ်းတနေခဲ့ပါလိ့မ်မယ်။ အဲ့ဒါကြောင့် သူ့ရဲ့အမေအတွက် နေရာတစ်နေရာစာချန်ထားတာဖြစ်နိုင်သလို တစ်ချို့ကလည်းဘုရင်မကြီး Elizabeth ရဲ့မြင်ကွင်းကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဘုရင်မကြီးရှေ့မှာ ဘယ်သူမှထိုင်ခွင့်မရှိတာလို့လည်းယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ မင်းသား Harry ဟာ သူ့ရဲ့မင်္ဂလာပွဲနေ့မှာ အမေဖြစ်သူကို သတိရနေတဲ့အကြောင်းကို ထိုင်ခုံတစ်နေရာစာ ချန်ထားတာတစ်ခုတည်းနဲ့သက်သေပြခဲ့တာမဟုတ်ပါဘူး။မင်းသမီး Diana ဟာ သေဆုံးချိန်မှစလို့ ၂၁နှစ်ကျော်ကြာတဲ့အချိန်ထိ၊အခုအချိန်ထိတိုင်အောင် တော်ဝင်မိသားစုမှာနေရာယူနေဆဲပါပဲ။သူမရဲ့သားငယ်လေး Harry နဲ့Meghan ဟာ Diana ချစ်မြတ်နိုးလှတဲ့ forget-me-nots ပန်းလေးတွေနဲ့ လက်ကိုင်ပန်းခက် လုပ်ဖို့စီစဉ်ခဲ့ပါတယ်။

သတို့သမီးအရံတွေကိုလည်းထိုပန်းလေးတွေနဲ့ပဲ အလှဆင်ပေးခဲ့ပါတယ်။ထိုပန်းလေးတွေက Diana ဂရုတစိုက်ပြုစုစောင့်ရှောက်ခဲ့တဲ့ နန်းတော်ဥယျာဉ်ထဲက ခူးဆွတ်ခဲ့တာပဲဖြစ်ပါတယ်။အဖြူရောင်နှင်းဆီ ပန်းတွေအများကြီးစိုက်ပျိုးထားသလို forget-me-nots ပန်းလေးတွေလည်းအများကြီးရှိပါတယ်။မင်းသား Harry ဟာ သူ့ရဲ့အမေချစ်မြတ်နိုးလှတဲ့ပန်းလေးတွေကို သူ့ရဲ့မင်္ဂလာဆောင်မှာ ဂုဏ်ယူစွာဆင်ယင်ခဲ့သလို သူ့အမေအနှစ်သက်ဆုံး သီချင်းကို သူ့ရဲ့မင်္ဂလာဆောင်မှာ တီးခတ်စေခဲ့ပြီး အဲ့ဒီအချိန်တုန်းကမျက်ရည်ဝဲလျက်ရှိခဲ့တယ်လို့လည်းသိရပါတယ်။

မင်္ဂလာပွဲဓာတ်ပုံရိုက်ကူးတဲ့အချိန်မှာလည်း Harry ဟာ ဆိုဖာအစိမ်းရောင်ပေါ်မှာထိုင်ပြီး ရိုက်ခဲ့တာ ကိုမြင်တွေ့ရပါလိမ့်မယ်။အဲ့ဒီထိုင်ခုံက အထူးသီးသန့်အမှတ်တရတွေရှိခဲ့တဲ့ဆိုဖာဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၁၉၈၄ ခုနှစ်တုန်းက Diana ဟာ အဲ့ဒီဆိုဖာပေါ်မှာ Harry လေးကိုချီပြီးအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။မင်းသား Harry ရဲ့မင်္ဂလာပွဲကိုတက်ရောက်ချီးမြှင့်ကြသူတွေကလည်း အမေကိုသတိရတမ်းတနေသလို ချစ်တဲ့သူနဲ့မင်္ဂလာ လက်ထပ်ပွဲဆင်နွှဲရလို့ပျော်ရွှင်နေတဲ့ Harry အတွက် ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ကြ ပါတယ်။စိတ်ခံစားချက် လွယ်သူတစ်ချို့ကတော့ သူတို့ရဲ့မင်္ဂလာပွဲကိုဂုဏ်ပြုချီးမြှင့်ရင်း မျက်ရည်တောင်ကျခဲ့ကြပါတယ်တဲ့။မင်းသား Harry နဲ့ Meghan တို့ရဲ့မင်္ဂလာပွဲပုံရိပ်လေးတွေပြန်ပြီးဖော်ပြပေးလိုုက်ပါတယ်။

Credit: buzzy.com.mm