Zawgyi ဖြင့်ဖတ်ရန်




 

 


Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဝန်ထမ်းအမျိုးသားတွေကို မန်နေဂျာအမျိုးသမီးက တန်းစီပြီးပါးရိုက်

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုမှ ဝန်ထမ်းအမျိုးသား ၆ ဦးကို တန်းစီမတ်တပ်ရပ်ခိုင်းပြီး မန်နေဂျာ အမျိုးသမီးတစ်ဦးက တစ်ယောက်ချင်းစီကို ပါးရိုက်တဲ့ ဗီဒီယို ပျံ့နှံ့ခဲ့ပြီးနောက် ဝန်ထမ်းများ ရာထူးကြီးငယ်အလိုက် ဆက်ဆံရေးအပေါ် ဝေဖန်မှုများ ပြင်းထန်နေခဲ့သည်။

တရုပ်နိုင်ငံ ဟူဘေပြည်နယ်ရှိ ရီချန်းမြို့မှ အိမ်ခြံမြေကုမ္ပဏီ(နာမည်ဖော်ပြထားခြင်းမရှိ)၏ အစည်းအဝေးတွင် လုပ်ငန်းတာဝန်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်သည့် အမျိုးသားဝန်ထမ်း လေးဦးကို အခြားဝန်ထမ်းများရှေ့တွင် မတ်တပ်ထွက်ရပ်ခိုင်းကာ မန်နေဂျာဖြစ်သူ အမျိုးသမီးက ပါးရိုက်ခဲ့ခြင်းဖြစ်သည်။

ပါးရိုက်ရာတွင် တစ်ဦးချင်းစီကို အပြန်ပြန်အလှန်လှန် ပယ်ပယ်နယ်နယ် အားထည့်ပြီး ရိုက်ခဲ့တာဖြစ်ပါတယ်။ ပါးရိုက်ပြီးသွားတဲ့အချိန်မှာတော့ ကျန်တဲ့ ဝန်ထမ်းတွေဆီက လက်ခုပ်သံတွေထွက်ပေါ်လာခဲ့ပါတယ်။ တစ်ပြိုင်ထဲမှာပဲ အခြားဝန်ထမ်းတွေက ကြမ်းပြင်မှာ လေးဘက်ထောက်ပြီး လှည့်လည်သွားနေတာကိုလဲတွေ့ရပါတယ်။

 

 

အဆိုပါဗီဒီယိုနဲ့ ပက်သက်ပြီး ပါးရိုက်ခံရတဲ့ ဝန်ထမ်း ၆ ဦးဟာ သူတို့အဖွဲ့အားလုံးရဲ့ ကိုယ်စား ပြစ်ဒဏ်အပေးခံဖို့ ကိုယ်ပိုင်အသိစိတ်နဲ့ ရှေထွက်ပြီး အရိုက်ခံခဲ့တာလို့ သိရပါတယ်။
တရုပ်နိုင်ငံမှာ အခုလို ကိုယ်အလုပ်မပြုတ်ဖို့ အခုလို ပါးရိုက်အပြစ်ပေးခံ လိုက်တာဖြစ်ပါတယ်။ ယခင်ကလည်း တရုပ်နိုင်ငံက အလုပ်တွေမှာ ယခုကဲ့သို့ အပြစ်ပေးမှုတွေ ရှိခဲ့သည်။

Credit : popolay