Zawgyi ျဖင့္ဖတ္ရန္

 

မိသားစု တစ္စုဟာ အိမ္တြင္းမွာ ပုဏၰက တိုက္သလို ေျခာက္လွန႔္မႈေတြ ျဖစ္ပြားေနတာေၾကာင့္ အိမ္တြင္းမွ ာလုံၿခဳံေရးကင္မရာေတြ တပ္ဆင္ၿပီး သဘာဝလြန္ အျဖစ္အပ်က္ေတြကို မွတ္တမ္းတင္ခဲ့ၾကပါတယ္။ ေရာဘတ္၊ ေပါလင္းနဲ႔သားျဖစ္တဲ့ဘယ္ရီတို႔ဟာ ယခုေနထိုင္ေနတဲ့အဂၤလန္အေရွ႕ေတာင္ပိုင္း ကန႔္ေကာင္တီေနအိမ္မွာ ေနထိုင္ခဲ့ၾကတာ(၁၀)ႏွစ္ေလာက္ရွိေနပါၿပီ။

 

အဆိုပါ ထူးထူးဆန္းဆန္း အျဖစ္အပ်က္ေတြဟာ လြန္ခဲ့တဲ့(၆)ႏွစ္ေလာက္ကစၿပီး ဘယ္ရီရဲ႕အခန္းနားတစ္ဝိုက္မွာစတင္ျဖစ္ပြားလာခဲ့တာျဖစ္ပါတယ္။ သူတို႔ထင္တာက အသက္(၃၃)ႏွစ္အ႐ြယ္ သူတို႔သားရဲ႕အခန္း ဟာ ပရကမာ ၻကို အဝင္အထြက္လုပ္ရာေနရာျဖစ္တယ္လို႔ ယူဆခဲ့ၾကပါတယ္။ မိသားစုဝင္ေတြကေတာ့ သရဲဖမ္းတဲ့သူေတြ အိမ္ကိုလာၾကမွာစိုးလို႔ သူတို႔ရဲ႕နာမည္ရင္းေတြကိုေတာ့ မေဖာ္ျပခဲ့ပါဘူး။

ဗီဒီယို ကင္မရာထဲမွာ ေတြ႕ရတဲ့ေျခာက္ျခားစရာျမင္ကြင္းေတြကေတာ့ အိမ္ထဲမွာျဖစ္ပြားခဲ့တဲ့ထူးဆန္းတဲ့ျဖစ္စဥ္ေတြပဲျဖစ္ပါတယ္။ ဗီဒီယို ထဲမွာေတာ့ ဘယ္ရီဟာခြက္တစ္ခြက္ထဲ ေရေႏြးပူေလာင္းထည့္ဖို႔ႀကိဳးစားေနတုန္း မတ္ခြက္တစ္ခြက္ကသူ႔ဘာသာသူ ေ႐ြ႕လ်ားေနတာကိုျမင္ခဲ့ရပါတယ္။ ဒါ့အျပင္ ရာဘာလက္အိတ္တစ္စုံကလည္း မီးဖိုေဆာင္ခုံေပၚကေန လူတစ္ေယာက္က ဖယ္ခ်လိုက္သလိုမ်ိဳး ၾကမ္းျပင္ေပၚ ျပဳတ္က်သြားတာကို ေတြ႕ရပါေသးတယ္။

 

ေနာက္ဗီဒီယိုတစ္ခုမွာေတာ့ ကုလားထိုင္တစ္လုံးဟာ လူမရွိပဲလူထိုင္လွည့္သလိုလည္ေနၿပီး တံခါးတစ္ခ်ပ္ဟာလူတစ္ေယာက္အပိတ္အဖြင့္လုပ္ေနသလိုမ်ိဳး ဖြင့္လိုက္ပိတ္လိုက္လုပ္ေနတာကိုလဲေတြ႕ရပါေသးတယ္။ ဒီအျဖစ္အပ်က္ေတြကို ႀကဳံေတြ႕ခဲ့ရတဲ့ ဘယ္ရီတို႔မိသားစုဟာ အလြန္အမင္းထိတ္လန႔္ေၾကာက္႐ြံ႕ခဲ့ၿပီး ပေယာဂဆရာ၊ သဘာဝလြန္ျဖစ္ရပ္ေတြကိုကိုင္တြယ္ႏိုင္တဲ့သူကို ရွာေဖြၿပီး အိမ္ထဲေခၚသြင္းဖို႔ စဥ္းစားခဲ့ပါေသးတယ္။ ဒါေပမယ့္ သူတို႔ကိုလည္း အန ၱရာယ္မေပးပဲေနတာေၾကာင့္ ပေယာဂဆရာေခၚမသြင္းဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ အိမ္နီးခ်င္းေတြကေတာ့ ေမွာင္လာတာနဲ႔ တစ္ၿပိဳင္နက္ အိမ္နားမွာေနဖို႔ေတာင္ ေၾကာက္႐ြံ႕ေၾကာင္း ေျပာျပၾကပါတယ္။

