Zawgyi ျဖင့္ဖတ္ရန္

 

ကမာၻေပၚမွာရွိတဲ့ စားေသာက္ကုန္ ေတြနဲ႔ ေဖ်ာ္ရည္ေသာက္သုံးစရာ ကုန္ပစၥည္းအမ်ိဳးမ်ိဳးတို႔ရဲ႕ အမွတ္တံဆိပ္ အားလုံးနီးပါးကို ဒီ ကုမၸဏီ ၁ဝ ခုကေန ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ဒါေၾကာင့္ သင္ဝယ္ယူစားသုံးတဲ့ စားေသာက္ကုန္နဲ႔ ေဖ်ာ္ရည္ေသာက္သုံးစရာေတြ အားလုံးနီးပါးဟာ ဒီကုမၸဏီ ၁ဝမ်ိဳးကေန ထုတ္လုပ္ထားတဲ့ တံဆိပ္အမ်ိဳးမ်ိဳး ျဖစ္ႏိုင္ပါတယ္။

အဲဒီကုမၸဏီေတြကေတာ့ Nestlé, PepsiCo, Coca-Cola, Unilever, Danone, General Mills, Kellogg’s, Mars, Associated British Foods နဲ႔ Mondelez စတဲ့ ကုမၸဏီေတြပါ။ ေထာင္ေပါင္းမ်ားစြာေသာ ဝန္ထမ္းေတြကို ခန႔္အပ္ထားရွိၿပီး ႏွစ္စဥ္ႏွစ္တိုင္း ေဒၚလာဘီလီယံခ်ီ ဝင္ေငြေတြ ရရွိေနပါတယ္။

ဒီကုမၸဏီေတြကေန ထုတ္လုပ္ထားတဲ့ အမွတ္တံဆိပ္တခ်ိဳ႕ကို ဗဟုသုတ အေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ Kellogg’s

၂ဝ၁၆ခုႏွစ္ဝင္ေငြ – ေဒၚလာ ၁၃ဘီလီယံ

ကဲေလာ့ဂ္ (Kellogg’s) ကုမၸဏီရဲ႕ အမွတ္တံဆိပ္တခ်ိဳ႕ျဖစ္ၾကတဲ့ Eggo (ႏို႔ေထာပတ္မုန႔္)၊ Pringles (အာလူးေၾကာ္ဘူး) နဲ႔ Cheez-It (Snack Cracker) မ်ားကို စားသုံးသူအမ်ားက လက္ခံသုံးစြဲေနၾကတာ အခ်ိန္ကာလတစ္ခုအထိ ျဖစ္လာၿပီျဖစ္ပါတယ္။

၂။ Associated British Foods

၂ဝ၁၆ခုႏွစ္ဝင္ေငြ – ေဒၚလာ ၁၆.၈ဘီလီယံ

Dorset Cereals, Twinings (လက္ဖက္ရည္ၾကမ္းဘူး) နဲ႔ Primark အေရာင္းဆိုင္မ်ားကေတာ့ ၿဗိတိသွ်ကုမၸဏီတစ္ခုျဖစ္တဲ့ Associate British Foods ကုမၸဏီမွ ထုတ္လုပ္တဲ့ အမွတ္တံဆိပ္အခ်ိဳ႕ ျဖစ္ၾကပါတယ္။

၃။ General Mills

၂ဝ၁၆ခုႏွစ္ဝင္ေငြ – ေဒၚလာ ၁၆.၆ဘီလီယံ

Cheerios နဲ႔ Chex စတဲ့ ဆီရီယယ္လ္အမွတ္တံဆိပ္ကိုေတာ့ ဂ်င္နရယ္လ္ေမးလ္ (General Mills) ကုမၸဏီမွ ထုတ္လုပ္ထားတဲ့ လူသိမ်ားေက်ာ္ၾကားတဲ့ အမွတ္တံဆိပ္မ်ားပဲျဖစ္ပါတယ္။ Yoplait (ေဖ်ာ္ရည္ဘူး)၊ Hamburger Helper (မာက႐ိုနီ)၊ Haagen-Dazs (ေရခဲမုန႔္ဘူး) နဲ႔ Betty Crocker (ကိတ္မုန႔္) တို႔ကိုလည္း ဒီကုမၸဏီကေန ထုတ္လုပ္ထားျခင္းပဲျဖစ္ပါတယ္။

