ZawGyiျဖင့္ဖတ္ရန္

 

ဒီေန႔မနက္

ကြၽန္မ ေဆးခန္း ေရွ႕မွာ ရပ္ေနတုန္း

ေရွ႕တန္ျပန္ စစ္ကားႀကီးေတြ ကြၽန္မတို႔ရဲ႕ေဆးခန္းေရွ႕မွာ လာရပ္တယ္…

ကားေပၚကေန စစ္သားႀကီး ေတြဆင္းလာတယ္…

စစ္သားႀကီး တေယာက္က ကြၽန္မဆီေလွ်ာက္လာၿပီးး

” ဆရာမေလး ကြမ္းယာဆိုင္ ဘယ္နားရွိသလဲ”

ကြၽန္မ က ဒီဘက္လမ္းၾကားမွာ ရွိတယ္ လို႔ ေျပာေတာ့

စစ္သားႀကီးက သူ႔နားတဖက္ကို လက္ကေလးနဲ႔ကာၿပီး

” ကြၽန္ေတာ္ နားေတြအူေနလို႔ မၾကားရဘူး” တဲ့

ကြၽန္မရင္ထဲ နင့္သြားတယ္ … မ်က္ရည္လဲ ဝဲမိတယ္…

ကြမ္းယာဆိုင္ ရွိတဲ့ဘက္ကို လက္ညိဳးထိုးျပၿပီး

အာ့ဘက္မွာရွိတယ္ လို႔ေျပာၿပီး ခဏေစာင့္ပါအုံး လို႔ေျပာခဲ့တယ္…

ကြၽန္မ ေဆးခန္းထဲ ျပန္ဝင္လာၿပီး ေန႔လည္အျပင္းေျပစားဖို႔

အိမ္က ယူလာတဲ့ လိေမၼာ္သီး ၃ လုံး

ေကာ္ဖီမစ္ႏွစ္ထုတ္နဲ႔ အားလူးေၾကာ္ထုတ္ေလး နဲ႔အတူ

ကြၽန္မမွာ ပါလာတဲ့ ပိုက္ဆံ ၅၀၀၀ ကို ဦးေလးတို႔ကြမ္းဖိုး ယူပါဆိုေတာ့

အဲ့ဒီစစ္သားႀကီး ခမ်ာ ကြၽန္မ ကို လက္အုပ္ခ်ီၿပီး

“ေက်းဇူးတင္လိုက္တာ ဆရာမေလး ရယ္” တဲ့ ေျပာၿပီး

” မုန္႔ေတာ့ ယူမယ္ ပိုက္ဆံေတာ့ မယူေတာ့ပါဘူး ” တဲ့

ကြၽန္မ ဒါန ေလးပါလို႔ေျပာၿပီး အတင္း ထည့္ေပးလိုက္ရတယ္…

စစ္သားႀကီးရဲ႕တံဆိပ္ကိုၾကည့္ေတာ့ ကြၽန္မ အေဖ တာဝန္ထမ္းေဆာင္ခဲ့တဲ့

*တပ္မ၇၇ * …

ကြၽန္မအေဖ ကို သတိရလိုက္တာ …

ကြၽန္မအေဖက တပ္မေတာ္ကို အရမ္းခ်စ္တဲ့ သူ

ဘယ္ေလာက္ထိခ်စ္လဲ သိလားးး ?

အေဖ ေသတဲ့အထိ ထမင္း စားတာေတာင္ ေႂကြပန္းကန္ျပားနဲ႔ေကြၽးလို႔မရဘူး

တပ္ကထြက္ေတာ့ ပါလာတဲ့* တပ္မ ၇၇ * တံဆိပ္ပါတဲ့ သံပန္းကန္ျပားနဲ႔ပဲ

ေသတဲ့အထိစားသြားတာ…

မွတ္မိေသးတယ္ မိုး႐ြာရင္ အေဖက ဖိနပ္မပါပဲ ေျမႀကီးေပၚ

သူမေလွ်ာက္တတ္ဘူးး… တဘိုင္းဘိုင္း လဲက်ေနတဲ့အေဖ့ကို

ၾကည့္ၿပီး အေမက ရယ္တယ္…

” ငါက စစ္ေျခနင္းနဲ႔မွ မိုး႐ြာထဲသြားတတ္ေတာ့တယ္ ” တဲ့

သူရဲ႕စစ္သားဘဝကို ေသတဲ့အထိ သူမေမ့ဘူးး

အေဖက အေစာက စစ္သားႀကီးလိုပဲ နားနည္းနည္းေလးတယ္…

အေဖ့ကို စကားေျပာရင္ အသံက်ယ္က်ယ္ေျပာမွရတယ္…

ၿပီးေတာ့ အေဖ့မွာ စစ္သားဘဝတုန္းက မိုင္းမွန္ထားတဲ့ေနရာေတြက

ဘုလုံးေတြက ႀကီးႀကီးလာတယ္…

ဒါကို ကြၽန္မတို႔နယ္ဘက္ တိုက္နယ္ေဆး႐ုံမွာက်တဲ့ဆရာဝန္မေလးက

အေဖကို႔အရမ္းခင္ေတာ့

“အဘလက္က ဘုလုံးေလးေတြကို သမီးခြဲေပးမယ္…”

