Zawgyi ျဖင့္ဖတ္ရန္

အိႏၵိယမင္းသမီးေခ်ာ Alia Bhatt ပါဝင္ သ႐ုပ္ေဆာင္ ထားတဲ့ အိႏၵိယ-ပါကစၥတန္ စပိုင္အက္ရွင္ဇာတ္ကားျဖစ္ပါတယ္…နာမည္ေက်ာ္ အိႏၵိယ မင္းသမီးေခ်ာ Alia Bhatt ပါဝင္ထားတဲ့ Raazi ဇာတ္ကားႀကီးကို ေမလ ၁၁ရက္ေန႔က ႐ုံတင္ျပသခဲ့တာျဖစ္ၿပီး ၆ရက္အတြင္းမွာတင္ ႐ူပီး ၅၁.၂၄ ကုေဋရရွိခဲ့တယ္လို႔သိရပါတယ္။ပထမဆုံးတစ္ပတ္မွာတင္ ဒီလို ဝင္ေငြ ေတြရရွိခဲ့တာျဖစ္ၿပီး ေနာက္ထပ္ဝင္ေငြေတြမ်ားစြာရရွိဦးမယ္ဆိုတာလည္းခန႔္မွန္းမလြဲပါဘူး။

 

ဒီ ဇာတ္ကား မွာ မင္းသမီး Alia Bhatt ၊မင္းသား Vicky Kaushal တို႔ကေခါင္းေဆာင္ပါဝင္ထားတာျဖစ္ၿပီး အိႏၵိယ စပိုင္ အက္ရွင္ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ဒါ႐ိုက္တာ Meghna Gulzar ႐ိုက္ကူးထားတာျဖစ္ၿပီး ျဖစ္ရပ္မွန္ဇာတ္လမ္းေတြေရးသားတတ္သူ စာေရးဆရာ Harinder Sikkaရဲ႕ဝတၳဳ “Calling Sehmat” စာအုပ္ကို ျပန္ၿပီးအေျခခံထားတာပါ။ဇာတ္ကားရဲ႕ပိုစတာကို ၂၀၁၈ ၊ဧၿပီ ၉ရက္ေန႔က စတင္ခ်ျပခဲ့ၿပီး ဇာတ္ကား႐ိုက္ကူးေနစဥ္မွာလည္း ကမာၻတစ္ဝန္းကေန ေဝဖန္ျပစ္တင္မႈေတြမ်ားစြာရရွိခဲ့တယ္လို႔သိရပါ တယ္။ေဝဖန္ျပစ္တင္မႈေတြရရွိခဲ့သလို ဒီဇာတ္ကားဟာ ၂၀၁၈ ခုႏွစ္ထဲမွာအေအာင္ျမင္ဆုံး ကားတစ္ကားလည္းျဖစ္ခဲ့တယ္ဆိုတာ ႐ုံတင္ျပသၿပီး ၆ရက္အတြင္းရရွိခဲ့တဲ့ဝင္ေငြေတြ၊အားေပးမႈေတြ ကိုၾကည့္ၿပီးသိႏိုင္ပါတယ္။

Raazi ဇာတ္ကားဟာ Sehmat လို႔ေခၚတဲ့ အသက္ ၁၉ႏွစ္အ႐ြယ္မိန္းကေလးတစ္ေယာက္က သူမရဲ႕အေဖေနရာကိုဆက္ခံဖို႔ အရည္အခ်င္းရွိၿပီးကြၽမ္းက်င္တဲ့ ရဲအရာရွိတစ္ေယာက္ျဖစ္ဖို႔ ႀကိဳးစားသင္ယူခဲ့တဲ့ျဖစ္ရပ္မွန္ ဇာတ္လမ္းကိုျပန္လည္ အေျခခံ႐ိုက္ကူးထားတာျဖစ္ပါတယ္။၁၉၇၁ခုႏွစ္အင္ဒို-ပါကစၥတန္စစ္ပြဲအတြင္း အိႏၵိယသူတစ္ေယာက္ျဖစ္တဲ့ Sehmat ဟာ ပါကစၥတန္စစ္တပ္အရာရွိတစ္ေယာက္နဲ႔လက္ထပ္ခဲ့ၿပီး သူမရဲ႕အိႏၵိယႏိုင္ငံကိုအခ်က္အလက္ေတြျပန္ၿပီးေထာက္လွမ္းေပးပို႔ဖို႔ႀကိဳးစား ခဲ့တဲ့အိႏၵိယစပိုင္တစ္ေယာက္ လည္းျဖစ္ခဲ့ပါတယ္။သူမရဲ႕အိႏၵိယစစ္တပ္အတြက္နယ္ျခားႏိုင္ငံအထိ သြားေရာက္ကာ အသက္စြန႔္ႀကိဳးစားခဲ့သူျဖစ္ပါတယ္။

