Zawgyi ျဖင့္ဖတ္ရန္

ျမန္မာ လက္ေ႐ြးစင္ ေအာင္သူ ကေတာ့ ျမန္မာေဘာလုံးခ်စ္ ပရိသတ္ေတြရဲ႕ ရင္ထဲမွာ အၿမဲရွိေနသူေလးလည္းျဖစ္ပါတယ္။ယေန႔မွာေတာ့ ေအာင္သူရဲ႕ မိခင္ က ေအာင္သူ ငယ္ငယ္က ဘယ္ေလာက္ ေဘာလုံး႐ူးသြပ္ေၾကာင္းကို ေျပာျပလာခဲ့ပါတယ္။ေအာင္သူမိခင္က”ညီအကိုသုံးေယာက္စလုံး ေဘာလုံး ဝါသနာ ပါၾကပါတယ္။ေအာင္သူကေတာ့ အဆိုးဆုံးေပါ့။ တစ္ရက္မွာ ေက်ာင္းမသြားဘူး အားကစားသိပၸံ ကိုပဲပို႔ေပးဆိုၿပီးငိုေနတယ္။ သူ႔ အေဖ က ေခ်ာ့ေျပာၿပီးမရေတာ့ ခါးပတ္နဲ႔ လိုက္႐ိုက္မွပဲ ေက်ာင္းသြားေတာ့တယ္။”လို႔ေျပာတယ္။

 

ေအာင္သူအေမက “ေအာင္သူနဲ႔ မခြဲႏိုင္ဘူးဆိုၿပီး ပထမေတာ့ မပို႔ဘူး။ ေနာက္က်မွ အားကစားသိပၸံ ကဖုန္းဆက္ၿပီး ခင္ဗ်ားသားကအရည္အခ်င္းရွိတယ္။ ကေလးရဲ႕ အနာဂတ္ကိုမပိတ္ပင္ပါနဲ႔ ဆိုၿပီး ေျပာမွ သြားအေ႐ြးခံခိုင္းလိုက္တယ္။ မပါဘူးထင္တာပါသြားတယ္လို႔”ေျပာျပပါတယ္။ ေအာင္သူကေတာ့ “ေဘာလုံးနဲ႔ပညာေရး ႏွစ္ခုစလုံး သြားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ေဘာလုံးကို အရမ္းဝါသနာႀကီးတာေၾကာင့္ ပညာေရးကို ဆုံးရႈံးခံလိုက္ရတယ္”ဆိုၿပီး စိတ္မေကာင္းစြာ ေျပာဆိုထားပါတယ္။

 

ေအာင္သူက”အဓိကက အေဖပါပဲ။ အေဖက မရွိရွိရာ ရွာၿပီး အကုန္လိုက္လုပ္ေပးတယ္။စိတ္ဓာတ္က်ေနခ်ိန္မွာ အေဖက တြန္းအားေပးလို႔ ေအာင္သူျဖစ္လာတာပါ။ျမန္မာလူမ်ိဳးဆိုတာက သၾကၤန္က်ရင္ ေပ်ာ္ခ်င္ၾကတာေလ။ ကြၽန္ေတာ္ကေတာ့ ေလ့က်င့္ေနရလို႔ မေပ်ာ္ရဘူး။ကိုယ့္ႏိုင္ငံအတြက္ ႀကိဳးစားေနရတယ္ဆိုတဲ့ စိတ္နဲ႔ေျဖသိမ့္ေနရတယ္”လို႔ သနားစရာေျပာဆိုထားပါတယ္။ခ်စ္ပရိသတ္ႀကီးလည္း ေအာင္သူလိုမ်ိဳး ကိုယ့္ရည္မွန္းခ်က္ပန္းတိုင္ကို ဘယ္လိုအတားအဆီးရွိရွိ ေက်ာ္ျဖတ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ခငိဗ်ာ။

 

Source : BBC

 

Unicode ဖြင့်ဖတ်ရန်

ငယ်ငယ်ကဘောလုံး နဲ့ပတ်သတ်ပြီး ခါးပတ်နဲ့ရိုက်ခံရသည်အထိ ဖြစ်ခဲ့တဲ့ သနားစရာဘဝကိုပြောပြလာခဲ့တဲ့ အောင်သူ

မြန်မာလက်ရွေးစင်အောင်သူကတော့ မြန်မာဘောလုံးချစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိနေသူလေးလည်းဖြစ်ပါတယ်။ယနေ့မှာတော့ အောင်သူရဲ့ မိခင်က အောင်သူငယ်ငယ်က ဘယ်လောက် ဘောလုံးရူးသွပ်ကြောင်းကို ပြောပြလာခဲ့ပါတယ်။အောင်သူမိခင်က”ညီအကိုသုံးယောက်စလုံး ဘောလုံးဝါသနာ ပါကြပါတယ်။အောင်သူကတော့ အဆိုးဆုံးပေါ့။ တစ်ရက်မှာ ကျောင်းမသွားဘူး အားကစားသိပ္ပံ ကိုပဲပို့ပေးဆိုပြီးငိုနေတယ်။ သူ့အဖေက ချော့ပြောပြီးမရတော့ ခါးပတ်နဲ့ လိုက်ရိုက်မှပဲ ကျောင်းသွားတော့တယ်။”လို့ပြောတယ်။

 

အောင်သူအမေက “အောင်သူနဲ့ မခွဲနိုင်ဘူးဆိုပြီး ပထမတော့ မပို့ဘူး။ နောက်ကျမှ အားကစားသိပ္ပံ ကဖုန်းဆက်ပြီး ခင်ဗျားသားကအရည်အချင်းရှိတယ်။ ကလေးရဲ့ အနာဂတ်ကိုမပိတ်ပင်ပါနဲ့ ဆိုပြီး ပြောမှ သွားအရွေးခံခိုင်းလိုက်တယ်။ မပါဘူးထင်တာပါသွားတယ်လို့”ပြောပြပါတယ်။ အောင်သူကတော့ “ဘောလုံးနဲ့ပညာရေး နှစ်ခုစလုံး သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘောလုံးကို အရမ်းဝါသနာကြီးတာကြောင့် ပညာရေးကို ဆုံးရှုံးခံလိုက်ရတယ်”ဆိုပြီး စိတ်မကောင်းစွာ ပြောဆိုထားပါတယ်။

 

အောင်သူက”အဓိကက အဖေပါပဲ။ အဖေက မရှိရှိရာ ရှာပြီး အကုန်လိုက်လုပ်ပေးတယ်။စိတ်ဓာတ်ကျနေချိန်မှာ အဖေက တွန်းအားပေးလို့ အောင်သူဖြစ်လာတာပါ။မြန်မာလူမျိုးဆိုတာက သင်္ကြန်ကျရင် ပျော်ချင်ကြတာလေ။ ကျွန်တော်ကတော့ လေ့ကျင့်နေရလို့ မပျော်ရဘူး။ကိုယ့်နိုင်ငံအတွက် ကြိုးစားနေရတယ်ဆိုတဲ့ စိတ်နဲ့ဖြေသိမ့်နေရတယ်”လို့ သနားစရာပြောဆိုထားပါတယ်။ချစ်ပရိသတ်ကြီးလည်း အောင်သူလိုမျိုး ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုအတားအဆီးရှိရှိ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခငိဗျာ။

 

Source : BBC