Zawgyi ျဖင့္ဖတ္ရန္

 

အဲကြန္း ဆုိတာ တစ္ကမၻာလုံးက ကမာၻ ့ လူေနမႈစနစ္ မွာ တြင္တြင္က်ယ္က်ယ္ သုံးစြဲေနတာပါ။ အဲယားကြန္း ထုတ္လုပ္ ျဖန္႔ခ်ိတဲ့ ကုမၸဏီေတြဟာ ကမၻာတစ္ဝန္း တစ္ေန႔ထက္ တစ္ေန႔ ပိုမုိမ်ားျပား လာၿပီး လူေနမႈစနစ္ ေတြမွာ ပုိမုိသုံးစြဲ လာတာကိုသာ ေတြ႕ရပါတယ္။ အဲယားကြန္း အသံုးျပဳျခင္းသည္ က်န္းမာေရး ႏွင့္ ညီညြတ္ျခင္း ရွိ-မရွိကုိ က်န္းမာေရး ႐ႈေထာင့္မွ တင္ျပရန္ လုိအပ္လာၿပီ ဟု ထင္ျမင္မိသျဖင့္ အဲယားကြန္း ႏွင့္ က်န္းမာေရး ဆက္စပ္မႈကုိ ေရးသား လုိက္ရပါသည္။ မ်ားေသာအားျဖင့္ အိပ္ခန္း ကလည္း ေလမဝင္ႏုိင္တဲ့ ေနရာမ်ဳိးျဖစ္၊ ပန္ကာ ေလပူႀကီး ကိုလည္းမႀကိဳက္၊ ေငြေၾကးလည္း တတ္ႏုိင္လွ်င္ အိမ္မ်ား၏ အိပ္ခန္း မ်ားတြင္ အဲယားကြန္း တပ္ဆင္ေလ့ ရွိပါသည္။ #TCMpartners တခ်ဳိ႕ကေတာ့ အဲယားကြန္း ဆုိတာကုိ ဇိမ္ခံပစၥည္း အေနနဲ႔ပဲ ျမင္ေလ့ ရွိပါသည္။

အဲကြန္း သည္ အခန္း အပူခ်ိန္ ကုိ ေလွ်ာ့ခ်ရန္ႏွင့္ လူ႔ခႏၶာကုိယ္ အပူ ၊ အေအးကုိ ထိန္းညိႇေပး ႏုိင္ရန္အတြက္ သိပၸံပညာရွင္ႏွင့္ အီလက္ထရြန္နစ္ အင္ဂ်င္နီယာမ်ား ပူးေပါင္းတီထြင္ ထားေသာ ပစၥည္းျဖစ္သည္။ လူသား အက်ိဳးအတြက္ တီထြင္ျခင္း ျဖစ္သည္။ ဇိမ္ခံပစၥည္း မဟုတ္ပါ။ လူ႔အဖြဲ႕အစည္း၊ လူေနမႈစနစ္တြင္ သက္ေသာင့္ သက္သာ ေနထုိင္ႏုိင္ေအာင္ ပညာရွင္မ်ား တီထြင္ ထုတ္လုပ္ လုိက္ေသာ အဲယားကြန္းသ ည္ ေျပာင္းလဲ လာေသာ ရာသီဥတု ၊ သဘာ၀ႏွင့္ လူသားမ်ား ေနထုိင္မႈတြင္ အပူ၊ အေအးကို မွ်တေအာင္ ထိန္းညိႇေပးရာ တြင္ အသုံးျပဳေသာ ပစၥည္းအျဖစ္ လုိအပ္ လာသည္။

အဲယားကြန္း ဆုိသည္မွာ အေအး ထုတ္လႊတ္ေသာ ပစၥည္းျဖစ္ေၾကာင္း လူတုိင္းသိထားၿပီး ျဖစ္သည္။ အဲယားကြန္း ၏ Fan ဆုိေသာ အလုပ္ကုိ အျမင္ဆံုး (High) မွာ မထားသင့္ပါ။ တစ္ညလံုး ဖြင့္မည္ ဆုိလွ်င္ အနိမ့္ (Low) မွာသာထား၍ အိပ္စက္သင့္သည္။ အဲယားကြန္းဖြင့္၍ အိပ္စက္ေသာ အခါ အခန္းတြင္ ထားရွိရမည့္ အေအးဒီဂရီ (စင္တီဂရိတ္) သည္ အခန္းအက်ယ္ အဝန္းအေပၚ တြင္ မူတည္ ပါလိမ့္မည္။ တခ်ဳိ႕ အခန္းႀကီး မ်ားသည္ က်ယ္၀န္းသျဖင့္ 16′ C ၊ 18′ C ထားေသာ္လည္း သိပ္မေအးတတ္ သည္ကုိ ေတြ႕ရပါမည္။ သုိ႔ေသာ္ ၁၀ ေပပတ္လည္ အခန္း အက်ယ္အ၀န္း ဆုိလွ်င္မူ 25′ C ၀န္းက်င္ေလာက္ သာထားလွ်င္ ပုိ၍ ေကာင္းပါသည္။ သက္ႀကီးရြယ္အုိ လူႀကီးမ်ား ျဖစ္ပါမူ 25’C မွ 30′ C အတြင္းၾကားတြင္ ထားပါက ေကာင္းမြန္ သင့္ေလ်ာ္သည္။#TCMpartners ေရေငြ႕ အထြက္မ်ားလွ်င္ လူႀကီးမ်ား၏ အသက္႐ွဴ လမ္းေၾကာင္းတြင္ ျပႆနာ ေပၚတတ္ၿပီး ခြၽဲပိတ္တတ္သည္။

