Zawgyi ဖြင့်ဖတ်ရန်
‎5. ဂရိ
‎4. တောင်ကိုရီးယား
‎3. နယ်သာလန်
‎2.အီသီယိုးပီးယား
1. ဖိလစ်ပိုင်
Writer_Min Thu
Unicode ဖြင့်ဖတ်ရန်
ကမ္ဘာပေါ်မှာ အချောဆုံး ၊ အလှဆုံး အမျိုးသမီးများရှိတဲ့ နိုင်ငံ ( ၆ ) နိုင်ငံ
ကမ္ဘာပေါ်မှာ လှပတဲ့လူတွေကိုအမြဲတမ်းတွေ့ရှိရပါတယ်။တစ်ချို့နိုင်ငံတွေကတော့ သူတို့ရဲဆွဲဆောင်မှုရှိတဲ့နေထိုင်သူတွေကြောင့်ကျော်ကြားပါတယ်။အလှပဆုံးအမျိုးသမီးများရှိတဲ့ နိုင်ငံ၆နိုင်ငံကို အောက်မှာကြည့်လိုက်ရအောင်။
6. အမေရိကန်ပြည်ထောင်စု (U.S)
U.S နိုင်ငံဟာဆိုရင် ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ‎လူမျိုးဘာသာရေးတွေရောနှောနေတဲ့နိုင်ငံဖြစ်ပါတယ်။အဲ့တာကြောင့် U.S နိုင်ငံဟာ ကမ္ဘာပေါ်မှာ အလှပဆုံးအမျိုးသမီးတွေရဲ့ နေထိုင်ရာအိမ်ဆိုရင်လည်းမမှားပါဘူး။ အမေရိကန်လူမျိုးတွေရဲ့အလှအပပုံစံတွေကအမျိုးမျိုးကွဲပြားနေတာကြောင့် အမေရိကန်စတိုင် ဆိုတာကိုတိတိကျကျဖော်ပြနိုင်ဖို့က ခက်ခဲပါတယ်။ အဲ့လိုမျိုးမတူညီကွဲပါးမှုတွေကြောင့် ကမ္ဘာပေါ်မှာ အလှအပများနှင့်ပြည့်နှက်နေတဲ့ နိုင်ငံကြီးတစ်နိုင်ငံလို့ဆိုနိုင်ပါတယ်။ Mobile Dating appဖြစ်တဲ့ Cloverရဲ့ စစ်တမ်းကောက်ချက်အရဆိုရင် ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေက Connecticut နဲ့ Manhattan မြို့တွေမှာ နေတယ်လို့တွေ့ရပါတယ်။ Montanaနဲ့ Floridaကတော့ ခန့်ညားတဲ့အမေရိကန်အမျိုးသားတွေရဲ့နေထိုင်ရာပါပဲ။
‎5. ဂရိ
ဂရိလူမျိူးတွေကို ကမ္ဘာပေါ်မှာထင်ရှားတဲ့ ဒဏ္ဍာရီလာအမျိုးနွယ်တွေလို့ပြောလေ့ရှိကြပါတယ်။ သူတိုရဲ့ ထူးခြားတဲ့ခန္တာကိုယ်ကောက်ကြောင်းတွေ၊ အသားအရေတွေ၊ ဆံပင်တွေကြောင့်ဂရိလူမျိုးတွေဟာ ထူးခြားလှပတဲ့အမျိုးအနွယ်တွေဖြစ်ကြပါတယ်။ ဂရိနိုင်ငံက တကယ့်ကိုထူးခြားလှပတဲ့လူသားတွေနဲ့ ပြည့်နှက်နေပါတယ်။ Helen of Troy ဆိုတဲ့ ဒဏ္ဍာရီးဆန်ဆန်ဇာတ်လမ်းကိုပဲ စဉ်းစားကြည့်မယ်ဆိုရင် ဇာတ်ကားရဲ့အစမှာပဲ သဘောင်္ထောင်ပေါင်းများစွာရှိတဲ့ပြကွက် နဲ့ Ilium တာဝါကြီး မီးလောင်တဲ့ပြကွက် လူပျိုလူချောတစ်ယောက်ရဲ့အလှပြကွက်တွေနဲ့ စဖွင့်ထားတာကိုတွေ့ရမှာပါ။ ဂရိလူမျိုးတွေက သူတို့ရဲ့ခန္တာကိုယ်အလှအပတွေအပြင် သူတွေရဲ့ ပျော်ရွှင်တတ်တဲ့စိတ်နေသဘောထားကြောင့်လည်းကျော်ကြားပါတယ်။
