ZawGyiျဖင့္ဖတ္ရန္

ဒီအျဖစ္အပ်က္ဟာ ႏွလုံး ရပ္သြားေစႏိုင္ေလာက္တဲ့ အျဖစ္အပ်က္ပါ။ ရထား အမီ အလ်င္လိုေနတဲ့ မိဘေတြရဲ႕ ကေလးငယ္တစ္ေယာက္ဟာ အေတြးျမန္သြားတဲ့ ရဲဝန္ထမ္း တစ္ေယာက္ေၾကာင့္ ရထားရဲ႕ေအာက္ကို ေရာက္သြားျခင္းမွ ကယ္တင္ႏိုင္ခဲ့ပါတယ္။

အိႏၵိယႏိုင္ငံ မြမ္ဘိုင္းၿမိဳ႕ Maharashtraလုံၿခဳံေရးအဖြဲ႕က Sachin Pol အမည္ရွိတဲ့ ရဲဝန္ထမ္းတစ္ဦးဟာ အသက္ငါးႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ရထားနဲ႔ လမ္းေဘးပလပ္ေဖာင္းၾကားထဲကို က်ေနတာျမင္တာနဲ႔ ခ်က္ခ်င္းပဲ တုံ႔ျပန္ခဲ့ပါတယ္။

အဲဒီ မိန္းကေလး ဟာ သူ႔အေဖ Mohammad Dilshaan နဲ႔ သူ႔အေမတို႔နဲ႔အတူ ေသာၾကာေန႔မွာ တစ္ရက္တာ အပန္းေျဖခရီးကေန မြမ္ဘိုင္းၿမိဳ႕ျပင္မွBhiwandi အိမ္အျပန္လမ္း ေရာက္ေနတာ ျဖစ္ပါတယ္။

စိတ္လႈပ္ရွားစရာေကာင္းတဲ့ ဒီvideoမွတ္တမ္းတင္ထားမႈမွာေတာ့ အနီေရာင္ဝတ္စုံဝတ္ထားတဲ့ မိန္းကေလးတစ္ေယာက္ဟာ သူ႔အေမရဲ႕လက္ကိုကိုင္ၿပီး ပလပ္ေဖာင္းကေနတစ္ဆင့္ ထြက္ခြာစျပဳေနၿပီျဖစ္တဲ့ ရထားေပၚ ခုန္တက္ဖို႔ႀကိဳးစားေနတာကို ေတြ႕ႏိုင္မွာပါ။

မျဖစ္ခင္မွာ မိန္းကေလးဟာ သူ႔အေမလက္ကိုကိုင္ၿပီး ပလပ္ေဖာင္းေပၚမွာ ေလွ်ာက္ေနတာကို ေတြ႕ႏိုင္ပါတယ္။

အိႏၵိယႏိုင္ငံ မြမ္ဘိုင္းၿမိဳ႕ Maharashtraလုံၿခဳံေရးအဖြဲ႕မွ Sachin Pol ဟာ အဲဒီမိန္းကေလးရဲ႕ အေမဟာ လက္ဆြဲထားရင္းကေန ေခ်ာ္ထြက္ၿပီး ေျမႀကီးေပၚကို အဲဒီမိန္းကေလး လဲက်သြားခ်ိန္မွာ ခ်က္ခ်င္းပဲ တုံ႔ျပန္ၿပီး လွမ္းဆြဲခဲ့ပါတယ္။

သူဟာ သူ႔အေမဟာ ရထားတြဲေပၚကို လွမ္းတက္လိုက္တဲ့ အခ်ိန္မွာ သူ႔ရဲ႕လက္ကို ဆုပ္ကိုင္ထားရင္းကေန ေခ်ာ္ထြက္ၿပီးေနာက္ ပလပ္ေဖာင္းအစြန္နားကို ႐ုတ္တရက္က်သြားခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ရထားဟာ အရွိန္ျမင့္လာၿပီး ေ႐ြ႕လ်ားေနတဲ့ ရထားတြဲေတြေအာက္ သူက်မလို ျဖစ္သြားခဲ့ပါတယ္။

ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ အနီးမွ ရဲဝန္ထမ္းတစ္ဦးျဖစ္တဲ့ Polဟာ လ်င္ျမန္စြာ ေရာက္လာခဲ့ၿပီး သူ႔ကို ပလက္ေဖာင္းေပၚ ေဘးကင္းရာေနရာဆီကို ဆြဲလိုက္ႏိုင္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ လူရႈပ္ေနတဲ့ မြမ္ဘိုင္းၿမိဳ႕ေတာင္ဘက္ Mahalakshmiရထားဘူတာ ေသာၾကာေန႔ညေနပိုင္းမွာ ျဖစ္ပ်က္ခဲ့ၿပီး ဘူတာမွ CCTVကင္မရာမွ မွတ္တမ္းတင္ထားႏိုင္ခဲ့ပါတယ္။

ရဲဝန္ထမ္းနဲ႔ ကေလးငယ္ဟာ ဒီမေတာ္တဆမႈကေန အေသးစားပြမ္းပဲ့ဒဏ္ရာေတြ ရခဲ့ေပမယ့္ ဒဏ္ရာႀကီးႀကီးမားမား မရခဲ့ပါဘူး။

Mohammad Dilshaanနဲ႔ သူ႔ဇနီးဟာ မေတာ္တဆမႈ ျဖစ္ခ်ိန္မွာ မြမ္ဘိုင္းမွာရွိတဲ့ ဘုရားရွိခိုးေက်ာင္းတစ္ခုကို လည္ပတ္ၿပီး Bhiwandiၿမိဳ႕ဆီကို အိမ္အျပန္မွာ ရွိေနခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ ရဲဝန္ထမ္းဟာ သူမကို ရထားတြဲေအာက္မက်ခင္မွာ ပလပ္ေဖာင္းအစြန္ကေန ဆြဲထုတ္ႏိုင္ခဲ့ပါတယ္။

သူမရဲ႕ ထိတ္လန္သြားတဲ့ မိဘေတြဟာ ေ႐ြ႕လ်ားေနၿပီးၿပီျဖစ္တဲ့ ရထားတြဲေပၚကေန ရဲဝန္ထမ္းဟာ သူမကို ေဘးကင္းရာကို ဆြဲေခၚေနတာကို ဘာမွမလုပ္ႏိုင္ပဲ ၾကည့္ေန႐ုံသာ တတ္ႏိုင္ခဲ့ပါတယ္။

Dishaanကေတာ့ သူ႔ဇနီးဟာ မြမ္ဘိုင္းၿမိဳ႕အေပၚ စိမ္းေနဆဲျဖစ္ၿပီး ၿမိဳ႕ရဲ႕လူမႈဘဝနဲ႔ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြအေပၚ နားလည္စျပဳတုန္းလို႔ မီဒီယာကို ေျပာၾကားခဲ့ပါတယ္။
‘ကြၽန္ေတာ္က ေရွ႕ကသြားႏွင့္ၿပီး သူကေတာ့ ကြၽန္ေတာ့္သမီးရဲ႕လက္ဆြဲၿပီး လိုက္ခဲ့တာပါ’

‘ရထားဟာ ရပ္ေနေပမယ့္ ကြၽန္ေတာ္ တို႔ တက္သြားတဲ့အခ်ိန္မွာ စထြက္လာၿပီး တျဖည္းျဖည္း အရွိန္ပါရလာတယ္’

‘ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္ သမီးအသက္ ကယ္ခဲ့တဲ့ လူကို တစ္သက္လုံး ေက်းဇူးတင္ေနမွာပါ’လို႔ မြမ္ဘိုင္းေၾကးမုံ (Mumbai Mirror) ကို ေျပာၾကားခဲ့ပါတယ္။