၄။ Danone

၂ဝ၁၆ခုႏွစ္ဝင္ေငြ – ေဒၚလာ ၂၃.၇ဘီလီယံ

ဒါႏုန္း (Danone) ကုမၸဏီကေန Activa, Yocrunch နဲ႔ Oikos စတဲ့ လူႀကိဳက္မ်ားတဲ့ ဒိန္ခ်ဥ္ဗူး အမွတ္တံဆိပ္အမ်ိဳးမ်ိဳးကို ထုတ္လုပ္ထားတဲ့အျပင္ ေဆးဝါး အာဟာရ ကုန္ပစၥည္းမ်ားနဲ႔ ေရသန႔္ဘူးေတြကိုလည္း ထုတ္လုပ္ေနပါတယ္။

၅။ Mondelez

၂ဝ၁၆ခုႏွစ္ဝင္ေငြ – ေဒၚလာ ၂၅.၉ဘီလီယံ

Oreo (ကြတ္ကီးမုန႔္)၊ Trident (ပီေက) နဲ႔ Sour Patch Kids (သၾကားလုံး) စတဲ့ အမွတ္တံဆိပ္ေတြကေတာ့ မြန္ဒဲလက္ဇ္ (Mondelez) ကုမၸဏီရဲ႕ အမွတ္တံဆိပ္ေတြ ျဖစ္ပါတယ္။

၆။ Mars

၂ဝ၁၆ခုႏွစ္ဝင္ေငြ – ေဒၚလာ ၃၅ဘီလီယံ

ကမာၻေက်ာ္ နာမည္ႀကီး ေခ်ာကလက္အမွတ္တံဆိပ္ျဖစ္တဲ့ M&M အမွတ္တံဆိပ္ကို မားစ္ (Mars) ကေန ထုတ္လုပ္ထားျခင္းျဖစ္ၿပီး Uncle Ben’s Rice (ဆန္အမ်ိဳးမ်ိဳး)၊ Starburst နဲ႔ Orbit အမွတ္တံဆိပ္ ပီေကတို႔ကိုလည္း ထုတ္လုပ္ေနပါတယ္။

၇။ Coca-Cola

၂ဝ၁၆ခုႏွစ္ဝင္ေငြ – ေဒၚလာ ၄၁.၉ဘီလီယံ

ကိုကာကိုလာ (Coca-Cola) အခ်ိဳရည္အျပင္ Dasani (ေရသန႔္ဘူး)၊ Fuze (အခ်ိဳရည္ဘူး) နဲ႔ Honest Tea စတဲ့အမွတ္တံဆိပ္ေတြကလည္း ကိုကာကိုလာက ထုတ္လုပ္ထားတဲ့ အမွတ္တံဆိပ္မ်ားျဖစ္ပါတယ္။

၈။ Unilever

၂ဝ၁၆ခုႏွစ္ဝင္ေငြ – ေဒၚလာ ၄၈.၃ဘီလီယံ

ယူနီလီဗာ (Unilever) ကုမၸဏီက ထုတ္လုပ္ထားၿပီး ေက်ာ္ၾကားတဲ့ ကုန္အမွတ္တံဆိပ္ေတြကေတာ့ Axe (ေဘာ္ဒီစပေရးလ္)၊ Lipton (လက္ဖက္ရည္)၊ Magnum (ေရခဲေခ်ာင္း၊ ေရခဲမုန႔္) နဲ႔ Hellmann’s mayonnaise (မေရာနိစ့္) အမွတ္တံဆိပ္ေတြကလည္း ယူနီလီဗာကုမၸဏီရဲ႕ အမွတ္တံဆိပ္ေတြပဲ ျဖစ္ၾကပါတယ္။

၉။ PepsiCo

၂ဝ၁၆ခုႏွစ္ဝင္ေငြ – ေဒၚလာ ၆၂.၈ဘီလီယံ

Pepsi နဲ႔ အျခားဆိုဒါေဖ်ာ္ရည္ေတြအျပင္ Quaker Oatmeal, Cheetos (မုန႔္ေခ်ာင္းေလးမ်ား) နဲ႔ Tropicana (အခ်ိဳရည္ဘူး) စတဲ့ အမွတ္တံဆိပ္ေတြကလည္း ပက္ပ္စီကို (PepsiCo) ကုမၸဏီက ထုတ္လုပ္ေရာင္းခ်ေနတဲ့ စားေသာက္ကုန္ အမွတ္တံဆိပ္ေတြ ျဖစ္ပါတယ္။

