Zawgyi ျဖင့္ဖတ္ရန္

 

ေန႔စဥ္ အသုံးျပဳေနသည့္ အစိုဓာတ္ထိန္း ခရင္မ္၊ လက္သည္း အေရာင္တင္ေဆး၊ ေရေမႊးႏွင့္ မိတ္ကပ္မ်ားသည္ က်န္းမာေရး ကို အႀကီးအက်ယ္ ထိခိုက္ေစေၾကာင္း သိရသည္။ အေစာပိုင္း ေလ့လာမႈမ်ား အရ သားၿမဳံျခင္း၊ ခ်ိဳ႕ယြင္းခ်က္ ရွိသည့္ ကေလးေမြးဖြားျခင္း၊ ကင္ဆာ ျဖစ္ပြားျခင္း တို႔သည္ အလွကုန္ ပစၥည္းမ်ားတြင္ ပါဝင္သည့္ ဓာတုပစၥည္းမ်ားႏွင့္ ဆက္စပ္မႈ ရွိေနေၾကာင္း ေလ့လာ ေတြ႕ရွိခဲ့ရသည္။

အဆိုပါ ဓာတုပစၥည္း မ်ားသည္ ေသြးဆုံးခ်ိန္ ေစာေစေၾကာင္း ေလ့လာ ေတြ႕ရွိမႈ အသစ္မ်ားအရ သိရွိရသည္။ အသက္႐ြယ္ေၾကာင့္ ျဖစ္လာျခင္း မဟုတ္ဘဲ ဓာတုပစၥည္း မ်ားေၾကာင့္ ျဖစ္လာသည့္ ေသြးဆုံးမႈေၾကာင့္ အမ်ိဳးသမီး မ်ားသည္ ႏွလုံးေရာဂါႏွင့္ အ႐ိုးပြ ေရာဂါ ျဖစ္ပြားမႈႏႈန္း ပိုမ်ားေၾကာင္း သိရွိရသည္။

ေလ့လာမႈမ်ားအရ အလွကုန္ ပစၥည္းမ်ား သုံးသည့္ အမ်ိဳးသမီး မ်ားသည္ အနည္းငယ္သာ သုံးသည့္ အမ်ိဳးသမီးမ်ားထက္ (၁ ဒသမ ၉) ႏွစ္မွ (၃ ဒသမ ၈) ႏွစ္အထိ ေသြးဆုံးခ်ိန္ ေစာေၾကာင္း သိရွိရသည္။ ျဖစ္ရတဲ့ အေၾကာင္းရင္းကို သက္ေသ အတိအက် မျပႏိုင္ေပမယ့္ ဒီဓာတုပစၥည္းမ်ားကို သတိျပဳေစခ်င္ၿပီး ေန႔စဥ္သုံး ပစၥည္းမ်ားႏွင့္ ပတ္သက္ၿပီး ပိုၿပီး သိရွိျမင္ႏိုင္ေစရန္ ရည္႐ြယ္ေၾကာင္း ေလ့လာသူ ေဒါက္တာကူးပါးက ေျပာၾကားခဲ့သည္။

၁၉၇၉ ကတည္းက အေမရိကန္တြင္ PCB သုံးစြဲမႈကို တားဆီးထားေၾကာင္း သိရသည္။ သို႔ေသာ္ PCB မပါဝင္ေၾကာင္း ေရးထားသည့္ အလွကုန္ဗူးကို ရွာသင့္သည္ဟု ဆိုေသာ္လည္း လက္ေတြ႕ ပစၥည္း ထုတ္လုပ္သည့္ ေနရာတြင္ မည္သည့္ ပစၥည္းမ်ားျဖင့္ ထုတ္လုပ္သည္ကို အေျဖရွာရန္ ခက္လာသည္။ သို႔ေသာ္ သဘာ၀ ပစၥည္းသုံး အလွကုန္ မ်ားကလည္း ဓာတုပစၥည္း ပါဝင္မႈ အနည္းဆုံး ျဖစ္ေၾကာင္း ေၾကာ္ျငာ လာၾကသျဖင့္ သဘာ၀ အေျခခံ ပစၥည္းမ်ားကို ေျပာင္းလဲ အသုံးျပဳသင့္ေၾကာင္း ေလ့လာသူ တစ္ဦးက တိုက္တြန္း ထားသည္။

အမ်ိဳးသမီးမ်ား ဘဝကိုက ေျပာင္းကျပန္ မျဖစ္ေစခ်င္ေၾကာင္း၊ အႏၲရာယ္ အႀကီးဆုံး ပစၥည္းက မည္သည့္ ပစၥည္း ဆိုသည္ကို ေသခ်ာမသိ ရွိေသာ္လည္း ရွာေဖြ ေလ့လာႏိုင္သေလာက္ ဆက္လက္ ေလ့လာၿပီး သဘာ၀ ပတ္ဝန္းက်င္၏ အခန္းက႑ကို ထည့္သြင္း စဥ္းစားဖို႔ လိုလာေၾကာင္း ေဒါက္တာကူးပါးက ေျပာၾကားခဲ့သည္။

