ZawGyiျဖင့္ဖတ္ရန္

 

The Cronies Bar စားေသာက္ဆိုင္မွာ ညသန္းေခါင္ လူမရွိေတာ့တဲ့အခ်ိန္ေတြဆို ထိုင္ခုံေတြ၊ မီးဆိုင္းေတြ ၊ တံခါးေတြလႈပ္ေနတာေတြကို CCTV ကင္မရာ ကေန ေတြ႕ရပါတယ္။ The Cronies Bar ရဲ႕ Facebook page မွာလည္း ဗီဒီယိုဖိုင္ တင္ထားၿပီး လူတစ္ေယာက္မွ မရွိေတာ့တဲ့အခ်ိန္ဆိုရင္ ခုံေတြေ႐ြ႕ေနတာကိုလည္း ေတြ႕ရမွာျဖစ္ပါတယ္။

 

The Cronies Bar ရဲ႕ Co-owner ျဖစ္သူ Dave Foldes က ဒီဗီဒီယိုဖိုင္က လုပ္ႀကံဖန္တီးထားတာ မဟုတ္ပါဘူး။ တကယ္ကို ျဖစ္ခဲ့တဲ့ ဗီဒီယိုဖိုင္ပါလို႔ ေျပာခဲ့ပါတယ္။ သူက ကယ္လီဖိုးနီးယားျပည္နယ္၊ Ventura မွာရွိတဲ့ The Cronies Bar မွာ သရဲရွိႏိုင္တယ္ဆိုတာကို ယုံတယ္။ ျဖစ္ခဲ့တာေတြကလည္း ေၾကာက္ဖို႔ေတာင္ေကာင္းပါတယ္လို႔ ဆိုခဲ့ပါတယ္။ ဒီ Bar ကို ဖြင့္ခဲ့တဲ့ (၂၇)ႏွစ္လုံးလုံးမွာ ဒီလိုအေျခာက္ခံရတာ ပထမဆုံးပါပဲလို႔လည္းေျပာခဲ့ပါတယ္။Bar ရဲ႕နံရံမွာဆိုရင္ ေသသြားၿပီျဖစ္တဲ့ ဝန္ထမ္းေတြနဲ႔ စားသုံးသူေတြရဲ႕ ဓာတ္ပုံေတြကို ခ်ိတ္ထားပါတယ္။

er’s Inn မွာဆိုရင္လည္း ျဖစ္ရပ္ဆန္းေတြကိုႀကဳံေတြ႕ေနရပါတယ္။ Tyler’s Inn မွာ CCTV နဲ႔အတူ အရိပ္ဆင္ဆာကိုပါတပ္ထားတာျဖစ္ပါတယ္။ ဗီဒီယိုဖိုင္အရေတာ့ ဒီစားေသာက္ဆိုင္ရဲ႕ အတြင္းနဲ႔အျပင္မွာပါ သူ႔အလိုလိုပစၥည္းေတြ ေ႐ြ႕သြားတာကို ေတြ႕ရမွာပါ။ ေနာက္ၿပီး အရိပ္ျဖတ္သြားတာနဲ႔ ဆင္ဆာက အသံထျမည္ပါတယ္။

ဒီစားေသာက္ဆိုင္ရဲ႕ဝန္ထမ္းေတြကလည္း အရိပ္ေတြျမင္တယ္၊ ဖန္ခြက္ေတြ ေလေပၚတတ္သြားတယ္၊ မီးေတြကလည္း သူ႔အလိုလိုပြင့္လာတယ္လို႔ ဆိုခဲ့ပါတယ္။ Tyler’s Inn ရဲ႕ပိုင္ရွင္ Alllister Collins က ၾသဂုတ္လ (၄)ရက္ေန႔ကစၿပီး (၂)လတိတိ ဒီအျဖစ္အပ်က္ဆန္းႀကီးကို CCTV ကေန ေစာင့္ၾကည့္ေနခဲ့တာပဲျဖစ္ပါတယ္။ ေစာင့္ၾကည့္ခဲ့တဲ့ (၂)လလုံး ညဘက္ေတြမွာဆို ထူးဆန္းတာေတြျဖစ္ေနတာကိုေတြ႕ခဲ့ရတယ္လို႔ mirror သတင္းစာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

