Zawgyi ဖြင့်ဖတ်ရန်
Writer- စပွန့် (Daily Hot News)
Unicode ဖြင့်ဖတ်ရန်
မျက်နှာများတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူဟောင်းကောင်လေးအပေါ် မနာလိုစိတ်နဲ့ အက်စစ်နဲ့ပတ်ခဲ့လို့ ထောင်ဒဏ်ကျခံလိုက်ရပါတယ်။
Berlinah Wallace ဆိုသူအမျိုးသမီးဟာ သူ့ချစ်သူ Mark van Dongen ကို တသက်လုံးစိတ်ဓါတ်မြှင့်တင်ရေးဂေဟာ တွေမှာ တသက်လုံးနေရသည်အထိလုပ်ခဲ့တာပါ။ ထိုကြောင့်ထိုအမျိုးသမီးကို အနည်းဆုံး ထောင်ဒဏ် ၁၂နှစ်ကျခံစေဖို့ Bristol Crown Court က ယနေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ တရားသူကြီးက ထိုအမျိုးသမီးကို “ မင်းလုပ်ရပ်တွေက ကောင်လေးမျက်နှာကို လောင်ကျွမ်းစေလိုခြင်း၊ ရုပ်ပျက်စေလိုခြင်းနဲ့ နောက်နောင် ဘယ်မိန်းခလေးမှ အနားမကပ်အောင်ကြံစည်မှု ထင်ရှားတယ်လို့” ဆိုပါတယ်။
သာမန် မကောင်းတဲ့ဝိ ဉာဏ်တောင် ဒီလုပ်ရပ်မျိုး မလုပ်ပါဘူးလို့လဲပြောပါတယ်။ မိန်းခလေးအနေနဲ့ ပြစ်ဒဏ်ကျခံလိုက်ရပေမဲ့ သူမကိုတော့ ရွ့ံမုန်းနေကြပါတယ်။
Wallace ဟာ Dongen အိပ်ပျော်နေစဉ်မှာ ထိုအလွန်ဆိုးရွားတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာပါ။ ထိုလုပ်ရပ်ကြောင့် Dongen ရဲ့ ခြေထောက်၊ ဘယ်ဖက်မျက်လုံးနဲ့ ညာဘက်မျက်လုံးတဝိုက်ဆိုးဆိုးရွားရွားထိခိုက်ဆုံးရှုံးလိုက်ရပါတယ်။ Dongenဟာ ဆေးရုံ ၁၄လ တက်ခဲ့ရပီး နောက်လထဲမှာ ဆရာဝန်တွေရဲ့ ထောက်ခံချက်နဲ့အတူ စိတ်ဓါတ်မြှင့်တင်ရေးဂေဟာ မှာသွားနေရတော့မှာပါ။ Dongen က “ ကျွန်တော်မသေခင်တော့ ကျွန်တော့်အဖြစ်ကို သူမမြင်စေချင်သေးတယ်။ အဲဒါဆို သူမလုပ်ခဲ့တာအတွက် နောင်တရလို့ဆုံးမှာမဟုတ်ဘူးလို့” ပြောခဲ့ပါတယ်။
“ကျွန်တော့်ကုတင်ဘေးမှာရပ်ပီး ငါ့မှနင့်ကို မပိုင်ရရင် နင့်ကိုဘယ်သူမှမပိုင်ရဘူးဆိုပီး သူမကြောက်စရာကောင်းလောက်အောင် ရယ်ပါတယ်။ ပီးတော့ sulphuric acid နဲ့ ကျွန်တော့်ကို ပတ်ပါတော့တယ်။” လို့ပြောပါတယ်။
တရားသူကြီးကလည်း “သူမလုပ်ရပ်ဟာ သူမရဲ့စိတ်ခံစားမှုကို အဆိုးဆုံးအခြေအနေနဲ့ပြသခဲ့တာ ထင်ရှားပါတတယ်။ ကျွန်မချမှတ်လိုက်တဲ့အမိန့်ဟာ Dongen ရဲ့ ဒါဏ်ရာကို ကြည့်ပီးချတာမဟုတ်ပါဘူး။ သူမလုပ်ရပ်နဲ့ Dongen ရဲ့ ၁၅လတာ ဆေးကုသချိန်ကို ကြည့်ပီးသာချမှတ်ခဲ့တာလို့ဆိုပါတယ်။”
