Zawgyiျဖင့္ဖတ္ရန္

 

အိမ္ျပင္ေနစဥ္မွာ စိတ္ဝင္စားစရာေလးေတြ ရွာေတြ႕တတ္ပါတယ္။ ကံေကာင္းရင္ ရတနာ တို႔ ေငြတို႔ေတြ႕ႏိုင္ၿပီး ကံဆိုးရင္ ျခသိုက္တို႔ ေႁမြတို႔ ေတြ႕ရနိိုင္ပါတယ္။ ဒီလူဆိုရင္ေတာ့ ေပ်ာက္ဆုံးေနတဲ့ ေျမေအာက္ ၿမိဳ႕ေတာ္ႀကီး တစ္ခုလုံးကို ရွာေတြ႕ခဲ့ပါတယ္။

(၁၉၆၃)ခုႏွစ္က တူရကီႏိုင္ငံရဲ႕ Nevşehir ေဒသမွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး အိမ္ရွင္ အမ်ိဳးသား က အိမ္ျပင္ေနစဥ္ ေခါက္မိခဲ့တဲ့ အိမ္နံရံတစ္ေနရာကို ဖြင့္ၾကည့္လိုက္ခ်ိန္မွာေတာ့ အခန္းတစ္ခန္းကို ေတြ႕ခဲ့ရပါတယ္။ အခန္းထဲဝင္ၿပီး လမ္းဆက္ေလွ်ာက္ၾကည့္လိုက္ခ်ိန္မွာေတာ့ သာမန္ အခန္း မဟုတ္ဘဲ ရႈပ္ေထြးတဲ့ လိုဏ္ေခါင္း ေတြျဖစ္ေနတာသိခဲ့ရပါတယ္။

ႏွစ္ေပါင္းရာခ်ီေပ်ာက္ဆုံးေနခဲ့တဲ့ (၁၈)လႊာရွိ Derinkuyu ေျမေအာက္ၿမိဳ႕ေတာ္ႀကီးျဖစ္ေနခဲ့တာျဖစ္ၿပီး ဝင္ေပါက္ထြက္ေပါက္ေတြ၊ လိုဏ္ေခါင္း ေတြ၊ ေရတြင္းေတြ၊ စၾကၤန္လမ္းေတြ၊ ေလဝင္ေပါက္ေတြ ထည့္သြင္းတည္ေဆာက္ထားတာကို ေတြ႕ရပါတယ္။ သဘာဝ အတိုင္းစီးေနတဲ့ ေျမေအာက္ေရကိုသာ အသုံးျပဳခဲ့ၾကၿပီး အဆိပ္အေတာက္အႏၲရာယ္ကင္းေအာင္ ေရတြင္းမာ်းကို အထက္ေျမျပင္နဲ႔ဆက္ထားျခင္းမရွိပါဘူး။

ေျမေအာက္ၿမိဳ႕ထဲမွာ သီးသန႔္အိမ္ခန္းေတြအျပင္ ေဈးဆိုင္ေတြ၊ စုေဝးခန္းေတြ၊ ေမြးျမဴေရးၿခံေတြ၊ ထြက္ေပါက္လမ္းေတြနဲ႔ စာသင္ခန္းေတြေတာင္ ပါဝင္ပါတယ္။ လူေပါင္း (၂)ေသာင္းအထိဆန႔္ၿပီး အထက္ေျမျပင္နဲ႔ အဆက္အသြယ္ျပတ္ေအာင္ ေက်ာက္တံခါးႀကီးေတြ ပိတ္ထားလို႔လည္းရသလို တစ္ထပ္ခ်င္းစီကိုလည္း တံခါးပိတ္ထားလို႔ရပါတယ္။

ေအဒီ (၇၈၀)နဲ႔ (၁၁၈၀)ၾကား Byzantine ေခတ္မွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီး ျပည္သူေတြကို စစ္ေဘးနဲ႔ သဘာဝေဘးအႏၲရာယ္ေတြကေန ကာကြယ္ဖို႔ တည္ေဆာက္ခဲ့ျခင္းျဖစ္ႏိုင္တယ္လို႔ သမိုင္းသုေတသီေတြက ယူဆၾကပါတယ္။Derinkuyu ေျမေအာက္ၿမိဳ႕ေတာ္ႀကီးကို (၁၉၆၃)ခုႏွစ္မွာ ေတြ႕ရွိေလ့လာခဲ့ၾကၿပီး (၁၉၆၉)ခုႏွစ္မွာေတာ့ အမ်ားျပည္သူ ဝင္ေရာက္ေလ့လာဖို႔ စတင္ခြင့္ျပဳေပးခဲ့ပါတယ္။

