ZawGyiျဖင့္ဖတ္ရန္

 

ကမာၻေက်ာ္ ေဘာလုံးသမားေဟာင္း ေဒးဗစ္ဘက္ခမ္း ဟာ သ႐ုပ္ေဆာင္ Josh Brolin ရဲ႕ ေထာက္ခံေပးမႈနဲ႔ ေနာက္လာမယ့္ “Deadpool” ႐ုပ္ရွင္ မွာ ပါဝင္ခ်င္တယ္လို႔ ေျပာဆို လိုက္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ ကစားသမားေဟာင္း တဦးျဖစ္တဲ့ ဘက္ခမ္းက မၾကာခင္ ႐ုံတင္ျပသေတာ့မယ့္ ႐ုပ္ရွင္သစ္အတြက္ Promo ကို ေခါင္းေဆာင္မင္းသား Ryan Reynolds နဲ႔အတူ ႐ိုက္ကူးခဲ့ပါေသးတယ္။ ေမလ ၁၁ ရက္ေန႔က ထုတ္လႊင့္ခဲ့တဲ့ ၿဗိတိန္ႏိုင္ငံရဲ႕ “The Graham Norton Show” အစီအစဥ္ ေတြ႕ဆုံေမးျမန္းခန္းတခုမွာ မင္းသားေတြ ျဖစ္ၾကတဲ့ Reynolds နဲ႔ Brolin တို႔နဲ႔အတူ ဘက္ခမ္း ပါဝင္ခဲ့ၿပီး Instagram အေကာင့္မွာလည္း အခုလိုမ်ိဳး စုဖြဲ႕မိၾကတဲ့အေၾကာင္း ဓာတ္ပုံ တင္ခဲ့ပါေသးတယ္။

မင္းသား Brolin ကေတာ့ တကယ္လို႔မ်ား ၿဗိတိန္ႏိုင္ငံသား ဘက္ခမ္းအေနနဲ႔ အနာဂတ္မွာ ႐ိုက္ကူးလာမယ့္ ေနာက္ဆက္တြဲ ႐ုပ္ရွင္မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ အႀကံေပးခဲ့ပါတယ္။ သူက “ေဒးဗစ္ဘက္ခမ္းေရ၊ က်ေနာ္တို႔ ေနာက္ထပ္႐ိုက္မယ့္ Deadpool ႐ုပ္ရွင္မွာ ခင္ဗ်ားရဲ႕ လမ္းကို ခင္ဗ်ား ဦးေဆာင္လာႏိုင္မယ္လို႔ က်ေနာ္ ထင္ပါတယ္” လို႔ ေျပာပါတယ္။

အခုလိုမ်ိဳးသူ႔ကို ထည့္သြင္း႐ိုက္ကူးမယ့္အိုင္ဒီယာနဲ႔ ပတ္သက္လို႔ေတာ့ ဘက္ခမ္း က “ဒါေၾကာင့္ ဒီဟာသ စူပါဟီး႐ိုး႐ုပ္ရွင္မွာပါဝင္ဖို႔ သေဘာတူခ်င္တာ” လို႔ အေၾကာင္း ျပန္ၾကားခဲ့ပါတယ္။

ေဒးဗစ္ဘက္ဘမ္း ရဲ႕ အခုလိုမ်ိဳး သ႐ုပ္ေဆာင္လိုေၾကာင္း အရိပ္အႁမြက္ေျပာၾကားခ်က္ကို မင္းသား Reynolds က တုန႔္ျပန္ျခင္း မရွိေသးေပမယ့္ ဒါ႐ိုက္တာ Guy Ritchie ရဲ႕ “King Arthur: Legend of the Sword” နဲ႔ “The Man from U.N.C.L.E.” ႐ုပ္ရွင္တို႔မွာ ဇာတ္ရံအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးတာ ျဖစ္လို႔ အခုလိုမ်ိဳး ဘက္ခမ္းရဲ႕ ေျပာဆိုခ်က္ကို မင္းသား Reynolds က အေကာင္းဘက္ကေန တုန႔္ျပန္မယ့္ပုံေတာ့ ရွိေနပါတယ္။

ဒါေပမယ့္ မင္းသား Reynolds ကေတာ့ ေနာက္ထပ္႐ိုက္ကူးမယ့္ ႐ုပ္ရွင္အသစ္မွာ သူပါဝင္မွာမဟုတ္ေတာ့ဘူးလို႔ ေျပာဆိုထားတာလည္း ရွိေန ပါေသးတယ္။ တတိယေျမာက္ အဆက္႐ုပ္ရွင္အထိ ႐ိုက္ကူးဖို႔ရာ ဇာတ္လမ္း အေၾကာင္းအရာက သိပ္ၿပီး ခိုင္လုံမွာ မဟုတ္ဘူးလို႔ ယုံၾကည္တဲ့အတြက္ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ခ်ီတုံခ်တုံျဖစ္ေနတယ္လို႔ လည္း ဆိုထားပါတယ္။

မင္းသား Reynolds က “’Deadpool 3” မွာ ပါဝင္ျဖစ္မွာလားေတာ့ က်ေနာ္ မသိပါဘူး၊ တကယ္မသိပါဘူး၊ သူ႔ရဲ႕ ကိုယ္ပိုင္ ကမာၻမွာ လုပ္ငန္းေတြက အဆင္ေခ်ာခ်ာ မျဖစ္ႏိုင္ဘူးထင္ရင္ အဲဒီအရာေတြကေန ေရွာင္ဖယ္သြားတဲ့ ဇာတ္ေကာင္လိုမ်ိဳး ခံစားေနရပါတယ္၊ ဆက္ၿပီး လုပ္ႏိုင္ေနလိမ့္မယ္လို႔ က်ေနာ္ မထင္ပါဘူး” လို႔ Entertainment Weekly မီဒီယာကို ေျပာဆိုခဲ့ပါတယ္။ “Deadpool 2” ႐ုပ္ရွင္ကို ေမလ ၁၈ ရက္ေန႔ကစလို႔ ကမာၻတဝန္းမွာရွိတဲ့ ႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသေတာ့မွာပဲ ျဖစ္ပါတယ္။

