ZawGyiျဖင့္ဖတ္ရန္

 

အသက္(၂၀)အ႐ြယ္သာရွိေသးတဲ့ Jennifer Steadman အမည္ရ ေကာင္မေလးဟာ သူမရဲ႕ တစ္ခ်ိန္ခ်ိန္မွာ ေလယာဥ္မယ္ျဖစ္ရမယ္ဆိုတဲ့ အေတြးစိတ္ကူးကို စြန႔္လႊတ္ ကာ အဆုံးစီရင္ သြားၿပီ ျဖစ္ပါတယ္။ Jennifer ဟာ သာမန္အားျဖင့္ ေပ်ာ္ေပ်ာ္ေနတတ္တဲ့၊ လူခ်စ္လူခင္ေပါမ်ားတဲ့ အမ်ိဳးသမီးငယ္ တစ္ဦးျဖစ္ၿပီး သူမရဲ႕ ျပင္ပအသြင္သ႑ာန္က သြက္လက္ထက္ျမတ္ၿပီး ဖိအားကင္းကင္းနဲ႔ ေနထိုင္တတ္သူတစ္ေယာက္လို႔ ထင္စရာ ရွိပါတယ္။

ဒါေပမယ့္ Jennifer ဟာ သူမေနထိုင္ရာ ဂရိတ္ မန္ခ်က္စတာ က အခန္းမွာပင္ ဆြဲႀကိဳးခ်ေသဆုံးခဲ့ပါတယ္။ Jennifer ဟာ ေငြေရးေၾကးေရးျပႆနာေတြ ရင္ဆိုင္ေနရသူျဖစ္ၿပီး အခန္းငွားရမ္းခ၊ ေခ်းငွားထားတဲ့ အေႂကြးျပႆနာေတြက သူမကို ႀကီးမားတဲ့ စိတ္ဖိအားေတြ ျဖစ္ေစခဲ့ၿပီး ေနာက္ဆုံးမွာ လြတ္လမ္းကို ရွာေဖြသြားခဲ့တာလို႔ ေသမႈေသခင္းဆိုင္ရာ ၾကားနာမႈမွာေဖာ္ျပထားပါတယ္။

Jennifer ဟာ ၿပီးခဲ့တဲ့ႏွစ္ Boxing Day အတြင္းမွာ မိမိကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္ခဲ့တာျဖစ္ၿပီး သူမရဲ႕ခ်စ္သူ Matthew Owens က ဘယ္လိုမွ ဆက္သြယ္လို႔မရေတာ့မွ ရဲစခန္းကို သတင္းေပးခဲ့တာပါ။ Jennifer ဟာ ဟိုတယ္/ဧည္လမ္းၫႊန္ဘာသာရပ္ကို ေလ့လာေနတဲ့ေက်ာင္းသူျဖစ္ၿပီး မၾကာမီမွာ ေလယာဥ္မယ္ ျဖစ္မယ္လို႔ မွန္းဆထားသူပါ။

 

အစ္မျဖစ္သူ Jessica ကလည္း Jennifer ဟာ ဆပ္ရန္အေႂကြးေတြနဲ႔ ႏြံနစ္ေနသူတစ္ေယာက္ဆိုတာ မွန္ကန္ေၾကာင္း ဝန္ခံခဲ့ၿပီး သူမတို႔ ညီအစ္မအခ်င္းခ်င္းမွာ မၾကာခဏ ရန္ျဖစ္ျငင္းခုံတာေတြရွိခဲ့ေပမယ့္ ၿပီးေတာ့လည္း ညီအစ္ေတြ ျပန္ျပန္တည့္သြားေၾကာင္း၊ သူမဟာ ခ်စ္ခင္ႏွစ္သက္ဖြယ္ေကာင္းၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူျဖစ္ေၾကာင္း ဆိုပါတယ္။ မိခင္ျဖစ္သူကလည္း Facebook ေပၚမွာေ ေနာက္ဆုံးေတြ႕ခဲ့ခ်ိန္တုန္းက သူမ အစစအဆင္ေျပတယ္လို႔ ေျပာခဲ့တယ္လို႔ ဆိုထားပါတယ္။

