Zawgyi ျဖင့္ဖတ္ရန္

ပ်ိဳေမ ေတြအေနနဲ႔ ႏႈတ္ခမ္းနီ အေတာင့္အစား ႏႈတ္ခမ္းနီ အရည္ေတြကို အသုံးမ်ားလာတာကို ေတြ႕ရပါတယ္။ ႏႈတ္ခမ္းနီ အရည္ဟာ ပိုမိုၾကာရွည္ခံျခင္း၊ ဆိုးရလြယ္ကူျခင္းေတြေၾကာင့္ မိန္းကေလးမ်ားရဲ႕အသည္းစြဲျဖစ္ေနတာ ကာလအေတာ္ၾကာခဲ့ပါၿပီ။ ႏႈတ္ခမ္းနီ အရည္ သိသင့္တာေလးေတြကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္။“

(၁) ႏႈတ္ခမ္း ကိုအရင္ ဆုံုးသန႔္ရွင္းေပးပါ

Matte Type ႏႈတ္ခမ္းနီ  ေတြ ကို ဆိုးတဲ့အခါ ႏႈတ္ခမ္းကိုသန႔္ရွင္းေအာင္ ျပဳလုပ္မထားဘူးဆိုရင္ အဖတ္ေတြလန္တာ ၊ ႏႈတ္ခမ္းနီကြာတတြျဖစ္တတ္ပါတယ္။ဒါ့ေၾကာင့္ ႏႈတ္ခမ္းနီမဆိုးခင္မွာ ႏႈတ္ခမ္းသားကို Vaseline နဲ႔ သြားတိုက္တံတို႔ကို အသုံးျပဳၿပီး တစ္မိနစ္ခန႔္ တိုက္ေပးပါ။ ၿပီးမွ တစ္ရွဴးျဖင့္အသာအယာ သုတ္ၿပီး ႏွစ္သက္ရာႏႈ တ္ခမ္းနီ ကို ဆိုးႏိုင္ပါတယ္။

(၂) ႏႈတ္ခမ္းပုံေဖာ္ ခဲတံ ကို သုံးပါ

ႏႈတ္ခမ္းနီအရည္ဟာ ျမန္ျမန္ေျခာက္လြယ္တဲ့အတြက္ ပုံေဖာ္ဆိုးဖို႔ လက္ဝင္ပါတယ္။ အကယ္၍ပုံေဖာ္ဆိုးခဲ့ရင္လည္း အလွ်င္အျမန္ေျခာက္တတ္တာမို႔မညီမညာျဖစ္တတ္၊ ကြတ္တတ္ပါတယ္။ဒီအခက္အခဲအတြက္ ႏႈတ္ခမ္းလိုင္နာေလးေတြက သင့္ကိုကူညီႏိုင္ပါတယ္။ မိမိႏႈတ္ခမ္းကို လိုင္နာနဲ႔တိတိက်က်ပုံေဖာ္ၿပီးမွ ႏႈတ္ခမ္းနီထပ္ဆိုးမယ္ဆိုရင္ ႏႈတ္ခမ္းေလးက တိပေနေအာင္ လွမွာအေသအခ်ာပါ

(၃) ႏႈတ္ခမ္းႏွစ္လႊာကို အခ်င္းခ်င္းဖိသိပ္ျခင္းကိုေရွာင္ပါ ႏႈတ္ခမ္းနီကို ညီညာေအာင္ ႏႈတ္ခမ္းနီဆိုးၿပီးခ်ိန္မွာ အခ်င္းခ်င္းဖိသိပ္တတ္ၾကပါတယ္ ။ ႏႈတ္ခမ္းနီအစိုေတြကို ဆိုးၿပီးခ်ိန္မွာ ဖိသိပ္တဲ့နည္းက ျပသနာသိပ္မရွိေပမယ့္ ႏႈတ္ခမ္းနီအရည္ ေတြကိုဆိုးတဲ့အခါ ဖိသိပ္လိုက္တဲ့အတြက္ မညီမညာျဖစ္တတ္ပါတယ္။ဒီျပသနာကိုေက်ာ္လႊားႏိုင္ဖို႔ အေပၚႏႈတ္ခမ္းကိုအရင္ဆိုးပါ ၿပီးမွေအာက္ႏႈတ္ခမ္းကိုသီးသန႔္စီဆိုးပါ။