အဲယားကြန္းႏွင့္ပန္ကာ ကြာျခားမႈ ရွိသည္။ ပန္ကာ ကုိ ရင္ဘတ္တည့္တည့္ ဖြင့္အိမ္သျဖင့္ ေလျဖတ္သြားသည့္ သူမ်ားလည္း ရွိသည္။ပန္ကာကုိ အိမ္ရာေဘးတြင္ ကပ္ဖြင့္ၿပီး အိပ္သျဖင့္ ခြၽဲက်ပ္ေသဆုံး သြားေသာ လူငယ္တစ္ဦးႏွင့္ အက်ႌခြၽတ္လ်က္ ပန္ကာဖြင့္အိပ္ၿပီး နံနက္ခင္း ေရာက္ေသာအခါ ေသဆံုးေနေသာ အသက္ ၄၀ ခန္႔လူလတ္ပိုင္း တစ္ဦးကိုလည္း ေတြ႕ဖူးႀကံဳဖူး သည္။ ပန္ကာက ေလကုိ တုိက္႐ိုက္မႈတ္ ေပးသည္။ ပန္ကာေလ လာလွ်င္ လူ႔ခႏၶာကုိယ္မွ ထြက္ေနေသာ အခုိးကုိ ငုပ္ေစၿပီး Stoma ဟု ေခၚေသာ ေမြးညင္းေပါက္ ကေလးမ်ားကုိ ပိတ္သြား ေစသည္။ ပတ္ခ်ာလည္ ေနေသာ ပန္ကာကို ေဝးေဝးတြင္ ထား၍ ဖြင့္အိပ္လွ်င္ ေတာ့ ဘာမွ မျဖစ္ႏုိင္ပါ။ အနားတြင္ ကပ္ထားၿပီး ဖြင့္၍ မအိပ္သင့္ပါ။ ျခင္၊ ယင္ မလာ႐ုံ ေလာက္ေတာ့ ဖြင့္လွ်င္ ဖြင့္ႏုိင္သည္။ အိပ္ၿပီး နံနက္ထ လာလွ်င္ ပန္ကာေၾကာင့္ တစ္ကုိယ္လံုး ေညာင္းေနတတ္ သည္။ ေန႔လယ္ ေန႔ခင္းတြင္ မ်က္ႏွာၾကက္ ပန္ကာေအာက္မွာ ထုိင္၍ အလုပ္လုပ္ေလ့ ရွိသူမ်ားသည္ ဆံပင္ကြၽတ္ၿပီး ထိပ္ေျပာင္ လြယ္တတ္ေၾကာင္း ေတြ႕ရသည္။ ယပ္ေတာင္နဲ႕ အဲကြန္းက ဒီေလာက္ ျပသ၁နာမရွိေပမယ့္ပန္ကာေၾကာင့္ လူေသတာေတြ ေလျဖန္း ေလျဖတ္တာေတြ မၾကာခဏျဖစ္ႀကတာေတြ ႀကားရ ေတြ႕ရတယ္။

