ZawGyiျဖင့္ဖတ္ရန္

 

ကမာၻ႔အသက္ႀကီးဆုံး အဖြားအိုႀကီး လို႔ ယူဆျခင္းခံထားရတဲ့ အသက္(၁၂၈)ႏွစ္အ႐ြယ္ ႐ုရွားႏိုင္ငံသူအဖြားအိုႀကီးဟာ ဒီအသက္ဒီအ႐ြယ္ကိုသာ ေရာက္လာခဲ့ေပမယ့္ သူမအေနနဲ႔ တစ္ရက္မွ မေပ်ာ္ခဲ့ရပါဘူးလို႔ ဆိုပါတယ္။ သူမအေနနဲ႔ အသက္ရွည္ျခင္းဟာ ေကာင္းတယ္မေကာင္းဘူးဆိုတာ ဆုံးျဖတ္ဖို႔ထက္ အ႐ြယ္ေကာင္းစဥ္ကေတာ့ ေန႔စဥ္နဲ႔အမွ် ငါေသသြားရင္ ေကာင္းမွာပဲလို႔ ထင္ျမင္မိတယ္လို႔ သူမက ေျပာပါတယ္။

အဖြား ရဲ႕နာမည္ကေတာ့ Koku Istambulova ျဖစ္ၿပီး သူမရဲ႕လက္ရွိအသက္အ႐ြယ္ဟာ ကမာၻ႔အသက္ႀကီးဆုံးအျဖစ္ ဂင္းနစ္ မွတ္တမ္း ဝင္ဖြယ္ရာ ရွိေပမယ့္ သူမမွာ ႐ုရွားအစိုးရက တရားဝင္အသိအမွတ္ျပဳထားတဲ့ မွတ္ပုံတင္ေလးသာ ပိုင္ဆိုင္တယ္လို႔ ဆိုပါတယ္။ သူမရဲ႕ ေမြးရပ္ဟာ (၁၈၈၉) ဇြန္လ(၁)ရက္ ျဖစ္ၿပီး အစိုးရက တရားဝင္အသိအမွတ္ ျပဳထားပါတယ္။

 

အဖြား Koku ဟာ Chechnya ျပည္နယ္ က ႐ြာေလးတစ္႐ြာမွာ ေနထိုင္ၿပီး လက္ရွိအခ်ိန္ထိေတာ့ သူမအတြက္ အသက္ရွည္ျခင္းဟာ ဘုရားသခင္ရဲ႕ေကာင္းခ်ီးမဂၤလာလို႔ မယူဆပဲ ဝဋ္ခံဖို႔သက္သက္ ျပစ္ဒဏ္ခ်မွတ္ခံထားရတယ္လို႔ သူမက ညည္းတြားခဲ့ပါတယ္။ အဖြားဟာ အိုႀကီးအိုမအ႐ြယ္ ေရာက္ေနေပမယ့္ စကားေတြကို ပီျပင္စြာေျပာႏိုင္ပါေသးတယ္။

အဖြား Koku က ” ဒီအသက္အ႐ြယ္သာ ေရာက္လာတယ္ တစ္ရက္မွ ေပ်ာ္ခဲ့ရတယ္ေတာ့ မရွိပါဘူး … ေန႔စဥ္နဲ႔အမွ် အလုပ္ေတြ ပင္ပင္ပန္းပန္း လုပ္ရတယ္ … ဥယ်ာဥ္ထဲမွာ ေျမတူးေျမဆြ လုပ္ေနရတယ္ … ကြၽန္မ အလြန္ကို ေမာပန္းေနပါၿပီ … အသက္ရွည္ျခင္းဆိုတာ ဘုရားသခင္ရဲ႕ ေမတၱာလက္ေဆာင္ မဟုတ္ပါဘူး … ျပစ္ဒဏ္ခတ္ျခင္း သက္သက္ပါ … “လို႔ ေျပာပါတယ္။

အဖြားက ဆက္လက္ၿပီး ” အို ကြၽန္မဘဝရဲ႕ ကုန္လြန္ခဲ့တဲ့ ေန႔စြဲေတြကို ျပန္သာၾကည့္လိုက္ … ကြၽန္မ အေတာ္ငယ္ငယ္တုန္းက သိပ္ကို ပင္ပန္းလြန္းလို႔ ငါ ေသသြားရင္ ေကာင္းမွာပဲလို႔ ေတြးခဲ့မိတာပဲ … တကယ္ေတာ့ အခုအခ်ိန္က ရွင္သန္ေနတဲ့ အခ်ိန္မဟုတ္ပါဘူး … ကြၽန္မအတြက္ ဒ႐ြတ္တိုက္စြဲေနရတဲ့ ဘဝပါ “လို႔ ေျပာခဲ့ပါတယ္။

