Zawgyi ျဖင့္ဖတ္ရန္

သူမ သာ အသက္ႀကီးလာရင္ လူထုအက်ိဳးျပဳသူေလးျဖစ္လာမယ္ထင္ပါရဲ႕။တစ္ေန႔တစ္ျခားရက္စက္ၾကမ္းၾကဳတ္လာတဲ့ လူမႈဝန္းက်င္ႀကီးမွာဒီလိုအလင္းတန္းေလးေတြကပဲေနေပ်ာ္စရာျဖစ္ေအာင္ဖန္တီးေပးဟန္တူပါရဲ႕။ အၾကင္နာတရားနဲ႔ကိုယ္ခ်င္းစာတရားဆိုတာေတြကို လူႀကီး ေတြက အသုံးျပဳဖို႔ခံစားဖို႔ေမ့ေနၾကစဥ္မွာ ကေလး ေတြကေတာ့ အလိုအေလ်ာက္ကို ႏွလုံးသားထဲစိမ့္ဝင္ခံစားတတ္ေနၿပီျဖစ္ပါတယ္။ကေလး ေတြရဲ႕ျဖဴစင္မႈ မွာသာျမင္ႏိုင္တဲ့အေရာင္ရွိခဲ့မယ္ဆိုရင္ အဲဒီအေရာင္ကသိပ္ကိုေတာက္ပလြန္းလို႔ရွိသမွ် လူႀကီး ေတြတိုင္းကိုမ်က္စိႏွစ္ကြင္းအလင္းကြယ္ေပ်ာက္ေစမလားလို႔ေတာင္ေတြးမိပါတယ္။


ေကာင္မေလး နာမည္ က Payton ပါ။ Payton က အသက္ေျခာက္ႏွစ္သာရွိပါေသးတယ္။Payton က စာေတာ္လို႔ ေက်ာင္းရဲ႕အထူးတန္းကိုတက္လွမ္းခဲ့ပါတယ္။အဲ့ဒီအတြက္သူမေ႐ြးခ်ယ္ခဲ့တဲ့အခြင့္အေရးကေတာ့ ေက်ာင္းရဲ႕ေန႔လည္စာစားခ်ိန္မွာ သူမႀကိဳက္တဲ့သူငယ္ခ်င္းတစ္ဦးနဲ႔အတူတူထိုင္ဖို႔ပဲျဖစ္ပါတယ္။Paytonရဲ႕ ဆရာမ က အတန္းထဲက popular ျဖစ္တဲ့ကေလးေတြထဲမွာ Payton အေနနဲ႔ ဘယ္သူ႔ကိုအတူထိုင္ဖို႔ေ႐ြးမလဲဆိုတာစိတ္ဝင္စားေနခဲ့ပါတယ္။Payton ေလးရဲ႕ေ႐ြးခ်ယ္မႈက႐ိုးရွင္းခဲ့ပါတယ္။ Payton က အတန္းထဲမွာ ဘယ္သူကမွေ႐ြးခ်ယ္တာမခံရတဲ့ ေကာင္ေလး ကိုေ႐ြးခ်ယ္ခဲ့ပါတယ္။ အဲဒီျဖစ္ရပ္ဟာ ေကာင္ေလးအတြက္ ကံေကာင္းမႈႀကီးတစ္ခုလိုပါပဲ။ဘာေၾကာင့္ဆိုၾကင္နာျခင္းနဲ႔ကိိုယ္ခ်င္းစာနာမႈကိုျပသခဲ့တဲ့ Payton ရဲ႕လုပ္ရပ္ေၾကာင့္ေနာက္ပိုင္းမွာအတန္းထဲကအျခားသူငယ္ခ်င္းေတြကပါ ေကာင္ေလးကို ေ႐ြးခ်ယ္လာၿပီး ေကာင္ေလးအေနနဲ႔ လူဝင္ဆံ့လာလို႔ပဲျဖစ္ပါတယ္။Payton က အသက္ေျခာက္ႏွစ္ပဲရွိပါေသးတယ္။ ဒါေပမယ့္ ေကာင္ေလးတစ္ေယာက္ရဲ႕ဘဝ ကိုေျပာင္းလဲေပးလိုက္ပါၿပီ။

ဒီအေၾကာင္းကိို Payton ရဲ႕ဆရာမက Payton ေလးရဲ႕မိဘေတြဆီကိုပို႔စ္ကဒ္ေလးနဲ႔အေၾကာင္းၾကားခဲ့ပါတယ္။

Postcard ေလးထဲမွာ

“ကေလးေတြက အၾကင္နာတရားနဲ႔ကိုယ္ခ်င္းစာတရားေတြကိုသူတို႔ရဲ႕မိသားစုေတြဆီကေနအမ်ားဆုံးသင္ယူရတာပါ။Paytonရဲ႕မိဘေတြက တကယ့္ကိုအံ့ၾသစရာေတာက္ပလင္းလက္တဲ့ ကေလးတစ္ေယာက္ကိုျပဳစုပ်ိဳးေထာင္ေပးေနတာပါပဲ။ေက်းဇူးတင္ပါတယ္။ မူႀကိဳကေလးေတြကိုစာသင္ရတာ ကြၽန္မဘာလို႔အၿမဲတမ္းေပ်ာ္႐ႊင္ခဲ့ရသလဲဆိုတာကိုPayton က ျပန္လည္မွတ္မိေစခဲ့ပါတယ္။”လု႔ိေရးသားထားပါေသးတယ္။

