ZawGyiျဖင့္ဖတ္ရန္

 

ကမာၻ႔ေက်ာ္အားကစားဝက္ဘ္ဆိုက္ ESPN က အမွတ္ေပးေ႐ြးခ်ယ္ခဲ့တာလည္း ျဖစ္ပါတယ္။

ေပၚတူဂီ နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ရဲ႕ စူပါစတား တိုက္စစ္မႉး စီေရာ္နယ္ဒို ဟာ ESPN က ေ႐ြးခ်ယ္တဲ့ ဂုဏ္သတင္းအေက်ာ္ၾကားဆုံး အားကစားသမား အေယာက္ (၁၀၀) စာရင္းမွာ ထိပ္ဆုံးက ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီလို ဦးေဆာင္ႏိုင္မႈဟာ စီေရာ္နယ္ဒိုအတြက္ (၃) ႏွစ္ ဆက္တိုက္ ဦးေဆာင္ႏိုင္ျခင္းျဖစ္ၿပီးေတာ့ ဘတ္စကတ္ေဘာ အေက်ာ္အေမာ္ လီဘ႐ြန္ဂ်ိမ္းစ္ နဲ႔ အဓိကၿပိဳင္ဘက္ႀကီး လီယြန္နယ္မက္ဆီတို႔ကို အသာစီးရယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

 

အဆိုပါ ကစားသမားအေယာက္ (၁၀၀) စာရင္းရဲ႕ ထိပ္ဆုံး (၁၀) ေယာက္အတြင္းမွာေတာ့ ေဘာလုံးေလာကမွ စီေရာ္နယ္ဒို၊ မက္ဆီ နဲ႔ ေနမာ အစရွိတဲ့ ကစားသမား (၃) ဦးက ပါဝင္လာခဲ့ပါတယ္။ အသက္ (၃၃) ႏွစ္ အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ လူမႈကြန္ရက္ေတြအေပၚမွာလည္း လႊမ္းမိုးမႈၾသဇာ ႀကီးမားသူျဖစ္ၿပီးေတာ့ Followers အမ်ားအျပား၊ စီးပြားေရးေၾကာ္ျငာမ်ားအတြက္ သေဘာတူစာခ်ဳပ္အမ်ားအျပားကို ရယူထားႏိုင္ၿပီးေတာ့ အင္တာနက္မွတဆင့္ ရွာေဖြခံရမႈ အမ်ားဆုံးကစားသမားအျဖစ္လည္း ရပ္တည္ႏိုင္ခဲပါတယ္။

ဘရာဇီးလ္စတား ေနမာကေတာ့ ပီအက္စ္ဂ်ီအသင္းကို ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၂၂သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ တန္ေၾကးအျမင့္ဆုံးကစားသမားျဖစ္လာအၿပီးမွာေတာ့ ဒီစာရင္းမွာ အဆင့္ (၄) ေနရာအထိကို ေရာက္ရွိလာခဲ့ပါတယ္။ အျခားေသာ ကစားသမားမ်ားအျဖစ္ လီဘ႐ြန္ဂ်ိမ္းစ္က ဒုတိယေနရာမွာ ရပ္တည္ေနခဲ့ၿပီး လီယြန္နယ္မက္ဆီက အဆင့္ (၃) မွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံမွ နာမည္ေက်ာ္တင္းနစ္ကစားသမား ေရာ္ဂ်ာဖက္ဒါရာကေတာ့ အဆင့္ (၅) မွာ ရပ္တည္ႏိုင္ခဲ့ၿပီး ကီဗင္ဒီဘ႐ိုင္း၊ ရာေဖးလ္နာဒယ္ (တင္းနစ္) ၊ စတီဖင္ကယ္ရီ (ဘတ္စကတ္ေဘာ) နဲ႔ ဖီးလ္မိုက္ကယ္ဆင္ (ေဂါ့ဖ္) တို႔က အစဥ္လိုက္ ရွိေနခဲ့ပါတယ္။ အဆင့္ (၁၁)မွ အဆင့္ (၂၀)အတြင္းမွာေတာ့ ေဘာလုံးကစားသမား တစ္ဦးသာ ပါဝင္ႏိုင္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္မွ ဂါရတ္ေဘးလ္က အဆင့္ (၁၉) မွာ ရွိေနခဲ့ပါတယ္။

ဒီေ႐ြးခ်ယ္မႈမွာေတာ့ ဆိုရွယ္မီဒီယာမ်ားအေပၚမွာ လႊမ္းမိုးႏိုင္မႈ၊ စပြန္စာစာခ်ဳပ္မ်ား နဲ႔ အင္တာနက္မွ ရွာေဖြမႈမ်ားအေပၚမွာ အေျခခံ တြက္ခ်က္ထားတာျဖစ္ၿပီး ESPN မွ ေ႐ြးခ်ယ္ေရးအဖြဲ႕ တာဝန္ရွိသူမ်ားက ေလ့လာဆန္းစစ္ခဲ့ၿပီး အကဲျဖတ္အမွတ္ေပးခဲ့တာလည္း ျဖစ္ပါတယ္။ သူတို႔ရဲ႕ ေ႐ြးခ်ယ္မႈမ်ားအရ စီေရာ္နယ္ဒိုက ထိပ္ဆုံးအဆင့္မွာ အခိုင္အမာရပ္တည္ႏိုင္ခဲ့ၿပီးေတာ့ အျခားေသာ ၿပိဳင္ဘက္မ်ားကို အသာစီးရယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