 

Sehmat အျဖစ္ Alia Bhatt က သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး သူမရဲ႕ခင္ပြန္းပါကစၥတန္အမ်ိဳးသားအျဖစ္ မင္းသား Vicky Kaushal ကသ႐ုပ္ေဆာင္ထားပါတယ္။ျဖစ္ရပ္မွန္ဇာတ္လမ္းျဖစ္သလို အႏုပညာရွင္ေတြရဲ႕ကြၽမ္းက်င္ေျပာင္ေျမာက္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္႐ုံတင္ၿပီး ရက္ပိုင္းအတြင္းမွာတင္ ဝင္ေငြမ်ားစြာရရွိခဲ့တာ ျဖစ္ပါတယ္။Sehmat အျဖစ္သ႐ုပ္ေဆာင္တဲ့ Alia Bhatt ဟာလည္း ခ်ီးက်ဴးၾသဘာေပးမႈေတြအမ်ားႀကီးလက္ခံ ရရွိခဲ့တယ္လို႔သိရပါတယ္။အိႏၵိယနဲ႔ပါကစၥတန္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မသင့္ျမတ္ခဲ့ေပမဲ့ အခုေနာက္ပိုင္းမွာ အဆင္ေျပေနပါၿပီ။ဒီဇာတ္ကားထြက္ရွိတဲ့အခါမွာလည္း အဆင္မေျပတဲ့ဆက္ဆံေရးႏွစ္ခုထက္ ႏွစ္ႏိုင္ငံၾကားက ႏိုင္ငံသားေတြရဲ႕စိတ္ခံစားခ်က္ေတြကို ျမင္သာေအာင္ေဖာ္ျပခံစားေစခဲ့တဲ့ဇာတ္ကားျဖစ္တယ္လို႔လည္း ပရိသတ္ေတြကေျပာခဲ့ပါတယ္။အႏုပညာတစ္ခုအေနနဲ႔သာ ခံစားၾကလို႔ အခုလို ေဘာလိဝုဒ္မွာေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားျဖစ္ခဲ့တာပါ။”Raazi” ဇာတ္ကား Trailer လည္း ျပန္ၿပီးမွ်ေဝေပးလိုက္ပါတယ္။

Credit : Buzzy

 

Unicode ဖြင့်ဖတ်ရန်

 

ရုံတင်ပြီး တစ်ပတ်အတွင်းမှာတင် အိန္ဒိယဝင်ငွေ ရူပီး ၅၁.၂၄ ကုဋေရရှိခဲ့တဲ့ “Raazi”

အိန္ဒိယမင်းသမီးချော Alia Bhatt ပါဝင်သရုပ်ဆောင်ထားတဲ့ အိန္ဒိယ-ပါကစ္စတန် စပိုင်အက်ရှင်ဇာတ်ကားဖြစ်ပါတယ်…

နာမည်ကျော်အိန္ဒိယမင်းသမီးချော Alia Bhatt ပါဝင်ထားတဲ့ Raazi ဇာတ်ကားကြီးကို မေလ ၁၁ရက်နေ့က ရုံတင်ပြသခဲ့တာဖြစ်ပြီး ၆ရက်အတွင်းမှာတင်ရူပီး ၅၁.၂၄ ကုဋေရရှိခဲ့တယ်လို့သိရပါတယ်။ပထမဆုံးတစ်ပတ်မှာတင် ဒီလိုဝင်ငွေတွေရရှိခဲ့တာဖြစ်ပြီး နောက်ထပ်ဝင်ငွေတွေများစွာရရှိဦးမယ်ဆိုတာလည်းခန့်မှန်းမလွဲပါဘူး။

 