‎4. တောင်ကိုရီးယား
‎တောင်ကိုရီးယားနိုင်ငံရဲ့အလှအပတွေနဲ့ပတ်သတ်လာရင် မရှုပ်ထွေးသွားပါနဲ့။ တောင်ကိုရီးယားနိုင်ငံဟာ အလှအပအတွက်ခွဲစိတ်ကုသမှုတွေအများဆုံးပြုလုပ်တဲ့ ၁၀နိုင်ငံထဲမှာပါဝင်တဲ့ အရှေ့အာရှကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကိုးရီးယားအမျိုးသမီးတစ်ယောက်ရဲ့ပုံစံကိုကြည့်မယ်ဆိုရင် ပိန်ပိန်ပါးပါးရှိတယ်၊ အသားအရည်ဖြူဝင်းတယ်၊ Vပုံစံမျက်နှာ၊နှုတ်ခမ်းသေးသေးလေး ၊ မျက်ရစ်နှစ်ထပ်ပါတဲ့မျက်လုံးဝိုင်းဝိုင်းတွေ၊ သိသာတဲ့မျက်အိမ်လေးတွေရှိကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ပလတ်စတစ်ခွဲစိတ်ပြုပြင်မှုတွေက တော်တော်လေးကျော်ကြားပေးမယ့်လည်း တောင်ကိုရီးယားအမျိုးသမီးတွေမှာ သဘာဝအလှမရှိဘူးလို့ မဆိုလိုပါဘူး။ သူတို့ရဲ့အသားဖြူပြီးဝိုင်းစက်တဲ့မျက်လုံးတွေကြောင့် တကယ်ကိုဆွဲဆောင်မှုရှိနေပါတယ်။ ဒါ့အပြင် သူတို့ရဲ့အသားအရေအလှအပတွေကိုကောင်းကောင်းထိနိးသိမ်းနိုင်တဲ့အလေ့အကျင့်ရှိတာကြောင့် အသက်ကြီးနေတဲ့သူတွေတာတောင်မှ တက်ကြွပြီး လူငယ်လေးတွေလိုလှပနေတုန်းပါပဲ။
‎3. နယ်သာလန်
သင်နယ်သာလန်နိုင်ငံကို သွားရောက်လည်ဖို့အခွင့်အရေးရခဲ့ရင် ဒတ်ချ် လူမျိုးတွေက ဘယ်လောက်လှပတယ်ဆိုတာကို သင်ယုံမှာတောင်မဟုတ်ပါဘူး။ သူတို့ရဲ့ အရပ်ရှည်ပြီးယုံကြည်မှုရှိတဲ့ပုံစံတွေကသင့်ကိုဆွဲဆောင်နေပါလိမ့်မယ်။ ဒါပေမဲ့ အဲ့လိုဆွဲဆောင်နိုင်အားက သူတိူ့ရဲ့ပုံပန်းသဏ္ဍာန်တင်ပဲမဟုတ်သေးပါဘူး။ ဒတ်ချ်လူမျိုးတွေရဲ့ရိုးရာပွဲတွေက ပျော်စရာကောင်းပြီး တရင်းတနှီးနဲ့ ပေါ့ပေါ့ပါးပါးရှိတာတွေက သူတို့ရဲ့သဘာဝအလှတွေကိုပိုပြီးထင်ရှားလာစေပါတယ်။ နယ်သန်လန်နိုင်ငံဟာ လူဦးရေ၁၇သန်းလောက်ပဲရှိတယ်ဆိုပေမယ့် Victoria’s Secret angel Doutzen Kroes အပါအဝင် သရုပ်ဆောင်နဲ့မော်ဒယ်Famke Janssen, Game of Thrones stars Carice ဇာတ်လမ်းထဲက van Houten နဲ့ Michiel Huisman, အတော်ဆုံးဘောလုံးကစားသမားတွေဖြစ်တဲ့Daley Blind and Gregory van der Wiel လိုမျိုး ထူးချွန်ထက်မြက်တဲ့ လူသားအမျိုးအနွယ်တွေ မွေးဖွားနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
