ZawGyiျဖင့္ဖတ္ရန္

 

႐ုပ္ရွင္ ဇာတ္ကား တစ္ကားဆိုတာ အဓိကသ႐ုပ္ေဆာင္ေတြနဲ႔တင္ ႐ိုက္ကူးလို႔ရတာ မဟုတ္ပါဘူး။ ေခါင္းေဆာင္ သ႐ုပ္ေဆာင္ ေတြ၊ ဇာတ္ပို႔သ႐ုပ္ေဆာင္ ေတြ၊ ဇာတ္ရံမင္းသားေတြ ၊ လူၾကမ္းမင္းသားေတြ ၊ ႐ုပ္ရွင္ ဒါ႐ိုက္တာ ေတြ ရွိမွ ႐ုပ္ရွင္ဇာတ္ကားေကာင္း တစ္ကားရလာမွာ ျဖစ္ပါတယ္။ ျမန္မာ႐ုပ္ရွင္ဇာတ္ကားေတြဟာ အခုဆို ႏိုင္ငံျခားေတြအထိပါ သြားၿပီး ျပသခြင့္ေတြ ရေနပါၿပီ။ ႐ုပ္ရွင္ဇာတ္ကားေတြ ႏိုင္ငံျခား႐ုံမွာ ႐ုံတင္ခြင့္ရတယ္ ဆိုတာ သ႐ုပ္ေဆာင္ေတြရဲ႕ သ႐ုပ္ေဆာင္ခ်က္ေကာင္းမြန္လို႔ ျဖစ္ပါတယ္။ ျမန္မာ႐ုပ္ရွင္ေတြထဲမွာ လူၾကမ္း မင္းသား အျဖစ္ေကာ၊ မင္းသားရဲ႕ သူငယ္ခ်င္းအျဖစ္ေတြေကာ သ႐ုပ္ေဆာင္လာတာ ဆယ္စုႏွစ္ ၂ ခု ရွိလာၿပီ ျဖစ္တဲ့ ေက်ာ္ဇင္ထြဋ္ ကလည္း ျမန္မာ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြရဲ႕ အသည္းစြဲမင္းသား တစ္ေယာက္ျဖစ္ပါတယ္။ မင္းသမီး ကို ယုတ္မာတဲ့ ဇာတ္ဝင္ခန္းေတြ၊ မုဒိမ္းက်င့္တဲ့ဇာတ္ဝင္ခန္းေတြ၊ လူလိမ္အျဖစ္ သ႐ုပ္ေဆာင္ရတာေတြ၊ အရက္သမား အျဖစ္သ႐ုပ္ေဆာင္ရတာေတြ၊ လူယုံအျဖစ္ သ႐ုပ္ေဆာင္တာေတြ အားလုံး မွာ ပီျပင္တဲ့အတြက္ ႐ုပ္ရွင္ဒါ႐ိုက္တာေတြရဲ႕ ေခၚ႐ိုက္တာကို အၿမဲခံရတဲ့ မင္းသားျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ အားေပးမႈ နဲ႔ ျမန္မာ႐ုပ္ရွင္ေလာကမွာ ဆယ္စုႏွစ္ ၂ ခု ၾကာ နာမည္တစ္ခုနဲ႔ ရပ္တည္ေနႏိုင္တဲ့ ေက်ာ္ဇင္ထြဋ္ ကို မိုမိုေလးသတင္းဌာနက ပရိသတ္ေတြ သိခ်င္ေနတဲ့ ေမးခြန္းေတြကိုေမးျမန္းခဲ့ပါတယ္။

ေက်ာ္ဇင္ထြဋ္ က ျမန္မာဗီဒီယိုဇာတ္ကား ေခတ္ေကာင္းတည္းက အႏုပညာ အလုပ္ေတြလုပ္လာတာ ျဖစ္တဲ့အတြက္ ျမန္မာဗီဒီယိုဇာတ္ကားေခတ္ပ်က္တယ္ဆိုတဲ့ အေပၚ

