ZawGyiဖြင့်ဖတ်ရန်
Credit;မေ(ရွှေအင်းလေး)
UniCodeဖြင့်ဖတ်ရန်
ဆိုရှယ်မှာ မိန်းကလေးတွေကြားပေါ်ပြူလာဖြစ်နေတဲ့ ဘရူနိုင်းတော်ဝင်မင်းသားလေး
ဆိုရှယ်နက်ဝက်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မိန်းကလေးတွေရဲ့ သည်းသည်းလှုပ်အားပေးပြီး စိတ် ဝင်တစား စောင့်ကြည့်ခြင်း ခံရတဲ့သူကတော့ ဘရူနိုင်းက တော်ဝင်မင်းသားလေးပါတဲ့။ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ တော်ဝင်မင်းသား အက်ဘ်ဒူလာမာတင်းက အခြားဆိုရှယ်အသုံးပြုသူတွေလိုပါပဲ လူ တွေစိတ်ဝင်တစား စောင့်ကြည့်ခြင်းခံရတဲ့ ပေါ်ပြူလာဖြစ်သူပါ။
တော်ဝင်မင်းသားတစ်ပါးလည်းဖြစ် နောက်ပြီး ချမ်းသာကြွယ်ဝမှုနဲ့ ဘဝနေထိုင်မှုပုံစံတွေက အားကျ စိတ်ဝင်စားဖို့ကောင်းတာပါပဲ။ အင်စတာဂရမ်မှာ ဖော်လိုဝါ လေးသိန်းနီးပါးကျော်ရှိတဲ့ ဆိုရှယ်အ ကောင့်မှာဆိုရင် တော်ဝင်မင်းသားရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေကို အမြဲတင်လေ့ရှိပါတယ်။ အဲ့ဒီအခါ ဆိုရှယ်မှာ သူ့ရဲ့ ဓာတ်ပုံတွေက ပေါ်ပြူလာဖြစ်ပျံ့နှံ့ပြီး လူတွေရဲ့ စိတ်ဝင်စားမှုမြင့်တက်ခြင်းကို ခံရ ပါတယ်။
ပိုလိုကစားတယ်။ သားရဲတိရစ္ဆာန် ကျားသစ်ငယ်လေးတွေ မွေးထားတယ်။ ကိုယ်ပိုင်လေယာဉ်၊ ဇိမ်ခံ ခရီးစဉ်တွေသွားရောက်တယ်။ နောက်ပြီး အဆင့်မြင့်အသုံးအဆောင်ပစ္စည်းတွေ သုံးမကုန်အောင် ရှိတယ်။ ကိန်းကြီးခန်းကြီး အိမ်ရာတွေမှာ နေထိုင်တယ်။ သူတို့ တော်ဝင်အသိုင်းအဝိုင်းက နာမည်ကြီး အပေါင်းအသင်းတွေနဲ့ လှုပ်ရှားမှုတွေကို ဆိုရှယ်မှာ အမြဲသတင်းပေးတယ်။
တော်ဝင်မင်း သားတစ်ပါး အဆောင်အယောင်နဲ့ ထွက်လာတဲ့ဓာတ်ပုံတွေမှာ ခန့်ညားထည်ဝါလွန်းတဲ့ မင်းသားတစ်ပါးအဖြစ် မြင်တွေ့ရတယ်။
နောက်ပြီး တော်ဝင်မင်းသား၊ သြဇာဂုန်ရှိန်ကြီးမားတဲ့ မိသားစုဝင်တစ်ဦးဖြစ်လို့ သတင်းမီဒီယာ တွေစောင့်ကြည့်ခြင်းအောက်မှာလည်း တစ်ခါတစ်ခါ အံ့အားသင့်စရာကောင်းတဲ့ သတင်းတွေနဲ့ ထွက်ပေါ်လာခဲ့ဖူးပါတယ်။
သူကတော့ ဆိုရှယ်မှာဆိုရင် အသုံးပြုသူတွေနဲ့ မိန်းကလေးတွေရဲ့ စိတ်ဝင်စားအားပေးခြင်းနဲ့ စောင့်ကြည့်ခံရသူတစ်ဦးဖြစ်လာကာ ပေါ်ပြူလာဖြစ်လာခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
Credit;မေ(ရွှေအင်းလေး)