Zawgyi ျဖင့္ဖတ္ရန္

 

Sumatra Susuphan ကေတာ့ ၂၀၁၀ခုႏွစ္မွာ ကမၻာ့အေမႊးအမ်ားဆံုးမိန္းကေလးအျဖစ္မွတ္တမ္းတင္ႏုိင္ခဲ့တာပါ ။
ဒါေပမယ့္လည္း ဒီဆုကို ဂုဏ္ယူ ရမယ့္အစား အေမႊး မ်ားတဲ့ ေကာင္မေလး တစ္ေယာက္ျဖစ္တဲ့အတြက္ အျမဲတမ္းရွက္ရြံ႕ေၾကာက္လန္႕ေနခဲ့ပါတယ္ ။အခုေတာ့ အေမႊး ေတြအား လံုးကုိရိတ္ပစ္ျပီး သူ႕အခ်စ္ နဲ႕လက္ထပ္ ခဲ့ပါျပီ ။

ဒီေကာင္မေလးဟာ လူ ၅၀ မွာတစ္ေယာက္ျဖစ္ေလ့ရွိတဲ့ Ambras ဆိုတဲ့အေျခအေနတစ္ခုကုိခံစားေနရတာပဲျဖစ္တယ္ ။
အလယ္ေခတ္မွာ ဒီလုိအေျခအေနမ်ိဳးကုိစတင္ေတြ႕ရွိခဲ့တာျဖစ္ျပီးေတာ့ ေရာဂါနာမည္မတပ္ႏုိင္ခင္အခ်ိန္မွာေတာ့ သမန္းဝံပုေလြေတြအျဖစ္လူေတြကသတ္မွတ္ျပီ ။
သမန္းဝံပုေလြေရာဂါလုိ႕ေခၚခဲ့ၾကတယ္ ။
Sumatra ကို ကေလးဘဝထဲက ေလဆာနည္းပညာနဲ႕ကုသခဲ့ၾကေပမယ့္ ေအာင္ျမင္မႈမရွိပဲ အေမႊးေတြ ျပန္ျပန္ ထြက္လာခဲ့ပါတယ္ ။

 

Sumatra ဟာ အခုဆိုရင္ေတာ့ မ်က္ႏွာကအေမႊးအားလံုးရိတ္ပစ္လုိက္ျပီးျဖစ္ေၾကာင္း သူ႕အေဖက ဆိုရွယ္မီဒီယာေပၚမွာ ေဖာ္ျပခဲ့ပါတယ္ ။
သူမကေတာ့ အခုဆိုရင္ အေမႊးမရွိတဲ့မ်က္ႏွာေလးရွိျပီဆုိေတာ့ သူ႕ခ်စ္သူနဲ႕ သေဘာတူရေတာ့မွာေပါ့ ။

Natty (အိမ္ေခၚနာမည္) ဟာ သူ႕ရဲ႕သူငယ္ခ်င္းေတြက ဝံပုေလြမေလး ခ်ဴဘာကာ လုိ႕ စေနာက္က်တာကိုတစ္ခ်ိန္လံုးခံရေပမယ့္ သူ႕မိသားစုက အျမဲတမ္းသူ႕ဘက္မွာရပ္တည္ေပးခဲ့တယ္ ။
လူထုက သူ႕ကုိေလွာင္ေျပာင္ၾကေပမယ့္လည္း အခ်စ္ဆံုးလူေတြက သူ႕ဘက္မွာရွိေနေပးခဲ့တယ္ ။

ဒီေတာ့ အႏိုင္က်င့္တဲ့သူေတြရွိခဲ့ေပမယ့္လည္း Natty ဟာ အျမဲတမ္းအေကာင္းျမင္တတ္တဲ့သူတစ္ေယာက္ျဖစ္လာခဲ့တယ္ ။

ဂင္းနစ္မွတ္တမ္းအစီအစဥ္မွာ သူေျပာၾကားခဲ့တာကေတာ့..