” အခက္အခဲဆိုတာေတာ့ ဗီဒီယိုကပဲ နည္းနည္းဂေယာင္ဟတ္တယ္ထင္ပါတယ္။ ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ႐ိုက္ေနရတာပဲ။ ကြၽန္ေတာ္လည္း ဆက္တိုက္႐ိုက္ေနရတာဆိုေတာ့ ပ်က္လို႔ပ်က္မွန္းေတာင္ မသိဘူး။ “

ဘာအခက္အခဲ ရွိလဲဆိုတာ နဲ႔ ပတ္သက္ၿပီး သ႐ုပ္ေဆာင္ ေက်ာ္ဇင္ထြဋ္ က

” ဗီဒီယို ေဈးကြက္ကေတာ့ အဓိက က်ပါတယ္။ ရက္တိုတိုးေလးနဲ႔ ႐ိုက္၊ ရက္တိုတိုေလးနဲ႔ ရ ဆိုေတာ့ လည္ပတ္ဖို႔အတြက္ အကုန္အဆင္ေျပတာေပါ့။ ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ တခါ႐ိုက္ၿပီဆို ရက္ ၂၀ ၊ ၁ လ ဆိုေတာ့ တကယ္လို႔ တကားမွာ မပါျဖစ္လိုက္ဘူး ဆိုရင္လည္း ကိုယ္က ေနာက္တကားအတြက္ ကို ကိုယ္ကထပ္ေစာင့္ေပါ့။ “

႐ိုက္ရတဲ့ ဇာတ္ေတြအေပၚ ေက်နပ္မႈရလား ဆိုတဲ့ အေပၚ

” ေကာင္းပါတယ္။ လုပ္ကြက္ေလးေတြလည္း ရတယ္။ ဒါ႐ိုက္တာ ကိုစတီးလ္ တို႔၊ ကိုဂ်ိဳးတို႔နဲ႔႐ိုက္ရင္ေတာ့ ပိုၿပီးေတာ့ လုပ္ကြက္ေလးေတြ ရတယ္ထင္တာပဲ။ “

သူ႔ရဲ႕ status ေတြ အေပၚ ေဝဖန္တဲ့သူေတြအေပၚ

” သူတို႔လည္း သူတို႔ေရးခ်င္တာေတြ လာေရးၾကတာေပါ့။ သူတို႔ ဉာဏ္မွီသေလာက္ေလးေတြေပါ့။ အခ်ိဳ႕ က ဘလိုင္း ႏွိပ္ကြပ္ခ်င္တဲ့သူေတြကလည္း ႏွိပ္ကြပ္ၾကတာေပါ့။ အခ်ိဳ႕က ရင္ထဲကခ်စ္ၿပီး အားေပးၾကတာေပါ့။ “

မွတ္မိေနေစတဲ့ ေဝဖန္ခ်က္ဆိုရင္
” ကြၽန္ေတာ့္သမီးေလး 2 ေယာက္ ငယ္ငယ္တုန္းက ပလာဇာကို တခါသြားဖူးတယ္ ဗ်။ ဟာ လူၾကမ္းႀကီး၊ လူယုတ္မာႀကီးေပါ့။ ဘာျဖစ္တယ္၊ ညာျဖစ္တယ္၊ ေဘးကေျပာ၊ ၾကည့္လိုက္ေတာ့ ေကာင္မေလးေတြက ေခ်ာေခ်ာေလးေတြ ၊ လွလွေလးေတြ၊ ဒါေပမယ့္ သူတို႔ပါးစပ္က အဲ့လို ေအာက္တန္းက်တဲ့စကားေတြထြက္ေတာ့ ဟာ ျမန္မာလူမ်ိဳးေတြ ေတာ္ေတာ္ဆိုးတာပဲ လို႔ ။ ကြၽန္ေတာ္ တာနဲ႔ ကေလးေတြနဲ႔ ေနာက္ပိုင္း အျပင္သိပ္မထြက္ေတာ့ဘူး။ ကေလးေတြစိတ္ထဲ မွာ ထိခိုက္သြားမွာ စိုးလို႔။ “

