Zawgyi ျဖင့္ဖတ္ရန္

ဂ်ပန္ႏိုင္ငံ မွာရွိတဲ့ ရဲဝန္ထမ္း ေတြဟာ အမ်ိဳးသား တစ္ေယာက္ရဲ႕ ေနအိမ္ ဂိုေဒါင္အတြင္း အမ်ိဳးသမီးမ်ားအသုံးျပဳၿပီးသားျဖစ္တဲ့ ဘရာစီယာ နဲ႔ ပင္တီ အတြင္းခံ အထည္ ၂၀၀ ေက်ာ္ကို ေတြ႕ရွိၿပီးတဲ့ေနာက္မွာ ထိုအမ်ိဳးသားက အတြင္းခံမ်ားကို ခိုးယူခဲ့ျခင္းျဖစ္တယ္လို႔ ဝန္ခံလိုက္ပါတယ္။

 

Tomohiro Honma ဆိုသူဟာ အဝတ္အထည္ ဆိုင္တစ္ခုကေန အမ်ိဳးသမီး ဝတ္ အတြင္းခံ ၁၂ စုံကို ခိုးယူတာကို သတိထားမိခဲ့ရာကေန သူ႔ရဲ႕ေနအိမ္မွာ ခိုးယူထားတဲ့ အတြင္းခံမ်ားကို ဖမ္းဆီး ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္ရွိသူ Honma ဟာ ဇန္နဝါရီလတုန္းက Kanagawa ၿမိဳ႕ Takatsu ရပ္ကြက္အတြင္းမွာရွိတဲ့ ဆိုင္ခန္းတစ္ခုကေန ထိုအတြင္းခံ ၁၂ စုံကို ခိုးယူခဲ့တာျဖစ္တယ္လို႔ တိုက်ိဳ ရီပို႔တာ သတင္းဌာနက ေဖာ္ျပထားပါတယ္။

အဲဒီေနာက္ ရဲတပ္ဖြဲ႕ဝင္ေတြက Honma ဆိုသူရဲ႕ေနအိမ္မွာ ဝင္ေရာက္ရွာေဖြၾကည့္ခဲ့ရာကေန ေနာက္ထပ္ အတြင္းခံ ၂၀၀ ေက်ာ္ကို ထပ္မံေတြ႕ရွိခဲ့ၿပီး Honma ကေတာ့ သူဟာ ထိုအတြင္းခံအားလုံးကို မတူညီတဲ့ ေနရာေပါင္း ၅၀ ခန႔္ကေန ခိုးယူခဲ့တာ ျဖစ္တယ္လို႔ ဝန္ခံလိုက္ပါတယ္။

“ကြၽန္ေတာ္ မိန္းမအတြင္းခံေတြကို ႀကိဳက္ပါတယ္။ ကြၽန္ေတာ္ အဲဒါေတြကို ကြၽန္ေတ္ာ့ရဲ႕ ကာမဆႏၵေတြေျဖေဖ်ာက္ဖို႔ အသုံးခ်ပါတယ္” လို႔ Honma က ရဲတပ္ဖြဲ႕ကို ေျပာျပခဲ့ပါတယ္။

 

လြန္ခဲ့တဲ့ ၁ လ ခန႔္ကလည္း အတြင္းခံ သူခိုး တစ္ေယာက္ဟာ Victoria’s Secret စတိုးဆိုင္ကေန အတြင္းခံေတြခိုးယူသြားတာကို ဖမ္းမိခဲ့ရာကတစ္ဆင့္ Pablo Munoz ဆိုသူ ထိုသူခိုးရဲ႕ေနအိမ္မွာ စတာလင္ေပါင္ ၁၈၀၀၀ တန္ဖိုးရွိတဲ့ အတြင္းခံေပါင္း ၁၀၀၀ ေက်ာ္ကို ဖမ္းဆီးရမိခဲ့မႈလည္း ျဖစ္ပြားခဲ့ပါေသးတယ္။

Credit : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဂျပန်နိုင်ငံမှာ အမျိုးသမီး အတွင်းခံများ လိုက်လံခိုးယူတဲ့ သူခိုးကို ဖမ်းမိ

ဂျပန်နိုင်ငံမှာရှိတဲ့ ရဲဝန်ထမ်းတွေဟာ အမျိုးသား တစ်ယောက်ရဲ့ နေအိမ် ဂိုဒေါင်အတွင်း အမျိုးသမီးများအသုံးပြုပြီးသားဖြစ်တဲ့ ဘရာစီယာ နဲ့ ပင်တီအတွင်းခံ အထည် ၂၀၀ ကျော်ကို တွေ့ရှိပြီးတဲ့နောက်မှာ ထိုအမျိုးသားက အတွင်းခံများကို ခိုးယူခဲ့ခြင်းဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။

 

Tomohiro Honma ဆိုသူဟာ အဝတ်အထည် ဆိုင်တစ်ခုကနေ အမျိုးသမီးဝတ် အတွင်းခံ ၁၂ စုံကို ခိုးယူတာကို သတိထားမိခဲ့ရာကနေ သူ့ရဲ့နေအိမ်မှာ ခိုးယူထားတဲ့ အတွင်းခံများကို ဖမ်းဆီး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိသူ Honma ဟာ ဇန်နဝါရီလတုန်းက Kanagawa မြို့ Takatsu ရပ်ကွက်အတွင်းမှာရှိတဲ့ ဆိုင်ခန်းတစ်ခုကနေ ထိုအတွင်းခံ ၁၂ စုံကို ခိုးယူခဲ့တာဖြစ်တယ်လို့ တိုကျို ရီပို့တာ သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေက Honma ဆိုသူရဲ့နေအိမ်မှာ ဝင်ရောက်ရှာဖွေကြည့်ခဲ့ရာကနေ နောက်ထပ် အတွင်းခံ ၂၀၀ ကျော်ကို ထပ်မံတွေ့ရှိခဲ့ပြီး Honma ကတော့ သူဟာ ထိုအတွင်းခံအားလုံးကို မတူညီတဲ့ နေရာပေါင်း ၅၀ ခန့်ကနေ ခိုးယူခဲ့တာ ဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။

“ကျွန်တော် မိန်းမအတွင်းခံတွေကို ကြိုက်ပါတယ်။ ကျွန်တော် အဲဒါတွေကို ကျွန်တေ်ာ့ရဲ့ ကာမဆန္ဒတွေဖြေဖျောက်ဖို့ အသုံးချပါတယ်” လို့ Honma က ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။

 

လွန်ခဲ့တဲ့ ၁ လ ခန့်ကလည်း အတွင်းခံ သူခိုးတစ်ယောက်ဟာ Victoria’s Secret စတိုးဆိုင်ကနေ အတွင်းခံတွေခိုးယူသွားတာကို ဖမ်းမိခဲ့ရာကတစ်ဆင့် Pablo Munoz ဆိုသူ ထိုသူခိုးရဲ့နေအိမ်မှာ စတာလင်ပေါင် ၁၈၀၀၀ တန်ဖိုးရှိတဲ့ အတွင်းခံပေါင်း ၁၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့မှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

Credit : burmese.asia