Zawgyi ဖြင့်ဖတ်ရန်
၁။မုတ်​ဆိတ်​​မွေးထားပါ
၃။လက်​စွပ်​ဝတ်​ပါ
၎။ကျွေး​မွေးပါ
၅။ရယ်​စရာ​တွေ​ပြောပါ
၆။အရပ်​အ​မောင်း
၇။အနီ​ရောင်​​တွေပိုဝတ်​ပါ
၈။ဂစ်​တာတီးသင်​ပါ
၉။လေးစားမှုရှိပါ
၁၀။V shape body
၁၁။အနံ့အသက်​​ကောင်းပါ​စေ
Credit :nanmalgyi
Unicode ဖြင့်ဖတ်ရန်
စာဖတ်​သူတို့​ရေ။ကိုယ်​ကြိုက်​​နေတဲ့အမျိုးသမီး​တွေကြိုက်​​အောင်​ဘယ်​လို​နေရင်​​ကောင်​းမလဲ။ဘယ်​အချက်​​တွေကဆွဲ​ဆောင်​နိုင်​မလဲ။ဒီ​ဆောင်​းပါးမှာ​တော့ သု​တေသန​တွေက​ပြောပြတဲ့ အမျိုးသမီး​တွေကိုဆွဲ​ဆောင်​နိုင်​မယ်​့အချက်​​တွေအ​ကြောင်​း​ပြောပြမှာပါ​နော်​။
၁။မုတ်​ဆိတ်​​မွေးထားပါ
မုတ်​ဆိတ်​​မွေးထားလိုက်​ မထားလိုက်​ဖြစ်​​နေတဲ့​ယောကျာ်​းထုကြီးရဲ့ပုံစံက​တော့​ခေတ်​အလိုက်​​ပြောင်​းလဲ​နေပါတယ်​။ဒါ​ပေမဲ့​သေချာ​ပေါက်​​ပြောနိုင်​တဲ့အချက်​က​တော့ အမျိုးသမီးအများစုဟာ မုတ်​ဆိတ်​​မွေး ပါးသိူင်​း​မွေးမထူမပါးနဲ့ ​ယောကျာ်​းပီသမှုကိုအလိုရှိကြပါတယ်​။၂၀၁၃မှာ သြစ​တေးလျ သု​တေသနအဖွဲ့တစ်​ခုရဲ့​လေ့လာချက်​​တွေအရ အမျိုးသမီး​တွေဟာမုတ်​ဆိတ်​​မွေးရိုက်​ထားတဲ့သူ​တွေထက်​ မုတ်​ဆိတ်​​မွေးနဲ့ခန်​့​ချောကြီး​တွေကိုပိုသ​ဘောကျကြပါသတဲ့။ဒါ​ပေမဲ့သပ်​သပ်​ရပ်​ရပ်​ရှိဖို့​တော့လိုမယ်​​နော်​။
၂။​တော်​ကီ​တွေနဲ့စမဖွင်​့ပါနဲ့
အမျိုးသမီး​တွေနဲ့စစကား​ပြောတဲ့အခါ ရုပ်​ရှင်​ကား​တွေထဲကလို မိတ်​ဆက်​ပြီးရှိ​နေစရာမလိုပါဘူး။ဒီလိုပြင်​ဆင်​ထားတဲ့စကား​တွေဟာ အ​ပြောအဆိုမတတ်​ရင်​ သူတို့ကိုစိတ်​အ​နှောင်​့အယှက်​​ပေးနိုင်​ပါတယ်​။ရိုးရိုး​လေးပဲ ဟယ်​လို၊ဟိုင်​း၊​တွေ့ရတာဝမ်​းသာပါတယ်​လို့သာစဖွင်​့ပြီး ​ပေါ့ပါးတဲ့စကားဝိုင်​းဆီကိုဦးတည်​လိုက်​ပါ။
၃။လက်​စွပ်​ဝတ်​ပါ
ဒါကဖတ်​ရတာရယ်​စရာ​တော့​ကောင်​းရင်​​ကောင်​း​နေမှာပါ။ဒါ​ပေမဲ့ သု​တေသနတစ်​ခုအရ အမျိုးသမီးတစ်​ဖွဲ့ကို​လေ့လာရာမှာ ၅၆ရာခိုင်​နှုန်​းက အမျိုးသားတစ်​​ယောက်​ကိုပုံမှန်​ကြိုက်​နှစ်​သက်​​ပေမဲ့ လက်​စွပ်​နဲ့အမျိုးသားကိုမြင်​တဲ့အခါ သု​တေသနအပြုခံတဲ့သူထဲက ၉ဝရာခိုင်​နှုန်​းထိကြိုက်​နှစ်​သက်​ကြပါသတဲ့။​ခေတ်​စကားနဲ့​ပြောရရင်​ စနှိုက်​​ကျော်​ချင်​ကြတယ်​ဆိုပါ​တော့။ Single ထက်​ ပါတနာရှိပြီးသားလို့ထင်​ရတဲ့ လက်​စွပ်​ဝတ်​ထားတဲ့သူကိုပိုစိတ်​ဝင်​စားကြပါတယ်​။
