Zawgyi ဖြင့်ဖတ်ရန်

 












 

Unicode ဖြင့်ဖတ်ရန်

အခုတော့ သူရော သူ့ဖွားဖက်တော်ရော စိုးရိမ်ရတဲ့အခြေအနေကနေလွတ်မြောက်သွားပါပြီ။

အသက် ၂၀ အရွယ် ဒီကောင်လေးဟာ သူ့ရဲ့ဖွားဖက်တော်မှာ အကွင်းတစ်ကွင်းစွပ်ခဲ့မိတဲ့အတွက် ၁၂ နာရီလောက်ကြာအောင်နာကျင်မှုကိုခံစားခဲ့ရပါတယ်။တနင်္ဂနွေနေ့ည ၈ နာရီမှာ စွပ်ခဲ့တာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာကိစ္စမှာ ပိုပြီးတော့ ထူးခြားကောင်းမွန်စေဖို့အတွက်သူ့လိင်အင်္ဂါကို ဘောကွင်းစွပ်ခဲ့တာလို့ပြောပါတယ်။

ဒါပေမယ့်လည်း အဆင်မပြေပဲ ကြပ်ညပ်နေခဲ့တဲ့အတွက် သူပြန်ချွတ်ဖို့ကြိုးစားပေမယ့် ဘယ်လိုမှချွတ်မရတော့တဲ့နောက်မှာတော့ နောက်တစ်နေ့မနက်မှာ မလေးရှားက Penang ဆေးရုံကိုသွားခဲ့ရပါတယ်။

ဆပ်ပြာတွေ ဆီတွေသုံးပြီးချွတ်ပေမယ့် ဘယ်လိုမှကိုချွတ်မရတာပါတဲ့။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရောက်လာခဲ့ပြီးဒီ အကွင်းကိုချွတ်ပေးဖို့ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။
ဒီနောက်မှာတော့ မီးဘေးလုံခြုံရေးနဲ့ကယ်ဆယ်ရေးတပ်ဖွဲ့ကိုလှမ်းခေါ်ခဲ့ရပါတယ်။ Jalan Perak မီးသတ်တပ်ဖွဲ့မှူး Mohd Asurl Naim Abidin ကို မနက် ၁၀ နာရီ ၅၀ မှာ ဖုန်းခေါ်ဆိုပြီးအကြောင်းကြားခဲ့တာပါ။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း ဒီလူကိုမကူညီနိုင်ခဲ့ပါဘူး။

ကျွန်တော်တို့ဆေးရုံရောက်တဲ့အခါမှာ သူဟာ သတိလစ်ချင်ချင်ဖြစ်နေပြီ။
ဒီတော့ ကျွန်တော်ကိုယ်တိုင်ဒါကို ရေပိုက်မှအကွင်းဖြတ်ထုတ်တဲ့ အထူးလုပ်ငန်းဆောင်တာတစ်ခုအဖြစ်သတ်မှတ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ ဒီဘောကွင်းကိုဖြတ်ထုတ်ဖို့အတွက်တော့ အချိန် ၁၀ မိနစ်သာကြာခဲ့ပါတယ်။
အခုတော့ သူ့အခြေအနေ တည်ငြိမ်သွားပြီဖြစ်ပြီး သက်တောင့်သက်သာဖြစ်သွားခဲ့ပါပြီ လို့ မီးသတ်ဌာနမှူး ပြောခဲ့ပါတယ်။

ဒီလူ့ဖွားဖက်တော်မှာ စွပ်နေတဲ့အကွင်းကိုဖြတ်ထုတ်ဖို့အတွက် အထူးလုပ်ငန်းဆောင်တာတစ်ခုအနေနဲ့သတ်မှတ်ပြီးလုပ်ဆောင်ခဲ့ရတာပါတဲ့။

ဆေးရုံမှာ ကုသမှုခံယူပြီးတဲ့အချိန်မှာတော့ဒီလူ့ကိုမေးမြန်းတာမျိုးရှိခဲပါတယ်။
သူ့အပြောအရတော့ သူ့ရဲ့လိင်အင်္ဂါဟာ အရင်လိုကောင်းမွန်နေတုန်းပါပဲလို့ဖြေကြားခဲ့ပါတယ်။

အခုတော့သူ အန္တရာယ်မရှိတော့ပါဘူး။

အခုလိုဖြစ်တဲ့အခြေအနေမျိုးဟာအရမ်းကိုရှားပါးလွန်းပါတယ်လို့မီးသတ်ဌာနကပြောပါတယ်။
တစ်နှစ်ကို သုံးလေးယောက်လောက်တော့ လက်စွပ်ချွတ်မရလို့ခေါ်တာမျိုးရှိပေမယ့် အခုလိုနေရာမျိုးမှာစွပ်နေတာကြောင့်ခေါ်တာမျိုးတော့ တစ်ခါမှမရှိခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်လေးကို နမူနာဖို့အရမ်းအတတ်ဆန်းချင်ကြတဲ့ သူငယ်ချင်းတွေကို လှမ်းပြောပြလိုက်ပါဦး။

Credit: Min Thu (Daily Hot News)