Zawgyi ျဖင့္ဖတ္ရန္

ကေလး ဘဝ ေန႔ရက္တိုင္းကအေရးႀကီးတဲ့အတြက္ မိဘ ေတြအေနနဲ႔လည္း ေသခ်ာဂ႐ုစိုက္ဖို႔လိုပါတယ္။မိဘတိုင္းသိထားသင့္တဲ့ ၃မိနစ္စည္းမ်ဥ္းကဘာလဲဆိုရင္…ကေလး ဘဝေန႔ရက္တိုင္းက အရမ္းအေရးႀကီးပါတယ္။တျဖည္းျဖည္းအ႐ြယ္ေရာက္လာတဲ့အခါ ကေလး ဘဝ ကတည္းက အေလ့အက်င့္ေတြကပါလာမွာျဖစ္လို႔ ငယ္စဥ္ကတည္းကသူတို႔ရဲ႕အျပဳအမူေတြ၊အေလ့အက်င့္ေတြကို ေလ့လာေစာင့္ေရွာက္ေပးရမွာပါ။ကြၽမ္းက်င္သူေတြရဲ႕ေလ့လာခ်က္အရ၃မိနစ္စည္းမ်ဥ္းက မိဘနဲ႔သားသမီးၾကား ယုံၾကည္မႈတိုးေစၿပီး အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာေတာင္ မိဘ ေတြအေပၚအားကိုးယုံၾကည္ၿပီးစကားနားေထာင္တဲ့ကေလးလိမၼာေလးေတြျဖစ္လာမွာပါတဲ့။

 

ဘယ္လို ၃မိနစ္ စည္းမ်ဥ္း လဲဆိုေတာ့…ေန႔တိုင္းကေလးနဲ႔ ၃မိနစ္အတူရွိေနဖို႔ပါပဲ။ ဒါကလြယ္လြယ္ေလးလို႔ေတြးမိႏိုင္ပါတယ္။ဒါေပမဲ့ ကေလးအနားမွာရွိေနတာက အတူတူရွိေနေပးတာမဟုတ္ပါဘူးေနာ္။အဓိက အေရးႀကီးတာက အဲ့ဒီသုံးမိနစ္ဆိုတဲ့အခ်ိန္ေလးမွာ ကေလးငယ္နဲ႔မ်က္ႏွာခ်င္းဆိုင္ပါ။ေပြ႕ဖက္ပါ။ၿပီးရင္ တစ္ေန႔တာအတြင္း ၊သင္မရွိတဲ့အခ်ိန္အတြင္းသူ႔မွာဘာေတြျဖစ္ခဲ့လဲေမးပါ။အလုပ္ကေနအိမ္ျပန္ေရာက္တဲ့အခ်ိန္ မွာျဖစ္ေစ ကေလးအတြက္ ၃မိနစ္အခ်ိန္ေပးဖို႔မေမ့ပါနဲ႔။

 

ဘာလို႔လိုအပ္တာလဲဆိုရင္ စိတ္ပညာရွင္ ေတြရဲ႕ေလ့လာခ်က္ေတြအရ ကေလးက မိဘနဲ႔ေတြ႕တဲ့အခါ သူ႔ရဲ႕တစ္ေန႔တာအေၾကာင္းဘာေတြျဖစ္ခဲ့လဲဆိုတာသင့္ကို သူတို႔မွတ္မိသေလာက္ေျပာျပပါလိမ့္မယ္။တကယ္လို႔ သင္အလုပ္ရႈပ္ေနလို႔သူက ဘာမွေျပာခ်ိန္၊ဘာမွေျပာခြင့္မရွိဘူးဆိုရင္ကေလးနဲ႔ပတ္သက္ၿပီး သိရမယ့္အေရးႀကီးတဲ့အေၾကာင္းအရာေတြ သင္လြတ္သြားႏိုင္ပါတယ္။သူတို႔အေနနဲ႔လည္း သင့္ကိုထပ္ၿပီးေျပာဖို႔ တြန႔္ဆုတ္သြားႏိုင္ပါတယ္။

