Zawgyi ဖြင့်ဖတ်ရန်
အနားယူပါ
အကာအကွယ်သုံးပါ
Credit : Buzzyv
Unicode ဖြင့်ဖတ်ရန်
ချစ်တင်းနှောနေစဉ်မှာ သင့်စွမ်းဆောင်ရည်ကို ဘယ်လိုမြှင့်တင်မလည်း
ဒီအချက်အလက်တွေကို သင့်အနေနဲ့ လိုက်နာမယ်ဆိုရင်တော့ သင့်ရဲ့ အိပ်ခန်းတွင်းစွမ်းဆောင်နိုင်ရည်ဟာ တိုးတက်လာမှာ ဖြစ်ပြီး သင်ရော သင့်အဖော်ရော သာယာကြည်နူးမှုကို ပိုင်ဆိုင်နိုင်စေမှာပါ ။
လူတိုင်းဟာ ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်လိုကြပါတယ်။ သို့ပေမယ့်လည်း များစွာသော အမျိုးသားတွေဟာ စိတ်ဖိစီးမှုကြောင့်သော်လည်းကောင်း အခြားသော အကြောင်းကြောင်းတွေကြောင့် မိမိရဲ.ဆက်ဆံဖော် အမျိုးသမီး မပြီးခင်မှာ ပြီးဆုံးခြင်းကိုရောက်ရှိတက်တာမို့ အိမ်ထောင်ရေး သာယာမှုကို အထိုက်အလျှောက် ထိခိုက်စေပါတယ်။ အမျိုးသားရဲ. လိင်စွမ်းဆောင်ရည် ကျဆင်းနေခြင်းကို ကုစားပေးနိုင်မယ့် နည်းလမ်းကောင်းတွေဟာ တကယ်ပဲရှိနေပါတယ် ။ ချစ်တင်းနှောစဉ်ကာလမှာ သတိထားလိုက်နာသင့်တဲ့ အချက်တွေနဲ့ နေ့စဉ်လူနေမှုဘဝပုံစံကို ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ် ။ ဒီအချက်အလက်တွေကို သင့်အနေနဲ့ လိုက်နာမယ်ဆိုရင်တော့ သင့်ရဲ့ အိပ်ခန်းတွင်းစွမ်းဆောင်နိုင်ရည်ဟာ တိုးတက်လာမှာ ဖြစ်ပြီး သင်ရော သင့်အဖော်ရော သာယာကြည်နူးမှုကို ပိုင်ဆိုင်နိုင်စေမှာပါ ။
အိပ်ခန်းထဲတွင် လိုက်နာရန် နည်းလမ်းများ
အိပ်ခန်းထဲတွင် လိုက်နာရန် နည်းလမ်းများ
ဖြည်းညှင်းစွာ လုပ်ဆောင်ပါ
ချစ်မှုပြုရာမှာ စိတ်လှုပ်ရှားစွာနဲ့ အမြန်မပြုလုပ်သင့်ပါဘူး ။ သင့်ရဲ.လှုပ်မရှားမှုကို ဖြည်းဖြည်း နဲ့ ပုံမှန်ပဲ လုပ်ဆောင်သင့်ပြီး စိတ်အားတက်ကြွလွန်းခြင်းကို ထိန်းထားသင့်ပါတယ်။ သင့်အနေနဲ့ သင့်အဖော်ကို စိတ်ပိုမိုတက်ကြွစေရန် နှိုးဆွလှုံဆော်ခြင်းမျိုးတွေကို ပြုလုပ်ပေးရပါမယ်။ သင့်အဖော်ဟာလည်း ခရီးဆုံးပန်းတိုင်ကို ရောက်တော့မယ်ဆိုရင်တော့ သင့်အနေနဲ့ ချစ်မှုပြုခြင်း အရှိန်ကို မြှင့်တင်ပြီး အတူတကွ ပြီးဆုံးနိုင်ပါတယ်။
သင့်အနေနဲ့ “7 and 9” technique ကို အသုံးပြုနိုင်ပါတယ် ။ သင့်အဖော်ကို ခရီးဆုံးပန်းတိုင်ရောက်ရှိနိုင်ရန် သင်က နှိုးဆွနေပေးပြီး ဆက်ဆံခြင်းကို “အမြန် ခုနှစ်ကြိမ် ၊ အနှေး ကိုးကြိမ် ” အစဉ်အတိုင်း ပြုလုပ်ပေးခြင်းဟာလည်း အထောက်အကူ ဖြစ်စေမှာပါ။
ပုံစံ အနေအထား ပြောင်းကြည့်ပါ