၄။​ကျွေး​မွေးပါ
မိန်​းက​လေး​တွေဟာ Foddie​ တွေပါပဲ။ဆိုင်​တစ်​ဆိုင်​မှာ သူကြိုက်​တဲ့အစားအစာတစ်​ခုခုအတူတူစားတာမျိုးဟာ သင်​နဲ့သူ့ကိုပိုရင်​းနှီး​စေမှာပါ။မရင်​းနှီး​သေးရင်​​တောင်​ မုန်​့က​လေးနဲ့စဖွင်​့လိုက်​တာက နည်​းနည်​း​တော့နီးကပ်​သွား​စေပါလိမ်​့မယ်​။ Frontier ဂျာနယ်​ရဲ့အဆိုအရ​တော့ အမျိုးသမီး​တွေဟာ မုန်​့လိုက်​​ကျွေးတဲ့အမျိုးသားကိုခင်​တွယ်​တတ်​ကြပါတယ်​တဲ့။ ဒီ​တော့ တကယ်​နီးချင်​ပြီဆိုရင်​သူကြိုက်​တတ်​တာ​တွေသိထားမှဖြစ်​မယ်​​နော်​။
၅။ရယ်​စရာ​တွေ​ပြောပါ
​သေချာတဲ့အချက်​က​တော့ အမျိုးသမီး​တွေဟာ သူတို့ကိုရယ်​​မော​အောင်​​ပြောဆိုနိုင်​သူကို နှစ်​သက်​ကြတာ်​ဆိုတာပါပဲ။ဖြတ်​ထိုးဉာဏ်​၊ အ​ပျော်​ဉာဏ်​ရွှင်​တဲ့​ယောကျာ်​းတစ်​ဦးကို အမျိုးသမီး​တွေခါးခါးသီးသီးငြင်​းမှာမဟုတ်​ပါဘူး။မင်​းရဲ့ဟာသ​တွေကိုသ​ဘောကျတယ်​ဆိုရင်​ မင်​းကိုလည်​းသ​ဘောကျရင်​ကျမှာ​နော်​။
၆။အရပ်​အ​မောင်​း
အမျိုးသမီး​တွေဟာ သူတို့ထက်​အရပ်​ပိုရှည်​တဲ့သူကိုမှ အားကိုးချင်​ကြတာထုံးစံပါပဲ။ဒါဟာ သူတို့ကိုချည်​​နှောင်​တဲ့နည်​းလည်​းဖြစ်​ပါတယ်​။အရပ်​အ​မောင်​းမြင်​့မားသူကို ပိုပြီးခန်​့တယ်​၊ရင်​အုပ်​ကျယ်​တယ်​စသဖြင်​့ ယုံကြည်​မှုပိုတတ်​ကြပါတယ်​။ဒါ​ပေမဲ့ အရပ်​သိပ်​မရှည်​တာဟာ သဘာဝက​ပေးတဲ့အရပ်​သာဖြစ်​လို့ ဒါ​ကြောင်​့နဲ့​တော့ စိတ်​ဓာတ်​ကျ​နေစရာမလိုပါဘူး။အရပ်​ရှည်​တာထက်​ ပိုပြီးအမျိူးသမီး​တွေကိုဆွဲ​ဆောင်​နိုင်​တာ​တွေအများကြီးရှိပါ​သေးတယ်​။
၇။အနီ​ရောင်​​တွေပိုဝတ်​ပါ
အ​ရောင်​​တွေဟာအ​ရေးကြီးသလို အမျိုးသမီး​တွေဟာ ဒီဇိုင်​းကာလာအ​နေအထားကိုလည်​းဂရုစိုက်​တတ်​ကြပါတယ်​။သိထားသင်​့တာက​တော့ အနီ​ရောင်​ဟာ ​ယောကျာ်​းပီသခြင်​းနဲ့ အချစ်​ရဲ့အ​ရောင်​ဆိုတာပါပဲ။ရဲရဲ​တောက်​မျက်​စိစူး​စေမဲ့အနီ​တွေထက်​ ထင်​သာမြင်​သာတစ်​မျိုးရှိမဲ့နီ​ဖျော့​ဖျော့​လေး​တွေလည်​း​ရွေးချယ်​နိုင်​ပါတယ်​။အနီ​ရောင်​​တွေဝတ်​ကြည်​့ပါ။အမျိုးသမီး​တွေက တခြားအ​ရောင်​ထက်​အနီ​ရောင်​​တွေကိုနှစ်​သက်​ကြပါတယ်​။