တစ္ခ်ိဳ႕ကေလးေတြကေတာ့ တစ္ခ်ိန္လုံး သူ႔ရဲ႕တစ္ေန႔တာႀကဳံရသမွ်ကို ျပန္ေျပာတတ္ပါတယ္။ဒါေပမဲ့ အဲ့ဒီလိုေတာက္ေလွ်ာက္ေျပာေနတတ္တာကလည္း အ႐ြယ္ေရာက္လာတဲ့အခါကေလးအတြက္ အဆင္မေျပေစပါဘူး။အဲ့ဒါေၾကာင့္ ေန႔တိုင္း ကေလးကို ၃မိနစ္အခ်ိန္ေပးဖို႔လိုအပ္တာပါ။သူတို႔ကို ၃မိနစ္အခ်ိန္ေပးထား႐ုံနဲ႔ သူတို႔ရဲ႕အေၾကာင္းအရာေတြကိုသင္နားေထာင္ေပးလို႔ရသလို အေရးႀကီးအေၾကာင္းအရာေတြကိုလည္းမလြတ္ေတာ့ပါဘူး။

 

ဒါ့အျပင္ သူတို႔အတြက္လိုအပ္တဲ့ အႀကံျပဳခ်က္ေတြကိုလည္းသင့္ဘက္ကေပးႏိုင္ပါတယ္။အဲ့ဒီလိုေန႔တိုင္း ၃မိနစ္အခ်ိန္ေပးတာဟာ သူတို႔အေပၚမွာသင္က အၿမဲတမ္းအာ႐ုံစိုက္တယ္၊ဂ႐ုစိုက္တယ္ဆိုတာသူတို႔ကိုသိေစသလို သူတို႔အနားမွာ မိဘေတြကအၿမဲတမ္းရွိေနတယ္ဆိုတဲ့အသိကိုလည္းထည့္သြင္းၿပီးသားျဖစ္ေစပါတယ္။ ကေလးအတြက္စည္းစနစ္လည္းက်သြားသလို မိဘေတြဂ႐ုမစိုက္လို႔ တစ္ေယာက္တည္း ကစားရအထီးက်န္ေနရတဲ့ ကေလးလည္းျဖစ္သြားမွာမဟုတ္ပါဘူး။အခ်ိန္ ၃မိနစ္ေလးပါပဲ။သင့္ရဲ႕ကေလးနဲ႔အတူရွိေနေပးပါ။အားလပ္ရက္ေတြမွာ သူတို႔နဲ႔အတူ အခ်ိန္ျဖဳန္းေပးတာကလည္း ပိုၿပီးရင္းႏွီးေႏြးေထြးလာေစပါတယ္။

Credit : buzzy

Unicode ဖြင့်ဖတ်ရန်

ကလေးငယ်ရှိတဲ့မိဘတိုင်း လိုက်နာသင့်တဲ့ ၃မိနစ်စည်းမျဉ်း

ကလေးဘဝနေ့ရက်တိုင်းကအရေးကြီးတဲ့အတွက် မိဘတွေအနေနဲ့လည်း သေချာဂရုစိုက်ဖို့လိုပါတယ်။မိဘတိုင်းသိထားသင့်တဲ့ ၃မိနစ်စည်းမျဉ်းကဘာလဲဆိုရင်…

ကလေးဘဝနေ့ရက်တိုင်းက အရမ်းအရေးကြီးပါတယ်။တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါ ကလေးဘဝကတည်းက အလေ့အကျင့်တွေကပါလာမှာဖြစ်လို့ ငယ်စဉ်ကတည်းကသူတို့ရဲ့အပြုအမူတွေ၊အလေ့အကျင့်တွေကို လေ့လာစောင့်ရှောက်ပေးရမှာပါ။ကျွမ်းကျင်သူတွေရဲ့လေ့လာချက်အရ၃မိနစ်စည်းမျဉ်းက မိဘနဲ့သားသမီးကြား ယုံကြည်မှုတိုးစေပြီး အရွယ်ရောက်လာတဲ့အချိန်မှာတောင် မိဘတွေအပေါ်အားကိုးယုံကြည်ပြီးစကားနားထောင်တဲ့ကလေးလိမ္မာလေးတွေဖြစ်လာမှာပါတဲ့။

 

