ZawGyiဖြင့်ဖတ်ရန်

 

ရှေ့တန်း စစ်သည် တွေနောက်တန်းပြန်ဝင်တော့ တပ်မိသားစုတွေကြိုဆိုခဲ့ကြတဲ့အချိန်ပေါ့ အိမ်ထောင်ဦးစီးဖြစ်တဲ့စစ်သည်တွေကို ပန်းကုန်းတွေအချိုရည်တွေနဲ့ မိသားစုတွေသိုက်သိုက်ဝန်းဝန်းမျှော်လင့်တကြီးကြိုဆိုနေကြတယ်

ဒီတပ်မိသားစုတွေထဲမှာစစ်သားဇနီးတစ်ယောက်လည်း အပါအဝင်ပေါ့ စစ်သည်တွေလျှောက်လှမ်းလာတဲ့လူတန်းကြီးကို တပ် မိသားစု တွေတစ်ယောက်ပြီးပြီး ကြိုနေလိုက်ကြတာ သူမလည်း စိတ်ကူးနဲ့ပြုံးပျော်နေတုန်း သူမ စောင့်နေပါတယ် သူမရဲ့ ခင်ပွန်း ကိုပေါ့တဖြည်းဖြည်းနဲ့ လူတန်းကြီးကုန်ဆုံးဖို့နီးလာတယ်သူ့ရဲ့ယောက်ျားကို မတွေ့သေးဘူး ရင်ထဲလည်း စို့တက်လာတယ် နောက်ဆုံး တစ်ယောက်၊ နှစ်ယောက်အထိစောင့်ပြီးကြည့်နေခဲ့တယ် လူတွေကလည်း မသဲကွဲတော့ဘူး




Credit:မိုးဟိဏ်း

UniCodeဖြင့်ဖတ်ရန်

ရုပ်ရှင်တွေထဲမှာပဲရှိတာလို့တချို့ကပြောကြလိမ့်မယ် ဒါပေမဲ့ ဒီအဖြစ်အပျက်ကတကယ်ဖြစ်ခဲ့ရတယ်

ရှေ့တန်းစစ်သည်တွေနောက်တန်းပြန်ဝင်တော့ တပ်မိသားစုတွေကြိုဆိုခဲ့ကြတဲ့အချိန်ပေ့ါ အိမ်ထောင်ဦးစီးဖြစ်တဲ့စစ်သည်တွေကို ပန်းကုန်းတွေအချိုရည်တွေနဲ့ မိသားစုတွေသိုက်သိုက်ဝန်းဝန်းမျှော်လင့်တကြီးကြိုဆိုနေကြတယ်

ဒီတပ်မိသားစုတွေထဲမှာစစ်သားဇနီးတစ်ယောက်လည်း အပါအဝင်ပေ့ါ စစ်သည်တွေလျှောက်လှမ်းလာတဲ့လူတန်းကြီးကို တပ်မိသားစုတွေတစ်ယောက်ပြီးပြီး ကြိုနေလိုက်ကြတာ သူမလည်း စိတ်ကူးနဲ့ပြုံးပျော်နေတုန်း သူမ စောင့်နေပါတယ် သူမရဲ့ ခင်ပွန်းကိုပေ့ါတဖြည်းဖြည်းနဲ့ လူတန်းကြီးကုန်ဆုံးဖို့နီးလာတယ်သူ့ရဲ့ယောက်ျားကို မတွေ့သေးဘူး ရင်ထဲလည်း စို့တက်လာတယ် နောက်ဆုံး တစ်ယောက်၊ နှစ်ယောက်အထိစောင့်ပြီးကြည့်နေခဲ့တယ် လူတွေကလည်း မသဲကွဲတော့ဘူး

မျက်ရည်တွေဖုံးလာတဲ့ မျက်နှာကိုမျက်လွှာချရင်း ထိုင်ချပြီး ငိုနေလိုက်တယ် ။ဟုတ်တယ် သူ့ရဲ့ယောက်ျား ပြန်ပါမလားတော့ဘူးဆိုတဲ့အတွေးခေါင်းထဲဝင်ပြီးလူ့လောကထဲမှာ တစ်ကိုယ်တည်းလျှောက်လှမ်းရမယ်ဆိုတာသိလာတယ် အားငယ်တာတွေရောဆုံးရှုံးမှုကို ဖြည့်မဆည်းနိုင်တဲ့ခံစားချက်တွေနဲ့ရှိုက်ကြီး တငင်ငင်ပါပဲဒီလိုနဲ့ပဲ ငိုတဲ့မျက်ရည်တွေသုတ်ပြီးအားယူပြီးအထ ကားခေါင်းခန်းထဲက သူ့ယောက်ျားရဲ့ပုံရိပ်တွေကိုသူမ မြင်လိုက်ရတယ် မျက်ရည်ကို သုတ်ရင်း

အထပ်ထပ်အခါအခါ ကြည့်ရင်း ငိုနေတဲ့ မိန်းမဖြစ်သူကို မြင်ရတဲ့စစ်သည်လည်း ရင်ထဲမချိခဲ့ပါဘူး ဒါဏ်ရာကြောင့် ကားခေါင်းထဲမှာသာ ထိုင်နိုင်တဲ့စစ်သည်လည်း ကားပေါ်ကဆင်း ကြိုနေတဲ့ ဇနီးမယားလည်း သူထင်တာမဟုတ်တဲ့ ကံကြမ္မာရဲ့နောက်ပြောင်မှုကိုအပြစ်မတင်နိုင်ပဲ

အပျော်တွေနဲ့ပြေးဖက်ခဲ့ကြတယ်သူတို့နှစ်ယောက်အဖြစ်အပျက်က ဘေးလူတွေတောင် မှင်သက်ရတဲ့အဖြစ် ။ဒီခံစားချက်တွေကိုတပ်မိသားစုတွေကပဲနားလည်နိုင်မှာပါ တကယ်မသိနိုင်တဲ့လူတွေအတွက်တော့ရုပ်ရှင်ထဲက ပြကွက်လောက်ပဲသိခဲ့ကြတာ

Credit:မိုးဟိဏ်း