အခုေနာက္ပိုင္း အျပင္ထြက္ရင္ေကာ အေျပာခံရေသးလား ဆိုေတာ့

” ဉာဏ္တိမ္တဲ့သူေတြ အရမ္းနည္းသြားၿပီ။ ” လို႔ သ႐ုပ္ေဆာင္ ေက်ာ္ဇင္ထြဋ္ က မိုမိုေလးသတင္းဌာနနဲ႔ ေတြ႕ဆုံစဥ္မွာ ေျဖခဲ့ပါတယ္။

Credit – Zan(Momolay)

UniCodeဖြင့်ဖတ်ရန်

အောက်တန်းကျတဲ့စကားတွေပြောတဲ့ မြန်မာလူမျိုးတွေ အတော်ဆိုးတာပဲ ဆိုတဲ့ ကျော်ဇင်ထွဋ်

ရုပ်ရှင်ဇာတ်ကားတစ်ကားဆိုတာ အဓိကသရုပ်ဆောင်တွေနဲ့တင် ရိုက်ကူးလို့ရတာ မဟုတ်ပါဘူး။ ခေါင်းဆောင်သရုပ်ဆောင်တွေ၊ ဇာတ်ပို့သရုပ်ဆောင် တွေ၊ ဇာတ်ရံမင်းသားတွေ ၊ လူကြမ်းမင်းသားတွေ ၊ ရုပ်ရှင်ဒါရိုက်တာ တွေ ရှိမှ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားရလာမှာ ဖြစ်ပါတယ်။ မြန်မာရုပ်ရှင်ဇာတ်ကားတွေဟာ အခုဆို နိုင်ငံခြားတွေအထိပါ သွားပြီး ပြသခွင့်တွေ ရနေပါပြီ။ ရုပ်ရှင်ဇာတ်ကားတွေ နိုင်ငံခြားရုံမှာ ရုံတင်ခွင့်ရတယ် ဆိုတာ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်ကောင်းမွန်လို့ ဖြစ်ပါတယ်။ မြန်မာရုပ်ရှင်တွေထဲမှာ လူကြမ်းမင်းသားအဖြစ်ကော၊ မင်းသားရဲ့ သူငယ်ချင်းအဖြစ်တွေကော သရုပ်ဆောင်လာတာ ဆယ်စုနှစ် ၂ ခု ရှိလာပြီ ဖြစ်တဲ့ ကျော်ဇင်ထွဋ် ကလည်း မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အသည်းစွဲမင်းသား တစ်ယောက်ဖြစ်ပါတယ်။ မင်းသမီး ကို ယုတ်မာတဲ့ ဇာတ်ဝင်ခန်းတွေ၊ မုဒိမ်းကျင့်တဲ့ဇာတ်ဝင်ခန်းတွေ၊ လူလိမ်အဖြစ် သရုပ်ဆောင်ရတာတွေ၊ အရက်သမား အဖြစ်သရုပ်ဆောင်ရတာတွေ၊ လူယုံအဖြစ် သရုပ်ဆောင်တာတွေ အားလုံး မှာ ပီပြင်တဲ့အတွက် ရုပ်ရှင်ဒါရိုက်တာတွေရဲ့ ခေါ်ရိုက်တာကို အမြဲခံရတဲ့ မင်းသားဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု နဲ့ မြန်မာရုပ်ရှင်လောကမှာ ဆယ်စုနှစ် ၂ ခု ကြာ နာမည်တစ်ခုနဲ့ ရပ်တည်နေနိုင်တဲ့ ကျော်ဇင်ထွဋ် ကို မိုမိုလေးသတင်းဌာနက ပရိသတ်တွေ သိချင်နေတဲ့ မေးခွန်းတွေကိုမေးမြန်းခဲ့ပါတယ်။

ကျော်ဇင်ထွဋ် က မြန်မာဗီဒီယိုဇာတ်ကား ခေတ်ကောင်းတည်းက အနုပညာ အလုပ်တွေလုပ်လာတာ ဖြစ်တဲ့အတွက် မြန်မာဗီဒီယိုဇာတ်ကားခေတ်ပျက်တယ်ဆိုတဲ့ အပေါ်

