Zawgyi ျဖင့္ဖတ္ရန္

သူ႔အစားကိုယ္ေတာင္ေပ်ာ္မိ…ေၾကာက္ရင္လြဲ ရဲမင္းျဖစ္..ဆိုတဲ့စကားပုံလည္းအရွိသားပဲမဟုတ္လား။မျဖစ္ႏိုင္ဘူးလို႔ေတြးမိရင္ေတာင္ ေမွ်ာ္လင့္ခ်က္လက္က်န္ေလးနဲ႔ ႀကိဳးစားလုပ္ေဆာင္ၾကည့္ရာကမယုံႏိုင္ဖြယ္ကိစၥရပ္ေတြျဖစ္လာတဲ့သာဓကေတြလည္းအမ်ားႀကီးရွိပါတယ္။အဲ့ဒီသာဓကေတြထဲမွာအသက္ 18 ႏွစ္အ႐ြယ္ Katie Kelzenberg ဆိုတဲ့ေကာင္မေလးရဲ႕ျဖစ္ရပ္ကိုပါေပါင္းထည့္ေပးရေတာ့မွာပါ။

ခုုရာသီဟာ စီနီယာအထက္တန္းေက်ာင္းသူေက်ာင္းသားေတြအတြက္ေက်ာင္းကပြဲေတြ ျပဳလုပ္ေနတဲ့ရာသီျဖစ္တဲ့အတိုင္း ေက်ာင္းသူေက်ာင္းသားေတြဟာလည္း ကိုယ္ႀကိတ္ေႂကြရတဲ့သူနဲ႔အတူတြဲကခြင့္ရဖို႔အၿပိဳင္အဆိုင္ႀကိဳးစားေနၾကခ်ိန္လည္းျဖစ္ပါတယ္။ ဒါေပမယ့္ Katie မွာေတာ့ ေက်ာင္းကပြဲကိုအတူတြဲတက္ရမယ့္သူမရွိရွာပါဘူး။ဒါေၾကာင့္သူမ အ႐ူးအမူးစြဲလန္းရတဲ့ မင္းသား The Rock ကို ေက်ာင္းကပြဲမွာ သူမနဲ႔အတူတက္ေပးဖို႔ဖိတ္ေခၚတဲ့ Video ေလးလုပ္ၿပီး The Rock ႀကီးကို Mention လို႔ twitter မွာတင္ခဲ့ပါတယ္။တင္သာတင္လိိုက္တာေပမယ့္္The Rock လိုမင္းသားႀကီးက သူမကို အဖက္လုပ္ဖို႔ဆိုတာ ေတာ္ေတာ္ေလးကိုေဝးတဲ့အေနအထားမွာရွိေနတာမဟုတ္လား။ဒါေၾကာင့္ဘယ္သူမွလဲဘာမွထူးျခားလာမယ္လို႔ထင္မထားခဲ့ပါဘူး။

ဒါေပမယ့္…The Rock ႀကီးက Video ကိုေတြ႕သြားပါသတဲ့။ ေတြ႕သြားတယ္ဆိုေပမယ့္လည္းအဲ့ဒီပြဲရက္မွာ The Rock ဟာ သူမေနထိုင္ရာၿမိဳ႕ေလးနဲ႔ ေဝးကြာတဲ့အရပ္မွာ ႐ုပ္ရွင္႐ိုက္ကြင္းရွိေနတာေၾကာင့့္သူမရဲ႕ ဖိတ္ေခၚခ်က္ကိုစိတ္မေကာင္းစြာပဲျငင္းဆန္လိုက္ရပါတယ္။ဒါေပမယ့္… The Rock ႀကီးမွာသူ႔ရဲ႕ ဆယ့္ရွစ္ႏွစ္အ႐ြယ္ အမာခံပရိသတ္ေလးအတြက္ အထူး စပယ္ရွယ္ ထူးျခားဆန္းျပားၾကည္ႏူးဖြယ္လက္ေဆာင္တစ္ခုျပင္ဆင္ထားခဲ့ပါတယ္။ အဲ့ဒါကေတာ့ Katie နဲ႔ တစ္ေက်ာင္းလုံး ကသူမရဲ႕သူငယ္ခ်င္း232 ေယာက္အတြက္ သူတို႔ၿမိဳ႕က ႐ုပ္ရွင္႐ုံတစ္႐ုံလုံးကိုငွားၿပီး သူ႔ရဲ႕ ေနာက္ဆုံးထြက္႐ုပ္ရွင္ RAMPAGE ကို မုန႔္ေတြ၊ေသာက္စရာေတြအလွ်ံပယ္နဲ႔အလကားၾကည့္ရႈ႕ခြင့္ျပဳေစခဲ့တာပါပဲ။ေနာက္ၿပီးေတာ့အဲ့ဒီအေၾကာင္းကိုလည္း တစ္ေက်ာင္းလုံးရဲ႕ intercon ကတစ္ဆင့္လႊင့္ခဲ့တဲ့အျပင္သူ႔ရဲ႕ Instagram မွာလည္း တင္ခဲ့ပါေသးတယ္။ အဲ့ဒီသတင္းကို႐ုတ္တရက္ၾကားလိုက္ရတဲ့Katie ရဲ႕ေပ်ာ္႐ႊင္မႈေတြဟာ မ်က္ရည္ ေတြအျဖစ္အသြင္ေျပာင္းလို႔ သူမရဲ႕မ်က္ဝန္းထဲမွာ ရစ္သိုင္းဖြဲ႕သီလာေတာ့တာပါပဲ။