ဆိုဗီယက္ေခါင္းေဆာင္ေဟာင္း ဂ်ိဳးဇက္စတာလင္ (Famous)
အဖြား Koku ဟာ သားသမီးေတြအကုန္လုံး ဆုံးပါးခဲ့ေပမယ့္ ေနာက္ဆုံးက်န္ရွိတဲ့ သမီးႀကီး Tamara ကေတာ့ ၿပီးခဲ့တဲ့(၅)ႏွစ္က ေသဆုံးသြားခဲ့ပါတယ္။ သမီးႀကီး Tamara ကိုယ္တိုင္ကလည္း အသက္(၁၀၄)ႏွစ္အထိ ေနထိုင္ခဲ့ရပါတယ္။ အဖြား Koku ကေတာ့ သူမအေနနဲ႔ ဒီလိုအသက္ရွည္ရျခင္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ဆိုၿပီး သူမမွာ မရွိဘူးလို႔ဆိုပါတယ္။

ဒါေပမယ့္ သူမက ဒိန္ခ်ဥ္ကို အလြန္ႀကိဳက္ႏွစ္သက္ၿပီး အသားနဲ႔စြပ္ျပဳတ္ကိုေတာ့ လုံးဝမသုံးေဆာင္ေၾကာင္း၊ ဒါေတြက သူမကို အသက္ရွည္ေအာင္အေထာက္အပံ့ေပးခဲ့တာ ျဖစ္ႏိုင္တယ္လို႔သာ ႐ိုး႐ိုးသားသား ေျပာပါတယ္။ သူမကေတာ့ အသက္ရွည္ဖို႔ဆိုၿပီး တမင္တကာ တစ္ျခားဘာကိုမွမလုပ္ဖူးေၾကာင္း ဆိုပါတယ္။ အဖြား Koku ဟာ ႐ုရွားျပည္တြင္းစစ္အတြင္း၊ ဗိုရွီဗစ္ေတာ္လွန္ေရးအတြင္း၊ ဒုတိယကမာၻစစ္နဲ႔၊ ခ်ီခ်န္စစ္ပြဲေတြအတြင္းမွာ အသက္ေဘးက ႐ုန္းကန္ခဲ့ရသူပါ။

ဒါ့အျပင္ ႐ုရွားေခါင္းေဆာင္ႀကီး စတာလင္ရဲ႕ ျပင္ႏွင္ဒဏ္ေပးတာကို အဖြား Koku တို႔လည္း ခံခဲ့ရၿပီး ထိုစဥ္က ဆိုက္ေဘးရီးယားဘက္မွာ ခက္ခဲစြာရွင္သန္ဖို႔ ႀကိဳးစားခဲ့ရေၾကာင္း၊ ေနာက္ ကာဇက္စတန္မွာ ပုန္းခိုေနရတဲ့အခါမွာ သူမတို႔႐ုရွားေတြကို ကာဇက္စတန္ေတြ ဘယ္ေလာက္မုန္းတီးသလဲဆိုတာကို မ်က္ျမင္ကိုယ္ေတြ႕ ခံစားခဲ့ရၿပီး ဒီအခ်ိန္အထိ အသက္ရွည္တာ အလြန္အံ့ၾသစရာေကာင္းတယ္လို႔ အဖြားက ေျပာပါတယ္

ကာဇက္စတန္မွာ တိမ္းေရွာင္ေနစဥ္ ေန႔စဥ္နဲ႔အမွ် ႐ုရွားကိုလြမ္းလြန္းလို႔ ညတိုင္းငိုခဲ့ရေၾကာင္း၊ သူမအတြက္ ရွားပါးတဲ့ေပ်ာ္စရာေန႔စြဲေတြကေတာ့ ျပည္ေတာ္ျပန္ခရီးျဖစ္ၿပီး၊ ေနေရာင္ျခည္ျဖာျဖာ ေကာင္းကင္ေအာက္က သူမရဲ႕ အိမ္ကေလးေရွ႕က ခုံတန္းလွ်ားေလးမွာ ေအးေအးလူလူထိုင္ေနရတာကို သေဘာက်တယ္လို႔ အဖြားက ေဝ့သီေနတဲ့မ်က္ဝန္းစေတြနဲ႔ ေျပာပါတယ္။