” အခက်အခဲဆိုတာတော့ ဗီဒီယိုကပဲ နည်းနည်းဂယောင်ဟတ်တယ်ထင်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်နေရတာပဲ။ ကျွန်တော်လည်း ဆက်တိုက်ရိုက်နေရတာဆိုတော့ ပျက်လို့ပျက်မှန်းတောင် မသိဘူး။ “

ဘာအခက်အခဲ ရှိလဲဆိုတာ နဲ့ ပတ်သက်ပြီး သရုပ်ဆောင် ကျော်ဇင်ထွဋ် က

” ဗီဒီယို ဈေးကွက်ကတော့ အဓိက ကျပါတယ်။ ရက်တိုတိုးလေးနဲ့ ရိုက်၊ ရက်တိုတိုလေးနဲ့ ရ ဆိုတော့ လည်ပတ်ဖို့အတွက် အကုန်အဆင်ပြေတာပေါ့။ ရုပ်ရှင်ဇာတ်ကားကြီးကတော့ တခါရိုက်ပြီဆို ရက် ၂၀ ၊ ၁ လ ဆိုတော့ တကယ်လို့ တကားမှာ မပါဖြစ်လိုက်ဘူး ဆိုရင်လည်း ကိုယ်က နောက်တကားအတွက် ကို ကိုယ်ကထပ်စောင့်ပေါ့။ “

ရိုက်ရတဲ့ ဇာတ်တွေအပေါ် ကျေနပ်မှုရလား ဆိုတဲ့ အပေါ်

” ကောင်းပါတယ်။ လုပ်ကွက်လေးတွေလည်း ရတယ်။ ဒါရိုက်တာ ကိုစတီးလ် တို့၊ ကိုဂျိုးတို့နဲ့ရိုက်ရင်တော့ ပိုပြီးတော့ လုပ်ကွက်လေးတွေ ရတယ်ထင်တာပဲ။ “

သူ့ရဲ့ status တွေ အပေါ် ဝေဖန်တဲ့သူတွေအပေါ်

” သူတို့လည်း သူတို့ရေးချင်တာတွေ လာရေးကြတာပေါ့။ သူတို့ ဉာဏ်မှီသလောက်လေးတွေပေါ့။ အချို့ က ဘလိုင်း နှိပ်ကွပ်ချင်တဲ့သူတွေကလည်း နှိပ်ကွပ်ကြတာပေါ့။ အချို့က ရင်ထဲကချစ်ပြီး အားပေးကြတာပေါ့။ “

မှတ်မိနေစေတဲ့ ဝေဖန်ချက်ဆိုရင်
” ကျွန်တော့်သမီးလေး 2 ယောက် ငယ်ငယ်တုန်းက ပလာဇာကို တခါသွားဖူးတယ် ဗျ။ ဟာ လူကြမ်းကြီး၊ လူယုတ်မာကြီးပေါ့။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ဘေးကပြော၊ ကြည့်လိုက်တော့ ကောင်မလေးတွေက ချောချောလေးတွေ ၊ လှလှလေးတွေ၊ ဒါပေမယ့် သူတို့ပါးစပ်က အဲ့လို အောက်တန်းကျတဲ့စကားတွေထွက်တော့ ဟာ မြန်မာလူမျိုးတွေ တော်တော်ဆိုးတာပဲ လို့ ။ ကျွန်တော် တာနဲ့ ကလေးတွေနဲ့ နောက်ပိုင်း အပြင်သိပ်မထွက်တော့ဘူး။ ကလေးတွေစိတ်ထဲ မှာ ထိခိုက်သွားမှာ စိုးလို့။ “

အခုနောက်ပိုင်း အပြင်ထွက်ရင်ကော အပြောခံရသေးလား ဆိုတော့

” ဉာဏ်တိမ်တဲ့သူတွေ အရမ်းနည်းသွားပြီ။ ” လို့ သရုပ်ဆောင် ကျော်ဇင်ထွဋ် က မိုမိုလေးသတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ဖြေခဲ့ပါတယ်။

Ref : Momolay TV

Credit – Zan(Momolay)