Zawgyi ျဖင့္ဖတ္ရန္

မင္းဘူးၿမိဳ႕နယ္၊ ကြၽဲသိုးေျမာင္ေက်း႐ြာအနီး မင္းဘူး – မင္းလွလမ္းခြဲတြင္ ေမလ(၂)ရက္ေန႔က ကားေစာင့္ေနသည့္ လူအုပ္အတြင္းမွ အသက္ (၆၀)ေက်ာ္အ႐ြယ္ အမ်ိဳးသား တစ္ဦးကို လူငယ္တစ္ဦးက ကတ္ေၾကးျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးၿပီး ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။

 

အသက္(၆၄)ႏွစ္အ႐ြယ္ ပညာေရး ဝန္ထမ္း အၿငိမ္းစား ဦးထြန္းေ႐ႊသည္ အေဖာ္(၄)ဦးႏွင့္အတူ သရက္ၿမိဳ႕မွ ေစတုတၱရာၿမိဳ႕သို႔ ျပန္လာၾကရာ မင္းဘူး-မင္းလွလမ္းခြဲ၌ ေစတုတၱရာၿမိဳ႕သို႔ လိုက္ပါရန္ ကားေစာင့္ ဆိုင္းေနစဥ္ အတူပါလာသူ အသက္(၂၅)ႏွစ္အ႐ြယ္ လွဦးဆိုသူက အနီးရွိ ကြမ္းယာဆိုင္မွ ကတ္ေၾကးကိုယူကာ ဦးထြန္းေ႐ႊအား အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္း မွတ္တမ္းအရ သိရသည္။

 

“ကြၽန္ေတာ္တို႔ သတင္းရရခ်င္း အခင္းျဖစ္ေနရာကို သြားေရာက္ၿပီး ဒဏ္ရာရရွိသူကို မင္းဘူးေဆး႐ုံမွာ ပို႔ေဆာင္ ေဆးကုသမႈခံယူဆဲမွာပဲ ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။ တရားခံကို အျမန္ဆုံးဖမ္းဆီးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ အပူတျပင္း လိုက္လံစုံစမ္းရွာေဖြလွ်က္ရွိပါတယ္” ဟု မင္းဘူးၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ေက်ာ္ၿငိမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 

ဦးထြန္းေ႐ႊမွာ ရင္ၫြန႔္ ထိုးသြင္းဒဏ္ရာ(၅)ခ်က္၊ ဝဲဘက္ရင္အုံ ထိုးသြင္းဒဏ္ရာ(၄)ခ်က္၊ ဝမ္းဗိုက္ ဝဲဘက္ျခမ္း ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ဝဲဘက္လက္မခြၾကား ျပတ္ရွဒဏ္ရာ(၁)ခ်က္တို႔ရရွိသြားၿပီး ေဆးကုသမႈခံယူစဥ္ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ လူသတ္မႈက်ဴးလြန္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူ လွဦးအား မင္းဘူးၿမိဳ႕မရဲစခန္းတြင္ (ပ)၄၅၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ခဲ့ရာမွ ပုဒ္မ ၃၀၂ သို႔ ေျပာင္းလဲဖြင့္လွစ္ၿပီး အျမန္ဆုံးဖမ္းဆီးရမိေရး ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

 

Credit : တာခ်ီလိတ္သတင္းေအဂ်င္စီ

Unicode ဖြင့်ဖတ်ရန်

“အသက် ၆ဝ ကျော်အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦးကို လူအုပ်ထဲတွင် ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်သည့်လူငယ် ထွက်ပြေး လွတ်မြောက်နေ

မင်းဘူးမြို့နယ်၊ ကျွဲသိုးမြောင်ကျေးရွာအနီး မင်းဘူး – မင်းလှလမ်းခွဲတွင် မေလ(၂)ရက်နေ့က ကားစောင့်နေသည့် လူအုပ်အတွင်းမှ အသက် (၆၀)ကျော်အရွယ် အမျိုးသားတစ်ဦးကို လူငယ်တစ်ဦးက ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

 

အသက်(၆၄)နှစ်အရွယ် ပညာရေးဝန်ထမ်းအငြိမ်းစား ဦးထွန်းရွှေသည် အဖော်(၄)ဦးနှင့်အတူ သရက်မြို့မှ စေတုတ္တရာမြို့သို့ ပြန်လာကြရာ မင်းဘူး-မင်းလှလမ်းခွဲ၌ စေတုတ္တရာမြို့သို့ လိုက်ပါရန် ကားစောင့် ဆိုင်းနေစဉ် အတူပါလာသူ အသက်(၂၅)နှစ်အရွယ် လှဦးဆိုသူက အနီးရှိ ကွမ်းယာဆိုင်မှ ကတ်ကြေးကိုယူကာ ဦးထွန်းရွှေအား အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း မှတ်တမ်းအရ သိရသည်။

 

“ကျွန်တော်တို့ သတင်းရရချင်း အခင်းဖြစ်နေရာကို သွားရောက်ပြီး ဒဏ်ရာရရှိသူကို မင်းဘူးဆေးရုံမှာ ပို့ဆောင် ဆေးကုသမှုခံယူဆဲမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ တရားခံကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ ကျွန်တော်တို့ အပူတပြင်း လိုက်လံစုံစမ်းရှာဖွေလျှက်ရှိပါတယ်” ဟု မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ငြိမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

ဦးထွန်းရွှေမှာ ရင်ညွန့် ထိုးသွင်းဒဏ်ရာ(၅)ချက်၊ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ဝမ်းဗိုက် ဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်မခွကြား ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိသွားပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ လှဦးအား မင်းဘူးမြို့မရဲစခန်းတွင် (ပ)၄၅၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ခဲ့ရာမှ ပုဒ်မ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ်ပြီး အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

 

Credit : တာချီလိတ်သတင်းအေဂျင်စီ