မေသရင္ေတာင္ ပါးရြဲ႕ ေလျဖတ္ႀကတာ ေတာ္ေတာ္မ်ားပါတယ္။ပန္ကာေလ၏ သေဘာ သဘာဝမွာ လူသားမ်ား၏ ေခြၽးထြက္မည့္ ေမႊးညင္းေပါက္ေလး မ်ားကုိ က်ဳံ႕ေစေသာ သတၱိ ရွိသျဖင့္ လူႏွင့္မတည့္ပါ။ #TCMpartners လူက အိုက္လို႕ ညဘက္ေရထခ်ဳိးတယ္။ ေခါင္းေလွ်ာ္တယ္။ျပီးေတာ့အိပ္ရာထဲေခၽြးမျပန္ေအာင္ပန္ကာဖြင့္အိပ္တတ္ၾကတယ္။ ပန္ကာဖြင့္ေတာ့ထုံးစံအတိုင္း စိုစိစိေတြက အေငြ႕ထပ်ံပါတယ္။ လိုအပ္တဲ့ အပူခ်ိန္ကုိေတာ့ဦးေခါင္းကေန ရယူပါတယ္။ ဒါေၾကာင့္ ဦးေခါင္း တေျဖးေျဖး အပူခ်ိန္ေလ်ာ့လာတယ္။ အိပ္မေပ်ာ္ေသးခင္ေတာ့ ခႏၡာကိုယ္က အပူထုတ္ေပးေနေတာ့သိပ္ ျပသ၁နာမေပးေသးပါဘူး။ အိပ္ေပ်ာ္သြားျပီဆိုရင္ အပူ မထုတ္ေတာ့ပါဘူး (အပူထုတ္တာ အရမ္းနည္းသြားတယ္) ဒါေၾကာင့္ ဦးေခါင္းဟာ အတိုင္းအဆမရွိ ေအးလာတယ္။ ေအးလာေတာ့ ဦးေခါင္းက အေရျပား က်ဳံ႕လာပါတယ္။ ခႏၶာအတြင္းပိုင္းကေတာ့ အခန္းအပူအခ်ိန္အတိုင္းပဲ ဆက္ရွိေနတယ္။ ဒါေၾကာင့္ ဦးေခါင္းကို စီးေနတဲ့ ေသြးေတြကို အတင္းျဖစ္ညႇစ္သလိုျဖစ္ျပီးေသြးမေလွ်ာက္တာတို႕ ေသြးေၾကာျပတ္တာတို႕ ျဖစ္ျပီး မနက္က်ေတာ့ ေလွ်ာေနေတာ့တာပါ။ အိမ္နီးနားခ်င္း၂ ဦး ၃ ဦးျဖစ္ဘူးၾကတယ္။ တစ္ခ်ဳိ႕က ေသေလာက္တဲ့ အထိ မျဖစ္ေပမယ့္ပါးရြဲ႕ျခင္း၊ ေလျဖတ္ျခင္းျဖစ္ၾကတယ္။

ပန္ကာနဲ႕အိပ္မယ္ဆုိရင္ ဒါေတြ သတိထားပါ

ညမိုးခ်ဳပ္ အိပ္ခါနီးမွ ေခါင္းမေလွ်ာ္ပါနဲ႕။ မိန္းကေလးမ်ား ပုိဆိုးပါတယ္။ဘယ္လိုမွ မေျခာက္ပဲ စိုထိုင္းထိုင္းနဲ႕ အိပ္ယာဝင္ရင္ ဒုကၡေရာက္ျပီအသက္ ၃၀ မျပည့္ေသးတဲ့ အသိမိန္းကေလး ပါးရြဲ႕သြားခဲ့ပါတယ္..ပန္ကာနဲ႕ အိပ္မယ္ဆို ၁ နာရီေလာက္ အိပ္ေပ်ာ္ခ်ိန္မွန္း timer ေပးအိပ္ပါ။Timer မရွိရင္ ပန္ကာေလကို တိုက္႐ိုက္မထိပါေစနဲ႕….။ အေရးၾကီးဆုံးက ဦးေခါင္းပိုင္းပါ။အရက္ေသာက္ျပီး အိပ္ရင္လည္း ပန္ကာေလ တိုက္ရုိက္မထိပါေစနဲ႕…။အသိတစ္ေယာက္ ေလျဖတ္ခဲ့ျပီး အိမ္နီးခ်င္း ၂ ေယာက္ ေသသြားခဲ့ဘူးပါတယ္။

အဲယားကြန္းႏွင့္ ပတ္သက္၍ တျခားသတိထား သင့္သည္မ်ားလည္း ရွိေသးသည္။ တခ်ဳိ႕သည္ အခန္းထဲ မေရာက္မီ အဲယားကြန္းကုိ ႀကိဳတင္ ဖြင့္ခိုင္းထား တတ္သည္။ ယင္းသုိ႔ ဖြင့္ထားေသာ အခါ ၾကာလာလွ်င္ အတြင္းတြင္းမွာ အေအးဓာတ္မ်ား ေနတတ္သည္။ 16’C ေလာက္ရွိေန သည္ ဆုိပါစုိ႔။ အျပင္အပူထဲမွ လာေသာ သူက 16’C ခန္႔ရွိေသာ အခန္းထဲသုိ႔ ၀င္ေရာက္လာ ပါက ခႏၶာကုိယ္ ၏ ႐ုတ္တရက္ တုံ႔ျပန္မႈေၾကာင့္ ဦးေႏွာက္ထဲက ေသြးေၾကာငယ္ ေလးမ်ား ေပါက္သြား တတ္သည္။#TCMpartners ေယဘုယ်အားျဖင့္ ျပင္ပအပူခ်ိန္ႏွင့္ အတြင္း အပူခ်ိန္ေတြ ျခားနားခ်က္ 15′ C ရွိလွ်င္ ေလျဖတ္တတ္ေၾကာင္း ေတြ႕ရွိရသည္။

