ZawGyiျဖင့္ဖတ္ရန္

 

ၿပီးခဲ့တဲ့ စေနေန႔က က်င္းပခဲ့တဲ့ ျဗိတိန္ေတာ္ဝင္ မင္းသား ဟယ္ရီ နဲ႔ ၾကင္ယာေတာ္ မီဂန္ တို႔ရဲ႕ မဂၤလာပြဲမွာ ထူးျခားျဖစ္စဥ္ေတြ မ်ားစြာရိွခဲ့ပါတယ္။ အထူးသျဖင့္ ဇနီး ခင္ပြန္းေလာင္း လ်ာ သတို႔သား သတို႔သမီးတို႔နဲ႔ ပတ္သက္လို႔ လူအမ်ားအတြက္ စိတ္ဝင္စားစရာ မ်ားစြာရိွခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ထပ္ အာ႐ံုစိုက္စရာတစ္ခုက ပြဲတက္ ဧည့္သည္တို႔အေၾကာင္းပါ။

တိုင္းျပည္က အေလးထားရတဲ့ ဧည့္သည္ေတာ္ေတြကိုလည္း ဖိတ္ၾကားခဲ့ရာ ေဒးဗစ္ဘက္ခမ္းတို႔ ဇနီးေမာင္ႏွံလည္း တက္ေရာက္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ဦးကို Dior က ဆင္ေပးထားတဲ့ ပြဲတက္ဖက္ရွင္ကလည္း အရမ္းကို Hot သြားခဲ့ပါေသးတယ္။ မဂၤလာပြဲထဲမွာေတာ့ မွတ္တမ္းတင္ကင္မရာက အားလံုးကို လွည့္ပတ္႐ိုက္ကူးခဲ့ရာ ဘက္ခမ္းလည္း ပါဝင္ခဲ့ၿပီး ႐ိုက္ခ်က္တစ္ခုကေန လူေျပာစရာကိစၥတစ္ခုျဖစ္လာခဲ့ပါတယ္။ ဘက္ခမ္းဟာ စည္းကမ္းတစ္ခု ခ်ိဳးေဖာက္ေနခဲ့တာပါတဲ့။

 

မဂၤလာပြဲက်င္းပေနခဲ့စဥ္ ဘုရားေက်ာင္းထဲမွာ ထုိင္ေနခဲ့တဲ့ ဘက္ခမ္းက ပီေကဝါးေနခဲ့လို႔ပါ။ သူတို႔ဆီမွာေတာ့ ဘုရားေက်ာင္းထဲမွာ ပီေကဝါးတာဟာ ေလးစားမႈမရိွျခင္း၊ ႐ိုင္းျပျခင္းလို႔ သတ္မွတ္ၾကပါတယ္။ အရင္ကဆို ဘုရားေက်ာင္းထဲ ပီေကဝါးရင္ ျပစ္ဒဏ္ေတာင္ ေပးတာမ်ိဳးေတြ ရိွခဲ့ဖူးပါတယ္။ ဘက္ခမ္းပီေကဝါးေနခဲ့တဲ့ ဗီဒီယုိ ႐ိုက္ခ်က္ကလည္း အင္တာနက္ေပၚ ပ်ံ႔သြားခဲ့ၿပီး တြစ္တာေပၚက လူေတြလည္း မ်ိဳးစံုတံု႔ျပန္ခဲ့ၾကပါတယ္။

လူေျပာမ်ားေနတဲ့ ဗီဒီယုိေလးကို တစ္ခ်က္ၾကည့္လိုက္ပါဦး။

Credit:White (Shwemom)

UniCodeဖြင့်ဖတ်ရန်

တော်ဝင်မင်္ဂလာပွဲမှာ စည်းကမ်းကြီးတစ်ခု ချိုးဖောက်ခဲ့တဲ့ ဘက်ခမ်း

ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ကြင်ယာတော် မီဂန်တို့ရဲ့ မင်္ဂလာပွဲမှာ ထူးခြားဖြစ်စဉ်တွေ များစွာရှိခဲ့ပါတယ်။ အထူးသဖြင့် ဇနီးခင်ပွန်းလောင်းလျာ သတို့သား သတို့သမီးတို့နဲ့ ပတ်သက်လို့ လူအများအတွက် စိတ်ဝင်စားစရာ များစွာရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် အာရုံစိုက်စရာတစ်ခုက ပွဲတက် ဧည့်သည်တို့အကြောင်းပါ။

တိုင်းပြည်က အလေးထားရတဲ့ ဧည့်သည်တော်တွေကိုလည်း ဖိတ်ကြားခဲ့ရာ ဒေးဗစ်ဘက်ခမ်းတို့ ဇနီးမောင်နှံလည်း တက်ရောက်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးကို Dior က ဆင်ပေးထားတဲ့ ပွဲတက်ဖက်ရှင်ကလည်း အရမ်းကို Hot သွားခဲ့ပါသေးတယ်။ မင်္ဂလာပွဲထဲမှာတော့ မှတ်တမ်းတင်ကင်မရာက အားလုံးကို လှည့်ပတ်ရိုက်ကူးခဲ့ရာ ဘက်ခမ်းလည်း ပါဝင်ခဲ့ပြီး ရိုက်ချက်တစ်ခုကနေ လူပြောစရာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ ဘက်ခမ်းဟာ စည်းကမ်းတစ်ခု ချိုးဖောက်နေခဲ့တာပါတဲ့။

မင်္ဂလာပွဲကျင်းပနေခဲ့စဉ် ဘုရားကျောင်းထဲမှာ ထိုင်နေခဲ့တဲ့ ဘက်ခမ်းက ပီကေဝါးနေခဲ့လို့ပါ။ သူတို့ဆီမှာတော့ ဘုရားကျောင်းထဲမှာ ပီကေဝါးတာဟာ လေးစားမှုမရှိခြင်း၊ ရိုင်းပြခြင်းလို့ သတ်မှတ်ကြပါတယ်။ အရင်ကဆို ဘုရားကျောင်းထဲ ပီကေဝါးရင် ပြစ်ဒဏ်တောင် ပေးတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဘက်ခမ်းပီကေဝါးနေခဲ့တဲ့ ဗီဒီယို ရိုက်ချက်ကလည်း အင်တာနက်ပေါ် ပျံ့သွားခဲ့ပြီး တွစ်တာပေါ်က လူတွေလည်း မျိုးစုံတုံ့ပြန်ခဲ့ကြပါတယ်။

လူပြောများနေတဲ့ ဗီဒီယိုလေးကို တစ်ချက်ကြည့်လိုက်ပါဦး။

Credit:White (Shwemom)