Zawgyi ဖြင့်ဖတ်ရန်

 




 

Credit: မိုးစက်လေး(MyanmarNote)

Unicode ဖြင့်ဖတ်ရန်

အသက် (၂၉)နှစ်အရွယ် လော်ရန်ဟာ ဘယ်သူနဲ့မှလိင်ဆက်ဆံခြင်းမရှိပေမယ့် သူမ ရဲ့ဆန္ဒအတိုင်း ကိုယ်ဝန်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။သူမဟာ ဘယ်သူနဲ့မှ ဒိတ်မလုပ်ဖူးပေမယ့် သုက်ပိုးအလူရှင်ကိုရှာဖွေပြီး ကိုယ်ဝန်ဆောင်ဖို့ စိတ်ကူးခဲ့ပါတယ်။သူမမိသားစုနဲ့ ဆရာဝန်က တားမြစ်နေပေမယ့် မိမိဆန္ဒအတိုင်း ကိုယ်ဝန်ဆောင်နိုင်ခဲ့တဲ့အတွက် သိပ်ကိုပျော်ရွှင်နေခဲ့ပါတယ်။

ကျန်ရှိနေတဲ့ဘဝသက်တမ်းတစ်လျောက်မှာလဲ သူမရဲ့အပျိုစင်ဘဝအတိုင်း နေထိုင်သွားဖို့ စိတ်ကူးထားတယ်လို့ပြောခဲ့ပါတယ်။လော်ရန်ဟာ ငယ်ရွယ်စဉ်ကတည်းက Hypopituitary အမည်ရ ရောဂါတစ်မျိုးဖြစ်တဲ့ ဟော်မုန်းထွက်တဲ့ (ဂလင်း) မှာရောဂါ ရှိနေသူတစ်ဦးဖြစ်ပါတယ်။ ‘ကျွန်မရဲ့ ပစ်ကျူထရီဂလင်း ဟာပုံမှန်မဟုတ်ဘူး ဒါကြောင့် တစ်ခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဟော်မုန်းဓာတ် မပို့နိုင်ပါဘူး’ လို့သူမကပြောခဲ့ပါတယ်။ အဲ့ဒီရောဂါကြောင့် ဘဝမှာအပျိုဝင်ချိန်နောက်ကျစေခဲ့ပြီး သူမနဲ့ရွယ်တူ သူငယ်ချင်းတွေရဲ့စနောက် ခြင်းခံခဲ့ရသူပါ။

အနာဂတ်မှာ ချစ်သူရှာဖို့စိတ်မကူးတော့ပေမယ့် အရင်ကတော့ date လုပ်ခဲ့ဖူးပြီး လူတစ်ယောက်နဲ့ လိင်ဆက်ဆံတာက ဘယ်လိုလဲဆိုတာသိချင်ခဲ့မိပါတယ်။သူမဟာ ချစ်သူရှာဖွေရေး ဝက်ဘ်ဆိုဒ်ကနေ ချစ်သူရှာခဲ့ဖူးပေမယ့် အမျိုးသားတွေက သူမကိုစက်ဆုတ်ရွံ့ရှာဖွယ် စွန့်ပစ်ခဲ့ကြတယ်။သူမဟာ ကျောင်းသူဘဝမှာရော ချစ်သူထားရတဲ့အရွယ်မှာပါ ပြဿနာရှိခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်တာက ပိုပြီးခက်ခဲတဲ့ စိန်ခေါ်မူတစ်ခုဖြစ်ခဲ့တယ်လို့ သူမကဆိုပါတယ်။သူမဟာ မျိုးဥအလှူ ရှင်တွေဆီကမျိုးဥပေါင်းများစွာကို အသုံးပြုခဲ့ရပြီး တစ်နှစ်အကြာမှာတော့ သူမမှာကိုယ်ဝန်ရလာခဲ့ပါတယ်။ ဒါကြောင့် သူမသိပ်ပျော်ရွှင်ခဲ့ရပါတယ်။ လော်ရန်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ မိသားစုကဆင်းသက်လာတာဖြစ်ပြီး သူမရဲ့လုပ်ရပ်ဟာ ဘာသာရေးနဲ့မရောယှက်ကြောင်း သူမကိုတားဆီးသူ ရှိရင်လဲ သူမကရှေ့ ဆက်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Credit: မိုးစက္ေလး(MyanmarNote)