ZawGyiျဖင့္ဖတ္ရန္

ဗိုလ္လုပြဲ ကို ျမန္မာအသင္းတက္ေရာက္ႏိုင္ရင္လည္း ျပသဦးမွာျဖစ္ပါတယ္။ဘ႐ူႏိုင္းႏိုင္ငံမွာ က်င္းပေနတဲ့ ဘ႐ူႏိုင္း ဘုရင့္ဖလားၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ ျမန္မာ ယူ-၂၁အသင္းဟာ ဆီမီးဖိုင္နယ္ အဆင့္ကို တက္ေရာက္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ျမန္မာအသင္းဟာ အုပ္စုအဆင့္ပြဲစဥ္ေတြမွာေတာ့ (၃)ပြဲကစားၿပီး (၂)ပြဲႏိုင္၊ (၁)ပြဲသေရ နဲ႔ ရႈံးပြဲမရွိခဲ့ပဲ ရမွတ္ (၇) မွတ္ ရရွိခဲ့ၿပီး အုပ္စုပထမနဲ႔ ဆီမီးဖိုင္နယ္ အသင္းကို တက္ေရာက္သြားခဲ့ ျဖစ္ပါတယ္။

ေမလ (၂) ရက္ေန႔ (ယေန႔) မွာ ဆီမီးဖိုင္နယ္ ပြဲစဥ္အျဖစ္ ျမန္မာ အသင္း ဟာ ကေမာၻဒီးယား အသင္းနဲ႔ ကစား ရမွာျဖစ္ၿပီးေတာ့ ျမန္မာစံေတာ္ခ်ိန္ ညေန (၆း၄၅) မိနစ္မွာ ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ အုပ္စုအဆင့္ပြဲစဥ္ေတြမွာေတာ့ ျမန္မာအသင္းရဲ႕ ပြဲစဥ္ေတြကို ႐ုပ္သံမွ တိုက္႐ိုက္ထုတ္လႊင့္ျပသႏိုင္မႈ မရွိခဲ့ပဲ ဆိုရွယ္ မီဒီယာေပၚကေနသာ ၾကည့္ရႈခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီေန႔ကစားမယ့္ ဆီမီးဖိုင္နယ္ ပြဲစဥ္ကိုေတာ့ ျမန္မာ့အသံနဲ႔႐ုပ္ျမင္သံၾကား (MRTV) မွ တိုက္႐ိုက္ထုတ္လႊင့္ျပသေပးသြားမယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ ျမန္မာအသင္း ရဲ႕ ပြဲစဥ္ေတြကို ျပသဖို႔အတြက္ ဘ႐ူႏိုင္း႐ုပ္သံနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ပြဲျပသခြင့္ကို ဝယ္ယူၿပီး ထုတ္လႊင့္ျပသေပးသြားမယ္လို႔ သိရပါတယ္။

ျမန္မာအသင္းအေနနဲ႔ ဗိုလ္လုပြဲတက္ခဲ့မယ္ဆိုရင္လည္း အဆိုပါ ဗိုလ္လုပြဲကိုလည္း MRTV မွ တိုက္႐ိုက္ထုတ္လႊင့္ေပးဦးမယ္လို႔လည္း သိရွိရပါတယ္။ ျမန္မာေဘာလုံးပရိသတ္ေတြအတြက္ေတာ့ သတင္းေကာင္းတစ္ရပ္ျဖစ္ၿပီး ျမန္မာလူငယ္အသင္းရဲ႕ ယွဥ္ၿပိဳင္ကစားမႈကို ႐ုပ္သံကေန တိုက္႐ိုက္ၾကည့္ရႈခြင့္ ရရွိၿပီျဖစ္ပါတယ္။ွ

Source : MFF

Credit:Duwun

 

UniCodeဖြင့်ဖတ်ရန်

မြန်မာ ယူ-၂၁ အသင်းရဲ့ ဘရူနိုင်းဘုရင့်ဖလားဆီမီးဖိုင်နယ်ပွဲကို MRTV မှ တိုက်ရိုက်ပြသမည်

ဗိုလ်လုပွဲကို မြန်မာအသင်းတက်ရောက်နိုင်ရင်လည်း ပြသဦးမှာဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၂၁အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဆင့်ပွဲစဉ်တွေမှာတော့ (၃)ပွဲကစားပြီး (၂)ပွဲနိုင်၊ (၁)ပွဲသရေ နဲ့ ရှုံးပွဲမရှိခဲ့ပဲ ရမှတ် (၇) မှတ် ရရှိခဲ့ပြီး အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်အသင်းကို တက်ရောက်သွားခဲ့ ဖြစ်ပါတယ်။

မေလ (၂) ရက်နေ့ (ယနေ့) မှာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းဟာ ကမ္ဘောဒီးယားအသင်းနဲ့ ကစားရမှာဖြစ်ပြီးတော့ မြန်မာစံတော်ချိန် ညနေ (၆း၄၅) မိနစ်မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တွေမှာတော့ မြန်မာအသင်းရဲ့ ပွဲစဉ်တွေကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်မှု မရှိခဲ့ပဲ ဆိုရှယ်မီဒီယာပေါ်ကနေသာ ကြည့်ရှုခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ မြန်မာအသင်းရဲ့ ပွဲစဉ်တွေကို ပြသဖို့အတွက် ဘရူနိုင်းရုပ်သံနဲ့ ချိတ်ဆက်ပြီးတော့ ပွဲပြသခွင့်ကို ဝယ်ယူပြီး ထုတ်လွှင့်ပြသပေးသွားမယ်လို့ သိရပါတယ်။

မြန်မာအသင်းအနေနဲ့ ဗိုလ်လုပွဲတက်ခဲ့မယ်ဆိုရင်လည်း အဆိုပါ ဗိုလ်လုပွဲကိုလည်း MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပေးဦးမယ်လို့လည်း သိရှိရပါတယ်။ မြန်မာဘောလုံးပရိသတ်တွေအတွက်တော့ သတင်းကောင်းတစ်ရပ်ဖြစ်ပြီး မြန်မာလူငယ်အသင်းရဲ့ ယှဉ်ပြိုင်ကစားမှုကို ရုပ်သံကနေ တိုက်ရိုက်ကြည့်ရှုခွင့် ရရှိပြီဖြစ်ပါတယ်။ှ

Credit:Duwun