အရင္တုန္းကလည္း ဘယ္ရီအိမ္မွာ မရွိေပမယ့္ လူေတြက ဘယ္ရီကိုျမင္ေနရတာ၊ ဘယ္ရီရဲ႕အသံၾကားေနရတာမ်ိဳးေတြ ျဖစ္ပြားေၾကာင္း သိရပါတယ္။ ဘယ္ရီကေတာ့ သူ႔အေနနဲ႔လည္း အရိပ္မည္းေတြကို သုံးခါေလာက္ျမင္ဖူးၿပီးျဖစ္ေၾကာင္းနဲ႔ ဘယ္ရီျမင္လိုက္တာနဲ႔ ထိုအရိပ္မည္းက ခ်က္ခ်င္းပုန္းဖို႔ ႀကိဳးစားေၾကာင္းေျပာျပပါတယ္။ ဘယ္ရီတို႔ မိသားစုဟာ ပုံမွန္မဟုတ္တဲ့ အျဖစ္အပ်က္ေတြ ႀကဳံရဖန္မ်ားလာတဲ့ အခါမွာေတာ့ စီစီတီဗီေတြ တပ္ဆင္ၿပီးေစာင့္ၾကည့္ရာကေန အခုလိုအျဖစ္အပ်က္ေတြကို အေထာက္အထားနဲ႔ ေသခ်ာေတြ႕ျမင္လာခဲ့ၾကတာပါ။

 

မိသားစုကေတာ့ သူတို႔ကို ေျခာက္လွန႔္ေနတဲ့တေစ ၦေတြဟာ ေသဆုံးၿပီးသြားၿပီျဖစ္တဲ့ မိသားစုဝင္ေတြမ်ား ျဖစ္မလားဆိုၿပီးေတာ့လည္း သံသယရွိေနၾကပါတယ္။ ေရာဘတ္ကေတာ့ သားျဖစ္သူ ဘယ္ရီအသက္(၉)ႏွစ္ ဝန္းက်င္ေလာက္က ဘယ္ရီဟာ အရိပ္မည္းႀကီးကို ျမင္ဖူးခဲ့ေၾကာင္း ေျပာျပပါတယ္။ ထိုအခ်ိန္တုန္းက အရိပ္မည္းဟာ သားျဖစ္သူကို ေခၚေနသလိုမ်ိဳး ဘယ္ရီက ျပတင္းေပါက္ေပၚကို တက္ဖို႔လုပ္တာေၾကာင့္ သူကိုယ္တိုင္ ကယ္ဆယ္ခဲ့ရေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။

 

Credit : လင္းလင္း (ShweMom)

Unicode ဖြင့်ဖတ်ရန်

အိမ်တွင်းက ပုဏ္ဏကဆန်ဆန်ဖြစ်ရပ်တွေအကြောင်း ဗီဒီယိုရိုက်ကူးပြီး သက်သေပြခဲ့တဲ့မိသားစု

 

မိသားစုတစ်စုဟာ အိမ်တွင်းမှာ ပုဏ္ဏကတိုက်သလို ခြောက်လှန့်မှုတွေ ဖြစ်ပွားနေတာကြောင့် အိမ်တွင်းမှ ာလုံခြုံရေးကင်မရာတွေ တပ်ဆင်ပြီး သဘာဝလွန်အဖြစ်အပျက်တွေကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ ရောဘတ်၊ ပေါလင်းနဲ့သားဖြစ်တဲ့ဘယ်ရီတို့ဟာ ယခုနေထိုင်နေတဲ့အင်္ဂလန်အရှေ့တောင်ပိုင်း ကန့်ကောင်တီနေအိမ်မှာ နေထိုင်ခဲ့ကြတာ(၁၀)နှစ်လောက်ရှိနေပါပြီ။

 

အဆိုပါ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေဟာ လွန်ခဲ့တဲ့(၆)နှစ်လောက်ကစပြီး ဘယ်ရီရဲ့အခန်းနားတစ်ဝိုက်မှာစတင်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ သူတို့ထင်တာက အသက်(၃၃)နှစ်အရွယ် သူတို့သားရဲ့အခန်းဟာ ပရကမ္ဘာကို အဝင်အထွက်လုပ်ရာနေရာဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ မိသားစုဝင်တွေကတော့ သရဲဖမ်းတဲ့သူတွေ အိမ်ကိုလာကြမှာစိုးလို့ သူတို့ရဲ့နာမည်ရင်းတွေကိုတော့ မဖော်ပြခဲ့ပါဘူး။

 

