Zawgyi ျဖင့္ဖတ္ရန္

Natilus Live ဟာ သမုဒၵရာ ေရေအာက္ ကို စူးစမ္းရွာေဖြသူေတြ စုေပါင္းၿပီး တည္ေထာင္ထားတဲ့ အဖြဲ႕အစည္း တစ္ခုပါ။ Dr.Robert Ballard (ေရာဘတ္ ဘဲလတ္ဒ္)နဲ႔ အဖြဲ႕သားေတြဟာ သူတို႔ရဲ႕ ရွာေဖြေတြ႕ရွိမႈေတြ၊ သုေတသန လုပ္ငန္းစဥ္ေတြကို တိုက္႐ိုက္ထုတ္လႊင့္ၿပီး Natilus Live ဝက္ဘ္ဆိုဒ္မွာ ျပသေလ့ရွိပါတယ္။

 

သုေတသန အဖြဲ႕ရဲ႕ လူမဲ့ေရေအာက္ယာဥ္ (Remotely Operated Vehicle) ဟာ ထူျခားတဲ့ ေရသတၱဝါတစ္ေကာင္ကို မွတ္တမ္းတင္ ႐ိုက္ကူးမိခဲ့ပါတယ္။ ဝါရင့္သမာၻရင့္ ေရေအာက္သုေတသန ပညာရွင္ ေတြခ်ည္းပဲ စုေပါင္းဖြဲ႕စည္းထားတဲ့ ေဒါက္တာေရာဘတ္တို႔အဖြဲ႕ေတာင္မွ ျမင္ျမင္ခ်င္းမွာ ေရသတၱဝါ လို႔ မထင္ခဲ့ပါဘူး။ လူမဲ့ေရေအာက္ယာဥ္ကို ထိန္းခ်ဳပ္ေနတဲ့ ပညာရွင္ေတာင္မွ “ဝိုး .. မယုံၾကည္ႏိုင္ေအာင္ပဲ ။ ဒါကို သက္ရွိလို႔ လုံး၀ မထင္မိခဲ့ဘူး” လို႔ ေယာင္ယမ္းၿပီး ေျပာမိတဲ့အထိ ထူးျခားခဲ့ပါတယ္။

ဂ်ယ္လီငါးလိုမ်ိဳး ဒီေရသတၱဝါဆန္းရဲ႕ သိပၸံ နာမည္ကေတာ့ ဆီဖိုႏိုေဖာ္ေရး (Siphonophorae) ျဖစ္ပါတယ္။ ထူးျခားတဲ့ ေရသတၱဝါဟာ အမွန္ေတာ့ တစ္ေကာင္တည္း မဟုတ္ဘဲ ဇြိဳက္ (zooids)လို႔ ေခၚတဲ့ သတၱဝါငယ္ေလးေတြ စုေဆာင္းၿပီး ကိုလိုနီ ဖြဲ႕ထားတာပါ။ ပါဝင္တဲ့ သတၱဝါငယ္ေလးေတြဟာလည္း တစ္ေကာင္နဲ႔တစ္ေကာင္ လုပ္ေဆာင္ခ်က္ မတူညီပဲ ကြဲျပားၿပီး အားလုံးစုေပါင္းေနမွ အသက္ရွင္ေနထိုင္ႏိုင္မွာ ျဖစ္ပါတယ္။

ဒီေရသတၱဝါေတြဟာ ေတြ႕ရွိရဖို႔၊ မွတ္တမ္းတင္ထားမိဖို႔ ခဲယဥ္းလြန္းလွၿပီး လက္ရွိအခ်ိန္ထိလည္း ဆီဖိုႏိုေဖာ္ေရး (၁၉၀)ဝန္းက်င္ေလာက္ပဲ ေတြ႕ရွိဖူးပါေသးတယ္။ ေတြ႕ရွိၿပီး မွတ္တမ္းတင္ထားတဲ့ အေကာင္ေတြဟာလည္း တစ္ေကာင္နဲ႔ တစ္ေကာင္ ပုံစံျခင္း၊ စြမ္းေဆာင္ရည္ခ်င္း မတူပဲ အရွည္ဆုံးအေကာင္ဟာ မီတာ ၄၀ ကေန ၅၀ (ေပ ၁၃၀ ကေန ၁၆၀) အထိ ရွိႏိုင္ပါတယ္။ တစ္ခ်ိဳ႕ ဆီဖိုႏိုေဖာ္ေရးေတြဟာ ေရေအာက္အနက္မွာ အလင္းထုတ္လႊတ္ႏိုင္စြမ္း ရွိေၾကာင္းလည္း သိရပါတယ္။

 

Natilus Live ဟာ သမုဒၵရာေရေအာက္ကို စူးစမ္းရွာေဖြသူေတြ စုေပါင္းၿပီး တည္ေထာင္ထားတဲ့ အဖြဲ႕အစည္း တစ္ခုပါ။ Dr.Robert Ballard (ေရာဘတ္ ဘဲလတ္ဒ္)နဲ႔ အဖြဲ႕သားေတြဟာ သူတို႔ရဲ႕ ရွာေဖြေတြ႕ရွိမႈေတြ၊ သုေတသန လုပ္ငန္းစဥ္ေတြကို တိုက္႐ိုက္ထုတ္လႊင့္ၿပီး Natilus Live ဝက္ဘ္ဆိုဒ္မွာ ျပသေလ့ရွိပါတယ္။

 