ဗီဒီယိုကို ဒီလင့္မွာၾကည့္လို႔ရပါတယ္ ။

Credit – Original Uploader

UniCodeဖြင့်ဖတ်ရန်

စားသောက်ဆိုင်တစ်ခုရှိ ထိုင်ခုံတွေ၊ တံခါးတွေ ညဘက်ရောက်ရင် သူ့အလိုလို ရွေ့လျားနေကြောင့် CCTV မှတွေ့ရှိ

The Cronies Bar စားသောက်ဆိုင်မှာ ညသန်းခေါင် လူမရှိတော့တဲ့အချိန်တွေဆို ထိုင်ခုံတွေ၊ မီးဆိုင်းတွေ ၊ တံခါးတွေလှုပ်နေတာတွေကို CCTV ကင်မရာကနေ တွေ့ရပါတယ်။ The Cronies Bar ရဲ့ Facebook page မှာလည်း ဗီဒီယိုဖိုင်တင်ထားပြီး လူတစ်ယောက်မှ မရှိတော့တဲ့အချိန်ဆိုရင် ခုံတွေရွေ့နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

The Cronies Bar ရဲ့ Co-owner ဖြစ်သူ Dave Foldes က ဒီဗီဒီယိုဖိုင်က လုပ်ကြံဖန်တီးထားတာ မဟုတ်ပါဘူး။ တကယ်ကို ဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင်ပါလို့ ပြောခဲ့ပါတယ်။ သူက ကယ်လီဖိုးနီးယားပြည်နယ်၊ Ventura မှာရှိတဲ့ The Cronies Bar မှာ သရဲရှိနိုင်တယ်ဆိုတာကို ယုံတယ်။ ဖြစ်ခဲ့တာတွေကလည်း ကြောက်ဖို့တောင်ကောင်းပါတယ်လို့ ဆိုခဲ့ပါတယ်။ ဒီ Bar ကို ဖွင့်ခဲ့တဲ့ (၂၇)နှစ်လုံးလုံးမှာ ဒီလိုအခြောက်ခံရတာ ပထမဆုံးပါပဲလို့လည်းပြောခဲ့ပါတယ်။Bar ရဲ့နံရံမှာဆိုရင် သေသွားပြီဖြစ်တဲ့ ဝန်ထမ်းတွေနဲ့ စားသုံးသူတွေရဲ့ ဓာတ်ပုံတွေကို ချိတ်ထားပါတယ်။

Canterbury မှာရှိတဲ့ Tyler’s Inn မှာဆိုရင်လည်း ဖြစ်ရပ်ဆန်းတွေကိုကြုံတွေ့နေရပါတယ်။ Tyler’s Inn မှာ CCTV နဲ့အတူ အရိပ်ဆင်ဆာကိုပါတပ်ထားတာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်အရတော့ ဒီစားသောက်ဆိုင်ရဲ့ အတွင်းနဲ့အပြင်မှာပါ သူ့အလိုလိုပစ္စည်းတွေ ရွေ့သွားတာကို တွေ့ရမှာပါ။ နောက်ပြီး အရိပ်ဖြတ်သွားတာနဲ့ ဆင်ဆာက အသံထမြည်ပါတယ်။

ဒီစားသောက်ဆိုင်ရဲ့ဝန်ထမ်းတွေကလည်း အရိပ်တွေမြင်တယ်၊ ဖန်ခွက်တွေ လေပေါ်တတ်သွားတယ်၊ မီးတွေကလည်း သူ့အလိုလိုပွင့်လာတယ်လို့ ဆိုခဲ့ပါတယ်။ Tyler’s Inn ရဲ့ပိုင်ရှင် Alllister Collins က သြဂုတ်လ (၄)ရက်နေ့ကစပြီး (၂)လတိတိ ဒီအဖြစ်အပျက်ဆန်းကြီးကို CCTV ကနေ စောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်။ စောင့်ကြည့်ခဲ့တဲ့ (၂)လလုံး ညဘက်တွေမှာဆို ထူးဆန်းတာတွေဖြစ်နေတာကိုတွေ့ခဲ့ရတယ်လို့ mirror သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဗီဒီယိုကို ဒီလင့်မှာကြည့်လို့ရပါတယ် ။

Credit – Original Uploader