လက္ရွိအသက္အႀကီးဆုံးအဖြားအျဖစ္ သတ္မွတ္ခံထားရသူမွာ ဂ်ပန္အဖြားအို ခ်ီယိုမီယာကို ျဖစ္ၿပီး၊ သူမကေတာ့ (၁၁၇)ႏွစ္ပါ။ ကမာၻအသက္ႀကီးဆုံးအျဖစ္ စံခ်ိန္တင္ေနထိုင္ႏိုင္ခဲ့သူကေတာ့ ျပင္သစ္လူမ်ိဳး Jeanne Calment ျဖစ္ေၾကာင္း သိရၿပီး သူမကေတာ့ အသက္ (၁၂၂)ႏွစ္၊ (၁၆၄)ရက္ေနထိုင္ခဲ့ရပါတယ္။ သူမဟာ (၁၉၉၇)ခုႏွစ္မွာ ေသဆုံးသြားခဲ့ၿပီ ျဖစ္ပါတယ္။

Credit:နတ္စည္ေတာ္ (Shwemom)

 

UniCodeဖြင့်ဖတ်ရန်

အသက် ၁၂၈နှစ်တိုင် နေနေရပေမယ့် တစ်ရက်မှမပျော်ပါဘူးဆိုတဲ့ အဖွား…….

ကမ္ဘာ့အသက်ကြီးဆုံး အဖွားအိုကြီးလို့ ယူဆခြင်းခံထားရတဲ့ အသက်(၁၂၈)နှစ်အရွယ် ရုရှားနိုင်ငံသူအဖွားအိုကြီးဟာ ဒီအသက်ဒီအရွယ်ကိုသာ ရောက်လာခဲ့ပေမယ့် သူမအနေနဲ့ တစ်ရက်မှ မပျော်ခဲ့ရပါဘူးလို့ ဆိုပါတယ်။ သူမအနေနဲ့ အသက်ရှည်ခြင်းဟာ ကောင်းတယ်မကောင်းဘူးဆိုတာ ဆုံးဖြတ်ဖို့ထက် အရွယ်ကောင်းစဉ်ကတော့ နေ့စဉ်နဲ့အမျှ ငါသေသွားရင် ကောင်းမှာပဲလို့ ထင်မြင်မိတယ်လို့ သူမက ပြောပါတယ်။

အဖွားရဲ့နာမည်ကတော့ Koku Istambulova ဖြစ်ပြီး သူမရဲ့လက်ရှိအသက်အရွယ်ဟာ ကမ္ဘာ့အသက်ကြီးဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရာ ရှိပေမယ့် သူမမှာ ရုရှားအစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ မှတ်ပုံတင်လေးသာ ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။ သူမရဲ့ မွေးရပ်ဟာ (၁၈၈၉) ဇွန်လ(၁)ရက် ဖြစ်ပြီး အစိုးရက တရားဝင်အသိအမှတ် ပြုထားပါတယ်။

အဖွား Koku ဟာ Chechnya ပြည်နယ်က ရွာလေးတစ်ရွာမှာ နေထိုင်ပြီး လက်ရှိအချိန်ထိတော့ သူမအတွက် အသက်ရှည်ခြင်းဟာ ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာလို့ မယူဆပဲ ဝဋ်ခံဖို့သက်သက် ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ သူမက ညည်းတွားခဲ့ပါတယ်။ အဖွားဟာ အိုကြီးအိုမအရွယ် ရောက်နေပေမယ့် စကားတွေကို ပီပြင်စွာပြောနိုင်ပါသေးတယ်။

အဖွား Koku က ” ဒီအသက်အရွယ်သာ ရောက်လာတယ် တစ်ရက်မှ ပျော်ခဲ့ရတယ်တော့ မရှိပါဘူး … နေ့စဉ်နဲ့အမျှ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်ရတယ် … ဥယျာဉ်ထဲမှာ မြေတူးမြေဆွ လုပ်နေရတယ် … ကျွန်မ အလွန်ကို မောပန်းနေပါပြီ … အသက်ရှည်ခြင်းဆိုတာ ဘုရားသခင်ရဲ့ မေတ္တာလက်ဆောင် မဟုတ်ပါဘူး … ပြစ်ဒဏ်ခတ်ခြင်း သက်သက်ပါ … “လို့ ပြောပါတယ်။

အဖွားက ဆက်လက်ပြီး ” အို ကျွန်မဘဝရဲ့ ကုန်လွန်ခဲ့တဲ့ နေ့စွဲတွေကို ပြန်သာကြည့်လိုက် … ကျွန်မ အတော်ငယ်ငယ်တုန်းက သိပ်ကို ပင်ပန်းလွန်းလို့ ငါ သေသွားရင် ကောင်းမှာပဲလို့ တွေးခဲ့မိတာပဲ … တကယ်တော့ အခုအချိန်က ရှင်သန်နေတဲ့ အချိန်မဟုတ်ပါဘူး … ကျွန်မအတွက် ဒရွတ်တိုက်စွဲနေရတဲ့ ဘဝပါ “လို့ ပြောခဲ့ပါတယ်။

ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂျိုးဇက်စတာလင် (Famous)
အဖွား Koku ဟာ သားသမီးတွေအကုန်လုံး ဆုံးပါးခဲ့ပေမယ့် နောက်ဆုံးကျန်ရှိတဲ့ သမီးကြီး Tamara ကတော့ ပြီးခဲ့တဲ့(၅)နှစ်က သေဆုံးသွားခဲ့ပါတယ်။ သမီးကြီး Tamara ကိုယ်တိုင်ကလည်း အသက်(၁၀၄)နှစ်အထိ နေထိုင်ခဲ့ရပါတယ်။ အဖွား Koku ကတော့ သူမအနေနဲ့ ဒီလိုအသက်ရှည်ရခြင်းရဲ့လျှို့ဝှက်ချက်ဆိုပြီး သူမမှာ မရှိဘူးလို့ဆိုပါတယ်။

ဒါပေမယ့် သူမက ဒိန်ချဉ်ကို အလွန်ကြိုက်နှစ်သက်ပြီး အသားနဲ့စွပ်ပြုတ်ကိုတော့ လုံးဝမသုံးဆောင်ကြောင်း၊ ဒါတွေက သူမကို အသက်ရှည်အောင်အထောက်အပံ့ပေးခဲ့တာ ဖြစ်နိုင်တယ်လို့သာ ရိုးရိုးသားသား ပြောပါတယ်။ သူမကတော့ အသက်ရှည်ဖို့ဆိုပြီး တမင်တကာ တစ်ခြားဘာကိုမှမလုပ်ဖူးကြောင်း ဆိုပါတယ်။ အဖွား Koku ဟာ ရုရှားပြည်တွင်းစစ်အတွင်း၊ ဗိုရှီဗစ်တော်လှန်ရေးအတွင်း၊ ဒုတိယကမ္ဘာစစ်နဲ့၊ ချီချန်စစ်ပွဲတွေအတွင်းမှာ အသက်ဘေးက ရုန်းကန်ခဲ့ရသူပါ။

ဒါ့အပြင် ရုရှားခေါင်းဆောင်ကြီး စတာလင်ရဲ့ ပြင်နှင်ဒဏ်ပေးတာကို အဖွား Koku တို့လည်း ခံခဲ့ရပြီး ထိုစဉ်က ဆိုက်ဘေးရီးယားဘက်မှာ ခက်ခဲစွာရှင်သန်ဖို့ ကြိုးစားခဲ့ရကြောင်း၊ နောက် ကာဇက်စတန်မှာ ပုန်းခိုနေရတဲ့အခါမှာ သူမတို့ရုရှားတွေကို ကာဇက်စတန်တွေ ဘယ်လောက်မုန်းတီးသလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ ခံစားခဲ့ရပြီး ဒီအချိန်အထိ အသက်ရှည်တာ အလွန်အံ့သြစရာကောင်းတယ်လို့ အဖွားက ပြောပါတယ်

ကာဇက်စတန်မှာ တိမ်းရှောင်နေစဉ် နေ့စဉ်နဲ့အမျှ ရုရှားကိုလွမ်းလွန်းလို့ ညတိုင်းငိုခဲ့ရကြောင်း၊ သူမအတွက် ရှားပါးတဲ့ပျော်စရာနေ့စွဲတွေကတော့ ပြည်တော်ပြန်ခရီးဖြစ်ပြီး၊ နေရောင်ခြည်ဖြာဖြာ ကောင်းကင်အောက်က သူမရဲ့ အိမ်ကလေးရှေ့က ခုံတန်းလျှားလေးမှာ အေးအေးလူလူထိုင်နေရတာကို သဘောကျတယ်လို့ အဖွားက ဝေ့သီနေတဲ့မျက်ဝန်းစတွေနဲ့ ပြောပါတယ်။

လက်ရှိအသက်အကြီးဆုံးအဖွားအဖြစ် သတ်မှတ်ခံထားရသူမှာ ဂျပန်အဖွားအို ချီယိုမီယာကို ဖြစ်ပြီး၊ သူမကတော့ (၁၁၇)နှစ်ပါ။ ကမ္ဘာအသက်ကြီးဆုံးအဖြစ် စံချိန်တင်နေထိုင်နိုင်ခဲ့သူကတော့ ပြင်သစ်လူမျိုး Jeanne Calment ဖြစ်ကြောင်း သိရပြီး သူမကတော့ အသက် (၁၂၂)နှစ်၊ (၁၆၄)ရက်နေထိုင်ခဲ့ရပါတယ်။ သူမဟာ (၁၉၉၇)ခုနှစ်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

Credit:နတ်စည်တော် (Shwemom)