ဒီဇာတ်ကားမှာ မင်းသမီး Alia Bhatt ၊မင်းသား Vicky Kaushal တို့ကခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီး အိန္ဒိယစပိုင်အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒါရိုက်တာ Meghna Gulzar ရိုက်ကူးထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းတွေရေးသားတတ်သူ စာရေးဆရာ Harinder Sikkaရဲ့ဝတ္ထု “Calling Sehmat” စာအုပ်ကို ပြန်ပြီးအခြေခံထားတာပါ။ဇာတ်ကားရဲ့ပိုစတာကို ၂၀၁၈ ၊ဧပြီ ၉ရက်နေ့က စတင်ချပြခဲ့ပြီး ဇာတ်ကားရိုက်ကူးနေစဉ်မှာလည်း ကမ္ဘာတစ်ဝန်းကနေ ဝေဖန်ပြစ်တင်မှုတွေများစွာရရှိခဲ့တယ်လို့သိရပါ တယ်။ဝေဖန်ပြစ်တင်မှုတွေရရှိခဲ့သလို ဒီဇာတ်ကားဟာ ၂၀၁၈ ခုနှစ်ထဲမှာအအောင်မြင်ဆုံး ကားတစ်ကားလည်းဖြစ်ခဲ့တယ်ဆိုတာ ရုံတင်ပြသပြီး ၆ရက်အတွင်းရရှိခဲ့တဲ့ဝင်ငွေတွေ၊အားပေးမှုတွေ ကိုကြည့်ပြီးသိနိုင်ပါတယ်။

 

Raazi ဇာတ်ကားဟာ Sehmat လို့ခေါ်တဲ့ အသက် ၁၉နှစ်အရွယ်မိန်းကလေးတစ်ယောက်က သူမရဲ့အဖေနေရာကိုဆက်ခံဖို့ အရည်အချင်းရှိပြီးကျွမ်းကျင်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ဖို့ ကြိုးစားသင်ယူခဲ့တဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းကိုပြန်လည် အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။၁၉၇၁ခုနှစ်အင်ဒို-ပါကစ္စတန်စစ်ပွဲအတွင်း အိန္ဒိယသူတစ်ယောက်ဖြစ်တဲ့ Sehmat ဟာ ပါကစ္စတန်စစ်တပ်အရာရှိတစ်ယောက်နဲ့လက်ထပ်ခဲ့ပြီး သူမရဲ့အိန္ဒိယနိုင်ငံကိုအချက်အလက်တွေပြန်ပြီးထောက်လှမ်းပေးပို့ဖို့ကြိုးစား ခဲ့တဲ့အိန္ဒိယစပိုင်တစ်ယောက် လည်းဖြစ်ခဲ့ပါတယ်။သူမရဲ့အိန္ဒိယစစ်တပ်အတွက်နယ်ခြားနိုင်ငံအထိ သွားရောက်ကာ အသက်စွန့်ကြိုးစားခဲ့သူဖြစ်ပါတယ်။

 

Sehmat အဖြစ် Alia Bhatt က သရုပ်ဆောင်ထားတာဖြစ်ပြီး သူမရဲ့ခင်ပွန်းပါကစ္စတန်အမျိုးသားအဖြစ် မင်းသား Vicky Kaushal ကသရုပ်ဆောင်ထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သလို အနုပညာရှင်တွေရဲ့ကျွမ်းကျင်ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ရုံတင်ပြီး ရက်ပိုင်းအတွင်းမှာတင် ဝင်ငွေများစွာရရှိခဲ့တာ ဖြစ်ပါတယ်။Sehmat အဖြစ်သရုပ်ဆောင်တဲ့ Alia Bhatt ဟာလည်း ချီးကျူးသြဘာပေးမှုတွေအများကြီးလက်ခံ ရရှိခဲ့တယ်လို့သိရပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်က အကြောင်းအမျိုးမျိုးကြောင့် မသင့်မြတ်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ အဆင်ပြေနေပါပြီ။ဒီဇာတ်ကားထွက်ရှိတဲ့အခါမှာလည်း အဆင်မပြေတဲ့ဆက်ဆံရေးနှစ်ခုထက် နှစ်နိုင်ငံကြားက နိုင်ငံသားတွေရဲ့စိတ်ခံစားချက်တွေကို မြင်သာအောင်ဖော်ပြခံစားစေခဲ့တဲ့ဇာတ်ကားဖြစ်တယ်လို့လည်း ပရိသတ်တွေကပြောခဲ့ပါတယ်။အနုပညာတစ်ခုအနေနဲ့သာ ခံစားကြလို့ အခုလို ဘောလိဝုဒ်မှာအောင်မြင်ခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့တာပါ။”Raazi” ဇာတ်ကား Trailer လည်း ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

Credit : Buzzy