Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
သမိုင်းထဲက အီဂျစ် အလှဘုရင်မ ကလီယိုပတ်ထရာ ရဲ့လှပခြင်းဆိုုင်ရာ လျို့ဝှက်ချက်တစ်ခုု
ကလီယိုပက်ထရာဟာတကယ်တော့မိန်းမလှလေးမဟုတ်ပါဘူး။ဒါကြောင့် သူမဟာလှပတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် မြည်းရဲ့နို့ရည်နဲ့ရေချိုးခဲ့ပါတယ်။သူမဟာ Julius Caesar နဲ့ Mark Antony တို့ကိုဖမ်းစားခဲ့တာ တကယ်ပဲအလုပ်ဖြစ်ပါတယ်။
ကျွန်တော်တို့တော်တော်များများထင်ထားတာနဲ့ ပြောင်းပြန်ဖြစ်သွားတဲ့ ကလီယိုပက်ထရာ ဖြစ်တဲ့ရှေးခေတ်အီဂျစ်ရဲ့နောက်ဆုံးဘရင်မဟာ အမှန်တကယ်လှတာမဟုတ်ပါဘူးတဲ့။သူမရဲ့ ရုပ်ထုလို့ယုံကြည်ကြတဲ့ရုပ်ထုတစ်ခုမှာ ကြီးမားတဲ့ဖားလိုမျက်လုံး၊ လေးလံကြီးမားတဲ့ နှာခေါင်း နဲ့ ယောက်ျားလိုမေးစေ့ ပါရှိနေတာကိုတွေ့ရပါတယ်။ကလီယိုပက်ထရာ ရဲ့ရုပ်ရည်ဟာရှေးခတ်အီဂျစ်တွေရဲ့သာမန်အလှလောက်ပဲရှိပါတယ် ။
သူမနဲ့ပတ်သက်ပြီးအထင်ကရဖြစ်သေးတဲ့အချက်ကတော့ သူမဟာမြည်းရဲ့နို့ရည်နဲ့ရေချိုးတာပါပဲ။နို့ရည်ရဲ့အသုံးဝင်မှု အားလုံးကိုသူမရနိုင်ဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။ သူမဟာ အီဂျစ်နိုင်ငံရဲ့ ဘုရင်မတစ်ပါးပဲ မဖြစ်နိုင်တာမရှိပါဘူး။
မြည်းရဲ့နို့ရည်ဟာ သူမရဲ့အသားအရည်ကိုသိသိသာသာအံသြလောက်အောင်ကောင်းမွန်သွားစေပါတယ်။ရောမအာဏာရှင်ဖြစ်တဲ့ Julius Caesar ကိုလဲသူမကအမိအရဖမ်းထားပါတယ်။
သူမဟာ Julius Caesar ရှေ့မှာ အဝတ်အစားမပါပဲ ကော်ဇောဖြင့်ကာကာ တူတူရေဝါးလှည့်ပတ်ဆော့ကစားခဲ့ပါတယ်။
မြည်းရဲ့နို့ရည်ဟာ သူမကို လှပလွန်းလှတဲ့လက်နဲ့ နူးညံ့သိမ်မွေ့တဲ့အသားအရည်ရအောင်ပြုလုပ်ပေးခဲ့ပါတယ်။
ဒီလိုဆွဲဆောင်ခံရတာလJulius Caesar တစ်ယောက်တည်းမဟုတ်ပါဘူး။ ကလီယိုပက်ထရာ ဟာ Mark Antony ရဲ့နှလုံးသားကိုလဲ ခိုးယူခဲ့ပါတယ်။
သူ့ရဲ့သမိုင်းအရ ဒီလိုယောက်ျားထုကြီးကိုဆွဲဆောင်နိုင်တာက သူမရဲ့ပင်ကိုအရည်အချင်းဖြစ်တဲ့အတွက် အဲ့ဒီအစွမ်းအစကိုတိုးမြင့်ဖို့ ကလီယိုပက်ထရာ ဟာအရာအားလုံးလုပ်ရမှာပါပဲ။မြည်းရဲ့နို့ရည်ထဲက လက်တစ်အက်စစ်ဟာ ခြောက်သွေ့တဲ့အသားအရေ ကိုလဲပေးပြီး အနီစက်တွေနဲ့ယားယံတာတွေကို သက်သာစေပါတယ်။
