Zawgyi ျဖင့္ဖတ္ရန္

ဂြၽန္ဘန္း အမည္ရွိတဲ့ အမ်ိဳးသား တစ္ေယာက္ဟာ မက်ဳးလြန္ခဲ့တဲ့ျပစ္မႈတစ္ခုအတြက္ (၂၇)ႏွစ္တိုင္တိုင္ေထာင္ခ်ခံခဲ့ရတယ္လို႔သိရပါတယ္။ အခုဆိုရင္ ဘန္းဟာအသက္(၄၁)ႏွစ္ရွိေနပါၿပီ။ ဘန္းဟာလူမွားၿပီးေထာင္ခ်ခံခဲ့ရတုန္းက အသက္(၁၄)ႏွစ္ပဲရွိပါေသးတယ္။ ၁၉၉၁ခုႏွစ္တုန္းကျဖစ္ပြားခဲ့တဲ့ အရာရွိတစ္ဦးေသဆုံးမႈမွာ ဘန္း ကို တရားခံ အျဖစ္စြပ္စြဲၿပီးေထာင္ဒဏ္ႏွစ္ခ်ီခ်မွတ္ခဲ့တာျဖစ္ပါတယ္။

 

လူေသမႈ မွာဆယ္ေက်ာ္သက္ေတြျဖစ္ၾကတဲ့ ဘန္းနဲ႔႐ိုဆီယမ္တို႔ဟာ ႐ိုလန္ဒိုနဲ႔အေဖာ္ေရာဘတ္တို႔ကို ကား ထဲကဆြဲထုတ္ၿပီး ေသနတ္နဲ႔ပစ္သတ္ကာ ကား ခိုးသြားခဲ့တယ္လို႔တရား႐ုံးကယူဆထားခဲ့ၾကတာျဖစ္ပါတယ္။ အခင္းျဖစ္စဥ္မွာ ႐ိုလန္ဒို ဟာေသဆုံးသြားခဲ့တာေၾကာင့္ ေရာဘတ္ဟာတစ္ဦးတည္းမ်က္ျမင္သက္ေသျဖစ္လာခဲ့ပါတယ္။

၂၀၁၆ခုႏွစ္မွာေတာ့ ဘန္းရဲ႕လူသတ္မႈကိုတေက်ာ့ျပန္ျပန္လည္စစ္ေဆးခဲ့ပါတယ္။ ဒီအခါမွာ အမႈကိုေခါင္းေဆာင္စုံေထာက္အျဖစ္တာဝန္ယူခဲ့တဲ့ လူဝီစကာဆယ္လာဆိုသူဟာ အထင္မွားေစၿပီးသံသယျဖစ္ဖြယ္စစ္ေဆးမႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔သိလာရတာေၾကာင့္ ဘန္းကိုေထာင္ဒဏ္ကေနလႊတ္ေပးခဲ့ပါတယ္။

 

ဘန္းက (၂၇)ႏွစ္လုံးလုံး သူဟာဘဝအတြက္ခက္ခက္ခဲခဲ႐ုန္းကန္ခဲ့ရေၾကာင္းကို မ်က္ရည္သြင္သြင္စီးက်ရင္းေျပာျပသြားခဲ့ပါတယ္။ ဘန္းဟာေရွ႕ေနေတြဘက္လွည့္ၿပီး ေရွ႕ေနေတြဟာ ၿပီးခဲ့တဲ့(၂၇)ႏွစ္လုံးလုံးလူမွားၿပီးေထာင္ခ်ခဲ့တဲ့ျပစ္မႈကိုက်ဴးလြန္ခဲ့ၾကသူေတြလို႔လည္း ငိုယိုကာေျပာျပခဲ့ပါတယ္။ တရားသူႀကီးက ဘန္းကိုတရားေသလႊတ္ခဲ့တဲ့အခါမွာေတာ့ ဘန္းဟာတရားသူႀကီးရွိရာခုံဆီခ်ဥ္းကပ္သြားခဲ့ၿပီး သူမရဲ႕လက္ေတြကိုဆုပ္ကိုင္ခဲ့ပါေသးတယ္။

 

ဘန္းရဲ႕ေရွ႕ေနအဖြဲ႕ကေတာ့ အမႈမွာအစကတည္းကယိုေပါက္ေတြရွိခဲ့ေၾကာင္းဆိုပါတယ္။ အခင္းျဖစ္ပြားခ်ိန္မွာေတြ႕ရတဲ့လက္ေဗြရာေတြဟာလည္း ထိုအခ်ိန္ကၿမီးေကာင္ေပါက္အ႐ြယ္ပဲရွိေနေသးတဲ့ ဘန္းနဲ႔႐ိုဆီယမ္တို႔ရဲ႕လက္ေဗြရာေတြမဟုတ္ဘူးလို႔ေျပာျပပါတယ္။

အခင္းျဖစ္ပြားမႈမွာအသက္ရွင္က်န္ရစ္ခဲ့တဲ့ ေရာဘတ္ကလည္း ျပစ္မႈက်ဳးလြန္သူဟာ အသက္(၂၀)ဝန္းက်င္ရွိတဲ့လူျဖဴတစ္ဦးလို႔ေျပာျပပါတယ္။ လူသတ္မႈအတြက္ေထာင္က်ခံခဲ့ရတဲ့ ဘန္းနဲ႔႐ိုဆီယန္တို႔ႏွစ္ဦးကေတာ့ လူမည္းေတြျဖစ္ၾကပါတယ္။ ေရွ႕ေနေတြကေတာ့ ဆယ္ေက်ာ္သက္ေကာင္ေလးေတြဟာတမင္တကာဇာတ္လမ္းဆင္ခံရၿပီး ေထာင္ခ်ခံခဲ့ရေၾကာင္းသုံးသပ္ခဲ့ၾကပါတယ္။