‎2.အီသီယိုးပီးယား
သူတို့ရဲ့ထူးခြားတဲ့ အရိုးတည်ဆောက်ပုံနဲ့အသားအရေကြောင့် သူတို့ကိုလူသိများကြပါတယ်။ အိသီယိုးပီးယား‎လူမျိုးတွေက ကမ္ဘာပေါ်က အလှဆုံးလူမျိုးနွယ်တွေဖြစ်ကြပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ ပါးရိုးတွေ နှာခေါင်းတွေက ဘုရင်မင်းမြတ်တွေရဲ့ပုံသဏ္ဍာန်လိုလို ထူးခြားဆန်းပြားနေပါတယ်။
အိသီယိုးပီးယားနိုင်ငံရဲ့ လူမျိုးတွေကလဲ အမျိုးမျိုးကွဲပါးနေပါတယ်။ ဆိုလိုတာကသူတို့ရဲ့အလှအပတွေက ပုံဏ္ဍာန်အမျိုးမျိုး၊ ဟန်အမျိုးမျိုးနဲ့ရှိကြပါတယ်။ စူပါမော်ဒယ်Liya Kedebe, သရုပ်ဆောင် Ruth Negga, အလှဘုရင်မ Hayat Ahmed, Tyler Perry ချစ်သူမော်ဒယ် Gelila Bekele, R&Bအဆိုတော် Kelela, နဲ့အိုလံပစ်တာဝေးပြေးသမား Genzebe Dibaba နဲ့Tirunesh Dibaba အီသီယိုးပီးယားနိုင်ငံရဲ့အကျော်အမော်တွေဖြစ်ကြပါတယ်။
1. ဖိလစ်ပိုင်
၂၀၁၇ခုနှစ်မှာဆိုရင် မော်ဒယ်သရုပ်ဆောင်ဖြစ်တဲ့ Liza Soberanoက အလှဘုရင်မတွေဖြစ်တဲ့ Natalie Portman, Selena Gomez, Emma Watson, Gal Gadot, and Emilia Clarke ကိုကျော်တက်ပြီး TC Candler ရဲ့အလှပဆုံးအမျိုးသမီးအယောက်တစ်ရာထဲမှာပါဝင်ခဲ့ပါတယ်။ TC Candle က ဖိလစ်ပိုင်အမျိုးသမီးတွေရဲ့အလှအပကိုရွေးချယ်ခဲ့တာ အဲ့သြစရာမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ မှင်သက်လောက် ပုံပန်းသွင်ပြင်တွေ၊ ပြီးပြည့်စုံတဲ့အသားအရေ၊ ပိုးသားလိုနူးညံတဲ့ဆံပင်တွေကိုပဲ ကြည့်ရင်သိနိုင်ပါတယ်။ Nicole Scherzinger, Vanessa Hudgens, Hailee Steinfeld, Cassie, Shay Mitchell, Sharon Leal တို့ကလည်း ဖိလစ်ပိုင်မျိုးနွယ်ကနေဆင်းသက်လာကြပါတယ်။ ဖိလစ်ပိုင် အမျိုးသမီးတွေရဲ့အလှတင်ပဲမဟုတ်ပါဘူး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တွေဖြစ်တဲ့ Bruno Mars, Darren Criss, Lou Diamond တို့ကလည်း ဖိလစ်ပိုင်မျိုးနွယ်တွေနဲ့ စမ်ဆက်နေကြပါသေးတယ်။
Writer_Min Thu