၁ဝ။ Nestlé

၂ဝ၁၆ခုႏွစ္ဝင္ေငြ – ေဒၚလာ ၉ဝ.၂ဘီလီယံ

နက္စတယ္လ္ (Nestlé) မွာ လူအမ်ား သိပ္မသိေသးတဲ့ အမွတ္တံဆိပ္ေတြကေတာ့ Gerber (ကေလးအာဟာရ စားစရာ)၊ Perrier (စပါကလင္အခ်ိဳရည္)၊ DiGiorno (ပီဇာ) နဲ႔ Hot Pockets (ဆန္းဝွစ္ခ္်) စတဲ့အမွတ္တံဆိပ္ေတြ ျဖစ္ၾကပါတယ္။ ဒါ့အျပင္ Butterfinger နဲ႔ KitKat စတဲ့ ေခ်ာကလက္အမွတ္တံဆိပ္ေတြကိုလည္း နက္စတယ္လ္ကုမၸဏီကပဲ ထုတ္လုပ္ျခင္းျဖစ္ပါတယ္။

Credit : yoyarlay

 

Unicode ဖြင့်ဖတ်ရန်

လူအများရဲ့စားသောက်ကုန် လိုအပ်ချက်တွေကို လွှမ်းမိုး အပိုင်စီးထားတဲ့ ကုမ္ပဏီကြီးများ

 

ကမ္ဘာပေါ်မှာရှိတဲ့ စားသောက်ကုန်တွေနဲ့ ဖျော်ရည်သောက်သုံးစရာ ကုန်ပစ္စည်းအမျိုးမျိုးတို့ရဲ့ အမှတ်တံဆိပ် အားလုံးနီးပါးကို ဒီကုမ္ပဏီ ၁ဝ ခုကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် သင်ဝယ်ယူစားသုံးတဲ့ စားသောက်ကုန်နဲ့ ဖျော်ရည်သောက်သုံးစရာတွေ အားလုံးနီးပါးဟာ ဒီကုမ္ပဏီ ၁ဝမျိုးကနေ ထုတ်လုပ်ထားတဲ့ တံဆိပ်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

အဲဒီကုမ္ပဏီတွေကတော့ Nestlé, PepsiCo, Coca-Cola, Unilever, Danone, General Mills, Kellogg’s, Mars, Associated British Foods နဲ့ Mondelez စတဲ့ ကုမ္ပဏီတွေပါ။ ထောင်ပေါင်းများစွာသော ဝန်ထမ်းတွေကို ခန့်အပ်ထားရှိပြီး နှစ်စဉ်နှစ်တိုင်း ဒေါ်လာဘီလီယံချီ ဝင်ငွေတွေ ရရှိနေပါတယ်။

ဒီကုမ္ပဏီတွေကနေ ထုတ်လုပ်ထားတဲ့ အမှတ်တံဆိပ်တချို့ကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ Kellogg’s

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၁၃ဘီလီယံ

ကဲလော့ဂ် (Kellogg’s) ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တချို့ဖြစ်ကြတဲ့ Eggo (နို့ထောပတ်မုန့်)၊ Pringles (အာလူးကြော်ဘူး) နဲ့ Cheez-It (Snack Cracker) များကို စားသုံးသူအများက လက်ခံသုံးစွဲနေကြတာ အချိန်ကာလတစ်ခုအထိ ဖြစ်လာပြီဖြစ်ပါတယ်။

၂။ Associated British Foods

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၁၆.၈ဘီလီယံ

Dorset Cereals, Twinings (လက်ဖက်ရည်ကြမ်းဘူး) နဲ့ Primark အရောင်းဆိုင်များကတော့ ဗြိတိသျှကုမ္ပဏီတစ်ခုဖြစ်တဲ့ Associate British Foods ကုမ္ပဏီမှ ထုတ်လုပ်တဲ့ အမှတ်တံဆိပ်အချို့ ဖြစ်ကြပါတယ်။

၃။ General Mills

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၁၆.၆ဘီလီယံ

Cheerios နဲ့ Chex စတဲ့ ဆီရီယယ်လ်အမှတ်တံဆိပ်ကိုတော့ ဂျင်နရယ်လ်မေးလ် (General Mills) ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ လူသိများကျော်ကြားတဲ့ အမှတ်တံဆိပ်များပဲဖြစ်ပါတယ်။ Yoplait (ဖျော်ရည်ဘူး)၊ Hamburger Helper (မာကရိုနီ)၊ Haagen-Dazs (ရေခဲမုန့်ဘူး) နဲ့ Betty Crocker (ကိတ်မုန့်) တို့ကိုလည်း ဒီကုမ္ပဏီကနေ ထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်။