Credit : လင္းလင္း(ShweMom)

Unicode ဖြင့်ဖတ်ရန်

လူမှားပြီး (၂၇) နှစ်တိုင်တိုင်အကျဉ်းကျခံခဲ့ရတဲ့အမျိုးသားရဲ့ဝမ်းနည်းဖွယ်ရာအဖြစ်

ဂျွန်ဘန်းအမည်ရှိတဲ့အမျိုးသားတစ်ယောက်ဟာ မကျုးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုအတွက် (၂၇)နှစ်တိုင်တိုင်ထောင်ချခံခဲ့ရတယ်လို့သိရပါတယ်။ အခုဆိုရင် ဘန်းဟာအသက်(၄၁)နှစ်ရှိနေပါပြီ။ ဘန်းဟာလူမှားပြီးထောင်ချခံခဲ့ရတုန်းက အသက်(၁၄)နှစ်ပဲရှိပါသေးတယ်။ ၁၉၉၁ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အရာရှိတစ်ဦးသေဆုံးမှုမှာ ဘန်းကိုတရားခံအဖြစ်စွပ်စွဲပြီးထောင်ဒဏ်နှစ်ချီချမှတ်ခဲ့တာဖြစ်ပါတယ်။

 

လူသေမှုမှာဆယ်ကျော်သက်တွေဖြစ်ကြတဲ့ ဘန်းနဲ့ရိုဆီယမ်တို့ဟာ ရိုလန်ဒိုနဲ့အဖော်ရောဘတ်တို့ကို ကားထဲကဆွဲထုတ်ပြီး သေနတ်နဲ့ပစ်သတ်ကာ ကားခိုးသွားခဲ့တယ်လို့တရားရုံးကယူဆထားခဲ့ကြတာဖြစ်ပါတယ်။ အခင်းဖြစ်စဉ်မှာရိုလန်ဒိုဟာသေဆုံးသွားခဲ့တာကြောင့် ရောဘတ်ဟာတစ်ဦးတည်းမျက်မြင်သက်သေဖြစ်လာခဲ့ပါတယ်။

 

၂၀၁၆ခုနှစ်မှာတော့ ဘန်းရဲ့လူသတ်မှုကိုတကျော့ပြန်ပြန်လည်စစ်ဆေးခဲ့ပါတယ်။ ဒီအခါမှာ အမှုကိုခေါင်းဆောင်စုံထောက်အဖြစ်တာဝန်ယူခဲ့တဲ့ လူဝီစကာဆယ်လာဆိုသူဟာ အထင်မှားစေပြီးသံသယဖြစ်ဖွယ်စစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့သိလာရတာကြောင့် ဘန်းကိုထောင်ဒဏ်ကနေလွှတ်ပေးခဲ့ပါတယ်။

 

ဘန်းက (၂၇)နှစ်လုံးလုံး သူဟာဘဝအတွက်ခက်ခက်ခဲခဲရုန်းကန်ခဲ့ရကြောင်းကို မျက်ရည်သွင်သွင်စီးကျရင်းပြောပြသွားခဲ့ပါတယ်။ ဘန်းဟာရှေ့နေတွေဘက်လှည့်ပြီး ရှေ့နေတွေဟာ ပြီးခဲ့တဲ့(၂၇)နှစ်လုံးလုံးလူမှားပြီးထောင်ချခဲ့တဲ့ပြစ်မှုကိုကျူးလွန်ခဲ့ကြသူတွေလို့လည်း ငိုယိုကာပြောပြခဲ့ပါတယ်။ တရားသူကြီးက ဘန်းကိုတရားသေလွှတ်ခဲ့တဲ့အခါမှာတော့ ဘန်းဟာတရားသူကြီးရှိရာခုံဆီချဉ်းကပ်သွားခဲ့ပြီး သူမရဲ့လက်တွေကိုဆုပ်ကိုင်ခဲ့ပါသေးတယ်။

 

ဘန်းရဲ့ရှေ့နေအဖွဲ့ကတော့ အမှုမှာအစကတည်းကယိုပေါက်တွေရှိခဲ့ကြောင်းဆိုပါတယ်။ အခင်းဖြစ်ပွားချိန်မှာတွေ့ရတဲ့လက်ဗွေရာတွေဟာလည်း ထိုအချိန်ကမြီးကောင်ပေါက်အရွယ်ပဲရှိနေသေးတဲ့ ဘန်းနဲ့ရိုဆီယမ်တို့ရဲ့လက်ဗွေရာတွေမဟုတ်ဘူးလို့ပြောပြပါတယ်။

အခင်းဖြစ်ပွားမှုမှာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ ရောဘတ်ကလည်း ပြစ်မှုကျုးလွန်သူဟာ အသက်(၂၀)ဝန်းကျင်ရှိတဲ့လူဖြူတစ်ဦးလို့ပြောပြပါတယ်။ လူသတ်မှုအတွက်ထောင်ကျခံခဲ့ရတဲ့ ဘန်းနဲ့ရိုဆီယန်တို့နှစ်ဦးကတော့ လူမည်းတွေဖြစ်ကြပါတယ်။ ရှေ့နေတွေကတော့ ဆယ်ကျော်သက်ကောင်လေးတွေဟာတမင်တကာဇာတ်လမ်းဆင်ခံရပြီး ထောင်ချခံခဲ့ရကြောင်းသုံးသပ်ခဲ့ကြပါတယ်။

Credit : လင်းလင်း(ShweMom)