ပိုက္ဆံတျပားမွမကုန္ေစရဘူး ”

သမီးတာဝန္ယူမယ္” လို႔ေျပာတာကို လက္မခံဘူး

” ဒါက အဘစစ္သားဘဝအမွတ္တရေတြ … မခြဲေတာ့ဘူး… အဘလဲ

အသက္ႀကီးၿပီ ” တဲ့

ဆရာဝန္မေလးက လက္မေလွ်ာ့ပဲ ဇြတ္ အတင္း ေျပာေတာ့ ဆရာဝန္မေလး

စကားကို အေဖလက္ခံခဲ့တယ္…

အေဖ့ခႏၶာကိုယ္မွာ စစ္သားအမွတ္တရမရွိေတာ့ ေပမဲ့ အေဖ့ရင္ထဲမွာ

တပ္မေတာ္ကိုခ်စ္တဲ့စိတ္

စစ္သားဘဝကို ဂုဏ္ယူျမတ္ႏိူးတဲ့စိတ္ေတြကို ဘယ္အရာကမွဖယ္ရွားလို႔

မရတဲ့အျပင္ သားသမီးေတြျဖစ္တဲ့ ကြၽန္မတို႔ေမာင္ႏွမေလးေယာက္ကိုလဲ

တပ္မေတာ္ကို ခ်စ္တဲ့စိတ္

စစ္သားေတြကို ေလးစားခ်စ္ခင္တဲ့စိတ္ေတြကို

လက္ဆင့္ကမ္းအေမြေပးႏိူင္ခဲ့တယ္…

ကြၽန္မအရမ္းတန္ဖိုးထားခဲ့တယ္…

ကြၽန္မအေဖ ခ်န္ခဲ့တဲ့ပစၥည္းအနည္းငယ္ထဲ့က

အေဖစားခဲ့တဲ့သံပန္ကန္ျပားေလးရယ္

အေဖရဲ႕စစ္တပ္က ထုတ္ေပးထားတဲ့ေသတၱာေလးရယ္

အေဖရဲ႕ “တပ္မ၇၇” တံဆိပ္ပါ ေၾကးဘုရားပန္းအိုးေလး တလုံးရယ္

ကြၽန္မဘဝရဲ႕တန္ဖိုးအထားဆုံးပစၥည္းေလးေတြပါ…

တကယ္ေတာ့ စစ္သားဆိုတာ

ကြၽန္မတို႔ျပည္သူျပည္သားေတြရဲ႕ ေက်းဇူးရွင္ဆိုလဲ မမွားပါဘူး

စစ္သားေတြကို မေလးစားရင္ေနပါ … မေစာ္ကားပါနဲ႔…

စစ္သားသမီးတေယာက္က စစ္ေခြးလို႔အသံေတြၾကားရင္

ရင္နာရတာ မဆန္းပါဘူးးးး

ကြၽန္မ ကိုတိုက္ခိုက္ခ်င္တဲ့ကြၽန္မနဲ႔ အျမင္မတူသူေတြ

ကြၽန္မကို တိုက္ခိုက္လို႔ရခ်င္ရမယ္ … ကြၽန္မ ရင္ထဲမွာရွိတဲ့

တပ္မေတာ္ကို ခ်စ္တဲ့စိတ္က ကြၽန္မအေဖေပးခဲ့အေမြမို႔ ဘယ္ေသာအခါမွ

ဖယ္ရွားလို႔ရမွာ မဟုတ္ပါဘူးးးး……

တပ္မေတာ္သားအားလုံးႏွင့္တကြ ကြၽန္မအေဖ ျဖစ္ေသာ

တပ္ၾကပ္ႀကီး ဦးေမာင္ဆန္း ( ကိုယ္ပိုင္အမွတ္ – ၁၃၉၄၄၃ )

ခလရ ( ၈ ) ဘီးလင္းးအားး ေလးစားဂုဏ္ယူပါသည္…

တပ္မေတာ္သားအေပါင္း ေဘးအႏၲရာယ္ကင္းရွင္း၍

တရားေသာစစ္ေအာင္ျမင္ပါေစရွင္………။

အေဖတို႔တုန္းက ခလရ( ၈) က တပ္မ၇၇ လက္ေအာက္ခံပါ…

အခုေတာ့ ေျပာင္းသြားၿပီလို႔ေျပာပါတယ္…

Credit:saingpyingyi

 