ညဥ့္ဦးပုိင္းမွာ အုိက္ၿပီး ညဥ့္နက္ပုိင္းမွာ ေအးေသာ ဥတုေျပာင္းခ်ိန္ မ်ဳိးမွာ ဆုိလွ်င္လည္း အဲယားကြန္းကို တားျမစ္ခ်ိန္ Timer သံုးၿပီး ဖြင့္ထားသင့္သည္။ တစ္နာရီ ၊ ႏွစ္နာရီ စသည္ျဖင့္ ရာသီဥတု ေအးလာခ်ိန္တြင္ အဲယားကြန္း အလုိအေလ်ာက္ ပိတ္သြားေစရန္ ခ်ိန္ကုိက္လုပ္ ထားရမည္။

အိပ္ခန္းအတြင္း အဲယားကြန္းကို တပ္ဆင္ရာတြင္ အေနအထား မွန္ရန္လည္း လုိအပ္သည္။ အိပ္ခန္း ဖံြ႕ည္းစည္းပံု ေတာ္ေတာ္မ်ားမ်ား တြင္ အဲယားကြန္း ကုိ ျပတင္းေပါက္၏ ဆန္႔က်င္ဘက္ နံရံမွာ ထားေလ့ ရွိသည္ကုိ ေတြ႕ရွိ ရသည္။ သတိျပဳသင့္ သည္မွာ အိမ္ရာ ေခါင္းရင္း ၊ ေခါင္းေပၚတည့္တည့္ တြင္ မထားသင့္ေပ။ ေျခရင္းဘက္တြင္ အလွမ္းေ၀းပါက ထားႏုိင္သည္။ အိပ္သည့္ ကုတင္၏ ေဘးတုိက္ အေနအထား ေတာင္ဘက္ သုိ႔မဟုတ္ ေျမာက္ဘက္တြင္ ထားလွ်င္ ပုိၿပီး သင့္ေလ်ာ္သည္။ ယင္းေနာက္ အိပ္ခန္းထဲတြင္တပ္ဆင္မည္ဆုိပါက Split Type ဟုေခၚေသာ အျပင္တြင္ ထားသည့္ စက္အမ်ိဳးအစား ကုိသာ သံုးသင့္သည္။ အဆိုပါ Split Type အမ်ိဳးအစား သည္ စက္ကုိ အခန္းအျပင္တြင္ တပ္ဆင္ေလ့ ရွိသျဖင့္ ဆူညံမႈမရွိပါ။ Window Type ဟုေခၚသည့္ စက္ႏွင့္ တဲြထားေသာ အဲယားကြန္းသည္ တုန္ခါမႈႏွင့္ အသံဆူညံမႈ ရွိသျဖင့္ အိပ္စက္သည့္ အခါ အေႏွာင့္အယွက္ ျဖစ္ေစသည့္ အျပင္ အသံတစ္ခုကုိ နားယဥ္သြားလွ်င္ ေနာက္ပုိင္း ထုိအသံ မၾကားရပါက အိပ္မေပ်ာ္ ျဖစ္ေလ့ ရွိတတ္သည္။

တခ်ိဳ႕ ကားေမာင္းေနစဥ္ အဲယားကြန္း ဖြင့္ေလ့ရွိသည္။ ထုိသုိ႔ ကားေမာင္းစဥ္ အဲယားကြန္း ဖြင့္ပါက သတိႏွင့္ ဆင္ျခင္သံုးစဲြသင့္ သည္။ အျပင္ အပူခ်ိန္ႏွင့္ အတြင္းအပူခ်ိန္ ကြာျခားမႈ မ်ားလွ်င္ မေကာင္းပါ။ #TCMpartners ယခုေခတ္တြင္ ကုိယ္ပုိင္ ဆလြန္းကားမ်ား သာမကေတာ့ဘဲ လူစီးဘတ္စ္ကား ႀကီးမ်ားမွာပါ အဲယားကြန္း ကုိ တြင္တြင္ က်ယ္က်ယ္ သံုးစဲြလာၾက သည္ကုိ ေတြ႕ျမင္ရသည္။ အဲယားကြန္း ဖြင့္ထားသည့္ ကားထဲမွ အျပင္သုိ႔ ႐ုတ္တရက္ အထြက္တြင္ အပူလံုး႐ုိက္ၿပီး မူးလဲသြားသည့္ အျဖစ္မ်ိဳး ေတြ႕ဖူးသည္။ အတြင္း အပူခ်ိန္ ႏွင့္ ျပင္ပ အပူခ်ိန္ ကြာဟခ်က္ မ်ားသည့္ အတြက္ေၾကာင့္ ျဖစ္သည္။အပူ အေအး အေျပာင္းအလဲ တြင္ ႐ုတ္တ႐က္ မူးလဲတတ္ သျဖင့္ လူႀကီးေတြဆုိလွ်င္ ေဘးကေန ေစာင့္ၿပီး တဲြဆင္းသင့္သည္။