Credit – White (Shwemom)

 

UniCodeဖြင့်ဖတ်ရန်

 

အိမ်ပြင်ရာမှ မြေအောက်မြို့တော်ကြီးတစ်ခုလုံးကို မတော်တဆရှာဖွေတွေ့ရှိခဲ့တဲ့ဖြစ်စဉ်

အိမ်ပြင်နေစဉ်မှာ စိတ်ဝင်စားစရာလေးတွေ ရှာတွေ့တတ်ပါတယ်။ ကံကောင်းရင် ရတနာတို့ ငွေတို့တွေ့နိုင်ပြီး ကံဆိုးရင် ခြသိုက်တို့ မြွေတို့ တွေ့ရနိိုင်ပါတယ်။ ဒီလူဆိုရင်တော့ ပျောက်ဆုံးနေတဲ့ မြေအောက်မြို့တော်ကြီးတစ်ခုလုံးကို ရှာတွေ့ခဲ့ပါတယ်။

(၁၉၆၃)ခုနှစ်က တူရကီနိုင်ငံရဲ့ Nevşehir ဒေသမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အိမ်ရှင်အမျိုးသားက အိမ်ပြင်နေစဉ် ခေါက်မိခဲ့တဲ့ အိမ်နံရံတစ်နေရာကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ အခန်းတစ်ခန်းကို တွေ့ခဲ့ရပါတယ်။ အခန်းထဲဝင်ပြီး လမ်းဆက်လျှောက်ကြည့်လိုက်ချိန်မှာတော့ သာမန်အခန်းမဟုတ်ဘဲ ရှုပ်ထွေးတဲ့ လိုဏ်ခေါင်းတွေဖြစ်နေတာသိခဲ့ရပါတယ်။

နှစ်ပေါင်းရာချီပျောက်ဆုံးနေခဲ့တဲ့ (၁၈)လွှာရှိ Derinkuyu မြေအောက်မြို့တော်ကြီးဖြစ်နေခဲ့တာဖြစ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေ၊ လိုဏ်ခေါင်းတွေ၊ ရေတွင်းတွေ၊ စင်္ကြန်လမ်းတွေ၊ လေဝင်ပေါက်တွေ ထည့်သွင်းတည်ဆောက်ထားတာကို တွေ့ရပါတယ်။ သဘာဝအတိုင်းစီးနေတဲ့ မြေအောက်ရေကိုသာ အသုံးပြုခဲ့ကြပြီး အဆိပ်အတောက်အန္တရာယ်ကင်းအောင် ရေတွင်းမာျးကို အထက်မြေပြင်နဲ့ဆက်ထားခြင်းမရှိပါဘူး။

မြေအောက်မြို့ထဲမှာ သီးသန့်အိမ်ခန်းတွေအပြင် ဈေးဆိုင်တွေ၊ စုဝေးခန်းတွေ၊ မွေးမြူရေးခြံတွေ၊ ထွက်ပေါက်လမ်းတွေနဲ့ စာသင်ခန်းတွေတောင် ပါဝင်ပါတယ်။ လူပေါင်း (၂)သောင်းအထိဆန့်ပြီး အထက်မြေပြင်နဲ့ အဆက်အသွယ်ပြတ်အောင် ကျောက်တံခါးကြီးတွေ ပိတ်ထားလို့လည်းရသလို တစ်ထပ်ချင်းစီကိုလည်း တံခါးပိတ်ထားလို့ရပါတယ်။

အေဒီ (၇၈၀)နဲ့ (၁၁၈၀)ကြား Byzantine ခေတ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ပြည်သူတွေကို စစ်ဘေးနဲ့ သဘာဝဘေးအန္တရာယ်တွေကနေ ကာကွယ်ဖို့ တည်ဆောက်ခဲ့ခြင်းဖြစ်နိုင်တယ်လို့ သမိုင်းသုတေသီတွေက ယူဆကြပါတယ်။Derinkuyu မြေအောက်မြို့တော်ကြီးကို (၁၉၆၃)ခုနှစ်မှာ တွေ့ရှိလေ့လာခဲ့ကြပြီး (၁၉၆၉)ခုနှစ်မှာတော့ အများပြည်သူ ဝင်ရောက်လေ့လာဖို့ စတင်ခွင့်ပြုပေးခဲ့ပါတယ်။

Credit – White (Shwemom)