Source : ESPN

Credit:Duwun Sport

UniCodeဖြင့်ဖတ်ရန်

ကမ္ဘာ့အကျော်ကြားဆုံး အားကစားသမားများစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တဲ့ စီရော်နယ်ဒို

ကမ္ဘာ့ကျော်အားကစားဝက်ဘ်ဆိုက် ESPN က အမှတ်ပေးရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပေါ်တူဂီ နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ စူပါစတား တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ESPN က ရွေးချယ်တဲ့ ဂုဏ်သတင်းအကျော်ကြားဆုံး အားကစားသမား အယောက် (၁၀၀) စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီလို ဦးဆောင်နိုင်မှုဟာ စီရော်နယ်ဒိုအတွက် (၃) နှစ် ဆက်တိုက် ဦးဆောင်နိုင်ခြင်းဖြစ်ပြီးတော့ ဘတ်စကတ်ဘော အကျော်အမော် လီဘရွန်ဂျိမ်းစ် နဲ့ အဓိကပြိုင်ဘက်ကြီး လီယွန်နယ်မက်ဆီတို့ကို အသာစီးရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ကစားသမားအယောက် (၁၀၀) စာရင်းရဲ့ ထိပ်ဆုံး (၁၀) ယောက်အတွင်းမှာတော့ ဘောလုံးလောကမှ စီရော်နယ်ဒို၊ မက်ဆီ နဲ့ နေမာ အစရှိတဲ့ ကစားသမား (၃) ဦးက ပါဝင်လာခဲ့ပါတယ်။ အသက် (၃၃) နှစ် အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ လူမှုကွန်ရက်တွေအပေါ်မှာလည်း လွှမ်းမိုးမှုသြဇာ ကြီးမားသူဖြစ်ပြီးတော့ Followers အများအပြား၊ စီးပွားရေးကြော်ငြာများအတွက် သဘောတူစာချုပ်အများအပြားကို ရယူထားနိုင်ပြီးတော့ အင်တာနက်မှတဆင့် ရှာဖွေခံရမှု အများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲပါတယ်။

ဘရာဇီးလ်စတား နေမာကတော့ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် တန်ကြေးအမြင့်ဆုံးကစားသမားဖြစ်လာအပြီးမှာတော့ ဒီစာရင်းမှာ အဆင့် (၄) နေရာအထိကို ရောက်ရှိလာခဲ့ပါတယ်။ အခြားသော ကစားသမားများအဖြစ် လီဘရွန်ဂျိမ်းစ်က ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပြီး လီယွန်နယ်မက်ဆီက အဆင့် (၃) မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှ နာမည်ကျော်တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာကတော့ အဆင့် (၅) မှာ ရပ်တည်နိုင်ခဲ့ပြီး ကီဗင်ဒီဘရိုင်း၊ ရာဖေးလ်နာဒယ် (တင်းနစ်) ၊ စတီဖင်ကယ်ရီ (ဘတ်စကတ်ဘော) နဲ့ ဖီးလ်မိုက်ကယ်ဆင် (ဂေါ့ဖ်) တို့က အစဉ်လိုက် ရှိနေခဲ့ပါတယ်။ အဆင့် (၁၁)မှ အဆင့် (၂၀)အတွင်းမှာတော့ ဘောလုံးကစားသမား တစ်ဦးသာ ပါဝင်နိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်မှ ဂါရတ်ဘေးလ်က အဆင့် (၁၉) မှာ ရှိနေခဲ့ပါတယ်။

ဒီရွေးချယ်မှုမှာတော့ ဆိုရှယ်မီဒီယာများအပေါ်မှာ လွှမ်းမိုးနိုင်မှု၊ စပွန်စာစာချုပ်များ နဲ့ အင်တာနက်မှ ရှာဖွေမှုများအပေါ်မှာ အခြေခံ တွက်ချက်ထားတာဖြစ်ပြီး ESPN မှ ရွေးချယ်ရေးအဖွဲ့ တာဝန်ရှိသူများက လေ့လာဆန်းစစ်ခဲ့ပြီး အကဲဖြတ်အမှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ရွေးချယ်မှုများအရ စီရော်နယ်ဒိုက ထိပ်ဆုံးအဆင့်မှာ အခိုင်အမာရပ်တည်နိုင်ခဲ့ပြီးတော့ အခြားသော ပြိုင်ဘက်များကို အသာစီးရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source : ESPN

Credit:Duwun Sport