ZawGyiျဖင့္ဖတ္ရန္ 

ယခုရက္ပိုင္းအတြင္းထြက္ေပၚခဲ့တဲ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀၀ ခန္႕က ရတနာေျမာက္ျမားစြာနဲ႕ ကိုလမ္ဘီယာ ကမ္းေျခ မွာနစ္ျမဳပ္ခဲ့တဲ့ စပိန္သေဘၤာတစီး ရဲ့ ေရေအာက္ကပံုတြကို လူေတာ္ေတာ္မ်ားမ်ားစိတ္၀င္စားလာၾကပါတယ္။

San Jose ကို လြန္ခဲ့တဲ့ သံုးႏွစ္ကတည္းက Woods Hole Oceanographic Institution (WHOI) ကတီထြင္တဲ့ ေရေအာက္ရွာေဖြေလ့လာေရးယာဥ္က ေတြ႕ရွိခဲ့တာပါ။ ေသနတ္၆၂ လက္၊ လူ ၆၀၀ နဲ႕ အျခားေသာ ေရႊ၊ေငြ၊နဲ႕အျခားရတနာေတြတင္ေဆာင္လာတဲ့ စပိန္သေဘၤာဟာ ျဗိတိန္ေရတပ္ရဲ့စနက္ေၾကာင့္ ၁၇၀၈ ဇြန္လ ၈ရက္ေန႕မွာ နစ္ျမဳပ္ခဲ့တယ္လို႕မွတ္တမ္းေတြရွိပါတယ္။

 

ကာလေပၚေပါက္ေစ်း အရ ၁၂.၆ ဘီလီယံ တန္ရတနာေတြရွိတဲ့ ထုိသေဘၤာကို “Holy grail” နဲ႕ေတာင္တင္စားပီး ထိုဆံုးရွံဳးမွဳဟာ ေရေၾကာင္းသမိုင္းမွာ မွတ္တမ္း၀င္ပါတယ္။ သေဘၤာဆယ္ယူေရးနဲ႕ဆုိင္တဲ့ ေနာက္ဆံုးရအခ်က္အလက္ေတြကို ကိုလံဘီယာအစိုးရက မေန႕က ထုတ္ျပန္ပါတယ္။

WHOI အေနနဲ႕သူတို႕ရဲ့ေျပာင္ေျမာက္တဲ့ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ယခုရွာေဖြေရး မွာ ပါ၀င္ဖို႕ကမ္းလွမ္းခံခဲ့ရပါတယ္။ သူတို႕ရဲ့နာမည္ၾကီး REMUS 6000 လုိ႕အမည္ရတဲ့ ေရေအာက္ရွာေဖြးေရးယာဥ္ဟာ ၂၀၀၉ ခုနွစ္က ဘရားဇီးကမ္းလြန္မွာပ်က္က်ခဲ့တဲ့ Air France ေလယာဥ္ကို ၂၀၁၁ မွာ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

သူရဲ့အသံလွိဳင္းထုတ္လြင့္ရွာေဖြမွဳအရ ၂၀၁၅မွာ San Jose ကို ေရေအာက္ေပ ၂၀၀၀ မွာ ရွာေဖြေတြ႕ရွိခဲ့တာပါ။ REMUS 6000 ဟာ သေဘၤာနဲ႕ေပ ၃၀ အကြာအထိသြားခဲ့ပီး ဓါတ္ပံု မွတ္တမ္းတင္ခဲ့ပါတယ္။ ႏွံဳးေတြအထပ္ထပ္ျဖစ္ေနေပမဲ့ အေသအခ်ာမွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။

ထိုသေဘၤာဟာ လြန္ခဲ့တဲ့ နွစ္ ၃၀၀ စပိန္နဲ႕ ျဗိတိန္စစ္ပြဲအတြင္း စပိန္အတြက္ ေငြေၾကးေထာက္ပံ့ဖို႕လာရင္းလမ္းခရီးမွာနစ္ျမဳပ္ခဲ့ပါတယ္။ မ်ားျပားလွတဲ့ ရတနာမုဆိုးေတြဟာ ထိုသေဘၤာကို ပိုက္စိတ္တိုက္ရွာေဖြခဲ့ပီး company အခ်င္းခ်င္းျပိဳင္ဆိုင္သည္အထိပါ။

ယခုေတြ႕ရွိမွဳနဲ႕ပတ္သတ္ပီး UNESCO, the United Nations cultural agency က ကိုလံဘီယာအစုိးရကို ရတနာေတြနဲ႕ပတ္သတ္ပီး လက္လြတ္စပယ္မဆံုးျဖတ္ဖို႕ရယ္နဲ႕ သေဘၤာတည္ေနရာအတိအက်ကို လ်ိဳ႕၀ွက္ထားဖို႕ေတာင္းဆိုခဲ့ပါတယ္။ ဒါေၾကာင့္ ထုိမ်ားျပားလွတဲ့ရတနာေတြဟာ ပင္လယ္ၾကမ္းျပင္တစ္ေနရာမွာ မိန္႕မိန္႕ၾကီး စံျမန္းေနတုန္းေပါ့။