Credit:နတ္စည္ေတာ္ (Shwemom)

 

UniCodeဖြင့်ဖတ်ရန်

အကြွေးတွေကြောင့် အဆုံးစီရင်ခဲ့တဲ့၊ လေယာဉ်မယ်ဖြစ်ချင်တယ်ဆိုတဲ့ ကောင်မလေး

အသက်(၂၀)အရွယ်သာရှိသေးတဲ့ Jennifer Steadman အမည်ရ ကောင်မလေးဟာ သူမရဲ့ တစ်ချိန်ချိန်မှာ လေယာဉ်မယ်ဖြစ်ရမယ်ဆိုတဲ့ အတွေးစိတ်ကူးကို စွန့်လွှတ်ကာ အဆုံးစီရင်သွားပြီ ဖြစ်ပါတယ်။ Jennifer ဟာ သာမန်အားဖြင့် ပျော်ပျော်နေတတ်တဲ့၊ လူချစ်လူခင်ပေါများတဲ့ အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး သူမရဲ့ ပြင်ပအသွင်သဏ္ဍာန်က သွက်လက်ထက်မြတ်ပြီး ဖိအားကင်းကင်းနဲ့ နေထိုင်တတ်သူတစ်ယောက်လို့ ထင်စရာ ရှိပါတယ်။

ဒါပေမယ့် Jennifer ဟာ သူမနေထိုင်ရာ ဂရိတ်မန်ချက်စတာက အခန်းမှာပင် ဆွဲကြိုးချသေဆုံးခဲ့ပါတယ်။ Jennifer ဟာ ငွေရေးကြေးရေးပြဿနာတွေ ရင်ဆိုင်နေရသူဖြစ်ပြီး အခန်းငှားရမ်းခ၊ ချေးငှားထားတဲ့ အကြွေးပြဿနာတွေက သူမကို ကြီးမားတဲ့ စိတ်ဖိအားတွေ ဖြစ်စေခဲ့ပြီး နောက်ဆုံးမှာ လွတ်လမ်းကို ရှာဖွေသွားခဲ့တာလို့ သေမှုသေခင်းဆိုင်ရာ ကြားနာမှုမှာဖော်ပြထားပါတယ်။

Jennifer ဟာ ပြီးခဲ့တဲ့နှစ် Boxing Day အတွင်းမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တာဖြစ်ပြီး သူမရဲ့ချစ်သူ Matthew Owens က ဘယ်လိုမှ ဆက်သွယ်လို့မရတော့မှ ရဲစခန်းကို သတင်းပေးခဲ့တာပါ။ Jennifer ဟာ ဟိုတယ်/ဧည်လမ်းညွှန်ဘာသာရပ်ကို လေ့လာနေတဲ့ကျောင်းသူဖြစ်ပြီး မကြာမီမှာ လေယာဉ်မယ်ဖြစ်မယ်လို့ မှန်းဆထားသူပါ။

အစ်မဖြစ်သူ Jessica ကလည်း Jennifer ဟာ ဆပ်ရန်အကြွေးတွေနဲ့ နွံနစ်နေသူတစ်ယောက်ဆိုတာ မှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး သူမတို့ ညီအစ်မအချင်းချင်းမှာ မကြာခဏ ရန်ဖြစ်ငြင်းခုံတာတွေရှိခဲ့ပေမယ့် ပြီးတော့လည်း ညီအစ်တွေ ပြန်ပြန်တည့်သွားကြောင်း၊ သူမဟာ ချစ်ခင်နှစ်သက်ဖွယ်ကောင်းပြီး ပျော်ပျော်နေတတ်သူဖြစ်ကြောင်း ဆိုပါတယ်။ မိခင်ဖြစ်သူကလည်း Facebook ပေါ်မှာေ နောက်ဆုံးတွေ့ခဲ့ချိန်တုန်းက သူမ အစစအဆင်ပြေတယ်လို့ ပြောခဲ့တယ်လို့ ဆိုထားပါတယ်။

Credit:နတ်စည်တော် (Shwemom)