Source: Daily Mail

 

Unicode ဖြင့်ဖတ်ရန်

အလှကုန် ပစ္စည်းတွေက သွေးဆုံးချိန်ကို စောစေနိုင်သလား အငြင်းပွားစရာ ဖြစ်လာ

 

နေ့စဉ် အသုံးပြုနေသည့် အစိုဓာတ်ထိန်း ခရင်မ်၊ လက်သည်း အရောင်တင်ဆေး၊ ရေမွှေးနှင့် မိတ်ကပ်များသည် ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေကြောင်း သိရသည်။ အစောပိုင်း လေ့လာမှုများ အရ သားမြုံခြင်း၊ ချို့ယွင်းချက် ရှိသည့် ကလေးမွေးဖွားခြင်း၊ ကင်ဆာ ဖြစ်ပွားခြင်း တို့သည် အလှကုန် ပစ္စည်းများတွင် ပါဝင်သည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်မှု ရှိနေကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။

အဆိုပါ ဓာတုပစ္စည်းများသည် သွေးဆုံးချိန် စောစေကြောင်း လေ့လာ တွေ့ရှိမှု အသစ်များအရ သိရှိရသည်။ အသက်ရွယ်ကြောင့် ဖြစ်လာခြင်း မဟုတ်ဘဲ ဓာတုပစ္စည်း များကြောင့် ဖြစ်လာသည့် သွေးဆုံးမှုကြောင့် အမျိုးသမီးများသည် နှလုံးရောဂါနှင့် အရိုးပွ ရောဂါ ဖြစ်ပွားမှုနှုန်း ပိုများကြောင်း သိရှိရသည်။

လေ့လာမှုများအရ အလှကုန် ပစ္စည်းများ သုံးသည့် အမျိုးသမီးများသည် အနည်းငယ်သာ သုံးသည့် အမျိုးသမီးများထက် (၁ ဒသမ ၉) နှစ်မှ (၃ ဒသမ ၈) နှစ်အထိ သွေးဆုံးချိန် စောကြောင်း သိရှိရသည်။ ဖြစ်ရတဲ့ အကြောင်းရင်းကို သက်သေ အတိအကျ မပြနိုင်ပေမယ့် ဒီဓာတုပစ္စည်းများကို သတိပြုစေချင်ပြီး နေ့စဉ်သုံး ပစ္စည်းများနှင့် ပတ်သက်ပြီး ပိုပြီး သိရှိမြင်နိုင်စေရန် ရည်ရွယ်ကြောင်း လေ့လာသူ ဒေါက်တာကူးပါးက ပြောကြားခဲ့သည်။

၁၉၇၉ ကတည်းက အမေရိကန်တွင် PCB သုံးစွဲမှုကို တားဆီးထားကြောင်း သိရသည်။ သို့သော် PCB မပါဝင်ကြောင်း ရေးထားသည့် အလှကုန်ဗူးကို ရှာသင့်သည်ဟု ဆိုသော်လည်း လက်တွေ့ ပစ္စည်း ထုတ်လုပ်သည့် နေရာတွင် မည်သည့် ပစ္စည်းများဖြင့် ထုတ်လုပ်သည်ကို အဖြေရှာရန် ခက်လာသည်။ သို့သော် သဘာ၀ ပစ္စည်းသုံး အလှကုန် များကလည်း ဓာတုပစ္စည်း ပါဝင်မှု အနည်းဆုံး ဖြစ်ကြောင်း ကြော်ငြာ လာကြသဖြင့် သဘာ၀ အခြေခံ ပစ္စည်းများကို ပြောင်းလဲ အသုံးပြုသင့်ကြောင်း လေ့လာသူ တစ်ဦးက တိုက်တွန်း ထားသည်။

အမျိုးသမီးများ ဘဝကိုက ပြောင်းကပြန် မဖြစ်စေချင်ကြောင်း၊ အန္တရာယ် အကြီးဆုံး ပစ္စည်းက မည်သည့် ပစ္စည်း ဆိုသည်ကို သေချာမသိ ရှိသော်လည်း ရှာဖွေ လေ့လာနိုင်သလောက် ဆက်လက် လေ့လာပြီး သဘာ၀ ပတ်ဝန်းကျင်၏ အခန်းကဏ္ဍကို ထည့်သွင်း စဉ်းစားဖို့ လိုလာကြောင်း ဒေါက်တာကူးပါးက ပြောကြားခဲ့သည်။

Source: Daily Mail