Writer-စပြန႔္ (Daily Hot News)

UniCodeဖြင့်ဖတ်ရန်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ခန့်က ၁၂.၆ ဘီလီယံကျော် ရတနာတွေနဲ့ နစ်မြုပ်ခဲ့တဲ့ San Jose သင်္ဘောကြီးပြန်တွေ့ပီ

ယခုရက်ပိုင်းအတွင်းထွက်ပေါ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ခန့်က ရတနာမြောက်မြားစွာနဲ့ ကိုလမ်ဘီယာကမ်းခြေမှာနစ်မြုပ်ခဲ့တဲ့ စပိန်သင်္ဘောတစီး ရဲ့ ရေအောက်ကပုံတွကို လူတော်တော်များများစိတ်ဝင်စားလာကြပါတယ်။

San Jose ကို လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက Woods Hole Oceanographic Institution (WHOI) ကတီထွင်တဲ့ ရေအောက်ရှာဖွေလေ့လာရေးယာဉ်က တွေ့ရှိခဲ့တာပါ။ သေနတ်၆၂ လက်၊ လူ ၆၀၀ နဲ့ အခြားသော ရွှေ၊ငွေ၊နဲ့အခြားရတနာတွေတင်ဆောင်လာတဲ့ စပိန်သင်္ဘောဟာ ဗြိတိန်ရေတပ်ရဲ့စနက်ကြောင့် ၁၇၀၈ ဇွန်လ ၈ရက်နေ့မှာ နစ်မြုပ်ခဲ့တယ်လို့မှတ်တမ်းတွေရှိပါတယ်။

ကာလပေါ်ပေါက်ဈေးအရ ၁၂.၆ ဘီလီယံတန်ရတနာတွေရှိတဲ့ ထိုသင်္ဘောကို “Holy grail” နဲ့တောင်တင်စားပီး ထိုဆုံးရှုံးမှုဟာ ရေကြောင်းသမိုင်းမှာ မှတ်တမ်းဝင်ပါတယ်။ သင်္ဘောဆယ်ယူရေးနဲ့ဆိုင်တဲ့ နောက်ဆုံးရအချက်အလက်တွေကို ကိုလံဘီယာအစိုးရက မနေ့က ထုတ်ပြန်ပါတယ်။

WHOI အနေနဲ့သူတို့ရဲ့ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ယခုရှာဖွေရေးမှာ ပါဝင်ဖို့ကမ်းလှမ်းခံခဲ့ရပါတယ်။ သူတို့ရဲ့နာမည်ကြီး REMUS 6000 လို့အမည်ရတဲ့ ရေအောက်ရှာဖွေးရေးယာဉ်ဟာ ၂၀၀၉ ခုနှစ်က ဘရားဇီးကမ်းလွန်မှာပျက်ကျခဲ့တဲ့ Air France လေယာဉ်ကို ၂၀၁၁ မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူရဲ့အသံလှိုင်းထုတ်လွင့်ရှာဖွေမှုအရ ၂၀၁၅မှာ San Jose ကို ရေအောက်ပေ ၂၀၀၀ မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ REMUS 6000 ဟာ သင်္ဘောနဲ့ပေ ၃၀ အကွာအထိသွားခဲ့ပီး ဓါတ်ပုံမှတ်တမ်းတင်ခဲ့ပါတယ်။ နှုံးတွေအထပ်ထပ်ဖြစ်နေပေမဲ့ အသေအချာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ထိုသင်္ဘောဟာ လွန်ခဲ့တဲ့ နှစ် ၃၀၀ စပိန်နဲ့ ဗြိတိန်စစ်ပွဲအတွင်း စပိန်အတွက် ငွေကြေးထောက်ပံ့ဖို့လာရင်းလမ်းခရီးမှာနစ်မြုပ်ခဲ့ပါတယ်။ များပြားလှတဲ့ ရတနာမုဆိုးတွေဟာ ထိုသင်္ဘောကို ပိုက်စိတ်တိုက်ရှာဖွေခဲ့ပီး company အချင်းချင်းပြိုင်ဆိုင်သည်အထိပါ။

ယခုတွေ့ရှိမှုနဲ့ပတ်သတ်ပီး UNESCO, the United Nations cultural agency က ကိုလံဘီယာအစိုးရကို ရတနာတွေနဲ့ပတ်သတ်ပီး လက်လွတ်စပယ်မဆုံးဖြတ်ဖို့ရယ်နဲ့ သင်္ဘောတည်နေရာအတိအကျကို လျို့ဝှက်ထားဖို့တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ထိုများပြားလှတဲ့ရတနာတွေဟာ ပင်လယ်ကြမ်းပြင်တစ်နေရာမှာ မိန့်မိန့်ကြီး စံမြန်းနေတုန်းပေါ့။

Writer-စပွန့် (Daily Hot News)