 

(4) ႏႈတ္ခမ္းနီ အမ်ားႀကီးတခါတည္းဆိုးျခင္းကိုေရွာင္ပါ။ ၾကာၾကာခံလိုတဲ့ေဇာနဲ႔တခါတည္းအမ်ားႀကီးဆိုးမိတတ္ပါတယ္။ တခါတည္းအမ်ားႀကီးဆိုးမိတဲ့အခါ ႏႈတ္ခမ္းသားေျခာက္ေသြ႕ကြဲအက္တာ နဲ႔ ထူပိန္းေလးလံတဲ့ ခံစားခ်က္ေတြကိုျဖစ္ေပၚေစတတ္ပါတယ္။ ဒီလိုေတြမျဖစ္ရေအာင္ ႏႈတ္ခမ္းနီကို အနည္းငယ္သာဆိုးၿပီး သင့္ရဲ႕လွပတဲ့ လက္ေခ်ာင္း ေလးေတြနဲ႔ဖိသိပ္ျခင္းျဖင့္ ပိုမိုေပါ့ပါးတဲ့အသြင္ကိုရရွိၿပီး တာရွည္ခံေစမွာျဖစ္ပါတယ္။

 

(၄) ႏႈတ္ခမ္းနီကို တိုက္႐ိုက္ဖ်က္ျခင္းမွေရွာင္ၾကဥ္ပါ။ ႏႈတ္ခမ္းနီ Matte Type ေတြဟာ အေရာင္အရမ္းစြဲ တဲ့အတြက္ေၾကာင့္တိုက္႐ိုက္ဖ်က္တဲ့အခါမွာ ႏႈတ္ခမ္းသားေတြပြန္းပဲ့ပ်က္စီးတတ္ပါတယ္။ ဒီလိုေတြမျဖစ္ရေအာင္ Vaseline ကို ႏႈတ္ခမ္းနီအေပၚမွာ သုတ္လိမ္းၿပီး၅မိနစ္ခန႔္ထားၿပီးမွ တစ္ရွဴး(သို႔) Makeup Remover ျဖင့္ဖ်က္ျခင္းအားျဖင့္ ပိုမိုလြယ္ကူေအာင္ျပဳလုပ္ႏိုင္ပါတယ္

Credit : myanmar load

 

Unicode ဖြင့်ဖတ်ရန်

နှုတ်ခမ်းနီလှလှဆိုးကြတော့မယ်ဆိုရင်……..

 

ပျိုမေတွေအနေနဲ့ နှုတ်ခမ်းနီအတောင့်အစား နှုတ်ခမ်းနီအရည်တွေကို အသုံးများလာတာကို တွေ့ရပါတယ်။ နှုတ်ခမ်းနီအရည်ဟာ ပိုမိုကြာရှည်ခံခြင်း၊ ဆိုးရလွယ်ကူခြင်းတွေကြောင့် မိန်းကလေးများရဲ့အသည်းစွဲဖြစ်နေတာ ကာလအတော်ကြာခဲ့ပါပြီ။ နှုတ်ခမ်းနီအရည် သိသင့်တာလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။“

 

(၁) နှုတ်ခမ်းကိုအရင် ဆုံးသန့်ရှင်းပေးပါ

Matte Type နှုတ်ခမ်းနီတွေ ကို ဆိုးတဲ့အခါ နှုတ်ခမ်းကိုသန့်ရှင်းအောင် ပြုလုပ်မထားဘူးဆိုရင် အဖတ်တွေလန်တာ ၊ နှုတ်ခမ်းနီကွာတတွဖြစ်တတ်ပါတယ်။ဒါ့ကြောင့် နှုတ်ခမ်းနီမဆိုးခင်မှာ နှုတ်ခမ်းသားကို Vaseline နဲ့ သွားတိုက်တံတို့ကို အသုံးပြုပြီး တစ်မိနစ်ခန့် တိုက်ပေးပါ။ ပြီးမှ တစ်ရှူးဖြင့်အသာအယာ သုတ်ပြီး နှစ်သက်ရာနှုတ်ခမ်းနီကို ဆိုးနိုင်ပါတယ်။