Polရဲ႕ အထက္အရာရွိမ်ားကလည္း videoမွ သူ႔ရဲ႕ ရဲရင့္မႈကို ေတြ႕ျမင္ခဲ့ၿပီး ရာထူးတိုးျမႇင့္ေပးျခင္း သို႔မဟုတ္ ဆုလာဒ္ေတြ ရရွိဖို႔ ရွိတယ္လို႔ ရထားလမ္းမွ လူမ်ားက ေျပာၾကားၾကပါတယ္။

Writer – Min Thu (Daily Hot News)

 

UniCodeဖြင့်ဖတ်ရန်

ရဲဝန်ထမ်းတစ်ဦးမှ ရထားအောက်ကျလုနီးနီး မိန်းကလေးတစ်ယောက်၏ အသက်အား ကယ်ဆယ်ခဲ့သည့် ရင်ထိတ်စရာဖြစ်ရပ်

ဒီအဖြစ်အပျက်ဟာ နှလုံးရပ်သွားစေနိုင်လောက်တဲ့ အဖြစ်အပျက်ပါ။ ရထားအမီ အလျင်လိုနေတဲ့ မိဘတွေရဲ့ ကလေးငယ်တစ်ယောက်ဟာ အတွေးမြန်သွားတဲ့ ရဲဝန်ထမ်းတစ်ယောက်ကြောင့် ရထားရဲ့အောက်ကို ရောက်သွားခြင်းမှ ကယ်တင်နိုင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ Maharashtraလုံခြုံရေးအဖွဲ့က Sachin Pol အမည်ရှိတဲ့ ရဲဝန်ထမ်းတစ်ဦးဟာ အသက်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး ရထားနဲ့ လမ်းဘေးပလပ်ဖောင်းကြားထဲကို ကျနေတာမြင်တာနဲ့ ချက်ချင်းပဲ တုံ့ပြန်ခဲ့ပါတယ်။

အဲဒီမိန်းကလေးဟာ သူ့အဖေ Mohammad Dilshaan နဲ့ သူ့အမေတို့နဲ့အတူ သောကြာနေ့မှာ တစ်ရက်တာ အပန်းဖြေခရီးကနေ မွမ်ဘိုင်းမြို့ပြင်မှBhiwandi အိမ်အပြန်လမ်း ရောက်နေတာ ဖြစ်ပါတယ်။

စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီvideoမှတ်တမ်းတင်ထားမှုမှာတော့ အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့အမေရဲ့လက်ကိုကိုင်ပြီး ပလပ်ဖောင်းကနေတစ်ဆင့် ထွက်ခွာစပြုနေပြီဖြစ်တဲ့ ရထားပေါ် ခုန်တက်ဖို့ကြိုးစားနေတာကို တွေ့နိုင်မှာပါ။

မဖြစ်ခင်မှာ မိန်းကလေးဟာ သူ့အမေလက်ကိုကိုင်ပြီး ပလပ်ဖောင်းပေါ်မှာ လျှောက်နေတာကို တွေ့နိုင်ပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ Maharashtraလုံခြုံရေးအဖွဲ့မှ Sachin Pol ဟာ အဲဒီမိန်းကလေးရဲ့ အမေဟာ လက်ဆွဲထားရင်းကနေ ချော်ထွက်ပြီး မြေကြီးပေါ်ကို အဲဒီမိန်းကလေး လဲကျသွားချိန်မှာ ချက်ချင်းပဲ တုံ့ပြန်ပြီး လှမ်းဆွဲခဲ့ပါတယ်။