UniCodeဖြင့်ဖတ်ရန်

ကားပေါ် ကေ န စစ်သားကြီးတွေ ဆင်း လာ တယ်… စစ်သားကြီးတယောက်က ကျွန်မဆီလျှောက် လာပြီးး

ဒီနေ့မနက်

ကျွန်မဆေးခန်းရှေ့မှာ ရပ်နေတုန်း

ရှေ့တန်ပြန် စစ်ကားကြီးတွေ ကျွန်မတို့ရဲ့ဆေးခန်းရှေ့မှာ လာရပ်တယ်…

ကားပေါ်ကနေ စစ်သားကြီးတွေဆင်းလာတယ်…

စစ်သားကြီးတယောက်က ကျွန်မဆီလျှောက်လာပြီးး

” ဆရာမလေး ကွမ်းယာဆိုင်ဘယ်နားရှိသလဲ”

ကျွန်မ က ဒီဘက်လမ်းကြားမှာ ရှိတယ် လို့ ပြောတော့

စစ်သားကြီးက သူ့နားတဖက်ကို လက်ကလေးနဲ့ကာပြီး

” ကျွန်တော် နားတွေအူနေလို့ မကြားရဘူး” တဲ့

ကျွန်မရင်ထဲ နင့်သွားတယ် … မျက်ရည်လဲ ဝဲမိတယ်…

ကွမ်းယာဆိုင်ရှိတဲ့ဘက်ကို လက်ညိုးထိုးပြပြီး

အာ့ဘက်မှာရှိတယ် လို့ပြောပြီး ခဏစောင့်ပါအုံး လို့ပြောခဲ့တယ်…

ကျွန်မ ဆေးခန်းထဲ ပြန်ဝင်လာပြီး နေ့လည်အပြင်းပြေစားဖို့

အိမ်က ယူလာတဲ့ လိမ္မော်သီး ၃ လုံး

 

ကော်ဖီမစ်နှစ်ထုတ်နဲ့ အားလူးကြော်ထုတ်လေး နဲ့အတူ

ကျွန်မမှာ ပါလာတဲ့ ပိုက်ဆံ ၅၀၀၀ ကို ဦးလေးတို့ကွမ်းဖိုး ယူပါဆိုတော့

အဲ့ဒီစစ်သားကြီး ခမျာ ကျွန်မ ကို လက်အုပ်ချီပြီး

“ကျေးဇူးတင်လိုက်တာ ဆရာမလေး ရယ်” တဲ့ ပြောပြီး

” မုန့်တော့ ယူမယ် ပိုက်ဆံတော့ မယူတော့ပါဘူး ” တဲ့

ကျွန်မ ဒါန လေးပါလို့ပြောပြီး အတင်း ထည့်ပေးလိုက်ရတယ်…

စစ်သားကြီးရဲ့တံဆိပ်ကိုကြည့်တော့ ကျွန်မအဖေ တာဝန်ထမ်းဆောင်ခဲ့တဲ့

*တပ်မ၇၇ * …

ကျွန်မအဖေ ကို သတိရလိုက်တာ …

ကျွန်မအဖေက တပ်မတော်ကို အရမ်းချစ်တဲ့ သူ

ဘယ်လောက်ထိချစ်လဲ သိလားးး ?

အဖေ သေတဲ့အထိ ထမင်း စားတာတောင် ကြွေပန်းကန်ပြားနဲ့ကျွေးလို့မရဘူး

တပ်ကထွက်တော့ ပါလာတဲ့* တပ်မ ၇၇ * တံဆိပ်ပါတဲ့ သံပန်းကန်ပြားနဲ့ပဲ

သေတဲ့အထိစားသွားတာ…

မှတ်မိသေးတယ် မိုးရွာရင် အဖေက ဖိနပ်မပါပဲ မြေကြီးပေါ်

သူမလျှောက်တတ်ဘူးး… တဘိုင်းဘိုင်း လဲကျနေတဲ့အဖေ့ကို

ကြည့်ပြီး အမေက ရယ်တယ်…

 