 

(၂) နှုတ်ခမ်းပုံဖော်ခဲတံကို သုံးပါ

နှုတ်ခမ်းနီအရည်ဟာ မြန်မြန်ခြောက်လွယ်တဲ့အတွက် ပုံဖော်ဆိုးဖို့ လက်ဝင်ပါတယ်။ အကယ်၍ပုံဖော်ဆိုးခဲ့ရင်လည်း အလျှင်အမြန်ခြောက်တတ်တာမို့မညီမညာဖြစ်တတ်၊ ကွတ်တတ်ပါတယ်။ဒီအခက်အခဲအတွက် နှုတ်ခမ်းလိုင်နာလေးတွေက သင့်ကိုကူညီနိုင်ပါတယ်။ မိမိနှုတ်ခမ်းကို လိုင်နာနဲ့တိတိကျကျပုံဖော်ပြီးမှ နှုတ်ခမ်းနီထပ်ဆိုးမယ်ဆိုရင် နှုတ်ခမ်းလေးက တိပနေအောင် လှမှာအသေအချာပါ

 

(၃) နှုတ်ခမ်းနှစ်လွှာကို အချင်းချင်းဖိသိပ်ခြင်းကိုရှောင်ပါ နှုတ်ခမ်းနီကို ညီညာအောင် နှုတ်ခမ်းနီဆိုးပြီးချိန်မှာ အချင်းချင်းဖိသိပ်တတ်ကြပါတယ် ။ နှုတ်ခမ်းနီအစိုတွေကို ဆိုးပြီးချိန်မှာ ဖိသိပ်တဲ့နည်းက ပြသနာသိပ်မရှိပေမယ့် နှုတ်ခမ်းနီအရည် တွေကိုဆိုးတဲ့အခါ ဖိသိပ်လိုက်တဲ့အတွက် မညီမညာဖြစ်တတ်ပါတယ်။ဒီပြသနာကိုကျော်လွှားနိုင်ဖို့ အပေါ်နှုတ်ခမ်းကိုအရင်ဆိုးပါ ပြီးမှအောက်နှုတ်ခမ်းကိုသီးသန့်စီဆိုးပါ။

 

(4) နှုတ်ခမ်းနီအများကြီးတခါတည်းဆိုးခြင်းကိုရှောင်ပါ။ ကြာကြာခံလိုတဲ့ဇောနဲ့တခါတည်းအများကြီးဆိုးမိတတ်ပါတယ်။ တခါတည်းအများကြီးဆိုးမိတဲ့အခါ နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်တာ နဲ့ ထူပိန်းလေးလံတဲ့ ခံစားချက်တွေကိုဖြစ်ပေါ်စေတတ်ပါတယ်။ ဒီလိုတွေမဖြစ်ရအောင် နှုတ်ခမ်းနီကို အနည်းငယ်သာဆိုးပြီး သင့်ရဲ့လှပတဲ့လက်ချောင်းလေးတွေနဲ့ဖိသိပ်ခြင်းဖြင့် ပိုမိုပေါ့ပါးတဲ့အသွင်ကိုရရှိပြီး တာရှည်ခံစေမှာဖြစ်ပါတယ်။

 

(၄) နှုတ်ခမ်းနီကို တိုက်ရိုက်ဖျက်ခြင်းမှရှောင်ကြဉ်ပါ။ နှုတ်ခမ်းနီ Matte Type တွေဟာ အရောင်အရမ်းစွဲ တဲ့အတွက်ကြောင့်တိုက်ရိုက်ဖျက်တဲ့အခါမှာ နှုတ်ခမ်းသားတွေပွန်းပဲ့ပျက်စီးတတ်ပါတယ်။ ဒီလိုတွေမဖြစ်ရအောင် Vaseline ကို နှုတ်ခမ်းနီအပေါ်မှာ သုတ်လိမ်းပြီး၅မိနစ်ခန့်ထားပြီးမှ တစ်ရှူး(သို့) Makeup Remover ဖြင့်ဖျက်ခြင်းအားဖြင့် ပိုမိုလွယ်ကူအောင်ပြုလုပ်နိုင်ပါတယ်

Credit : myanmar load