ေလေအးေပး စက္ ေသာ္လည္းေကာင္း ပန္ကာျဖင့္ေသာ္လည္းေကာင္း အိပ္စက္သူ ၊ သံုးစဲြေနၾကသူ မ်ားအတြက္ ဗဟုသုတအျဖစ္ တင္ျပရျခင္း ျဖစ္ပါသည္။

Credit : tameelay

Unicode ဖြင့်ဖတ်ရန်

အဲကွန်းသုံးစွဲခြင်းနှင့်ပန်ကာသုံးစွဲခြင်းအားကျန်းမာရေးရှုထောင့်ဖြင့်နှိုင်းယှဉ်ခြင်း

အဲကွန်း ဆိုတာ တစ်ကမ္ဘာလုံးက ကမ္ဘာ ့ လူနေမှုစနစ်မှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေတာပါ။ အဲယားကွန်း ထုတ်လုပ် ဖြန့်ချိတဲ့ ကုမ္ပဏီတွေဟာ ကမ္ဘာတစ်ဝန်း တစ်နေ့ထက် တစ်နေ့ ပိုမိုများပြား လာပြီး လူနေမှုစနစ် တွေမှာ ပိုမိုသုံးစွဲ လာတာကိုသာ တွေ့ရပါတယ်။ အဲယားကွန်း အသုံးပြုခြင်းသည် ကျန်းမာရေး နှင့် ညီညွတ်ခြင်း ရှိ-မရှိကို ကျန်းမာရေး ရှုထောင့်မှ တင်ပြရန် လိုအပ်လာပြီ ဟု ထင်မြင်မိသဖြင့် အဲယားကွန်း နှင့် ကျန်းမာရေး ဆက်စပ်မှုကို ရေးသား လိုက်ရပါသည်။ များသောအားဖြင့် အိပ်ခန်း ကလည်း လေမဝင်နိုင်တဲ့ နေရာမျိုးဖြစ်၊ ပန်ကာ လေပူကြီး ကိုလည်းမကြိုက်၊ ငွေကြေးလည်း တတ်နိုင်လျှင် အိမ်များ၏ အိပ်ခန်း များတွင် အဲယားကွန်း တပ်ဆင်လေ့ ရှိပါသည်။ #TCMpartners တချို့ကတော့ အဲယားကွန်း ဆိုတာကို ဇိမ်ခံပစ္စည်း အနေနဲ့ပဲ မြင်လေ့ ရှိပါသည်။

အဲကွန်း သည် အခန်းအပူချိန် ကို လျှော့ချရန်နှင့် လူ့ခန္ဓာကိုယ် အပူ ၊ အအေးကို ထိန်းညှိပေး နိုင်ရန်အတွက် သိပ္ပံပညာရှင်နှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာများ ပူးပေါင်းတီထွင် ထားသော ပစ္စည်းဖြစ်သည်။ လူသား အကျိုးအတွက် တီထွင်ခြင်း ဖြစ်သည်။ ဇိမ်ခံပစ္စည်း မဟုတ်ပါ။ လူ့အဖွဲ့အစည်း၊ လူနေမှုစနစ်တွင် သက်သောင့် သက်သာ နေထိုင်နိုင်အောင် ပညာရှင်များ တီထွင် ထုတ်လုပ် လိုက်သော အဲယားကွန်းသ ည် ပြောင်းလဲ လာသော ရာသီဥတု ၊ သဘာဝနှင့် လူသားများ နေထိုင်မှုတွင် အပူ၊ အအေးကို မျှတအောင် ထိန်းညှိပေးရာ တွင် အသုံးပြုသော ပစ္စည်းအဖြစ် လိုအပ် လာသည်။