ေရေအာက္သတၱဝါေတြအေၾကာင္း ေရးသားေလ့ရွိတဲ့ စာေရးဆရာ R.R Helm ကေတာ့ “ကြၽန္ေတာ္ ဒီသတၱဝါဆန္းေတြ အေၾကာင္းကို ေလ့လာေနတာ (၅)ႏွစ္ေက်ာ္ပါၿပီ။ ဒီဗီဒီယိုထဲမွာပါတဲ့ သတၱဝါကေတာ့ ကြၽန္ေတာ့္ကို အရမ္းအံ့ၾသေစပါတယ္။ မျမင္ဖူးတဲ့ အသစ္အဆန္းေတြကို ေလ့လာရတာ သိပၸံပညာရဲ႕ အႏွစ္သာရတစ္ခုပါ” လို႔ အံ့ၾသစြာနဲ႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

credit – shwemom

 

Unicode ဖြင့်ဖတ်ရန်

သမုဒ္ဒရာအောက်မှာ အမှတ်မထင် ဗီဒီယိုရိုက်ကူးမိခဲ့တဲ့ ထူးဆန်းတဲ့ ရေသတ္တဝါ

 

Natilus Live ဟာ သမုဒ္ဒရာရေအောက်ကို စူးစမ်းရှာဖွေသူတွေ စုပေါင်းပြီး တည်ထောင်ထားတဲ့ အဖွဲ့အစည်း တစ်ခုပါ။ Dr.Robert Ballard (ရောဘတ် ဘဲလတ်ဒ်)နဲ့ အဖွဲ့သားတွေဟာ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုတွေ၊ သုတေသန လုပ်ငန်းစဉ်တွေကို တိုက်ရိုက်ထုတ်လွှင့်ပြီး Natilus Live ဝက်ဘ်ဆိုဒ်မှာ ပြသလေ့ရှိပါတယ်။

 

သုတေသနအဖွဲ့ရဲ့ လူမဲ့ရေအောက်ယာဉ် (Remotely Operated Vehicle) ဟာ ထူခြားတဲ့ ရေသတ္တဝါတစ်ကောင်ကို မှတ်တမ်းတင် ရိုက်ကူးမိခဲ့ပါတယ်။ ဝါရင့်သမ္ဘာရင့် ရေအောက်သုတေသန ပညာရှင်တွေချည်းပဲ စုပေါင်းဖွဲ့စည်းထားတဲ့ ဒေါက်တာရောဘတ်တို့အဖွဲ့တောင်မှ မြင်မြင်ချင်းမှာ ရေသတ္တဝါလို့ မထင်ခဲ့ပါဘူး။ လူမဲ့ရေအောက်ယာဉ်ကို ထိန်းချုပ်နေတဲ့ ပညာရှင်တောင်မှ “ဝိုး .. မယုံကြည်နိုင်အောင်ပဲ ။ ဒါကို သက်ရှိလို့ လုံး၀ မထင်မိခဲ့ဘူး” လို့ ယောင်ယမ်းပြီး ပြောမိတဲ့အထိ ထူးခြားခဲ့ပါတယ်။

ဂျယ်လီငါးလိုမျိုး ဒီရေသတ္တဝါဆန်းရဲ့ သိပ္ပံနာမည်ကတော့ ဆီဖိုနိုဖော်ရေး (Siphonophorae) ဖြစ်ပါတယ်။ ထူးခြားတဲ့ ရေသတ္တဝါဟာ အမှန်တော့ တစ်ကောင်တည်း မဟုတ်ဘဲ ဇွိုက် (zooids)လို့ ခေါ်တဲ့ သတ္တဝါငယ်လေးတွေ စုဆောင်းပြီး ကိုလိုနီ ဖွဲ့ထားတာပါ။ ပါဝင်တဲ့ သတ္တဝါငယ်လေးတွေဟာလည်း တစ်ကောင်နဲ့တစ်ကောင် လုပ်ဆောင်ချက် မတူညီပဲ ကွဲပြားပြီး အားလုံးစုပေါင်းနေမှ အသက်ရှင်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

 

ဒီရေသတ္တဝါတွေဟာ တွေ့ရှိရဖို့၊ မှတ်တမ်းတင်ထားမိဖို့ ခဲယဉ်းလွန်းလှပြီး လက်ရှိအချိန်ထိလည်း ဆီဖိုနိုဖော်ရေး (၁၉၀)ဝန်းကျင်လောက်ပဲ တွေ့ရှိဖူးပါသေးတယ်။ တွေ့ရှိပြီး မှတ်တမ်းတင်ထားတဲ့ အကောင်တွေဟာလည်း တစ်ကောင်နဲ့ တစ်ကောင် ပုံစံခြင်း၊ စွမ်းဆောင်ရည်ချင်း မတူပဲ အရှည်ဆုံးအကောင်ဟာ မီတာ ၄၀ ကနေ ၅၀ (ပေ ၁၃၀ ကနေ ၁၆၀) အထိ ရှိနိုင်ပါတယ်။ တစ်ချို့ ဆီဖိုနိုဖော်ရေးတွေဟာ ရေအောက်အနက်မှာ အလင်းထုတ်လွှတ်နိုင်စွမ်း ရှိကြောင်းလည်း သိရပါတယ်။

 

 

ရေအောက်သတ္တဝါတွေအကြောင်း ရေးသားလေ့ရှိတဲ့ စာရေးဆရာ R.R Helm ကတော့ “ကျွန်တော် ဒီသတ္တဝါဆန်းတွေ အကြောင်းကို လေ့လာနေတာ (၅)နှစ်ကျော်ပါပြီ။ ဒီဗီဒီယိုထဲမှာပါတဲ့ သတ္တဝါကတော့ ကျွန်တော့်ကို အရမ်းအံ့သြစေပါတယ်။ မမြင်ဖူးတဲ့ အသစ်အဆန်းတွေကို လေ့လာရတာ သိပ္ပံပညာရဲ့ အနှစ်သာရတစ်ခုပါ” လို့ အံ့သြစွာနဲ့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

 

credit – shwemom