ချစ်မှုပြုစဉ်မှာ သင့်ရဲ. ခွန်အားကို ချွေတာနိုင်ဖို့ ၊ ကြွက်တက်ညောင်းညာခြင်းကို မဖြစ်စေဖို့ နဲ့ အချိန်မတိုင်ခင် စောလျှင်စွာ ပြီးဆုံးခြင်းမဖြစ်စေဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ ဆက်ဆံမှုပုံစံကို မကြာခဏ ပြောင်းပေးခြင်းပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ပြီးဆုံးခြင်းဖြစ်တော့မယ်လို့ ခံစားလာရရင် ဆက်ဆံနေပုံကို ပြောင်းလဲတာဖြစ်စေ ဆက်ဆံမှုကို ခဏရပ်နားတာဖြစ်စေ ပြုလုပ်ပေးရပါမယ် ။ ယခုလိုပြုမူနေခြင်းအားဖြင့် သင့်အနေနဲ့ ပိုမို စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဆက်ဆံမှုကို ရရှိစေမှာဖြစ်ပြီး အချိန်ကြာမြင့်စွာလည်း သင့်အဖော်နဲ့ အတူတူနေနိုင်မှာ ဖြစ်ပါတယ်။
အနားယူပါ
သင်ဟာ ခရီးဆုံးပန်းတိုင်ရောက်ရှိတော့မယ်လို့ ခံစားရပြီ သို့တည်းမဟုတ် အလွန်ကို မောပန်းနေပြီဆိုရင်တော့ မိနစ်အနည်းငယ်လောက် အနားယူသင့်ပါတယ် ။ ထိုသို့ ခဏနားနေစဉ်မှာ သင့်အဖော်ရဲ. စိတ်ဓါတ်တက်ကြွနေမှု မရပ်တန့်သွားဖို့ အရေးကြီးပါတယ် ။ သင့်အနေနဲ့ သင့်အဖော် ဆက်လက်ပြီး စိတ်အားထက်သန်မှု ရှိနေစေဖို့အတွက် သင့်အဖော်ကို ညင်သာစွာ ပွတ်သပ်ပေးခြင်း ၊ နမ်းရှုံပေးခြင်း ၊ ညစ်တီးညစ်ပတ် လျှောက်ပြောခြင်း တို့ ပြုလုပ်ပေးရပါမယ် ။ ဒါမှလည်းပဲ သင်အနားယူပြီးချိန်မှာ မပြီးဆုံးသေးတဲ့ သင်တို့ရဲ. ချစ်ခြင်းပန်းတိုင်ဆီကို အတူတကွ ဆက်လက်ချီတက်နိုင်မှာ ဖြစ်ပါတယ်။
နမ်းရှုံသုံးသပ်ခြင်းကို အဓိကထား လုပ်ဆောင်ပါ
တကယ်တော့ ချစ်တင်းနှောခြင်းဆိုတာဟာ အမျိုးသားနဲ့အမျိုးသမီး လိင်အဂါင်္စပ်နှစ်ခု နှီးနှောခြင်း ဆိုတဲ့ အခြေအနေတစ်ရပ်ထက် ပိုပြီး လုပ်ဆောင်နိုင်ပါတယ် ။ သင့်အဖော်နဲ့ ချစ်မှုပြုခြင်းကို အချိန်ကြာကြာ ပြုလုပ်နိုင်ဖို့အတွက်ဆိုရင် သင့်အဖော်ကို ညှင်သာစွာ ပွတ်သပ်ပေးခြင်း ၊ နမ်းရှုံခြင်း ၊ စိတ်လှုပ်ရှားဖွယ်ရာများ ပြောပေးခြင်း စသဖြင့် ပြုလုပ်ပေးရပါမယ် ။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းအားဖြင့် သင့်အဖော်ဟာ သင့်ထက်အရင် တစ်ကြိမ် သို့တည်းမဟုတ် တစ်ကြိမ်ထက်ပိုသော ခရီးဆုံးပန်းတိုင်ကို ရောက်ရှိစေနိုင်မှာဖြစ်ပါတယ် ။
အကာအကွယ်သုံးပါ
ကွန်ဒုံးကိုအသုံးပြုခြင်းဟာ အမျိုးသားနဲ့အမျိုးသမီးကြား ထိတွေ့ရာမှာ ပုံမှန်လောက် မသိသာတာကြောင့် အချိန်ခဏလေးနဲ့ ခရီးဆုံးပန်းတိုင်ကို အလွယ်တကူမရောက်ရှိနိုင်အောင် ထောက်ကူပေးနိုင်ပါတယ် ။ ကွန်ဒုံးရွေးချယ်ရာမှာတော့ သင့်အခြေအနေပေါ်မူတည်ပြီး ထူထဲတဲ့ ကွန်ဒုံးမျိုးကို ရွေးချယ်မလား ၊ ပါးလွှာတဲ့ ကွန်ဒုံးကိုရွေးချယ်မလားဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
Credit : Buzzy