အဲယားကွန်း ဆိုသည်မှာ အအေး ထုတ်လွှတ်သော ပစ္စည်းဖြစ်ကြောင်း လူတိုင်းသိထားပြီး ဖြစ်သည်။ အဲယားကွန်း ၏ Fan ဆိုသော အလုပ်ကို အမြင်ဆုံး (High) မှာ မထားသင့်ပါ။ တစ်ညလုံး ဖွင့်မည် ဆိုလျှင် အနိမ့် (Low) မှာသာထား၍ အိပ်စက်သင့်သည်။ အဲယားကွန်းဖွင့်၍ အိပ်စက်သော အခါ အခန်းတွင် ထားရှိရမည့် အအေးဒီဂရီ (စင်တီဂရိတ်) သည် အခန်းအကျယ် အဝန်းအပေါ် တွင် မူတည် ပါလိမ့်မည်။ တချို့ အခန်းကြီး များသည် ကျယ်ဝန်းသဖြင့် 16′ C ၊ 18′ C ထားသော်လည်း သိပ်မအေးတတ် သည်ကို တွေ့ရပါမည်။ သို့သော် ၁၀ ပေပတ်လည် အခန်း အကျယ်အဝန်း ဆိုလျှင်မူ 25′ C ၀န်းကျင်လောက် သာထားလျှင် ပို၍ ကောင်းပါသည်။ သက်ကြီးရွယ်အို လူကြီးများ ဖြစ်ပါမူ 25’C မှ 30′ C အတွင်းကြားတွင် ထားပါက ကောင်းမွန် သင့်လျော်သည်။#TCMpartners ရေငွေ့ အထွက်များလျှင် လူကြီးများ၏ အသက်ရှူ လမ်းကြောင်းတွင် ပြဿနာ ပေါ်တတ်ပြီး ချွဲပိတ်တတ်သည်။

အဲယားကွန်းနှင့်ပန်ကာ ကွာခြားမှု ရှိသည်။ ပန်ကာကို ရင်ဘတ်တည့်တည့် ဖွင့်အိမ်သဖြင့် လေဖြတ်သွားသည့် သူများလည်း ရှိသည်။ပန်ကာကို အိမ်ရာဘေးတွင် ကပ်ဖွင့်ပြီး အိပ်သဖြင့် ချွဲကျပ်သေဆုံး သွားသော လူငယ်တစ်ဦးနှင့် အကျႌချွတ်လျက် ပန်ကာဖွင့်အိပ်ပြီး နံနက်ခင်း ရောက်သောအခါ သေဆုံးနေသော အသက် ၄၀ ခန့်လူလတ်ပိုင်း တစ်ဦးကိုလည်း တွေ့ဖူးကြုံဖူး သည်။ ပန်ကာက လေကို တိုက်ရိုက်မှုတ် ပေးသည်။ ပန်ကာလေ လာလျှင် လူ့ခန္ဓာကိုယ်မှ ထွက်နေသော အခိုးကို ငုပ်စေပြီး Stoma ဟု ခေါ်သော မွေးညင်းပေါက် ကလေးများကို ပိတ်သွား စေသည်။ ပတ်ချာလည် နေသော ပန်ကာကို ဝေးဝေးတွင် ထား၍ ဖွင့်အိပ်လျှင် တော့ ဘာမှ မဖြစ်နိုင်ပါ။ အနားတွင် ကပ်ထားပြီး ဖွင့်၍ မအိပ်သင့်ပါ။ ခြင်၊ ယင် မလာရုံ လောက်တော့ ဖွင့်လျှင် ဖွင့်နိုင်သည်။ အိပ်ပြီး နံနက်ထ လာလျှင် ပန်ကာကြောင့် တစ်ကိုယ်လုံး ညောင်းနေတတ် သည်။ နေ့လယ် နေ့ခင်းတွင် မျက်နှာကြက် ပန်ကာအောက်မှာ ထိုင်၍ အလုပ်လုပ်လေ့ ရှိသူများသည် ဆံပင်ကျွတ်ပြီး ထိပ်ပြောင် လွယ်တတ်ကြောင်း တွေ့ရသည်။ ယပ်တောင်နဲ့ အဲကွန်းက ဒီလောက် ပြသ၁နာမရှိပေမယ့်ပန်ကာကြောင့် လူသေတာတွေ လေဖြန်း လေဖြတ်တာတွေ မကြာခဏဖြစ်ကြတာတွေ ကြားရ တွေ့ရတယ်။

