Zawgyi ျဖင့္ဖတ္ရန္

မက္ဆီ အတြက္ ငါးႀကိမ္ေျမာက္ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။ ဘာစီလိုနာ အသင္းရဲ႕ အာဂ်င္တီးနားတိုက္စစ္မႉး လီယြန္နယ္မက္ဆီ ဟာ ၂၀၁၇-၁၈ ေဘာလုံးရာသီရဲ႕ ဥေရာပေ႐ႊဖိနပ္ဆုကို သြင္းဂိုး (၃၄) ဂိုး ရယူၿပီးေတာ့ ဆြတ္ခူးသြားခဲ့ၿပီ ျဖစ္ပါတယ္။ ရီးရဲလ္ ဆိုဆီဒတ္အသင္းကို (၁-ဝ) ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အရန္ကစားသမားအျဖစ္သာ ပါဝင္လာခဲ့တဲ့ မက္ဆီဟာ လာလီဂါပီခ်ီခ်ီဆုနဲ႔အတူ ဥေရာပ ဂိုးသြင္း ဘုရင္ဆု ကိုပါ ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပိ ျဖစ္ပါတယ္။

 

လာလီဂါသြင္းဂိုး (၃၄) ဂိုး ရရွိခဲ့တဲ့အတြက္ မက္ဆီဟာ အမွတ္ေပးတြက္ခ်က္မႈအရ ရမွတ္ (၆၈) မွတ္ရရွိခဲ့ၿပီး အနီးစပ္ဆုံးၿပိဳင္ဘက္ျဖစ္တဲ့ မိုဟာမက္ဆာလာထက္ (၄)မွတ္အသာရရွိခဲ့သလို စပါးတိုက္စစ္မႉး ဟာရီကိန္းကို (၈) မွတ္အထိ ေနာက္ေကာက္ခ်ကာ ဥေရာပေ႐ႊဖိနပ္ဆုကို ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

လိဂ္အဆင့္အတန္းမ်ားေပၚ မူတည္ၿပီးေတာ့ အမွတ္ေပးတြက္ခ်က္တာျဖစ္ၿပီး မက္ဆီနဲ႔ သြင္းဂိုးတူညီေနခဲ့တဲ့ ဘင္ဖီကာ တိုက္စစ္မႉး ဂ်ိဳးနက္စ္ကေတာ့ သြင္းဂိုးတစ္ဂိုးအတြက္ ရမွတ္ (၁.၅) မွတ္သာ ရရွိခဲ့တာေၾကာင့္ (၅၁) မွတ္သာ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

 

ဥေရာပဂိုးသြင္းဘုရင္စာရင္းမွာေတာ့ မက္ဆီက ထိပ္ဆုံးက ရပ္တည္ခဲ့ၿပီး သူ႔ရဲ႕ေနာက္မွာ ပရီးမီးယားလိဂ္တိုက္စစ္မႉးမ်ား ျဖစ္တဲ့ ဆာလာက (၃၂) ဂိုး၊ ဟာရီကိန္းက ဂိုး(၃၀) နဲ႔ အသီးသီးရပ္တည္ေနခဲ့ၾကပါတယ္။ ထို႔ေနာက္မွာေတာ့ လာဇီယိုတိုက္စစ္မႉး အီမိုဘီလီက သြင္းဂိုး (၂၉) (ိုး၊ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါစကီးကလည္း (၂၉) ဂိုးနဲ႔ ရပ္တည္ႏိုင္ခဲ့ပါတယ္။

 

အင္တာတိုက္စစ္မႉး အီကာဒီကလည္း (၂၉) ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ပီအက္စ္ဂ်ီတိုက္စစ္မႉး ကာဗာနီက ၂၈ဂိုး ရရွိခဲ့ပါတယ္။ ထိပ္တန္းတိုက္စစ္မႉးေတြရဲ႕ ၿပိဳင္ဆိုင္မႈျပင္းထန္ပုံကို အဆိုပါ စာရင္းကို ၾကည့္ရႈၿပီး သိရွိႏိုင္မွာလည္း ျဖစ္ပါတယ္။

 

မက္ဆီရဲ႕ အဓိကၿပိဳင္ဘက္ႀကီး စီေရာ္နယ္ဒိုကေတာ့ သြင္းဂိုး (၂၆) ဂိုးသာ ရရွိခဲ့ၿပီး အဆင့္ (၉) မွာ ရပ္တည္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ မက္ဆီအတြက္ေတာ့ ပီခ်ီခ်ီဆုကို ငါးႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ၿပီး စီေရာ္နယ္ဒိုကေတာ့ (၃) ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဥေရာပ ေ႐ႊဖိနပ္ဆုကိုလည္း မက္ဆီက ငါးႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ၿပီး စီေရာ္နယ္ဒိုကေတာ့ (၄) ႀကိမ္ ရရွိထားခဲ့ပါတယ္။ မက္ဆီဟာ လာလီဂါမွာ သြင္းဂိုး (၃၀) နဲ႔ အထက္ သြင္းယူႏိုင္ခဲ့တဲ့ ေဘာလုံးရာသီ (၇) ႀကိမ္ရွိခဲ့ၿပီးေတာ့ စံခ်ိန္သစ္တင္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

 