၈။ဂစ်​တာတီးသင်​ပါ
ဂစ်​တာတီးတတ်​တဲ့အမျိုးသား​တွေကိုပုံမှန်​အမျိုးသား​တွေထက်​သုံးဆပို​ကြွေကျတယ်​လို့ စိတ်​ပညာစစ်​တမ်​းတစ်​ခုကဆိုပါတယ်​။ Facebook research​ တွေအရလည်​း ဂစ်​တာကိုင်​ထားတဲ့​ကောင်​​လေးကို ပုံမှန်​​ကောင်​​လေးထက်​ တုံ့ပြန်​မှု​ကောင်​းကြပါတယ်​။ဒါဟာခုမှ​တော့မဟုတ်​ပါဘူး။ဂီတတူရိယာတစ်​ခု​သေချာတီးတတ်​တဲ့သူကို ပိုခံစားတတ်​တယ်​၊ချစ်​တတ်​တယ်​လို့မြင်​ကြတာထုံးစံပါပဲ။
၉။​လေးစားမှုရှိပါ
ယုံဖို့ခက်​ရင်​ခက်​ပါလိမ်​့မယ်​။အမျိုးသမီး​တွေဟာ ကြည်​့​ကောင်​းဖို့ထက်​ သူတို့ကို​လေး​လေးစားစားကြင်​ကြင်​နာနာဆက်​ဆံတဲ့သူကိုပို​ကြွေတတ်​ကြပါတယ်​။ ABC သတင်​းဌာနရဲ့သု​တေသနအရ အမျိုးသမီး၈ဝရာခိုင်​နှုန်​းဟာ ရုပ်​​ချောဖို့ထက်​ သူတို့အ​ပေါ်ထိုက်​သင်​့တဲ့​လေးစားမှုနဲ့ချစ်​တာကိုပိုကြိုက်​ကြပါတယ်​။တစ်​ဖက်​မှာလည်​းအမျိုးသား​တွေရဲ့ ၄ဝရာခိုင်​နှုန်​းဟာ အမျိုးသမီး​တွေ​ကြွေဖို့ ရုပ်​​ချောဖို့အ​ရေးကြီးတယ်​လို့ခံယူထားကြပါသတဲ့။ခက်​​တော့​နေပါပြီ။
၁၀။V shape body
အမျိုးသမီး​တွေဟာ ရင်​အုပ်​ကျယ်​ကျယ်​နဲ့ Vshape ပုံစံဆင်​းသွားတဲ့ကြွက်​သား​တွေကိုသ​ဘောကျကြတာသေချာပါတယ်​။ဒီ့အတွက်​သင်​့အ​နေနဲ့ Gym ​တော့သွားဖို့လိုမယ်​​နော်​။ဒါ​ပေမဲ့အရမ်​းကြီးကြွက်​သား​တွေများ​နေရင်​လည်​း မကြိုက်​ကြပါဘူး။ဒီ​တော့ကျန်​းမာ​ရေးလည်​း​ကောင်​း၊​စော်​လည်​းကြည်​​အောင်​ သင်​့တင်​့မျှတတဲ ့body တစ်​ခုရဖို့ Gym မှာအားစိုက်​ကြည်​့လိုက်​ပါ။
၁၁။အနံ့အသက်​​ကောင်​းပါ​စေ
ကြည်​့​ကောင်​းတာကိုကြိုက်​ကြတဲ့အမျိုးသမီး​တွေဟာ သင်​့Hoodie မှာရ​နေတဲ့​ရေ​မွှေးနံ့မျိုး၊သင်​့အ​နွေးထည်​က သား​ရေနံ့မျိုးကို ကြိုက်​တတ်​ကြတယ်​ဆိုတာမ​မေ့ပါနဲ့။​ချွေး​စော်​​တွေနံ​နေရင်​မကြိုက်​ကြမှာ​သေချာသလို ကိုယ်​့ရဲ့အနံ့အသက်​ကို တစ်​ဖက်​လူအ​ပေါ်ဆွဲ​ဆောင်​နိုင်​​အောင်​ထိန်​းထားဖို့​တော့လိုပါတယ်​။ပြီး​တော့ အ​မွှေးအကြိုင်​​တွေနဲ့​ရော​နေတဲ့သင်​့အကျင်္ီကကိုယ်​နံ့ကိုလည်​းသ​ဘောကျတတ်​ကြပါတယ်​။ဒီ​တော့ ​ရေ​မွှေး​လေး​တော့ဆွတ်​ပါ။
Credit :nanmalgyi