Zawgyi ဖြင့်ဖတ်ရန်
1. Fu Sheng
2.Valad III
3. Idi Amin Dada
4. Ivan the IV
6. Queen Ranavalona
Writer – Htet Htet
Unicode ဖြင့်ဖတ်ရန်
သမိုင်းတွင်အောင် ရက်စက်ခဲ့ကြတဲ့ မင်းဆိုးမင်းညစ် ( ၆ ) ဦး
လူတွေကိုနှိပ်စက် ၊ ခေါင်းဖြတ် ၊အရှင်လတ်လတ်မီးရှို့ ၊ အရေခွံနွာ အစရှိတာတွေဟာ Game of Throme ထဲမှာရှိတာမဟုတ်ပါဘူး။
အပြင်လောကမှာလည်းတကယ်တမ်းရှိခဲ့ဖူးတယ်။အခုဒီမင်း ၆ ပါးကတော့ ကမ္ဘာပေါ်မှာ ရှိခဲ့ဖူးတဲ့ အဆိုးဆုံးမင်း ပါးပဲဖြစ်ပါတယ် ။
1. Fu Sheng
သင့်ကိုလှောင်တဲ့သူတစ်ယောက်ကိုသတ်မပစ်ချင်ဘူးလား။ဒီမျက်စိတစ်ဖက်ပဲရှိတဲ့မင်းကတော့ တကယ်လုပ်တယ်။
Fu Sheng ဘုရင်ရဲ့နားမှာဆိုရင် လူတွေက အပြောအဆိုအရမ်းကိုဂရုစိုက်ရတယ်။ဘာကြောင့်လည်းဆိုတော့ ပျောက်နေတယ် ၊ လပ်နေတယ် ၊မရှိဘူး ဆိုတဲ့စကားလုံးတွေပြောရင်သူ့ကိုလှောင်တယ်လို့ထင်တဲ့အတွက်ပဲ။ဗေဒင်ပညာရှင်တွေက Fu Sheng လုပ်နေတဲ့ကိစ္စတွေကိုမရပ်ရင် သေခြင်းတွေအများကြီးဖြစ်လာမယ်လို့သတိပေးခဲ့ကြပေမယ့် သူမရပ်ခဲ့ဘူး။လူတွေကို ရက်ရက်စက်စက်ပြုမှု ၊ အရှင်လတ်လတ်အရေခွံနွှာတဲ့လုပ်ရပ်တွေကြောင့်လူတွေကမကြည်တော့ဘူး။သူ့ရဲ့ လုပ်ရပ်တွေကို အရာရှိတွေနဲ့ သူတို့ရဲ့ကလေးတွေ မြေးတွေတောင် ခံရပါတယ်။ပြောရရင်သူ့မိန်းမနဲ့ ယောက္ခကိုမတောင် သတ်ပစ်ခဲ့တဲ့ဘုရင်ပါပဲ။နောက်ဆုံးတော့ သေတဲ့အထိ မြင်းနဲ့တရွတ်တိုက်ဆွဲခံရပြီး နိဂုံးချုပ်သွားခဲ့ပါတယ်။
2.Valad III
သူက ကျွန်တော်တို့ကြည့်နေကြကားတွေထဲက ဒရက်ကူလာများလားမသိဘူး။တကယ်တော့မဟုတ်ပါဘူး.။Cald the Imapler ဟာ နိုင်ငံသူရဲကောင်းအဖြစ်ရောမမှာကျော်ကြားပါတယ်။သူဟာ Wallachia ရဲ့မိသားတစ်ပါး ၊ ခရစ်ယာန်တွေရဲ့ကာကွယ်သူ ၊ ရောမသမိုင်းမှာ အရက်စက်ဆုံး အုပ်ချုပ်သူတစ်ဦးဖြစ်တယ်။ဒဏ္ဍာရီအရဆိုရင် သူ့နဲ့အာဏာပြိုင်ချင်တဲ့ပြိုင်ဘက်တွေကို သူ့အိမ်တော်ကိုဖိတ်ပြီးတော့ သတ်ပစ်ပြီး ဆူးနဲ့ထိုးထားပါတယ်..ဒီသတ်ဖြတ်မှုဟာ ရန်သူတွေကိုလည်းထိတ်လန့်စေတယ်လို့ Valad III ကယုံထားပါတယ်။
သမိုင်းတစ်လျောက်သူသတ်ခဲ့တဲ့ လူပေါင်း ၈ သောင်းလောက်ရှိမယ်လို့ယူဆရတယ်။စစ်ပွဲမှာကျသွားတဲ့အခါမှာတော့ Valad ရဲ့ခေါင်းကိုဖြတ်ယူသွားကြပြီး ဆူးပေါ်မှာစိုက်ထားခဲ့ကြပါတယ်။
3. Idi Amin Dada
ယူဂန်ဒါ ရဲ့ အသားသည်လို့သိကြတဲ့ Idi Ami Dada ကတော့ရက်စက်မှုနဲ့ကျော်ကြားတဲ့သူပါပဲ။သူ့ရဲ့ရန်သူလို့ထင်တဲ့သူတိုင်းကို သတ်ပစ်ဖို့အမိန့်ပေးလေ့ရှိတဲ့ အရူးတစ်ယောက်ပါပဲ။စစ်သားတွေလည်းဗုံးထိဓါးထိုးခံပြီးသေရတယ်။ပြည်သူတွေလည်း အဆိပ်ငွေ့ဗုံးတွေ မီးရှို့တာတွေခံရပြီး သေဆုံးရတယ်။ပြောရရင်သူက လူသားစားတဲ့သူတစ်ယောက်ပဲ။ညစာတိုင်းမှာလူသားစားပြီးလူသွေးသောက်လေ့ရှိတယ်တဲ့..။သမိုင်းတစ်လျောက်သူသတ်ခဲ့တဲ့သူပေါင်း လူ ၃ သိန်းကနေ ၅ သိန်းလောက်ရှိမယ်လို့ယူဆရတယ်။
