Zawgyi ဖြင့်ဖတ်ရန်

 



 


 


Credit : burmese.asia

 

Unicode ဖြင့်ဖတ်ရန်

မြန်မာသိပ္ပံကား တစ်ကား ရိုက်ကူးထားတဲ့ ဒါရိုက်တာ ညိုမင်းလွင်

 

ဒါရိုက်တာနဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ညိုမင်းလွင်တစ်ယောက်ကတော့ သူကြိုးစား ရိုက်ကူး ဖန်တီးထားခဲ့ရတဲ့ မြန်မာသိပ္ပံကားတစ်ကားကို ပရိတ်သတ်ရှေ့ ထွက်ရှိလာဖို့အတွက် ပြင်ဆင်နေပါတယ်။ တာဆူနေတဲ့ အဲ့ဒိကားရဲ့ နာမည်ကတော့ အနန္တ လို့ သိရပါတယ်။

 

ဒီကားအကြောင်း သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ခုလိုပဲ ရေးသားထားပါတယ်။ ကျွန်တော်ဒါရိုက်တာအဖြစ်နဲ့ရိုက်ကူးခဲ့တဲ့ Ananda ရုပ်ရှင်ဇာတ်ကားဟာ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးကနေထုတ်လုပ်ရိုက်ကူးခဲ့တယ် ဆိုပေမယ့် အခုစာကိုဖတ်နေတဲ့မိတ်ဆွေလည်း ပိုင်ပါတယ်… နိုင်ငံတစ်နိုင်ငံ၊လူမျိုးစုတစ်ခု ဒါမှမဟုတ် လုပ်ငန်းနယ်ပယ်တစ်ခုမှာ အတူတကွရေးခဲ့ကြတဲ့ သမိုင်း ဆိုတာကို လူတစ်ဦးတစ်ယောက်တည်းက ပိုင်ဆိုင်ခွင့်မရှိသလိုပါပဲ

 

Ananda ရုပ်ရှင်ဇာတ်ကားကို မြန်မာရုပ်ရှင်ကိုချစ်မြတ်နိုးသော မည်သူမဆိုပိုင်ဆိုင်ခွင့်ရှိပါတယ်… ကျွန်တော်တို့မြန်မာ့ရုပ်ရှင်မှာ ရှိသင့်တယ်ထင်တဲ့ ဇာတ်ကားအမျိုးအစားတစ်ခုကို ပေါ်ပေါက်လာစေချင်တဲ့ရည်ရွယ်ချက်နဲ့ ကျန်တာဘာမှမစဉ်းစားပဲ ရိုက်ရက်ပေါင်း ဂျူတီခုနစ်ဆယ်အထိရိုက်ကူးခဲ့ပြီး CGI အထူးပြုလုပ်ချက်တွေကိုအချိန်နှစ်နှစ်ကျော်ဖန်တီးခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်

 

 

နောင်အနာဂါတ်မှာ မြန်မာလူငယ်တွေရိုက်ကူးတဲ့ သိပ္ပံဇာတ်ကားတွေ၊ VFX အသားပေးဇာတ်ကားတွေဖွံ့ဖြိုးလာဖို့အတွက် အားလုံးက မဖြစ်နိုင်ပါဘူး လို့စောင့်ကြည့်နေတဲ့ကြားက မရ ရအောင်ကြိုးစားယူခဲ့ရတဲ့ ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်၊ မခက်ဘူးလား ဆိုရင်တော့ ခက်ပါတယ်… မရဘူးလား ဆိုရင်တော့ ရတာပါပဲ မြန်မာ့ရုပ်ရှင်အနာဂါတ်ကို ကျွန်တော်တို့အားလုံးအတူတကွပြောင်းလဲကြရအောင် လို့ ချစ်ခင်လေးစားစွာဖိတ်ခေါ်လိုက်ပါတယ်

Credit : burmese.asia