“ကြ်န္မ တစ္ေယာက္ထဲလိုမ်ိဳးမခံစားရပါဘူး…ေက်ာင္းမွာလည္းသူငယ္ခ်င္းေတြအမ်ားၾကီးရွိတယ္..ျပီးေတာ့ အေမႊးရွိတာလည္း ထူးျခားတာပဲေလ ။

တခ်ိဳ႕လူေတြကြ်န္မကုိ ေမ်ာက္မ်က္ႏွာ လုိ႕ေခၚျပီးစၾကေပမယ့္လည္း သူတို႕အဲ့ဒီထက္ဘာလုပ္ႏုိင္မွာလဲ ။

ကြ်န္မ ဒီအေျခအေနကုိအသားက်ေနပါျပီ..အေမႊးေတြရွိသလုိလည္းမခံစားရဘူး..ဘယ္လိုမွလည္းမေနေတာ့ဘူး ။

အရမ္းရွည္လာရင္ေတာ့ မ်က္စိေရွ႕မွာ ဖံုးလာတဲ့အတြက္ ၾကည့္ရတာရွဳပ္တယ္…မၾကာခင္မွာ ကုထံုးရွာေတြ႕ဖုိ႕ေမွ်ာ္လင့္ရတာပဲ” တဲ့ ။

Natty ရဲ႕ Facebook မွာဆုိရင္ သူေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕သူ႕ခ်စ္သူနဲ႕ လက္ထပ္ပြဲက ပံုေလးေတြကုိ တင္ထားပါတယ္ ။
သူတုိ႕ႏွစ္ေယာက္ရိုက္ထားတဲ့ပံုေလးေအာက္မွာ ” ရွင္က ပထမဆံုးခ်စ္သူပဲမဟုတ္ပါဘူး တစ္ဘဝလံုးခ်စ္သူပါပဲ” လုိ႕ ခ်စ္စဖြယ္ေရးသားထားတာကိုေတြ႕ရပါတယ္ ။

ဂင္းနစ္မွတ္တမ္းအစီအစဥ္မွဴး Marco Frigatti ဟာဆုိရင္
“ဒီေကာင္မေလးဟာ အမွတ္ရစရာေကာင္မေလးတစ္ေယာက္ပဲ ။
သူဟာ သူဘယ္သူဆုိတာကုိလက္ခံျပီး ဂုဏ္ယူေနျပီးေတာ့ လူတုိင္းကလည္းသူ႕ကုိပံုမွန္လိုပဲဆက္ဆံေစခ်င္တဲ့ေကာင္မေလးပါပဲ ။

တကယ္ေတာ့ ျပႆနာက သူမ မဟုတ္ဘူး ။
သူ႕ကုိတသီးတျခားလုိဆက္ဆံေနၾကတဲ့လူေတြ သာ ျပႆနာျဖစ္တယ္” လုိ႕ ဒီေကာင္မေလးအေပၚ အခုလိုပဲ မွတ္ခ်က္ခ်ခဲ့ပါတယ္ ။

 

 

Credit: Min Thu (Daily Hot News)

 

Unicode ဖြင့်ဖတ်ရန်

Sumatra Susuphan ကတော့ ၂၀၁၀ခုနှစ်မှာ ကမ္ဘာ့အမွှေးအများဆုံးမိန်းကလေးအဖြစ်မှတ်တမ်းတင်နိုင်ခဲ့တာပါ ။
ဒါပေမယ့်လည်း ဒီဆုကို ဂုဏ်ယူရမယ့်အစား အမွှေးများတဲ့ကောင်မလေးတစ်ယောက်ဖြစ်တဲ့အတွက် အမြဲတမ်းရှက်ရွံ့ကြောက်လန့်နေခဲ့ပါတယ် ။
အခုတော့ အမွှေးတွေအားလုံးကိုရိတ်ပစ်ပြီး သူ့အချစ်နဲ့လက်ထပ်ခဲ့ပါပြီ ။

ဒီကောင်မလေးဟာ လူ ၅၀ မှာတစ်ယောက်ဖြစ်လေ့ရှိတဲ့ Ambras ဆိုတဲ့အခြေအနေတစ်ခုကိုခံစားနေရတာပဲဖြစ်တယ် ။
အလယ်ခေတ်မှာ ဒီလိုအခြေအနေမျိုးကိုစတင်တွေ့ရှိခဲ့တာဖြစ်ပြီးတော့ ရောဂါနာမည်မတပ်နိုင်ခင်အချိန်မှာတော့ သမန်းဝံပုလွေတွေအဖြစ်လူတွေကသတ်မှတ်ပြီ ။
သမန်းဝံပုလွေရောဂါလို့ခေါ်ခဲ့ကြတယ် ။
Sumatra ကို ကလေးဘဝထဲက လေဆာနည်းပညာနဲ့ကုသခဲ့ကြပေမယ့် အောင်မြင်မှုမရှိပဲ အမွှေးတွေ ပြန်ပြန် ထွက်လာခဲ့ပါတယ် ။