ဘယ်လို ၃မိနစ်စည်းမျဉ်းလဲဆိုတော့…နေ့တိုင်းကလေးနဲ့ ၃မိနစ်အတူရှိနေဖို့ပါပဲ။ ဒါကလွယ်လွယ်လေးလို့တွေးမိနိုင်ပါတယ်။ဒါပေမဲ့ ကလေးအနားမှာရှိနေတာက အတူတူရှိနေပေးတာမဟုတ်ပါဘူးနော်။အဓိက အရေးကြီးတာက အဲ့ဒီသုံးမိနစ်ဆိုတဲ့အချိန်လေးမှာ ကလေးငယ်နဲ့မျက်နှာချင်းဆိုင်ပါ။ပွေ့ဖက်ပါ။ပြီးရင် တစ်နေ့တာအတွင်း ၊သင်မရှိတဲ့အချိန်အတွင်းသူ့မှာဘာတွေဖြစ်ခဲ့လဲမေးပါ။အလုပ်ကနေအိမ်ပြန်ရောက်တဲ့အချိန် မှာဖြစ်စေ ကလေးအတွက် ၃မိနစ်အချိန်ပေးဖို့မမေ့ပါနဲ့။

 

ဘာလို့လိုအပ်တာလဲဆိုရင် စိတ်ပညာရှင်တွေရဲ့လေ့လာချက်တွေအရ ကလေးက မိဘနဲ့တွေ့တဲ့အခါ သူ့ရဲ့တစ်နေ့တာအကြောင်းဘာတွေဖြစ်ခဲ့လဲဆိုတာသင့်ကို သူတို့မှတ်မိသလောက်ပြောပြပါလိမ့်မယ်။တကယ်လို့ သင်အလုပ်ရှုပ်နေလို့သူက ဘာမှပြောချိန်၊ဘာမှပြောခွင့်မရှိဘူးဆိုရင်ကလေးနဲ့ပတ်သက်ပြီး သိရမယ့်အရေးကြီးတဲ့အကြောင်းအရာတွေ သင်လွတ်သွားနိုင်ပါတယ်။သူတို့အနေနဲ့လည်း သင့်ကိုထပ်ပြီးပြောဖို့ တွန့်ဆုတ်သွားနိုင်ပါတယ်။

တစ်ချို့ကလေးတွေကတော့ တစ်ချိန်လုံး သူ့ရဲ့တစ်နေ့တာကြုံရသမျှကို ပြန်ပြောတတ်ပါတယ်။ဒါပေမဲ့ အဲ့ဒီလိုတောက်လျှောက်ပြောနေတတ်တာကလည်း အရွယ်ရောက်လာတဲ့အခါကလေးအတွက် အဆင်မပြေစေပါဘူး။အဲ့ဒါကြောင့် နေ့တိုင်း ကလေးကို ၃မိနစ်အချိန်ပေးဖို့လိုအပ်တာပါ။သူတို့ကို ၃မိနစ်အချိန်ပေးထားရုံနဲ့ သူတို့ရဲ့အကြောင်းအရာတွေကိုသင်နားထောင်ပေးလို့ရသလို အရေးကြီးအကြောင်းအရာတွေကိုလည်းမလွတ်တော့ပါဘူး။

 

ဒါ့အပြင် သူတို့အတွက်လိုအပ်တဲ့ အကြံပြုချက်တွေကိုလည်းသင့်ဘက်ကပေးနိုင်ပါတယ်။အဲ့ဒီလိုနေ့တိုင်း ၃မိနစ်အချိန်ပေးတာဟာ သူတို့အပေါ်မှာသင်က အမြဲတမ်းအာရုံစိုက်တယ်၊ဂရုစိုက်တယ်ဆိုတာသူတို့ကိုသိစေသလို သူတို့အနားမှာ မိဘတွေကအမြဲတမ်းရှိနေတယ်ဆိုတဲ့အသိကိုလည်းထည့်သွင်းပြီးသားဖြစ်စေပါတယ်။ ကလေးအတွက်စည်းစနစ်လည်းကျသွားသလို မိဘတွေဂရုမစိုက်လို့ တစ်ယောက်တည်း ကစားရအထီးကျန်နေရတဲ့ ကလေးလည်းဖြစ်သွားမှာမဟုတ်ပါဘူး။အချိန် ၃မိနစ်လေးပါပဲ။သင့်ရဲ့ကလေးနဲ့အတူရှိနေပေးပါ။အားလပ်ရက်တွေမှာ သူတို့နဲ့အတူ အချိန်ဖြုန်းပေးတာကလည်း ပိုပြီးရင်းနှီးနွေးထွေးလာစေပါတယ်။

Credit : buzzy