ZawGyiဖြင့်ဖတ်ရန်

 




Credit:Myanmarload

UniCodeဖြင့်ဖတ်ရန်

ကမ္ဘာ့အဆိုးဆုံး အကျဉ်းထောင်တစ်ခုဖြစ်တဲ့ Slavador ထောင်ထဲမှ ပုံရိပ်များ

Slavador နိုင်ငံဟာ တောင်အမေရိကတိုက်မှာတည်ရှိပြီး အလွန်လှပတဲ့ သဘာ၀ ရှုခင်းတွေနဲ့ လည်း ပြည့်နှက်နေပါတယ်။ ဒါပေမယ့် တစသ်ဖက်မှာတော့ ဒီနိုင်ငံလေးရဲ့ အလှအပကို ညစ်နွမ်းစေတဲ့ ဒုစရိုက်တွေကလည်း နေ့တိုင်းလိုလို ဖြစ်ပွား လျက်ရှိနေပါတယ်။ Slavador အစိုးရကတော့ ဒီကိစ္စကို အခုအချိန်အထိ နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်သေးပါဘူး။ ဒီ တစ်ခါဖော်ပြပေးချင်တာကတော့ ကြောက်လန့် ဖွယ်ကောင်းလောက် Slavador နိုင်ငံ ကအကျဉ်းထောင်ရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

များပြားလှတဲ့ ဒုစရိုက်မှုတွေကို နှိမ်နင်းတဲ့ အခါမှာ ဒုစရိုက်ကျူးလွန်တဲ့ အကျဉ်းသားဦးရေ ဟာလည်း များပြားလာပြီး ယာယီ အကျဉ်းထောင်မှာ ချုပ်ထားရတောင် လူမဆန့်အောင် ဖြစ်တဲ့ အထိ များပြားလွန်းလှပါတယ်။ ယာယီအကျဉ်းထောင်နဲ့ ချုပ်ထားရတဲ့ အကျဉ်းသား တစ်ယောက်ကို တရားမစွဲဆိုခင် အထိ ၇ရက်ကြာ ထိန်း ချုပ်ထားဖို့ပဲ ဖြစ်ပါတယ်။

ဒါပေယ့် Slavador နိုင်ငံမှာတော့ အကျဉ်းသား တစ်ယောက်ကို ယာယီ အကျဉ်းထောင်မှာ ၅နှစ်အထိ ချုပ်ထားလေ့ရှိပါတယ်။ ဒီလို အကျဉ်းထောင်အသေးလေးဟာ ၉ပေ ပတ်လည်ရှိပြီး အကျဉ်းသား ၂၃ယောက်အထိ ထားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကြည့်ရှုနိုင်ရန်အတွက် Slavador က အကျဉ်းထောင်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Source : The Guardian

Credit:Myanmarload