မသေရင်တောင် ပါးရွဲ့ လေဖြတ်ကြတာ တော်တော်များပါတယ်။ပန်ကာလေ၏ သဘော သဘာဝမှာ လူသားများ၏ ချွေးထွက်မည့် မွှေးညင်းပေါက်လေး များကို ကျုံ့စေသော သတ္တိ ရှိသဖြင့် လူနှင့်မတည့်ပါ။ #TCMpartners လူက အိုက်လို့ ညဘက်ရေထချိုးတယ်။ ခေါင်းလျှော်တယ်။ပြီးတော့အိပ်ရာထဲချွေးမပြန်အောင်ပန်ကာဖွင့်အိပ်တတ်ကြတယ်။ ပန်ကာဖွင့်တော့ထုံးစံအတိုင်း စိုစိစိတွေက အငွေ့ထပျံပါတယ်။ လိုအပ်တဲ့ အပူချိန်ကိုတော့ဦးခေါင်းကနေ ရယူပါတယ်။ ဒါကြောင့် ဦးခေါင်း တဖြေးဖြေး အပူချိန်လျော့လာတယ်။ အိပ်မပျော်သေးခင်တော့ ခန္ခာကိုယ်က အပူထုတ်ပေးနေတော့သိပ် ပြသ၁နာမပေးသေးပါဘူး။ အိပ်ပျော်သွားပြီဆိုရင် အပူ မထုတ်တော့ပါဘူး (အပူထုတ်တာ အရမ်းနည်းသွားတယ်) ဒါကြောင့် ဦးခေါင်းဟာ အတိုင်းအဆမရှိ အေးလာတယ်။ အေးလာတော့ ဦးခေါင်းက အရေပြား ကျုံ့လာပါတယ်။ ခန္ဓာအတွင်းပိုင်းကတော့ အခန်းအပူအချိန်အတိုင်းပဲ ဆက်ရှိနေတယ်။ ဒါကြောင့် ဦးခေါင်းကို စီးနေတဲ့ သွေးတွေကို အတင်းဖြစ်ညှစ်သလိုဖြစ်ပြီးသွေးမလျှောက်တာတို့ သွေးကြောပြတ်တာတို့ ဖြစ်ပြီး မနက်ကျတော့ လျှောနေတော့တာပါ။ အိမ်နီးနားချင်း၂ ဦး ၃ ဦးဖြစ်ဘူးကြတယ်။ တစ်ချို့က သေလောက်တဲ့ အထိ မဖြစ်ပေမယ့်ပါးရွဲ့ခြင်း၊ လေဖြတ်ခြင်းဖြစ်ကြတယ်။

ပန်ကာနဲ့အိပ်မယ်ဆိုရင် ဒါတွေ သတိထားပါ

ညမိုးချုပ် အိပ်ခါနီးမှ ခေါင်းမလျှော်ပါနဲ့။ မိန်းကလေးများ ပိုဆိုးပါတယ်။ဘယ်လိုမှ မခြောက်ပဲ စိုထိုင်းထိုင်းနဲ့ အိပ်ယာဝင်ရင် ဒုက္ခရောက်ပြီအသက် ၃၀ မပြည့်သေးတဲ့ အသိမိန်းကလေး ပါးရွဲ့သွားခဲ့ပါတယ်..ပန်ကာနဲ့ အိပ်မယ်ဆို ၁ နာရီလောက် အိပ်ပျော်ချိန်မှန်း timer ပေးအိပ်ပါ။Timer မရှိရင် ပန်ကာလေကို တိုက်ရိုက်မထိပါစေနဲ့….။ အရေးကြီးဆုံးက ဦးခေါင်းပိုင်းပါ။အရက်သောက်ပြီး အိပ်ရင်လည်း ပန်ကာလေ တိုက်ရိုက်မထိပါစေနဲ့…။အသိတစ်ယောက် လေဖြတ်ခဲ့ပြီး အိမ်နီးချင်း ၂ ယောက် သေသွားခဲ့ဘူးပါတယ်။

အဲယားကွန်းနှင့် ပတ်သက်၍ တခြားသတိထား သင့်သည်များလည်း ရှိသေးသည်။ တချို့သည် အခန်းထဲ မရောက်မီ အဲယားကွန်းကို ကြိုတင် ဖွင့်ခိုင်းထား တတ်သည်။ ယင်းသို့ ဖွင့်ထားသော အခါ ကြာလာလျှင် အတွင်းတွင်းမှာ အအေးဓာတ်များ နေတတ်သည်။ 16’C လောက်ရှိနေ သည် ဆိုပါစို့။ အပြင်အပူထဲမှ လာသော သူက 16’C ခန့်ရှိသော အခန်းထဲသို့ ၀င်ရောက်လာ ပါက ခန္ဓာကိုယ် ၏ ရုတ်တရက် တုံ့ပြန်မှုကြောင့် ဦးနှောက်ထဲက သွေးကြောငယ် လေးများ ပေါက်သွား တတ်သည်။#TCMpartners ယေဘုယျအားဖြင့် ပြင်ပအပူချိန်နှင့် အတွင်း အပူချိန်တွေ ခြားနားချက် 15′ C ရှိလျှင် လေဖြတ်တတ်ကြောင်း တွေ့ရှိရသည်။