ဘာစီလိုနာအသင္းနဲ႔အတူ ျပည္တြင္းဆုဖလား (၂)လုံး ရရွိခဲ့တဲ့ လီယြန္နယ္မက္ဆီဟာ အာဂ်င္တီးနားအသင္းရဲ႕ အဓိကတိုက္စစ္မႉးလည္း ျဖစ္ၿပီး ၂၀၁၈ ႐ုရွကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ႏိုင္ငံအသင္းကို ဦးေဆာင္ၿပီးေတာ့ ကစားရမွာလည္း ျဖစ္ပါတယ္။ မက္ဆီအတြက္ ဒီႏွစ္ ကမာၻ႔ဖလားဟာ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ျဖစ္ၿပီးေတာ့ ကမာၻ႔ဖလားရရွိေအာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားသြားမယ္လို႔လည္း မက္ဆီက ႀကဳံးဝါးထားတာ ျဖစ္ပါတယ္။

Credit : Duwun

 

Unicode ဖြင့်ဖတ်ရန်

ဥရောပရွှေဖိနပ်ဆုကို မက်ဆီ ဆွတ်ခူးခဲ့ပြီး စီရော်နယ်ဒို အဆင့် (၉) နေရာတွင်သာ ရပ်တည်နိုင်ခဲ့

မက်ဆီအတွက် ငါးကြိမ်မြောက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ၂၀၁၇-၁၈ ဘောလုံးရာသီရဲ့ ဥရောပရွှေဖိနပ်ဆုကို သွင်းဂိုး (၃၄) ဂိုး ရယူပြီးတော့ ဆွတ်ခူးသွားခဲ့ပြီ ဖြစ်ပါတယ်။ ရီးရဲလ်ဆိုဆီဒတ်အသင်းကို (၁-ဝ) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်သာ ပါဝင်လာခဲ့တဲ့ မက်ဆီဟာ လာလီဂါပီချီချီဆုနဲ့အတူ ဥရောပဂိုးသွင်းဘုရင်ဆုကိုပါ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြိ ဖြစ်ပါတယ်။

 

လာလီဂါသွင်းဂိုး (၃၄) ဂိုး ရရှိခဲ့တဲ့အတွက် မက်ဆီဟာ အမှတ်ပေးတွက်ချက်မှုအရ ရမှတ် (၆၈) မှတ်ရရှိခဲ့ပြီး အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ မိုဟာမက်ဆာလာထက် (၄)မှတ်အသာရရှိခဲ့သလို စပါးတိုက်စစ်မှူး ဟာရီကိန်းကို (၈) မှတ်အထိ နောက်ကောက်ချကာ ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

လိဂ်အဆင့်အတန်းများပေါ် မူတည်ပြီးတော့ အမှတ်ပေးတွက်ချက်တာဖြစ်ပြီး မက်ဆီနဲ့ သွင်းဂိုးတူညီနေခဲ့တဲ့ ဘင်ဖီကာ တိုက်စစ်မှူး ဂျိုးနက်စ်ကတော့ သွင်းဂိုးတစ်ဂိုးအတွက် ရမှတ် (၁.၅) မှတ်သာ ရရှိခဲ့တာကြောင့် (၅၁) မှတ်သာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

ဥရောပဂိုးသွင်းဘုရင်စာရင်းမှာတော့ မက်ဆီက ထိပ်ဆုံးက ရပ်တည်ခဲ့ပြီး သူ့ရဲ့နောက်မှာ ပရီးမီးယားလိဂ်တိုက်စစ်မှူးများ ဖြစ်တဲ့ ဆာလာက (၃၂) ဂိုး၊ ဟာရီကိန်းက ဂိုး(၃၀) နဲ့ အသီးသီးရပ်တည်နေခဲ့ကြပါတယ်။ ထို့နောက်မှာတော့ လာဇီယိုတိုက်စစ်မှူး အီမိုဘီလီက သွင်းဂိုး (၂၉) (ိုး၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကလည်း (၂၉) ဂိုးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

 

အင်တာတိုက်စစ်မှူး အီကာဒီကလည်း (၂၉) ဂိုး သွင်းယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီက ၂၈ဂိုး ရရှိခဲ့ပါတယ်။ ထိပ်တန်းတိုက်စစ်မှူးတွေရဲ့ ပြိုင်ဆိုင်မှုပြင်းထန်ပုံကို အဆိုပါ စာရင်းကို ကြည့်ရှုပြီး သိရှိနိုင်မှာလည်း ဖြစ်ပါတယ်။

 

မက်ဆီရဲ့ အဓိကပြိုင်ဘက်ကြီး စီရော်နယ်ဒိုကတော့ သွင်းဂိုး (၂၆) ဂိုးသာ ရရှိခဲ့ပြီး အဆင့် (၉) မှာ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မက်ဆီအတွက်တော့ ပီချီချီဆုကို ငါးကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုကတော့ (၃) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဥရောပ ရွှေဖိနပ်ဆုကိုလည်း မက်ဆီက ငါးကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုကတော့ (၄) ကြိမ် ရရှိထားခဲ့ပါတယ်။ မက်ဆီဟာ လာလီဂါမှာ သွင်းဂိုး (၃၀) နဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ ဘောလုံးရာသီ (၇) ကြိမ်ရှိခဲ့ပြီးတော့ စံချိန်သစ်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

 

ဘာစီလိုနာအသင်းနဲ့အတူ ပြည်တွင်းဆုဖလား (၂)လုံး ရရှိခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ အဓိကတိုက်စစ်မှူးလည်း ဖြစ်ပြီး ၂၀၁၈ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နိုင်ငံအသင်းကို ဦးဆောင်ပြီးတော့ ကစားရမှာလည်း ဖြစ်ပါတယ်။ မက်ဆီအတွက် ဒီနှစ် ကမ္ဘာ့ဖလားဟာ နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပြီးတော့ ကမ္ဘာ့ဖလားရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့လည်း မက်ဆီက ကြုံးဝါးထားတာ ဖြစ်ပါတယ်။

Credit : Duwun