တန်ဖိုးကြီးဇိမ်ခံပစ္စည်းကိုခံစားတာတော့ဖော်ပြစရာမလိုလောက်ပါဘူး။အဲ့တာကြောင့် ကလီယိုပက်ထရာ ဟာမိန်းကလေးတွေအားလုံးကိုမူးမေ့သွားစေတဲ့အပြင် 30th B.C. Alexandria နဲ့ အီဂျစ်နိုင်ငံတွေရဲ့ အသားအရေအလှဆုံးဘုရင်မဖြစ်ခဲ့ပါတယ်။
စကားမစပ်၊သူမရဲ့လွမ်းမိုးမှုကနေပဲ သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်တဲ့ အလှကုန်တွေစတင်ပေါ်ပေါက်လာပါတယ်။
ရောမစာရေးဆရာတစ်ယောက်ဖြစ်တဲ့ာPliny ကမြည်းရဲ့နို့ရည်နဲ့ပတ်သက်ပြီး အံသြစရာကောင်းလှတဲ့သူ့ရဲ့အကျိုးသက်ရောက်မှုတွေကိုရေးသားခဲ့ပါတယ်။သူမရေးသားမှုထဲမှာတော့ မြည်းရဲ့နို့ရည်ဟာ အသားအရေတွန့်တွခြင်းကိုလျှော့ချပေးပြီး ပိုပြီးနူးညံ့ကာ အသားဖြူလာစေပါတယ်ဆိုပြီးသိရပါတယ်။
တကယ်တော့ အဲ့ဒီအချိန်တုန်းက မိန်းကလေးတွေဟာ နွားနို့မှရတဲ့ ဂီးထောပတ်တွေ နွားရဲ့ကျင်ငယ်တွေနဲ့ နွားချီးတွေကိုတောင် အလှအပအတွက်အသုံးပြုကြပါတယ်။
သူမ နေ့စဉ်သန့်စင်ဖို့အတွက် မြည်းအိမ်တစ်ခုလုံးကမြည်းတွေ လိုအပ်ပါတယ်။ ဒါ့အပြင် သူမရေချိုးဖိ့ုရန်အတွက် နို့ရည်တွေကိုပုံးတွေနဲ့သယ်ပေးမယ့် အစေခံများစွာလဲလိုအပ်ပါသေးတယ်။
ကလီယိုပက်ထရာ ခေတ်ကစပြီး မိန်းကလေးတွေဟာ အလှအပအတွက် မြည်းရဲ့နို့ရည်တွေ နွားနို့ရည်တွေကို ရေချိုးတဲ့နေရာအသုံးပြုလာကြပါတော့တယ်။ရောမအင်ပါယာအကြီးအကဲရNero ရဲ့ဇနီးလဲ ဒီလိုပြုလုပ်ခဲ့ပါတယ်။သူမဆီမှာလဲ နေ့စဉ်သန့်စင်ရေးအတွက် အစစအရာရာ ပြုလုပ်ပေးမယ့် အစေအပါးတွေရှိပါတယ်။
Napoleon Bonapart ရဲ့သိပ်မထင်ရှားတဲ့ညီမဖြစ်တဲ့ Pauline ကလဲ ဒီနည်းလမ်းအတိုင်းလုပ်ခဲ့ပါသေးတယ်။ယနေ့ခေတ်ရေချိုးဆပ်ပြာတွေခရင်မ်တွေမှာသတ္တုဓာတ်ဗီတာမင်ဓာတ်လိုအပ်တဲ့ဖက်တီအက်စစ်နဲ့အသားအရေအတွက်ကောင်းမွန်တဲ့ဓာတ်တွေပါဝင်တဲ့မြည်းရဲ့နို့ရည်တွေနဲ့ပြုလုပ်တာများလာပါတယ်။
ပေါင်မုန့်ပေါ်မှာတောင်သုတ်လိမ်းနိုင်လောက်တဲ့ထိ ကြည်လင်ပါတယ်။ဒီနည်းလမ်းနဲ့နမိန်းကလေးတွေ ကလီယိုပက်ထရာ လောက်အစွမ်းအစမရှိနိုင်ပေမယ့် နူးညံ့ပျော့ပျောင်းတဲ့အသားအရေ ရရှိဖို့ နည်းလမ်းကောင်းဖြစ်နိုင်ပါတယ်။
Writer – Min Thu (Daily Hot News)