Sumatra ဟာ အခုဆိုရင်တော့ မျက်နှာကအမွှေးအားလုံးရိတ်ပစ်လိုက်ပြီးဖြစ်ကြောင်း သူ့အဖေက ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြခဲ့ပါတယ် ။
သူမကတော့ အခုဆိုရင် အမွှေးမရှိတဲ့မျက်နှာလေးရှိပြီဆိုတော့ သူ့ချစ်သူနဲ့ သဘောတူရတော့မှာပေါ့ ။

Natty (အိမ်ခေါ်နာမည်) ဟာ သူ့ရဲ့သူငယ်ချင်းတွေက ဝံပုလွေမလေး ချူဘာကာ လို့ စနောက်ကျတာကိုတစ်ချိန်လုံးခံရပေမယ့် သူ့မိသားစုက အမြဲတမ်းသူ့ဘက်မှာရပ်တည်ပေးခဲ့တယ် ။
လူထုက သူ့ကိုလှောင်ပြောင်ကြပေမယ့်လည်း အချစ်ဆုံးလူတွေက သူ့ဘက်မှာရှိနေပေးခဲ့တယ် ။

ဒီတော့ အနိုင်ကျင့်တဲ့သူတွေရှိခဲ့ပေမယ့်လည်း Natty ဟာ အမြဲတမ်းအကောင်းမြင်တတ်တဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ် ။

ဂင်းနစ်မှတ်တမ်းအစီအစဉ်မှာ သူပြောကြားခဲ့တာကတော့..

“ကျွန်မ တစ်ယောက်ထဲလိုမျိုးမခံစားရပါဘူး…ကျောင်းမှာလည်းသူငယ်ချင်းတွေအများကြီးရှိတယ်..ပြီးတော့ အမွှေးရှိတာလည်း ထူးခြားတာပဲလေ ။

တချို့လူတွေကျွန်မကို မျောက်မျက်နှာ လို့ခေါ်ပြီးစကြပေမယ့်လည်း သူတို့အဲ့ဒီထက်ဘာလုပ်နိုင်မှာလဲ ။

ကျွန်မ ဒီအခြေအနေကိုအသားကျနေပါပြီ..အမွှေးတွေရှိသလိုလည်းမခံစားရဘူး..ဘယ်လိုမှလည်းမနေတော့ဘူး ။

အရမ်းရှည်လာရင်တော့ မျက်စိရှေ့မှာ ဖုံးလာတဲ့အတွက် ကြည့်ရတာရှုပ်တယ်…မကြာခင်မှာ ကုထုံးရှာတွေ့ဖို့မျှော်လင့်ရတာပဲ” တဲ့ ။

Natty ရဲ့ Facebook မှာဆိုရင် သူပျော်ပျော်ရွှင်ရွှင်နဲ့သူ့ချစ်သူနဲ့ လက်ထပ်ပွဲက ပုံလေးတွေကို တင်ထားပါတယ် ။
သူတို့နှစ်ယောက်ရိုက်ထားတဲ့ပုံလေးအောက်မှာ ” ရှင်က ပထမဆုံးချစ်သူပဲမဟုတ်ပါဘူး တစ်ဘဝလုံးချစ်သူပါပဲ” လို့ ချစ်စဖွယ်ရေးသားထားတာကိုတွေ့ရပါတယ် ။

ဂင်းနစ်မှတ်တမ်းအစီအစဉ်မှူး Marco Frigatti ဟာဆိုရင်
“ဒီကောင်မလေးဟာ အမှတ်ရစရာကောင်မလေးတစ်ယောက်ပဲ ။
သူဟာ သူဘယ်သူဆိုတာကိုလက်ခံပြီး ဂုဏ်ယူနေပြီးတော့ လူတိုင်းကလည်းသူ့ကိုပုံမှန်လိုပဲဆက်ဆံစေချင်တဲ့ကောင်မလေးပါပဲ ။

တကယ်တော့ ပြဿနာက သူမ မဟုတ်ဘူး ။
သူ့ကိုတသီးတခြားလိုဆက်ဆံနေကြတဲ့လူတွေ သာ ပြဿနာဖြစ်တယ်” လို့ ဒီကောင်မလေးအပေါ် အခုလိုပဲ မှတ်ချက်ချခဲ့ပါတယ် ။

 

Credit: Min Thu (Daily Hot News)