 

Payton လို ကေလးမ်ိဳးေတြမ်ားမ်ားရွိရင္ကမာၻႀကီးဟာေနခ်င့္စဖြယ္သာယာလွပလာဦးမွာပါပဲ။

 

Credit : Buzzy

Unicode ဖြင့်ဖတ်ရန်

အသက်ခြောက်နှစ်ပဲရှိသေးပေမယ့် အခြားသူတစ်ဦးရဲ့ဘဝကိုလွယ်လင့်တကူပြောင်းလဲပေးလိုက်နိုင်တဲ့ ကောင်မလေး

သူမ သာ အသက်ကြီးလာရင် လူထုအကျိုးပြုသူလေးဖြစ်လာမယ်ထင်ပါရဲ့။

တစ်နေ့တစ်ခြားရက်စက်ကြမ်းကြုတ်လာတဲ့ လူမှုဝန်းကျင်ကြီးမှာဒီလိုအလင်းတန်းလေးတွေကပဲနေပျော်စရာဖြစ်အောင်ဖန်တီးပေးဟန်တူပါရဲ့။ အကြင်နာတရားနဲ့ကိုယ်ချင်းစာတရားဆိုတာတွေကိုလူကြီးတွေက အသုံးပြုဖို့ခံစားဖို့မေ့နေကြစဉ်မှာ ကလေးတွေကတော့ အလိုအလျောက်ကို နှလုံးသားထဲစိမ့်ဝင်ခံစားတတ်နေပြီဖြစ်ပါတယ်။ကလေးတွေရဲ့ဖြူစင်မှုမှာသာမြင်နိုင်တဲ့အရောင်ရှိခဲ့မယ်ဆိုရင် အဲဒီအရောင်ကသိပ်ကိုတောက်ပလွန်းလို့ရှိသမျှလူကြီးတွေတိုင်းကိုမျက်စိနှစ်ကွင်းအလင်းကွယ်ပျောက်စေမလားလို့တောင်တွေးမိပါတယ်။

ကောင်မလေးနာမည်က Payton ပါ။ Payton က အသက်ခြောက်နှစ်သာရှိပါသေးတယ်။Payton က စာတော်လို့ ကျောင်းရဲ့အထူးတန်းကိုတက်လှမ်းခဲ့ပါတယ်။အဲ့ဒီအတွက်သူမရွေးချယ်ခဲ့တဲ့အခွင့်အရေးကတော့ ကျောင်းရဲ့နေ့လည်စာစားချိန်မှာ သူမကြိုက်တဲ့သူငယ်ချင်းတစ်ဦးနဲ့အတူတူထိုင်ဖို့ပဲဖြစ်ပါတယ်။Paytonရဲ့ ဆရာမက အတန်းထဲက popular ဖြစ်တဲ့ကလေးတွေထဲမှာ Payton အနေနဲ့ ဘယ်သူ့ကိုအတူထိုင်ဖို့ရွေးမလဲဆိုတာစိတ်ဝင်စားနေခဲ့ပါတယ်။Payton လေးရဲ့ရွေးချယ်မှုကရိုးရှင်းခဲ့ပါတယ်။ Payton က အတန်းထဲမှာ ဘယ်သူကမှရွေးချယ်တာမခံရတဲ့ကောင်လေးကိုရွေးချယ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ကောင်လေးအတွက် ကံကောင်းမှုကြီးတစ်ခုလိုပါပဲ။ဘာကြောင့်ဆိုကြင်နာခြင်းနဲ့ကိုယ်ချင်းစာနာမှုကိုပြသခဲ့တဲ့ Payton ရဲ့လုပ်ရပ်ကြောင့်နောက်ပိုင်းမှာအတန်းထဲကအခြားသူငယ်ချင်းတွေကပါ ကောင်လေးကို ရွေးချယ်လာပြီး ကောင်လေးအနေနဲ့ လူဝင်ဆံ့လာလို့ပဲဖြစ်ပါတယ်။Payton က အသက်ခြောက်နှစ်ပဲရှိပါသေးတယ်။ ဒါပေမယ့် ကောင်လေးတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးလိုက်ပါပြီ။

 

ဒီအကြောင်းကို Payton ရဲ့ဆရာမက Payton လေးရဲ့မိဘတွေဆီကိုပို့စ်ကဒ်လေးနဲ့အကြောင်းကြားခဲ့ပါတယ်။

Postcard လေးထဲမှာ

“ကလေးတွေက အကြင်နာတရားနဲ့ကိုယ်ချင်းစာတရားတွေကိုသူတို့ရဲ့မိသားစုတွေဆီကနေအများဆုံးသင်ယူရတာပါ။Paytonရဲ့မိဘတွေက တကယ့်ကိုအံ့သြစရာတောက်ပလင်းလက်တဲ့ ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ပေးနေတာပါပဲ။ကျေးဇူးတင်ပါတယ်။ မူကြိုကလေးတွေကိုစာသင်ရတာ ကျွန်မဘာလို့အမြဲတမ်းပျော်ရွှင်ခဲ့ရသလဲဆိုတာကိုPayton က ပြန်လည်မှတ်မိစေခဲ့ပါတယ်။”လု့ိရေးသားထားပါသေးတယ်။

 

Payton လို ကလေးမျိုးတွေများများရှိရင်ကမ္ဘာကြီးဟာနေချင့်စဖွယ်သာယာလှပလာဦးမှာပါပဲ။

 

Credit : Buzzy