“သူမတရားခွင်မှာ ထပ်တလဲလဲလိမ်ပါတယ်။ Dongen အပေါ်အပစ်လဲတင်ပါတယ်။ Dongen ဟာ သူမကို အက်စစ်တိုက်ဖို့တောင်ကြံခဲ့တယ်လို့စွပ်စွဲပါတယ်။ ခုကြည့်လေ Dongenက သူ့ကိုယ်သူတောင်ပြန်လည်ထူထောင်နိုင်ဖို့ခက်တဲ့အခြေအနကို ရောက်နေပါပီ။ ဒါတွေအားလုံးဟာသူမရဲ့ ဒေါသကြောင့်ပေါ့။ ဒါ့အပြင် သူမဟာ အက်စစ်ကို လောလောလတ်လတ်ဝယ်ခဲ့တဲ့ အနေအထားမတွေ့ရပါဘူး။ သေသေချာချာ အကွက်ချစီစဉ်ခဲ့တာပါ။ Dongen ဟာ မကြာသေးခင်ကမှ သူ့အဖေနဲ့ သူငယ်ချင်းတွေကို သူမဟာ ကြောက်စရာကောင်းကြောင်း ပြောခဲ့ပါသေးတယ်။”
Dongen အဖေနဲ့ပတ်သတ်ပီးလည်း “ ဒီလူကြီးဟာ တော်တာ်လေး တည်ငြိမ်ပီး နားလည်နိုင်စွမ်းရှိတဲ့သူပါ။ သူ့သားရဲ့ ကြားနာမှုတိုင်းကို တက်ရောက်ပီးအမြဲနှစ်သိမ့်ပေးခဲ့တာပါ။တော်တော်လေးစားစရာကောင်းပါတယ်။” လို့ပြောပါတယ်။
Dongenက “ကျွန်တော် အဲ့နေ့ညက သူမကိုသနားလို့သွားခဲ့တာပါ။ ဒါပေမဲ့ ညတရေးနိုးတော့ သူမကို မတွေ့ရတော့ဘူး။ ကုတင်ဘေးကို ပတ်ကြည့်တော့ အက်စစ်လို့ယူဆရတာတစ်ခုကိုတွေ့တယ်။ နောက်တော့ တကိုယ်လုံးမီးလောင်သလိုခံစားရပီး အိမ်ထဲကထွက်ပြေးမိတယ်။ ကံကောင်းချင်တော့ အသိတစ်ယောက်နဲ့တွေ့ပီး ကျွန်တော့်ကို ဆေးရုံကားနဲ့တင်ပီး ရဲကိုလည်းအကြောင်းကြားတယ်။ လူနာတင်ကားနောက်မှာလိုက်ရင်း သူမဟာ စိတ်ပုံမှန်မဟုတ်တော့ကြောင်းတောင် ထွက်ဆိုခဲ့ပါသေးတယ်။”
ခုတော့ သနားစရာ Dongen ဟာ သူ့အဖေ တိုင်ပေးတဲ့ စလုံးပေါင်းသတ်ပုံလေးတွေကို အသံထွက်ဆိုဖို့တောင် လျှာတစ်လစ်နဲ့ အဆင်မပြေဖြစ်နေပါတယ်။
Wallace ဟာ Dongen ကို အရမ်းချစ်ပုံရပီး သူမကို မထားခဲ့ဖို့ သူမဘဝမှာ Dongenကလွဲပီးတခြားမရှိနိုင်ကြောင်းစသည်ဖြင့် ပြောထားတာတွေကို သက်သေအဖြစ်တွေ့ရှိခဲ့ပေမဲ့ တကယ်တမ်းတော့ အချစ်ကြီးလို့ အမျက်ကြီးခဲ့ပီလေ။
သူမနဲ့ပတ်သတ်ပီး စိတ်ဝင်စားသူတွေများခဲ့ပီး ကောင်လေးကတော့ သူချစ်ရတဲ့သူတွေကို နောက်ဆုံးမှာနှုတ်ဆက်သွားခဲ့ရပါတယ်။ Wallace ကနောက်ဆုံးမှာတော့ ဒီပွဲမှာ သူနိုင်ပါတယ်။ ငြိမ်းချမ်းစွာအနားယူပါတော့လို့တော့ နောက်ဆုံးစကားပါးလိုက်ပါသေးတယ်။
ဒါ့အပြင် ရဲဌာနအနေနဲ့ နောက်ပိုင်းအက်စစ်ဝယ်ယူမှုမှာ အထောက်အထားပြဖို့ အကြံပြုအကောင်အထည်ဖော်နေပါပီ။ အထောက်အထားအသေအချာမပြနိုင်ပါက ထောင်၆လအထိ အပစ်ပေးနိုင်အောင် စီစဉ်နေကြပါပီ။ ဘာလို့လဲဆိုတော့ အက်စစ်နဲ့တိုက်ခိုက်မှုဟာ တနေ့တခြားများပြားလာလို့ပါတဲ့။
Writer- စပွန့် (Daily Hot News)