ZawGyiဖြင့်ဖတ်ရန်

 

မြန်မာ တိုင်းမှာ သင်္ကြန်ရောက်ရင်

၁၅လုံးခန့်


သောက်တယ်


ပြောင်လက်သွားတယ်



လူကြီးပါမကျန်

ဝမ်းတွင်းအေးနေမယ်
အပူအစပ်ကင်းစင်ပြီး
ပါးသထက် ပါးစေမယ်
အမြဲတမ်းသောက်နေလို့


ရင်အေးတယ်
ဝမ်းမှန်တယ်
ဆီးမှန်တယ်
မျက်လုံးကြည်တယ်
ဝက်ခြံတွေ စင်တယ်


ပိုက်ဆံမကုန်လို့

မမေ့နဲ့နော် ။
အောက်က အိုးလေးထဲမှာ
မကျည်းသီးက ၁၀၀ ကျပ်
ထန်းလျှက်က ၂၀၀ ကျပ်
ဖန်ခွက်ကြီးနဲ့ ၂ခွက်

Credit: San Thein Thein‎

UniCodeဖြင့်ဖတ်ရန်

ပိန်တာကတော့ လက်တွေ့နော် … သဘာဝဆေးနည်းမို့ မျှဝေပေးတာပါဗျာ

မြန်မာအိမ်တိုင်းမှာ သင်္ကြန်ရောက်ရင်
မြေအိုးသေးသေးလေးတွေ ဝယ်ကြတယ်

ကျနော်ကအဲဒီ မြေအိုး သေးသေးလေးထဲကို
ရေ မပြည့်တပြည့်ထည့်ပြီး
မကျည်းသီး လက်တဆုပ်ခန့်
ထန်းလျက် အလုံးသေးသေးလေးတွေ
၁၅လုံးခန့်
ဆား ဇွန်းသေးသေး တစ်ဇွန်းခန့်

အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်ထားလိုက်တယ်
မမွှေနဲ့ မွှေစရာမလိုဘူး
မွှေရင် အဖတ်မှုန်တွေထလာလိမ့်မယ်

တစ်ချက်မှမမွှေဘဲ သူ့ဘာသာ
ကြည်တက်လာတဲ့ အရည်ကြည်ကို
ရေစစ်ခွက်ကလေးနဲ့ စစ်ပြီး
ရေမသောက်ဘဲ ရေအစားထိုးပြီး
သောက်တယ်

သောက်ရင် ဘာအကျိုးဖြစ်မလဲဆို
အရင် စဉ်းစားကြည့်ရအောင်

မကျည်းသီးကို ကြေးဘုရား
ကြေးခွက်တွေ အညှိတွေတက်နေတာတွေကို
ပွတ်တိုက်ဆေးကြောပေးရင်
ပြောင်လက်သွားတယ်

အသားကိုင်ထားတဲ့လက်တွေကို
မကျည်းသီးနဲ့ ဆေးပေးရင် အနံ့ပျောက်တယ်

တစ်ချို့က ဆိတ်သားကို အညှီနံ့ ပျောက်အောင်
မကျည်းသီးနဲ့ နှယ်ပြီးဆေးတယ်

ကျနော်တို့လည်း မကျည်းဖျော်ရည်ကို
ရေအစားထိုး သောက်မယ်ဆို
အမျိုးသားတွေအတွက်ရော
အမျိုးသမီးတွေ အတွက်ရော ကလေး
လူကြီးပါမကျန်
သောက်တဲ့ အကျိုးကြောင့်

ဝမ်းတွင်းအေးနေမယ်
ကိုယ်တွင်းအဆိပ်အတောက်များကို
ဝမ်းအဖြစ်ဖယ်ရှားပေးလို့
အပူအစပ်ကင်းစင်ပြီး
မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကို
ပါးသထက် ပါးစေမယ်
အမြဲတမ်းသောက်နေလို့
ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ်

ရောဂါမှန်သမျှ အပူကြောင့်ဖြစ်တာ
အခုလိုဥပမာ နဲ့ပြောမယ်
ရေခဲသေတ္တာထဲကိုထည့်ထားတဲ့ အသီးအရွက်နဲ့
အပြင်မှာထားတဲ့ အသီးအရွက်လိုဘဲ

ကျနော် စမ်းကြည့်တုန်းက
ရင်အေးတယ်
ဝမ်းမှန်တယ်
ဆီးမှန်တယ်
ခံတွင်းရှင်းပြီး အနံ့ပျောက်တယ်
မျက်လုံးကြည်တယ်
ဝက်ခြံတွေ စင်တယ်

အထူးသဖြင့် သောက်တုန်းက
ဝက်ခြံတွေပျောက်ချင်လို့ သောက်ခဲ့တာ

ပိုက်ဆံမကုန်လို့
အထင်မသေးဘဲ စမ်းကြည့်ရအောင်
ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့
ရှေးစကားပုံလည်း ရှိတယ်နော်

ကျနော်တို့ အဖိုး အဖွားတွေ
အခုလို သဘာဝအသီးတွေကို
ကိုယ့်ဘာသာဖျော်သောက်လို့
ဘာရောဂါမှ မဖြစ် တဲ့အပြင်
ငွေတွေ အလဟသ မကုန်ခဲ့လို့
ဘုရားတွေတည် ကျောင်းတွေဆောက်
လှူဒါန်းပေးကမ်းနိုင်ခဲ့ကြပြီး
အသက်ရှည်ခဲ့ကြတယ်ဆိုတာကို
မမေ့နဲ့နော် ။
အောက်က အိုးလေးထဲမှာ
မကျည်းသီးက ၁၀၀ ကျပ်
ထန်းလျှက်က ၂၀၀ ကျပ်
အားလုံး ၃၀၀ ကျပ်သာကုန်ပြီ
ဖန်ခွက်ကြီးနဲ့ ၂ခွက်
ဖန်ခွက်သေးနဲ့ ၃ခွက် ထွက်ပါတယ် ။

Credit: San Thein Thein‎