ညဉ့်ဦးပိုင်းမှာ အိုက်ပြီး ညဉ့်နက်ပိုင်းမှာ အေးသော ဥတုပြောင်းချိန် မျိုးမှာ ဆိုလျှင်လည်း အဲယားကွန်းကို တားမြစ်ချိန် Timer သုံးပြီး ဖွင့်ထားသင့်သည်။ တစ်နာရီ ၊ နှစ်နာရီ စသည်ဖြင့် ရာသီဥတု အေးလာချိန်တွင် အဲယားကွန်း အလိုအလျောက် ပိတ်သွားစေရန် ချိန်ကိုက်လုပ် ထားရမည်။

အိပ်ခန်းအတွင်း အဲယားကွန်းကို တပ်ဆင်ရာတွင် အနေအထား မှန်ရန်လည်း လိုအပ်သည်။ အိပ်ခန်း ဖွံ့ည်းစည်းပုံ တော်တော်များများ တွင် အဲယားကွန်း ကို ပြတင်းပေါက်၏ ဆန့်ကျင်ဘက် နံရံမှာ ထားလေ့ ရှိသည်ကို တွေ့ရှိ ရသည်။ သတိပြုသင့် သည်မှာ အိမ်ရာ ခေါင်းရင်း ၊ ခေါင်းပေါ်တည့်တည့် တွင် မထားသင့်ပေ။ ခြေရင်းဘက်တွင် အလှမ်းဝေးပါက ထားနိုင်သည်။ အိပ်သည့် ကုတင်၏ ဘေးတိုက် အနေအထား တောင်ဘက် သို့မဟုတ် မြောက်ဘက်တွင် ထားလျှင် ပိုပြီး သင့်လျော်သည်။ ယင်းနောက် အိပ်ခန်းထဲတွင်တပ်ဆင်မည်ဆိုပါက Split Type ဟုခေါ်သော အပြင်တွင် ထားသည့် စက်အမျိုးအစား ကိုသာ သုံးသင့်သည်။ အဆိုပါ Split Type အမျိုးအစား သည် စက်ကို အခန်းအပြင်တွင် တပ်ဆင်လေ့ ရှိသဖြင့် ဆူညံမှုမရှိပါ။ Window Type ဟုခေါ်သည့် စက်နှင့် တွဲထားသော အဲယားကွန်းသည် တုန်ခါမှုနှင့် အသံဆူညံမှု ရှိသဖြင့် အိပ်စက်သည့် အခါ အနှောင့်အယှက် ဖြစ်စေသည့် အပြင် အသံတစ်ခုကို နားယဉ်သွားလျှင် နောက်ပိုင်း ထိုအသံ မကြားရပါက အိပ်မပျော် ဖြစ်လေ့ ရှိတတ်သည်။

တချို့ ကားမောင်းနေစဉ် အဲယားကွန်း ဖွင့်လေ့ရှိသည်။ ထိုသို့ ကားမောင်းစဉ် အဲယားကွန်း ဖွင့်ပါက သတိနှင့် ဆင်ခြင်သုံးစွဲသင့် သည်။ အပြင် အပူချိန်နှင့် အတွင်းအပူချိန် ကွာခြားမှု များလျှင် မကောင်းပါ။ #TCMpartners ယခုခေတ်တွင် ကိုယ်ပိုင် ဆလွန်းကားများ သာမကတော့ဘဲ လူစီးဘတ်စ်ကား ကြီးများမှာပါ အဲယားကွန်း ကို တွင်တွင် ကျယ်ကျယ် သုံးစွဲလာကြ သည်ကို တွေ့မြင်ရသည်။ အဲယားကွန်း ဖွင့်ထားသည့် ကားထဲမှ အပြင်သို့ ရုတ်တရက် အထွက်တွင် အပူလုံးရိုက်ပြီး မူးလဲသွားသည့် အဖြစ်မျိုး တွေ့ဖူးသည်။ အတွင်း အပူချိန် နှင့် ပြင်ပ အပူချိန် ကွာဟချက် များသည့် အတွက်ကြောင့် ဖြစ်သည်။အပူ အအေး အပြောင်းအလဲ တွင် ရုတ်တရက် မူးလဲတတ် သဖြင့် လူကြီးတွေဆိုလျှင် ဘေးကနေ စောင့်ပြီး တွဲဆင်းသင့်သည်။

လေအေးပေး စက် သော်လည်းကောင်း ပန်ကာဖြင့်သော်လည်းကောင်း အိပ်စက်သူ ၊ သုံးစွဲနေကြသူ များအတွက် ဗဟုသုတအဖြစ် တင်ပြရခြင်း ဖြစ်ပါသည်။

Credit : tameelay