Credit:Irrawaddy

UniCodeဖြင့်ဖတ်ရန်

နောက်ထပ် ရိုက်ကူးမယ့် “Deadpool” ရုပ်ရှင်အသစ်မှာ ပါဝင်ဖို့ ဆန္ဒရှိနေတဲ့ ဒေးဗစ်ဘက်ခမ်း

ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ သရုပ်ဆောင် Josh Brolin ရဲ့ ထောက်ခံပေးမှုနဲ့ နောက်လာမယ့် “Deadpool” ရုပ်ရှင်မှာ ပါဝင်ချင်တယ်လို့ ပြောဆို လိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်း တဦးဖြစ်တဲ့ ဘက်ခမ်းက မကြာခင် ရုံတင်ပြသတော့မယ့် ရုပ်ရှင်သစ်အတွက် Promo ကို ခေါင်းဆောင်မင်းသား Ryan Reynolds နဲ့အတူ ရိုက်ကူးခဲ့ပါသေးတယ်။ မေလ ၁၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ “The Graham Norton Show” အစီအစဉ် တွေ့ဆုံမေးမြန်းခန်းတခုမှာ မင်းသားတွေ ဖြစ်ကြတဲ့ Reynolds နဲ့ Brolin တို့နဲ့အတူ ဘက်ခမ်း ပါဝင်ခဲ့ပြီး Instagram အကောင့်မှာလည်း အခုလိုမျိုး စုဖွဲ့မိကြတဲ့အကြောင်း ဓာတ်ပုံ တင်ခဲ့ပါသေးတယ်။

မင်းသား Brolin ကတော့ တကယ်လို့များ ဗြိတိန်နိုင်ငံသား ဘက်ခမ်းအနေနဲ့ အနာဂတ်မှာ ရိုက်ကူးလာမယ့် နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ အကြံပေးခဲ့ပါတယ်။ သူက “ဒေးဗစ်ဘက်ခမ်းရေ၊ ကျနော်တို့ နောက်ထပ်ရိုက်မယ့် Deadpool ရုပ်ရှင်မှာ ခင်ဗျားရဲ့ လမ်းကို ခင်ဗျား ဦးဆောင်လာနိုင်မယ်လို့ ကျနော် ထင်ပါတယ်” လို့ ပြောပါတယ်။

အခုလိုမျိုးသူ့ကို ထည့်သွင်းရိုက်ကူးမယ့်အိုင်ဒီယာနဲ့ ပတ်သက်လို့တော့ ဘက်ခမ်း က “ဒါကြောင့် ဒီဟာသ စူပါဟီးရိုးရုပ်ရှင်မှာပါဝင်ဖို့ သဘောတူချင်တာ” လို့ အကြောင်း ပြန်ကြားခဲ့ပါတယ်။

ဒေးဗစ်ဘက်ဘမ်း ရဲ့ အခုလိုမျိုး သရုပ်ဆောင်လိုကြောင်း အရိပ်အမြွက်ပြောကြားချက်ကို မင်းသား Reynolds က တုန့်ပြန်ခြင်း မရှိသေးပေမယ့် ဒါရိုက်တာ Guy Ritchie ရဲ့ “King Arthur: Legend of the Sword” နဲ့ “The Man from U.N.C.L.E.” ရုပ်ရှင်တို့မှာ ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးတာ ဖြစ်လို့ အခုလိုမျိုး ဘက်ခမ်းရဲ့ ပြောဆိုချက်ကို မင်းသား Reynolds က အကောင်းဘက်ကနေ တုန့်ပြန်မယ့်ပုံတော့ ရှိနေပါတယ်။

ဒါပေမယ့် မင်းသား Reynolds ကတော့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်အသစ်မှာ သူပါဝင်မှာမဟုတ်တော့ဘူးလို့ ပြောဆိုထားတာလည်း ရှိနေ ပါသေးတယ်။ တတိယမြောက် အဆက်ရုပ်ရှင်အထိ ရိုက်ကူးဖို့ရာ ဇာတ်လမ်း အကြောင်းအရာက သိပ်ပြီး ခိုင်လုံမှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက် ပါဝင်သရုပ်ဆောင်ဖို့ ချီတုံချတုံဖြစ်နေတယ်လို့ လည်း ဆိုထားပါတယ်။

မင်းသား Reynolds က “’Deadpool 3” မှာ ပါဝင်ဖြစ်မှာလားတော့ ကျနော် မသိပါဘူး၊ တကယ်မသိပါဘူး၊ သူ့ရဲ့ ကိုယ်ပိုင် ကမ္ဘာမှာ လုပ်ငန်းတွေက အဆင်ချောချာ မဖြစ်နိုင်ဘူးထင်ရင် အဲဒီအရာတွေကနေ ရှောင်ဖယ်သွားတဲ့ ဇာတ်ကောင်လိုမျိုး ခံစားနေရပါတယ်၊ ဆက်ပြီး လုပ်နိုင်နေလိမ့်မယ်လို့ ကျနော် မထင်ပါဘူး” လို့ Entertainment Weekly မီဒီယာကို ပြောဆိုခဲ့ပါတယ်။ “Deadpool 2” ရုပ်ရှင်ကို မေလ ၁၈ ရက်နေ့ကစလို့ ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref: aceshowbiz

Credit:Irrawaddy