 

Credit : Buzzy

 

Unicode ဖြင့်ဖတ်ရန်

 

ကျောင်းကပွဲကိုအတူသွားဖို့အတွဲမရှိတာကြောင့် အရူးအမူးစွဲလန်းရတဲ့မင်းသားကိုအရဲစွန့်ပြီးဖိတ်ခေါ်မိရာက ရင်ခုန်ပျော်ရွှင်ဖွယ် Surprise အလုပ်ခံလိုက်ရတဲ့ ဆယ်ကျော်သက်ကောင်မလေး

သူ့အစားကိုယ်တောင်ပျော်မိ…ကြောက်ရင်လွဲ ရဲမင်းဖြစ်..ဆိုတဲ့စကားပုံလည်းအရှိသားပဲမဟုတ်လား။မဖြစ်နိုင်ဘူးလို့တွေးမိရင်တောင် မျှော်လင့်ချက်လက်ကျန်လေးနဲ့ ကြိုးစားလုပ်ဆောင်ကြည့်ရာကမယုံနိုင်ဖွယ်ကိစ္စရပ်တွေဖြစ်လာတဲ့သာဓကတွေလည်းအများကြီးရှိပါတယ်။အဲ့ဒီသာဓကတွေထဲမှာအသက် 18 နှစ်အရွယ် Katie Kelzenberg ဆိုတဲ့ကောင်မလေးရဲ့ဖြစ်ရပ်ကိုပါပေါင်းထည့်ပေးရတော့မှာပါ။

ခုုရာသီဟာ စီနီယာအထက်တန်းကျောင်းသူကျောင်းသားတွေအတွက်ကျောင်းကပွဲတွေ ပြုလုပ်နေတဲ့ရာသီဖြစ်တဲ့အတိုင်း ကျောင်းသူကျောင်းသားတွေဟာလည်း ကိုယ်ကြိတ်ကြွေရတဲ့သူနဲ့အတူတွဲကခွင့်ရဖို့အပြိုင်အဆိုင်ကြိုးစားနေကြချိန်လည်းဖြစ်ပါတယ်။ ဒါပေမယ့် Katie မှာတော့ ကျောင်းကပွဲကိုအတူတွဲတက်ရမယ့်သူမရှိရှာပါဘူး။ဒါကြောင့်သူမ အရူးအမူးစွဲလန်းရတဲ့ မင်းသား The Rock ကို ကျောင်းကပွဲမှာ သူမနဲ့အတူတက်ပေးဖို့ဖိတ်ခေါ်တဲ့ Video လေးလုပ်ပြီး The Rock ကြီးကို Mention လို့ twitter မှာတင်ခဲ့ပါတယ်။တင်သာတင်လိုက်တာပေမယ့်The Rock လိုမင်းသားကြီးက သူမကို အဖက်လုပ်ဖို့ဆိုတာ တော်တော်လေးကိုဝေးတဲ့အနေအထားမှာရှိနေတာမဟုတ်လား။ဒါကြောင့်ဘယ်သူမှလဲဘာမှထူးခြားလာမယ်လို့ထင်မထားခဲ့ပါဘူး။

ဒါပေမယ့်…The Rock ကြီးက Video ကိုတွေ့သွားပါသတဲ့။ တွေ့သွားတယ်ဆိုပေမယ့်လည်းအဲ့ဒီပွဲရက်မှာ The Rock ဟာ သူမနေထိုင်ရာမြို့လေးနဲ့ ဝေးကွာတဲ့အရပ်မှာ ရုပ်ရှင်ရိုက်ကွင်းရှိနေတာကြောင့်သူမရဲ့ ဖိတ်ခေါ်ချက်ကိုစိတ်မကောင်းစွာပဲငြင်းဆန်လိုက်ရပါတယ်။ဒါပေမယ့်… The Rock ကြီးမှာသူ့ရဲ့ ဆယ့်ရှစ်နှစ်အရွယ် အမာခံပရိသတ်လေးအတွက် အထူးစပယ်ရှယ်ထူးခြားဆန်းပြားကြည်နူးဖွယ်လက်ဆောင်တစ်ခုပြင်ဆင်ထားခဲ့ပါတယ်။ အဲ့ဒါကတော့ Katie နဲ့ တစ်ကျောင်းလုံးကသူမရဲ့သူငယ်ချင်း232 ယောက်အတွက် သူတို့မြို့က ရုပ်ရှင်ရုံတစ်ရုံလုံးကိုငှားပြီး သူ့ရဲ့ နောက်ဆုံးထွက်ရုပ်ရှင် RAMPAGE ကို မုန့်တွေ၊သောက်စရာတွေအလျှံပယ်နဲ့အလကားကြည့်ရှု့ခွင့်ပြုစေခဲ့တာပါပဲ။နောက်ပြီးတော့အဲ့ဒီအကြောင်းကိုလည်း တစ်ကျောင်းလုံးရဲ့ intercon ကတစ်ဆင့်လွှင့်ခဲ့တဲ့အပြင်သူ့ရဲ့ Instagram မှာလည်း တင်ခဲ့ပါသေးတယ်။ အဲ့ဒီသတင်းကိုရုတ်တရက်ကြားလိုက်ရတဲ့Katie ရဲ့ပျော်ရွှင်မှုတွေဟာ မျက်ရည်တွေအဖြစ်အသွင်ပြောင်းလို့ သူမရဲ့မျက်ဝန်းထဲမှာ ရစ်သိုင်းဖွဲ့သီလာတော့တာပါပဲ။

Credit : Buzzy