ZawGyiဖြင့်ဖတ်ရန်
credit – ori poster
UniCodeဖြင့်ဖတ်ရန်
ချစ်တင်းနှောချိန် မှာလစ်ဟင်းတာတွေ မဖြစ်ရလေအောင်
လိင်ဆက်ဆံခြင်းကို တာဝန်ယူခြင်းလို့ သတ်မှတ်လိုက်မယ်ဆိုရင် စိတ်ကျေနပ်မှု မရနိုင်ပါဘူး။ ဒီလို စိတ်မကျေနပ်မှုဟာ ကိုယ့်ရဲ့ လက်တွဲဖော်ကိုပါ ထိခိုက်စေမှာပါ။
အိမ်ထောင်သက်ကြာလို့ အချစ်တွေ လျော့ကုန်ပြီလား
ဖေဖေ မေမေတို့ရေ အိမ်ထောင်သက်ကြာလို့ အချစ်တွေ လျော့ကုန်ပြီလား။ အချစ်တွေ လျှော့လာတယ်ဆိုရင် တစ်နေ့တာ လက်တွဲဖော်နဲ့ ပတ်သက်သမျှ ကိစ္စတွေ အကုန်လုံးမှာ လစ်ဟင်းမှာပါ။ ဒီလို လျှော့ကျတဲ့အထဲမှာ အချစ်စိတ်တွေ ပြည့်နေတဲ့ လိင်ဆက်ဆံခြင်းလည်း ပါဝင်ပါတယ်။
စိတ်ဖိစီးစရာတွေ ရှိရင်လည်း လိင်ဆက်ဆံချင်စိတ် ကျပါတယ်
ရိုးအီတယ်ဆိုတဲ့ ကိစ္စက လူတိုင်းနီးပါး ဖြစ်ကြမှာပါ
ဒါဟာ ရည်ရွယ်ချက်ချက် ရှိရှိ လုပ်တာတော့ မဟုတ်ပါဘူး။ ပြီးတော့ လူ့စိတ်ဆိုတာ အချိန်မရွေး ပြောင်းလဲနေတတ်တဲ့ သဘောပါ။ တစ်ခါတစ်လေမှာ ပြောင်းလဲကောင်း ပြောင်းလဲ နိုင်ပါတယ်။ အရင်က ကုတင်ပေါ်က ကိစ္စတွေကို ဘယ်လောက်ပဲ စိတ်အား ထက်သန်တာတွေ ဖြစ်ဖြစ် တချိန်ချိန်မှာ စိတ်နည်းနည်းပဲပါတော့တာတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ အခြားတစ်ယောက်အပေါ်မှာ စိတ်ရှိနေလို့ ဖြစ်တာတော့ မဟုတ်ပါဘူး။
ဖေဖေ မေမေတို့ အလုပ်မှာ စိတ်ဖိစီးစရာတွေ ရှိရင်လည်း လိင်ဆက်ဆံချင်စိတ် အားနည်းပါတယ်။ ဒီအခါမှာ အေးတိအေးစက်တွေ ဆက်ဆံ မိတတ်ပါတယ်။ ဒါကို ကိုယ်ကိုယ်တိုင် မသိလိုက်ပေမယ့် ကိုယ့်ရဲ့ လက်တွဲဖော်ကတော့ ကိုယ့်ရဲ့ အေးတိအေးစက် အပြုအမူတွေကို ချက်ချင်း ရိပ်မိနိုင်ပါတယ်။
လိင်ဆက်ဆံခြင်းကို တာဝန်တစ်ခုလို့ မယူဆပါနဲ့
လိင်ဆက်ဆံခြင်းကို တာဝန်ယူခြင်းလို့ သတ်မှတ်လိုက်မယ်ဆိုရင် ကုတင်ထက်မှာ စိတ်ကျေနပ်မှု မရနိုင်ပါဘူး။ ဒီလို စိတ်မကျေနပ်မှုဟာ ကိုယ့်ရဲ့ လက်တွဲဖော်ကိုပါ ထိခိုက်စေမှာပါ။ ဒါကြောင့် အေးတိအေးစက် ဆက်ဆံရေးတွေ မဖြစ်ဖို့ တာဝန်လို့ မတွေးပါနဲ့။
ကိုယ့်ရဲ့ အခြေအနေကို ပြောပြပါ
ကိုယ်ဘာကြောင့် လိင်မဆက်ဆံချင်လဲဆိုတာ ပြောပြပါ။ လက်တွဲဖော်ဘက်က နားလည်ပေးဖို့လည်း လိုအပ်ပါတယ်။ ကျန်းမာရေး မကောင်းတာကြောင့်လား၊ ပင်ပန်းတာကြောင့်လားဆိုတာ သေသေချာချာလေး ပြောပြပါ။ ဒါဆိုရင် ပြေလည်အောင် ညှိပြီးရင် အေးစက်တာတွေ မဖြစ်နိုင်တော့ပါဘူး။
credit – ori poster