4. Ivan the IV
မော်စကိုနိုင်ငံရဲ့မင်းသား ၊ ပထမဆုံးရုရှားစစ်ဘုရင်တစ်ယောက်ဖြစ်တဲ့ Ivan the IV ဟာ သူ့တစ်သက်တာလုံးစစ်ပွဲတွေဆင်နွဲပြီးရုရှားပြည်ကိုပြန်လည်ပုံသွင်းခဲ့တယ်။သူ့ရဲ့ကြမ်းကြုတ်မှုနဲ ရက်စက်မှုကြောင့် စစ်ပွဲတိုင်းမှာ လူအစုလိုက်အပြုံလိုက်သေရတယ်။သူ့ရဲ့မယုံကြည်တဲ့စိတ်ဓါတ်ကြောင့် ဒဏ်ရာရသေဆုံးသူ ၃ ထောင်ကျော်ရှိတယ်…။သူ့ကိုလုပ်ကြံတယ်လို့ယူဆရတဲ့သူတွေကိုလည်း ကွပ်မျက်ပစ်တယ်။ထို့အပြင် သူ့သားကိုတောင် သူသေတဲ့အထိတုတ်တစ်ချောင်းနဲ့ရိုက်နှက်ခဲ့ဖူးတယ်။
5. အင်္ဂလန်ရဲ့ Queen Mary
ကတ်သလစ်တွေပြောကြတဲ့ Blood Mary ဆိုတာကို သိကြမှာပါ…။အဲ့ဒီအချိန်တုန်းက အင်္ဂလန်မှာနေထိုင်သူအများစုက ပရိုတက်စတင့်တွေပဲ။မေရီဟာ ဒါကိုသဘောမကျတဲ့အတွက် ကတ်သလစ်မဟုတ်တဲ့သူအားလုံးကိုမီးရှို့သတ်ပစ်ဖို့အမိန့်ပေးခဲ့တယ်။မေရီ နဲ့သူ့အဖေကလည်း ငယ်ငယ်ထဲက သိပ်ပြီးတော့ အစေးမကပ်ကြဘူး။သူ့အမေနဲ့အဖေ ဟာ ဗာတီကန် က ချက်ကျောင်း မှာ ကွာရှင်းခဲ့ပြီး သူ့ကိုမျိုးမစစ်အဖြစ်သတ်မှတ်ခဲ့တယ်။ဟင်နီဟာ နိုင်ငံကိုအုပ်ချုပ်ဖို့သားတစ်ယောက်လိုချင်ခဲ့တာဖြစ်ပြီး သမီးတစ်ယောက်လိုချင်ခဲ့တာမဟုတ်ခဲ့ဘူး။မေရီဟာ ပရိုတက်စတင့်ဘာသာဝင်ပေါင်း ၃ရာလောက်ကိုစီရင်ခဲ့တယ်။ငါးနှစ်အကြာမှာတော့ Elizabethan ခေတ်စတင်ခဲ့တာပေါ့…။မေရီကတော့သူ့ညီမကိုကျေနပ်မှာမဟုတ်ဘူး..ဘာကြောင့်လဲဆိုတော့ Elizabeth I ဟာ ပရိုတက်စတင့်တစ်ယောက်ဖြစ်နေလို့ပါပဲ။
6. Queen Ranavalona
ကြက်သားစားရတာသဘောကျလား။ဒီဘုရင်မကတော့ အဆိပ်ခပ်ထားတဲ့ ကြက်အရေခွံသုံးခုကိုစားစေပြီးသစ္စာရှိကြောင်းစမ်းသပ်တယ်။ဒီကြက်အရေခွံတွေအကုန်ပြန်အန်ထွက်လာရင်သစ္စာရှိတယ်လို့သတ်မှတ်တယ်။Ranavalona ဟာ သာမန်လူတစ်ယောက်ဖြစ်ခဲ့တာဆိုပေမယ့် ဘုရင့်သားနဲ့လက်ထပ်ခဲ့တဲ့အတွက် အခုလိုကံကောင်းသွားခဲ့တာပါ။ဘုရင်ကြီးအနားယူသွားတဲ့အခါ မင်းသားက ဘုရင်နေရာယူရတာပေါ့။ဒါပေမယ့်မင်းသားဟာလည်းခေါင်းထဲမှာခံစားရတဲ့ဝေဒနာကိုမခံနိုင်တော့တဲ့အတွက် ကိုယ့်လည်ပင်းကိုကိုယ်လှီးပြီးအဆုံးစီရင်သွားပါတယ်။ဘာလို့ခေါင်းကိုက်ဝေဒနာခံစားရလဲဆိုတော့ သူ့ရဲ့ချစ်ဇနီးမနက်တိုင်းဖျော်တိုက်နေတဲ့ကော်ဖီထဲက ဆိုင်ယာနိုက်သကြားခဲတွေကြောင့်ပေါ့။Ranavalona ဟာသူ့ပုလ္လင်မဆုံးရှုံးစေဖို့အတွက် ဆက်ခံမယ်သူတိုင်းကိုသတ်ရင်သတ်..မဟုတ်ရင်လည်း ထောင်ထဲမှာ ငတ်ပြတ်ပြီးသေအောင် ထားလေ့ရှိတယ်။
Writer – Htet Htet