” ငါက စစ်ခြေနင်းနဲ့မှ မိုးရွာထဲသွားတတ်တော့တယ် ” တဲ့

သူရဲ့စစ်သားဘဝကို သေတဲ့အထိ သူမမေ့ဘူးး

အဖေက အစောက စစ်သားကြီးလိုပဲ နားနည်းနည်းလေးတယ်…

အဖေ့ကို စကားပြောရင် အသံကျယ်ကျယ်ပြောမှရတယ်…

ပြီးတော့ အဖေ့မှာ စစ်သားဘဝတုန်းက မိုင်းမှန်ထားတဲ့နေရာတွေက

ဘုလုံးတွေက ကြီးကြီးလာတယ်…

ဒါကို ကျွန်မတို့နယ်ဘက် တိုက်နယ်ဆေးရုံမှာကျတဲ့ဆရာဝန်မလေးက

အဖေကို့အရမ်းခင်တော့

“အဘလက်က ဘုလုံးလေးတွေကို သမီးခွဲပေးမယ်…”

ပိုက်ဆံတပြားမှမကုန်စေရဘူး ”

သမီးတာဝန်ယူမယ်” လို့ပြောတာကို လက်မခံဘူး

” ဒါက အဘစစ်သားဘဝအမှတ်တရတွေ … မခွဲတော့ဘူး… အဘလဲ

အသက်ကြီးပြီ ” တဲ့

ဆရာဝန်မလေးက လက်မလျှော့ပဲ ဇွတ် အတင်း ပြောတော့ ဆရာဝန်မလေး

စကားကို အဖေလက်ခံခဲ့တယ်…

အဖေ့ခန္ဓာကိုယ်မှာ စစ်သားအမှတ်တရမရှိတော့ ပေမဲ့ အဖေ့ရင်ထဲမှာ

တပ်မတော်ကိုချစ်တဲ့စိတ်

စစ်သားဘဝကို ဂုဏ်ယူမြတ်နိူးတဲ့စိတ်တွေကို ဘယ်အရာကမှဖယ်ရှားလို့

မရတဲ့အပြင် သားသမီးတွေဖြစ်တဲ့ ကျွန်မတို့မောင်နှမလေးယောက်ကိုလဲ

တပ်မတော်ကို ချစ်တဲ့စိတ်

စစ်သားတွေကို လေးစားချစ်ခင်တဲ့စိတ်တွေကို

လက်ဆင့်ကမ်းအမွေပေးနိူင်ခဲ့တယ်…

ကျွန်မအရမ်းတန်ဖိုးထားခဲ့တယ်…

ကျွန်မအဖေ ချန်ခဲ့တဲ့ပစ္စည်းအနည်းငယ်ထဲ့က

အဖေစားခဲ့တဲ့သံပန်ကန်ပြားလေးရယ်

အဖေရဲ့စစ်တပ်က ထုတ်ပေးထားတဲ့သေတ္တာလေးရယ်

အဖေရဲ့ “တပ်မ၇၇” တံဆိပ်ပါ ကြေးဘုရားပန်းအိုးလေး တလုံးရယ်

ကျွန်မဘဝရဲ့တန်ဖိုးအထားဆုံးပစ္စည်းလေးတွေပါ…

တကယ်တော့ စစ်သားဆိုတာ

ကျွန်မတို့ပြည်သူပြည်သားတွေရဲ့ ကျေးဇူးရှင်ဆိုလဲ မမှားပါဘူး

စစ်သားတွေကို မလေးစားရင်နေပါ … မစော်ကားပါနဲ့…

စစ်သားသမီးတယောက်က စစ်ခွေးလို့အသံတွေကြားရင်

ရင်နာရတာ မဆန်းပါဘူးးးး

ကျွန်မ ကိုတိုက်ခိုက်ချင်တဲ့ကျွန်မနဲ့ အမြင်မတူသူတွေ

ကျွန်မကို တိုက်ခိုက်လို့ရချင်ရမယ် … ကျွန်မ ရင်ထဲမှာရှိတဲ့

တပ်မတော်ကို ချစ်တဲ့စိတ်က ကျွန်မအဖေပေးခဲ့အမွေမို့ ဘယ်သောအခါမှ

ဖယ်ရှားလို့ရမှာ မဟုတ်ပါဘူးးးး……

တပ်မတော်သားအားလုံးနှင့်တကွ ကျွန်မအဖေ ဖြစ်သော

တပ်ကြပ်ကြီး ဦးမောင်ဆန်း ( ကိုယ်ပိုင်အမှတ် – ၁၃၉၄၄၃ )

ခလရ ( ၈ ) ဘီးလင်းးအားး လေးစားဂုဏ်ယူပါသည်…

တပ်မတော်သားအပေါင်း ဘေးအန္တရာယ်ကင်းရှင်း၍

တရားသောစစ်အောင်မြင်ပါစေရှင်………။

အဖေတို့တုန်းက ခလရ( ၈) က တပ်မ၇၇ လက်အောက်ခံပါ…

အခုတော့ ပြောင်းသွားပြီလို့ပြောပါတယ်…

Credit:saingpyingyi