၄။ Danone

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၂၃.၇ဘီလီယံ

ဒါနုန်း (Danone) ကုမ္ပဏီကနေ Activa, Yocrunch နဲ့ Oikos စတဲ့ လူကြိုက်များတဲ့ ဒိန်ချဉ်ဗူး အမှတ်တံဆိပ်အမျိုးမျိုးကို ထုတ်လုပ်ထားတဲ့အပြင် ဆေးဝါး အာဟာရ ကုန်ပစ္စည်းများနဲ့ ရေသန့်ဘူးတွေကိုလည်း ထုတ်လုပ်နေပါတယ်။

၅။ Mondelez

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၂၅.၉ဘီလီယံ

Oreo (ကွတ်ကီးမုန့်)၊ Trident (ပီကေ) နဲ့ Sour Patch Kids (သကြားလုံး) စတဲ့ အမှတ်တံဆိပ်တွေကတော့ မွန်ဒဲလက်ဇ် (Mondelez) ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တွေ ဖြစ်ပါတယ်။

၆။ Mars

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၃၅ဘီလီယံ

ကမ္ဘာကျော် နာမည်ကြီး ချောကလက်အမှတ်တံဆိပ်ဖြစ်တဲ့ M&M အမှတ်တံဆိပ်ကို မားစ် (Mars) ကနေ ထုတ်လုပ်ထားခြင်းဖြစ်ပြီး Uncle Ben’s Rice (ဆန်အမျိုးမျိုး)၊ Starburst နဲ့ Orbit အမှတ်တံဆိပ် ပီကေတို့ကိုလည်း ထုတ်လုပ်နေပါတယ်။

၇။ Coca-Cola

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၄၁.၉ဘီလီယံ

ကိုကာကိုလာ (Coca-Cola) အချိုရည်အပြင် Dasani (ရေသန့်ဘူး)၊ Fuze (အချိုရည်ဘူး) နဲ့ Honest Tea စတဲ့အမှတ်တံဆိပ်တွေကလည်း ကိုကာကိုလာက ထုတ်လုပ်ထားတဲ့ အမှတ်တံဆိပ်များဖြစ်ပါတယ်။

၈။ Unilever

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၄၈.၃ဘီလီယံ

ယူနီလီဗာ (Unilever) ကုမ္ပဏီက ထုတ်လုပ်ထားပြီး ကျော်ကြားတဲ့ ကုန်အမှတ်တံဆိပ်တွေကတော့ Axe (ဘော်ဒီစပရေးလ်)၊ Lipton (လက်ဖက်ရည်)၊ Magnum (ရေခဲချောင်း၊ ရေခဲမုန့်) နဲ့ Hellmann’s mayonnaise (မရောနိစ့်) အမှတ်တံဆိပ်တွေကလည်း ယူနီလီဗာကုမ္ပဏီရဲ့ အမှတ်တံဆိပ်တွေပဲ ဖြစ်ကြပါတယ်။

၉။ PepsiCo

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၆၂.၈ဘီလီယံ

Pepsi နဲ့ အခြားဆိုဒါဖျော်ရည်တွေအပြင် Quaker Oatmeal, Cheetos (မုန့်ချောင်းလေးများ) နဲ့ Tropicana (အချိုရည်ဘူး) စတဲ့ အမှတ်တံဆိပ်တွေကလည်း ပက်ပ်စီကို (PepsiCo) ကုမ္ပဏီက ထုတ်လုပ်ရောင်းချနေတဲ့ စားသောက်ကုန် အမှတ်တံဆိပ်တွေ ဖြစ်ပါတယ်။

၁ဝ။ Nestlé

၂ဝ၁၆ခုနှစ်ဝင်ငွေ – ဒေါ်လာ ၉ဝ.၂ဘီလီယံ

နက်စတယ်လ် (Nestlé) မှာ လူအများ သိပ်မသိသေးတဲ့ အမှတ်တံဆိပ်တွေကတော့ Gerber (ကလေးအာဟာရ စားစရာ)၊ Perrier (စပါကလင်အချိုရည်)၊ DiGiorno (ပီဇာ) နဲ့ Hot Pockets (ဆန်းဝှစ်ခ်ျ) စတဲ့အမှတ်တံဆိပ်တွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် Butterfinger နဲ့ KitKat စတဲ့ ချောကလက်အမှတ်တံဆိပ်တွေကိုလည်း နက်စတယ်လ်ကုမ္ပဏီကပဲ ထုတ်လုပ်ခြင်းဖြစ်ပါတယ်။

 

Credit : yoyarlay