သူဟာ သူ့အမေဟာ ရထားတွဲပေါ်ကို လှမ်းတက်လိုက်တဲ့ အချိန်မှာ သူ့ရဲ့လက်ကို ဆုပ်ကိုင်ထားရင်းကနေ ချော်ထွက်ပြီးနောက် ပလပ်ဖောင်းအစွန်နားကို ရုတ်တရက်ကျသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရထားဟာ အရှိန်မြင့်လာပြီး ရွေ့လျားနေတဲ့ ရထားတွဲတွေအောက် သူကျမလို ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ အနီးမှ ရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ Polဟာ လျင်မြန်စွာ ရောက်လာခဲ့ပြီး သူ့ကို ပလက်ဖောင်းပေါ် ဘေးကင်းရာနေရာဆီကို ဆွဲလိုက်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ လူရှုပ်နေတဲ့ မွမ်ဘိုင်းမြို့တောင်ဘက် Mahalakshmiရထားဘူတာ သောကြာနေ့ညနေပိုင်းမှာ ဖြစ်ပျက်ခဲ့ပြီး ဘူတာမှ CCTVကင်မရာမှ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

ရဲဝန်ထမ်းနဲ့ ကလေးငယ်ဟာ ဒီမတော်တဆမှုကနေ အသေးစားပွမ်းပဲ့ဒဏ်ရာတွေ ရခဲ့ပေမယ့် ဒဏ်ရာကြီးကြီးမားမား မရခဲ့ပါဘူး။

Mohammad Dilshaanနဲ့ သူ့ဇနီးဟာ မတော်တဆမှု ဖြစ်ချိန်မှာ မွမ်ဘိုင်းမှာရှိတဲ့ ဘုရားရှိခိုးကျောင်းတစ်ခုကို လည်ပတ်ပြီး Bhiwandiမြို့ဆီကို အိမ်အပြန်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရဲဝန်ထမ်းဟာ သူမကို ရထားတွဲအောက်မကျခင်မှာ ပလပ်ဖောင်းအစွန်ကနေ ဆွဲထုတ်နိုင်ခဲ့ပါတယ်။

သူမရဲ့ ထိတ်လန်သွားတဲ့ မိဘတွေဟာ ရွေ့လျားနေပြီးပြီဖြစ်တဲ့ ရထားတွဲပေါ်ကနေ ရဲဝန်ထမ်းဟာ သူမကို ဘေးကင်းရာကို ဆွဲခေါ်နေတာကို ဘာမှမလုပ်နိုင်ပဲ ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါတယ်။

Dishaanကတော့ သူ့ဇနီးဟာ မွမ်ဘိုင်းမြို့အပေါ် စိမ်းနေဆဲဖြစ်ပြီး မြို့ရဲ့လူမှုဘဝနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအပေါ် နားလည်စပြုတုန်းလို့ မီဒီယာကို ပြောကြားခဲ့ပါတယ်။
‘ကျွန်တော်က ရှေ့ကသွားနှင့်ပြီး သူကတော့ ကျွန်တော့်သမီးရဲ့လက်ဆွဲပြီး လိုက်ခဲ့တာပါ’

‘ရထားဟာ ရပ်နေပေမယ့် ကျွန်တော်တို့ တက်သွားတဲ့အချိန်မှာ စထွက်လာပြီး တဖြည်းဖြည်း အရှိန်ပါရလာတယ်’

‘ကျွန်တော်ကတော့ ကျွန်တော့်သမီးအသက် ကယ်ခဲ့တဲ့ လူကို တစ်သက်လုံး ကျေးဇူးတင်နေမှာပါ’လို့ မွမ်ဘိုင်းကြေးမုံ (Mumbai Mirror) ကို ပြောကြားခဲ့ပါတယ်။

Polရဲ့ အထက်အရာရှိများကလည်း videoမှ သူ့ရဲ့ ရဲရင့်မှုကို တွေ့မြင်ခဲ့ပြီး ရာထူးတိုးမြှင့်ပေးခြင်း သို့မဟုတ် ဆုလာဒ်တွေ ရရှိဖို့ ရှိတယ်လို့ ရထားလမ်းမှ လူများက ပြောကြားကြပါတယ်။

Writer – Min Thu (Daily Hot News)