ဗီဒီယိုကင်မရာထဲမှာ တွေ့ရတဲ့ခြောက်ခြားစရာမြင်ကွင်းတွေကတော့ အိမ်ထဲမှာဖြစ်ပွားခဲ့တဲ့ထူးဆန်းတဲ့ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ဘယ်ရီဟာခွက်တစ်ခွက်ထဲ ရေနွေးပူလောင်းထည့်ဖို့ကြိုးစားနေတုန်း မတ်ခွက်တစ်ခွက်ကသူ့ဘာသာသူ ရွေ့လျားနေတာကိုမြင်ခဲ့ရပါတယ်။ ဒါ့အပြင် ရာဘာလက်အိတ်တစ်စုံကလည်း မီးဖိုဆောင်ခုံပေါ်ကနေ လူတစ်ယောက်က ဖယ်ချလိုက်သလိုမျိုး ကြမ်းပြင်ပေါ် ပြုတ်ကျသွားတာကို တွေ့ရပါသေးတယ်။

 

နောက်ဗီဒီယိုတစ်ခုမှာတော့ ကုလားထိုင်တစ်လုံးဟာ လူမရှိပဲလူထိုင်လှည့်သလိုလည်နေပြီး တံခါးတစ်ချပ်ဟာလူတစ်ယောက်အပိတ်အဖွင့်လုပ်နေသလိုမျိုး ဖွင့်လိုက်ပိတ်လိုက်လုပ်နေတာကိုလဲတွေ့ရပါသေးတယ်။ ဒီအဖြစ်အပျက်တွေကို ကြုံတွေ့ခဲ့ရတဲ့ ဘယ်ရီတို့မိသားစုဟာ အလွန်အမင်းထိတ်လန့်ကြောက်ရွံ့ခဲ့ပြီး ပယောဂဆရာ၊ သဘာဝလွန်ဖြစ်ရပ်တွေကိုကိုင်တွယ်နိုင်တဲ့သူကို ရှာဖွေပြီး အိမ်ထဲခေါ်သွင်းဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့ကိုလည်း အန ္တရာယ်မပေးပဲနေတာကြောင့် ပယောဂဆရာခေါ်မသွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အိမ်နီးချင်းတွေကတော့ မှောင်လာတာနဲ့ တစ်ပြိုင်နက် အိမ်နားမှာနေဖို့တောင် ကြောက်ရွံ့ကြောင်း ပြောပြကြပါတယ်။

 

အရင်တုန်းကလည်း ဘယ်ရီအိမ်မှာ မရှိပေမယ့် လူတွေက ဘယ်ရီကိုမြင်နေရတာ၊ ဘယ်ရီရဲ့အသံကြားနေရတာမျိုးတွေ ဖြစ်ပွားကြောင်း သိရပါတယ်။ ဘယ်ရီကတော့ သူ့အနေနဲ့လည်း အရိပ်မည်းတွေကို သုံးခါလောက်မြင်ဖူးပြီးဖြစ်ကြောင်းနဲ့ ဘယ်ရီမြင်လိုက်တာနဲ့ ထိုအရိပ်မည်းက ချက်ချင်းပုန်းဖို့ ကြိုးစားကြောင်းပြောပြပါတယ်။ ဘယ်ရီတို့ မိသားစုဟာ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေ ကြုံရဖန်များလာတဲ့ အခါမှာတော့ စီစီတီဗီတွေ တပ်ဆင်ပြီးစောင့်ကြည့်ရာကနေ အခုလိုအဖြစ်အပျက်တွေကို အထောက်အထားနဲ့ သေချာတွေ့မြင်လာခဲ့ကြတာပါ။

 

မိသားစုကတော့ သူတို့ကို ခြောက်လှန့်နေတဲ့တစေ ္ဆတွေဟာ သေဆုံးပြီးသွားပြီဖြစ်တဲ့ မိသားစုဝင်တွေများ ဖြစ်မလားဆိုပြီးတော့လည်း သံသယရှိနေကြပါတယ်။ ရောဘတ်ကတော့ သားဖြစ်သူ ဘယ်ရီအသက်(၉)နှစ် ဝန်းကျင်လောက်က ဘယ်ရီဟာ အရိပ်မည်းကြီးကို မြင်ဖူးခဲ့ကြောင်း ပြောပြပါတယ်။ ထိုအချိန်တုန်းက အရိပ်မည်းဟာ သားဖြစ်သူကို ခေါ်နေသလိုမျိုး ဘယ်ရီက ပြတင်းပေါက်ပေါ်ကို တက်ဖို့လုပ်တာကြောင့် သူကိုယ်တိုင် ကယ်ဆယ်ခဲ့ရကြောင်းလည်း ပြောပြခဲ့ပါတယ်။

 

Credit : လင်းလင်း (ShweMom)